• မြိုင်​မဟာဓာတ်​ရှင်​(အပိုင်း ၂)
    မြိုင်​မဟာဓာတ်​ရှင်​(အပိုင်း ၂)
    ပညာဆန်း သုံးရပ်
    {၄}
    အမျိုးသား၏ နာမည်​မှာ​တော့ ဦးယက္ခဖြစ်​ပြီး နာမည်​နှင့်​လိုက်​​အောင်​ပင်
    ကာလသားများသိကြ​သော်​လည်း အ​ဖေဖြစ်​သူဦးယက္ခနှင့်​အဖွား ​ဒေါ်မယ်​ခတို့ကို​ကြောက်​လှန့်​ကြ၍ မည်​သူမျှမပိုးပန်းဝံ့ကြ​ပေ။ဤမျှသာမက​သေးဘဲ ထိုအိမ်​ကြီး၌ စုန်းရှိသည်
    ဟုယူဆ ကြ၍ တစ်​ရွာလုံး ထိုအိမ်​ဖက်​သို့​ခြေဦးပင်​မလှည့်​ကြ​ပေ။အိမ်​ကြီး၌ ​နေထိုင်​သူများကလည်း အိမ်​ထဲမှအိမ်​ပြင်​ပင်​မထွက်​ကြ၍ ထိုအိမ်​ကြီးမှာ ​ခြောက်​ကပ်​​နေ​ပေ​တော့သည်​။ထိုသို့ လူဝင်​လူထွက်​မရှိကြ၍ ​ခြောက်​ကပ်​​နေခြင်းမှာ ထိုအိမ်​၌ ​နေကြသူများအဖို့အခွင့်​​ကောင်းတစ်​ခုရထားခြင်းဟုဆိုနိုင်​​ပေသည်​။ထိုအိမ်​၌ သူတို့သုံး​ယောက်​အပြင်​ အ​စေခံနှစ်​​ယောက်​လည်းရှိ​ပေ​သေးသည်​။မြင့်​ဦးနှင့်​ဖိုးထူးဟူသည့်​လူရွယ်​နှစ်​​​ယောက်​ပင်​။
    "ဟိုနှစ်​​ယောက်​ ညကျ အ​ခေါင်းစင်​မှာ လူ​သေ တစ်​​လောင်းလာထားဖို့ရှိတယ်​ သွားယူဖို့မ​မေ့ကြနဲ့​နော်​"
    "ဟုတ်​ကဲ့ပါ မယ်​မယ်​ကြီး "
    "ပြီး​တော့ အရင်​ကယူထားတဲ့ အ​ခေါင်း​တွေ ထဲက ဘယ်​နှစ်​​ခေါင်း အရိုးကျပြီလဲ"
    "အ​ခေါင်း ၂၀ ​လောက်​ ကျပြီ မယ်​မယ်​ကြီး"
    "​အေး အဲဒီ ကျ​နေတဲ့ အရိုး​တွေ အားလုံး စုပုံပြီး ​သေချာထားထားကြ ပြီးရင်​ ယက္ခကို ငါ့ဆီလွှတ်​လိုက်​"
    "ဟုတ်​ကဲ့"
    "မယ်​မယ်​ကြီး"
    "လာပြီလား ယက္ခ"
    "ဟုတ်​ကဲ့ မယ်​မယ်​ကြီး​ခေါ်တယ်​ဆိုလို့ပါ"
    "​အေး ဟုတ်​တယ်​ မင်းကို​ခေါ်လိုက်​ရတာက​တော့
    ငါတို့ရဲ့ အိပ်​မက်​ကို အ​ကောင်​အထည်​ စ​ဖော်​ချင်​လို့ပဲ့​ဟေ့"
    "ဟုတ်​ကဲ့ မယ်​မယ်​ကြီး ​ပြောစရာရှိတာသာ​ပြောပါ"
    "အခု ငါတို့စုထားတဲ့ အ​ခေါင်း​တွေထဲက အ​ခေါင်း ၂၀ ​လောက်​ အရိုးကျ​နေပြီ တဲ့ အဲဒါ ငါဟိုနှစ်​​ယောက်​ကို
    အရိုး​တွေစုခိုင်းထားတယ်​ အခုချိန်​မှာ မင်းရဲ့ပညာ​တွေနဲ့
    ငါ့ရဲ့ပညာ​တွေစု​ပေါင်းပြီး အစွမ်းကုန်​ ထုတ်​သုံးရမယ့်​အချိန်​ကို​ရောက်​ပြီ"
    "မယ်​မယ်​ကြီး ရဲ့ အစီအစဉ်​ကို ချပြပါ ခင်​​ဗျား"
    "အခု မင်းမှာ ​ငွေဘယ်​​လောက်​ရှိလဲ"
    "နတ်​ကွန်း မှာ လာပူ​ဇော်​သမျှ အသား​တွေကို စမ်းဖိုရွာမှာ
    "​အေး ​ကောင်းတယ်​ ​ကောင်းတယ်​ အဲဒါဆိုရင်
    မနက်​ဖြန်​ကျ အဲဒီ​ငွေစ​တွေနဲ့ စမ်းဖိုရွာကိုဆင်းပြီး ငါမှာတာ​တွေ သွားဝယ်​လာခဲ့"
    "ဟုတ်​ကဲ့ပါ မယ်​မယ်​ကြီး"
    မည်​သူမျှ မသိကြ​ချေ။အိမ်​ရဲ့ အ​နောက်​​ဖက်​မှာ​တော့ သစ်​များနှင့်​ ​နေထိုးနိုင်​သည့်​အ​ပေါက်​ အပ်​​ပေါက်​​လေးမှမကျန်​​အောင်​ အလုံပိတ်​ပြုလုပ်​ထား​သော အ​ဆောက်​အအုံတစ်​ခုရှိ​ပေသည်​။ထိုအ​ဆောက်​အအုံအတွင်း ၌ကား ​လူ​သေများထည့်​ထားသည့်​ အ​ခေါင်းများဖြင့်​ပြည့်​နှက်​​နေ​သည်​။သို့​ကြောင့်​လည်း အနံမထွက်​​စေရန်​ ထိုအ​ဆောက်​အအုံအား အလုံပိတ်​​ဆောက်​လုပ်​ထားခြင်းဖြစ်​​ပေသည်​။
                               ######
    မနက်​မိုးလင်းသည်​နှင့်​ ယက္ခမှာ လှည်းတစ်​စီးပြင်​ဆင်​ပြီး
    မြင့်​ဦးနှင့်​ဖိုးထူးနှစ်​​ယောက်​ကို ​ခေါ်ကာ စမ်းဖို့ရွာသို့ ​မောင်းနှင်​လာခဲ့သည်​။လှည်း​ပေါ်တွင်​​တော့ သူတို့သုံး​ယောက်​အပြင်​ နတ်​ကွန်း၌ လာ​ရောက်​ပူ​ဇော်​ထား​သော ​ချေသား၊ဆတ်​သား၊​တောဝက်​သား၊​ပြောင်​သား စသည့်​ အသားများပါတင်​​ဆောင်​လာကြသည်​။စမ်းဖိုရွာသို့သွားရာတွင်​လည်း အ​လောင်း​ပျောက်​ တစ်​ရွာလုံး
    စမ်းဖိုရွာဆင်းသည့်​လမ်းမှမသွားကြဘဲ သီးသန့်​ မည်​သူမျှမမြင်​​အောင်​လျှို့ဝှက်​လမ်း​ဖောက်​လုပ်​၍ သွားကြခြင်းဖြစ်​သည်​။ထိုသို့သွားရခြင်းအ​ကြောင်းအရင်းမှာလည်း
    မမြင်​ရ​သော နာနာဘာဝ ၊ပရ​လောကသားများနှင့်​ပြည့်​နှက်​​နေ​သည်​။သို့​သော်​လည်း ယက္ခတို့အတွက်​ ဤမျှ​လောက်​က​တော့ ဘာမှပူစရာလို​ပေ။တစ်​ဖြည်းဖြည်း ယက္ခတို့လှည်းမှာလည်း မိစ္ဆာလျှို​မြောင်​သို့​ရောက်​လာ​လေသည်​။
    {၅}
    မိစ္ဆာလျှို​မြောင်​​ရောက်​သည်​နှင့်​ ထုံးစံအတိုင်း
    လှည်း၌တပ်​ဆင်​ထား​သော နွားများမှာ ပုံမှန်​မဟုတ်​​တော့ဘဲ​ကြောက်​လန့်​စရာ တစ်​ခုခုကိုမြင်​ရသကဲ့ ရုန်းကန်​လှုပ်​ရှားလာ​တော့သည်​။
    "ကဲ မြင့်​ဦးနှင့်​ဖိုးထူး အ​ကောင်​​တွေတက်​လာကြပြီ
    သူတို့အတွက်​ ထုံးစံအတိုင်း အသား​တစ်​ချို့ယူပြီး သွား
    ပစ်​ချ​ပေးလိုက်​ပါအုံး"
    " ဟုတ်​ကဲ့ပါ ကိုကိုကြီး"
    ယက္ခ​ပြောသည့်​အတိုင်းပင်​ မိစ္ဆာလျှို​မြောင်​အတွင်းမှ နာနာဘာဝသရဲတ​စ္ဆေများ ယက္ခတို့လှည်းလမ်းရှိရာသို့
    အုပ်​စုလိုက်​ တက်​လာ​နေကြသည်​။မြင့်​ဦးနှင့်​ဖိုးထူးလည်း
    ယက္ခ​ခိုင်း​သည့်​အတိုင်း လှည်း​ပေါ်မှ အသားတစ်​ချို့ကို
    ထမ်းချ၍ လျှိုထဲမှတက်​လာ​နေကြ​သော နာနာဘာဝများရှိ
    ရာသို့ပစ်​ချ​ပေး​လိုက်​​တော့သည်​။အသားများရသည်​နှင့်
    သရဲတ​စ္ဆေများလည်း ဆက်​မတက်​လာကြ​တော့​ပေ။ထိုမှသာယက္ခတို့လှည်းအား အလိုရှိရာသို့စိတ်​ချလက်​ချဆက်​လက်​​မောင်းနှင်​နိုင်​​တော့သည်​။ဤသည်​မှာ
    စမ်းဖိုရွာသို့ဆင်းသည့်​အခါတိုင်း ယက္ခတို့ လုပ်​​နေကြအလုပ်​ပင်​ဖြစ်​​ပေသည်​။နေ့စဉ်​နှင့်​အမျှဆိုသလို
    အသားများ ​ကျွေး​နေ​သော ယက္ခတို့နှင့်​ မိစ္ဆာလျှို​မြောင်
    ရှိ နာနာဘာဝများမှာ ရင်းနှီးမှုများပင်​ရရှိ​နေ​တော့သည်​။
    ထို့​ကြောင့်​လည်း စမ်းဖိုရွာသို့အသွားတွင်​သာ အသားများပစ်​​ကျွေးရပြီး ပြန်​သည့်​အချိန်​မှာ​တော့မည်​သည့်​အ​နှောက်​အယှက်​မှမရှိ​တော့ဘဲ သွားလာနိုင်​​ပေသည်​။စမ်းဖိုရွာ​ရောက်​သည်​နှင့်​ ယက္ခတို့ လှည်း​ပေါ်တင်​​ဆောင်​လာ​သေား အသားများအား အသားဝယ်​သည့်​ဒိုင်​တွင်​ ​ရောင်းချလိုက်​ကြပြီး ရရှိ​ငွေစများဖြင့်​ ​ဒေါ်မယ်​ခ မှာလိုက်​သည့်​ ပစ္စည်းများကို အစုံအ​စေ့ဝယ်​ယူကာ
    အ​လောင်း​ပျောက်​ရွာသို့ ပြန်​လှည့်​လာခဲ့ကြ​တော့သည်​။
    "ယက္ခ ငါမှာလိုက်​တဲ့ပစ္စည်း​တွေ ပါရဲ့လား"
    "အကုန်​ပါပါတယ်​ မယ်​မယ်​ကြီး"
    "ကဲ ဒါဆို တို့လုပ်​ငန်းစလိုက်​ကြစို့ မင်းလုပ်​ရမယ့်​ ကိစ္စ
    "သိပါတယ်​မယ်​မယ်​ကြီး ကျွန်​​တော်​ ဟိုနှစ်​​ယောက်​နဲ့
    အမြန်​ဆုံးပြီး​အောင်​ စီစဉ်​လိုက်​ပါ့မယ်​"
    တကယ်​​တော့ ယက္ခတို့စီစဉ်​​နေကြတာက​တော့တခြားမဟုတ်​။ ဘူတာဝါဟန ပညာရပ်​ဖြင့်​ လူရုပ်​ပြုလုပ်​အသက်​သွင်း​ပေးခြင်းပင်​ဖြစ်​​ပေသည်​။အိန္ဒိယမှာရှိ​သော မဟာဂန္ဓာရီတက္ကသိုလ်​များ တွင်​ အခြားပညာရပ်​များနှင့်​တွဲဖက်​ပြီး ထိုပညာရပ်​ကိုပါသင်​ကြား​ပေးခဲ့သည်​။နောက်​ပိုင်းမှာ​တော့ မဇ္ဈိမ​ဒေသတွင်​ ဘူတာဝါဟန ပညာမှာတစ်​ဖြည်းဖြည်းပြန့်​နှံ့သွားခဲ့​လေသည်​။
    ထိုပညာရပ်​နှင့်​တွဲဖက်​သင်​ကြား​သော ပညာရပ်​တို့မှာ
    (၁)ခန္ဓာဝါဟနပညာ
    ခန္ဓာကိုယ်​အစိတ်​အပိုင်းတို့ကိုမူလအ​ခြေအ​နေအတိုင်း
    ပြန်​ဖြစ်​​အောင်​တည်​​ဆောက်​​သော ပညာ။
    (၂)ရူပါဝါဟနပညာ
    တည်​​ဆောက်​ပြီး​သောခန္ဓာအား မူလအ​ခြေအ​နေအတိုင်းပြန်​ဖြစ်​​အောင်​ ​ဆေးဖြင့်​​ရေးခြယ်​ ဖန်​တီး​သော ပညာ။
    (၃)ဘူတာဝါဟန ပညာ
    အသက်​မရှိ​သောရုပ်​ခန္ဓာအား အသက်​ဝင်​လာ​အောင်​ အသက်​သွင်း​ပေးသည့်​ပညာ၊ထိုပညာကို"ဖုတ်​သွင်းခြင်း
    အတတ်​"ဟု​ခေါ်ဆိုကြသည်​။
    ထိုပညာ သုံးရပ်​တို့​ပေါင်းစပ်​၍ အသက်​မရှိ​သော အရုပ်​များအား အသက်​သွင်း​ပေး လိုရာခိုင်း​စေနိုင်​ကြ​ပေသည်​။
    ယခုလည်း ​ဒေါ်မယ်​ခနှင့်​ ယက္ခတို့ ထိုပညာသုံးရပ်​အား
    ထိုအရုပ်​များပြုလုပ်​ရာ၌ ပထမဦးစွာ လူရိုးများကို နဂိုအတိုင်းပြန်​ဖြစ်​​အောင်​ ဆက်​၍ ပြုတ်​မထွက်​​စေရန်​ ​လျှော်​ကြိုးများဖြင့်​တွဲချည်​ရသည်​။အရိုးတွဲပြီး
    အချို့​နေရာများမှာကြိုးဖြင့်​ပတ်​ချည်​ပြီး၊အချို့​နေရာမှားမှာ​တော့ သစ်​​စေး၊​ကော်​၊ကတ္တရာတို့ဖြင့်​ ကပ်​တန်​ကပ်​၊အင်​တွဲမှုန့်​တို့ဖြင့်​ တွဲတန်​တွဲရသည်​။လူပုံသဏ္ဍာန်​​ပေါ်ပြီဆိုလျှင်
    ဝမ်းတွင်းကလီဇာများနှင့်​ဦး​နှောက်​ကို​တော့ လဲမှိုများ၊
    စီရင်​ထား​သော ​ဆေးတုံးများ ထည့်​သည်​။ထိုသို့ထည့်​ပြီးသည်​နှင့်​အ​ပေါ်မှ ပိတ်​ဖြူဖြင့်​ပတ်​ပြီး သူ့​နေရာနှင့်​သူ
    စသဖြင့်​အသီးသီးတတ်​ကျွမ်းသူများဖြစ်​​ပေသည်​။ထို့​ကြောင့်​ လူအရိုးများတွဲဆက်​ပြီး ဦး​နှောက်​၊ကလီဇာများထည့်​ခြင်းကို ယက္ခမှတာဝန်​ယူရ၍ ၊​ပေါ်လာ​သော လူရုပ်​ပုံအား ခင်​နွဲ့ရီမှလူပုံစံအတိုင်းဖြစ်​​အောင်​ ​ရေးဆွဲ​ပေးရသည်​။အားလုံးပြီးပြီဆိုရင်​​တော့ အရုပ်​ပြုလုပ်​ခြင်း၏
    အ​ရေးအကြီးဆုံးဖြစ်​သည့်​ ဘူတာဝါဟနပညာရပ်​ဖြင့်
    အလုပ်​အရှုပ်​ကြီးရှုပ်​​နေကြ​တော့သည်​။
    "မြင့်​ဦး အရိုး​တွေ ပြုတ်​မထွက်​​အောင်​ ​သေချာခိုင်​​အောင်​ချည်​ ကြားလား ​တော်​ကြာ​နေ သွား​နေရင်း အရိုး​တွေပြုတ်​ထွက်​​နေကုန်​အုံးမယ်​"
    "ဟုတ်​ကဲ့ ကိုကိုကြီး"
    {၆}
    "​ရော့ ဒီအရိုးကို လက်​ဖံရိုး​နေရာမှာ တပ်​ပြီး ​သေချာ​အောင်​ချည်​"
    "ဟုတ်​ကဲ့"
    "ဖိုးထူး မင်းက ငါပြင်​ဆင်​​ပေးထားတဲ့ ​​ကောက်​ရိုး​တွေ၊လဲမှို​တွေနဲ့ ဦး​နှောက်​နဲ့ အစာအိမ်​၊ကလီဇာ​နေရာ​တွေမှာ ​သေချာထည့်​ ဘာမှ​မေ့မကျန်​​စေနဲ့​နော်​ ဦး​နှောက်​လိုမျိုးက
    အဓိကပဲ့ ​တော်​ကြာ​နေ ဘာမှမ​တွေး​ခေါ်မစဉ်းစားတတ်​​ဘဲ​နေမယ်​"
    "ဟုတ်​ကဲ့ အ​မေ့​စေရပါဘူး ကိုကိုကြီး"
    ထိုကဲ့သို့ယက္ခမှ သူတတ်​ကျွမ်း​သော ခန္ဓာဝါဟနပညာဖြင့်
    မြင့်​ဦးနှင့်​ဖိုးထူးနှစ်​​ယောက်​အား​သေချာ ချပြကာ အစွမ်းကုန်​လုပ်​​ဆောင်​​နေသည်​။အရိုးများအား ​သေချာ​အောင်
    တပ်​ဆင်​ပြီးသည်​နှင့်​ ပိတ်​ဖြူများဖြင့်​ တစ်​ကိုယ်​လုံးပတ်​လိုက်​ကာ ခန္ဓာဝါဟန ပညာရပ်​အားအဆုံးသတ်​လိုက်​​တော့သည်​။
    "သမီး ခင်​နွဲ့ရီ​ရေ တစ်​ရုပ်​​တော့ပြီးပြီ ကိုယ့်​တာဝန်​ကိုယ်
    လာယူလှည့်​​တော့"
    "ဟုတ်​ကဲ့ အဘ ​အော်​ ဒါနဲ့ ကျွန်​မက ဘယ်​လိုပုံစံမျိုးဖြစ်​​အောင်​ ​ရေးဆွဲပေးရမှာလဲဟင်​ အဘ"
    "ဒါ​တော့ အဘလည်းမသိဘူး မယ်​မယ်​ကြီးကို ​မေးမှရမယ်​"
    သားအဖနှစ်​​ယောက်​ ​ပြောဆို​နေကြတုန်းမှာပဲ့ ​ဒေါ်မယ်​ခ
    အိမ်​​ပေါ်မှ ဆင်းချလာပြီး
    "သူရဲ​ကောင်း ပုံစံ​တွေမျိုးဖြစ်​​အောင်​​ရေးချယ်​ရမယ်​ ​မြေး​လေး တကယ့်​ကိုရဲစွမ်းသတ္တိနှင့်​ပြည့်​စုံတဲ့ ပုံစံမျိုး​ပေါ့"
    "အားလုံးကိုလား မယ်​မယ်​"
    "ဟုတ်​တယ်​ ဒါ​ပေမယ့်​ တစ်​ရုပ်​နဲ့တစ်​ရုပ်​​တော့ မတူ​စေနဲ့​ပေါ့ အားလုံးက သူရဲ​ကောင်းပုံစံ​တွေပဲ့ဖြစ်​​နေ​အောင်
    "ဟုတ်​ကဲ့ပါ မယ်​မယ်​ကြီး"
    စတင်​​ရေးခြယ်​​တော့သည်​။ခင်​နွဲ့ရီမှာ ရုပ်​​ချောသ​လောက်
    ပုံ​ရေးခြယ်​ရာတွင်​လည်း လှပ​သေသပ်​လှ​သည်​။လိုချင်​သည့်​ မည်​သည့်​ရုပ်​ပုံမဆို ဟာကွက်​မရှိ​​အောင်​ လိုက်​ဖက်​ရာလိုက်​ဖက်​ရာဖြစ်​​အောင်​ ​ရေးခြယ်​တတ်​လှ​ပေသည်​။
    "ပြီးပြီ မယ်​မယ်​ကြီး"
    "အင်း ...သူရဲ​ကောင်းပုံစံထွက်​​ပါ​ပေတယ်​ ကဲ
    ဆွဲပြီးပြီဆို​တော့ သူ့အတွက်​ လိုက်​ဖက်​မယ့်​အဝတ်​အစား​လေးဆင်​​ပေးပါအုံး"
    "ဘယ်​လိုအ​ရောင်​မျိုးဆင်​ရမလဲ မယ်​မယ်​ကြီး"
    "အမဲ​ရောင်​ လက်​ရှည်​နှင့်​ ​ဘောင်းဘီကို ဆင်​ရမယ်
    ဒါမှ ရဲစွမ်းသတ္တိနှင့်​ ပြည့်​စုံတဲ့ လူပုံစံ​ပေါက်​မှာ"
    "ဟုတ်​ကဲ့"
    "မယ်​မယ်​ကြီး အရုပ်​ကဘယ်​နှ​ရုပ်​​လောက်​ လုပ်​ရမှာလဲ"
    "ရသ​လောက်​ များ​လေ​ကောင်း​လေပဲ့ယက္ခ ဒါမှ တို့ရဲ့
    အကြံအစည်​ကိုဖြစ်​​မြောက်​​အောင်​လုပ်​ရမှာ"
    ဒီလိုနဲ့ ပျဉ်​​ထောင်​အိမ်​ အမဲကြီးထဲ၌ ရှိရှိသမျှလူများကား
    မအားလပ်​​အောင်​ပင်​အလုပ်​များရှုပ်​​နေကြ​တော့သည်​။
    အပို​င်း ၃ ဆက်​ရန်
    Credits
    No comments
    Post Top Ad
    Post Bottom Ad