မြိုင်မဟာဓာတ်ရှင်(အပိုင်း ၁)
မြိုင်မဟာဓာတ်ရှင်(အပိုင်း ၁)
အခေါင်းပျောက်ရွာ
{၁}
မြန်မာနိုင်ငံ ကိုလိုနီလက်အောက်သို့ကျရောက်၍ တိုင်းရေးပြည်ရာ မငြိမ်သက်သေးသော အချိန်ကာလတစ်ခုဖြစ်သည်။ပြည်နယ်တစ်ဝှမ်း နယ်ချဲ့ အင်္ဂလိပ်များ ခြေရှုပ်နေသော အချိန်ဆိုရင်လည်းမမှားပေ။မြန်မာ နိုင်ငံကြီး
တိုင်းတစ်ပါး သားတို့၏ လက်အောက်သို့ကျရောက်၍
ကျွန်နင်းပြား ဘဝကို မခံလိုသော မြန်မာ့မျိုးချစ်
တော်လှန်ရေး အဖွဲ့များ၏ ရရာလက်နက်ကိုစွဲကိုင်ပြီး
အသက်ပေးကာ အနယ်နယ်အရပ်ရပ် ၌တောခို တော်လှန်တိုက်ခိုက်ကြသည်။ထိုမြန်မာ့တော်လှန်ရေးတပ်ဖွဲ့ များကို
မြေလှန်ရှာဖွေ၍ အင်္ဂလိပ်တပ်များ အမြစ်ဖြတ် ချေမှုန်း
နေကြချိန်ဖြစ်၍ အမြို့မြို့အနယ်နယ် တိုင်း၌ ခြေရှုပ်လျက်ရှိနေကြသည်။မသကာင်္သော သူမှန်သမျှကို ဖမ်းဆီးခေါ်ဆောင်၍ ခြေတွင်ကြိုးချည် ဇောက်ထိုးဆွဲချ၍ လက်သည်း
ခွံများအား ပလာယာဖြင့်နှုတ်ထုတ်ခြင်း၊ရေနွေးဖြင့် လောင်းခြင်း၊ခြေသလုံးပေါ်သို့ သံလုံးတင်၍ ကြိတ်ခြင်း စသဖြင့်
ရက်စက်ခြင်းနည်းလမ်းပေါင်းစုံကိုအသုံးပြုပြီး မြန်မာပြည်သူများ နှိပ်စက် ညည်းပန်းကြသည်။ထိုသို့ အင်္ဂလိပ်တပ်များ ခြေရှုပ်နေကြသည့် မြို့များနယ်များတွင် မြန်မာနိုင်ငံ၏
အောက်ဖက် တနသာင်္ရီတိုင်းထဲမှ မြိတ်မြို့သည်လည်း
တစ်ခုအပါအဝင်ဖြစ်ပေသည်။ထိုခေတ်အခါက မြိတ်မြို့မှာ
ယခုကဲ့သို့မဖွံ့ဖြိုးသေးဘဲ သစ်တောကြီးများနှင့်သာဖုံးအုပ်နေကာ ပင်လယ်ကမ်းစပ်တစ်လျှောက် လမု၊လမဲ့၊ကနစို၊
ပင်လယ်အုန်း စသည့်အပင်များဖြင့်သာပြည့်နက်နေပေသည်။လမ်းပန်းဆက်သွယ်ရေးအဖြစ် ရန်ကုန်နှင့်မြိတ်မြိုသို့ ရေကြောင်းလမ်းနှင့် ကြမ်းတမ်း လှသော ကားလမ်းများဖြင့်သာ ကုန်ကူးသန်းရောင်းဝယ်ကြသည်။မြိတ်မြို့အတွင်းနေထိုင်ကြသူများကတော့ လူကုန်ထံအသိုင်းအဝိုင်းများအပြင်ဆင်းရဲနွမ်းပါသူများနှင့် တောမကျမြို့မကျ
အတန်အသင့်စည်ကားသောမြိုဖြစ်သည်။မြိတ်မြို့နှင့် နီးစပ်ရာ မြို့နယ်များသို့ ကားလမ်း ဖြင့် ကုန်ပစ္စည်း ကူးသန်းရောင်းဝယ် ရာ အချက်အခြာကျသောမြို့လည်းဖြစ်သည်။
ငွေကြေးအတန်အသင့်ချမ်းသာ သူများမှာ သစ်အမျိုးမျိုး၊
ရတနာရောင်းဝယ်သည့် လုပ်ငန်းများအပြင် ပင်လယ်ပြင်မှ
ရရှိသော ရေထွက်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်သည့်
လုပ်ငန်းများလုပ်ကိုင်ကြပြီး ငွေကြေးဆင်းရဲ သူများမှာတော့ ပင်လယ်ထဲ၌ ငါး၊ပုစွန်စသည့် တံငါလုပ်ငန်းများနှင့်
ကမ်းစပ်တစ်လျှောက်ပေါက်ရောက်နေသော လမု၊ပင်လယ်အုန်းပင်များအား ဖြတ်တောက်၍ မီးသွေးဖုတ်ရောင်းဝယ်သည့် လုပ်ငန်းများ လုပ်ကိုင်ကြသည်။ထို့ကြောင့် မြို့အတွင်း နေထိုင်ကြသူအများစုများစုမှာ အတန်အသင့်
ငွေကြေးကြွယ်ဝသူများသာဖြစ်ပေသည်။ထို့အပြင်ထိုခေတ်အခါက မြန်မာပြည်၌ မြန်မာ့ရိုးရာ လက်မှုပညာများအပြင် ကြောင်ပျံ၊အံပွား၊စုန်း၊မှော်ကဝေ အတတ်များလည်း ထွန်းကားနေဆဲဖြစ်ရာ ပြည်သူတစ်ယောက်အဖို့ နယ်ချဲ့ အင်္ဂလိပ်များအပြင် ၄င်း စုန်းကဝေများ
၏ ဘေးအန္တာရယ်ကိုလည်း ရှောင်ရှားကြရင်း ပင်ပန်းခက်ခဲစွာ ဘဝဖြတ်သန်းကြရသည်။ထိုအထဲ၌ အဆိုးဆုံးကတော့ ကြောင်ပျံပင်ဖြစ်ပေသည်။ကြောင်ပျံဆိုသည်မှာ ကြောင်မဟုတ်ဘဲ ကြောင်တစ်ကောင်ကဲ့သို့ အစွမ်းသတ္တိများပိုင်ဆိုင်ထားသော လူတစ်ယောင်ပင်ဖြစ်ပေသည်။ထိုလူမှာ နေ့အချိန်၌ မည်သည့်အစွမ်းမျှမရှိသော်လည်း
ညရောက်လျှင်တော့ ကြောင်ပျံအစွမ်းများအလိုအလျောက်ပိုင်ဆိုင်လာပေသည်။ထိုအစွမ်းသတ္တိများကတော့
အိမ်တစ်ဆောင်အား ကြောင်ဝင်နိုင်လောက်သည့် အပေါက် မျှဖြင့်ဝင်ရောက်နိုင်ခြင်း၊မည်သို့ပင်မြင့်နေစေကာမူ
မြင့်ရာမှနိမ့်ရာသို့ ပျံသန်းနိုင်ခြင်းတို့ပင်ဖြစ်ပေသည်။၎င်းအစွမ်းသတ္တိများ ပိုင်ဆိုင်ထားသောသူများမှာ အများအားဖြင့် သူဌေးသူကြွယ်များ၏အိမ်သို့ဝင်ရောက်၍
ဥစ္စာပစ္စည်းများခိုးယူကြသူများသာဖြစ်ပေသည်။ထို့အပြင်
ဥစ္စာပစ္စည်းများကိုမယူငင်ဘဲ တစ်ပါးသူအိမ်သို့တက်ရောက်၍ သူတစ်ပါး သားမယားများကို အဓမ္မပြုကျင့်ကြသည့်ကြောင်ပျံများလည်းရှိပေသည်။(ထိုကြောင်ပျံများကိုတော့ ယနေ့တိုင် တွေ့မြင်နေရဆဲပါ)မြိတ်မြို့ပေါ်
၌ တစ်နေ့တစ်နေ့ကြောင်ပျံသတင်းကားပျံ့လွင့်နေပေတော့သည်။ကြောင်ပျံသည် တောထဲမှ ကြောင်ပျံ တိရိစ္ဆာန်
၏ သည်းချေကိုယူ၍ ပိယဆေးတစ်မျိုးနှင့်ပေါင်းစပ်ကာ
ခန္ဓာကိုအတွင်းသို့ သွေးကြောမှတစ်ဆင့် ထိုးသွင်းပြီး
ဆေးအောင်သည့် သူများသာ ကြောင်ပျံအစွမ်းသတ္တိကိုရရှိကြပေသည်။ဆေးမအောင်သော သူများကတော့ ထာဝရရူးသွပ်သွားကြသည်။ဤသည်မှာ ကြောင်ပျံဖြစ်ပေါ်လာပုံများ၏ အရင်းအမြစ်ပင်ဖြစ်ပေသည်။
{၂}
ကြောင်ပျံတိရိစ္ဆာန်ကတော့ ယခင် သစ်တောများအုံ့ဆိုင်းနေသည့်အချိန်အခါမျိုး၌ ပေါများစွာတွေ့ရပေမယ့် ယခု
သစ်တောများပြုန်းတီလာသည်နှင့်အမျှကြောင်ပျံတိရိစ္ဆာန်မှာလည်းတစ်ဖြည်းဖြည်းနှင့်ရှားပါးလာကာ ဝေလံသီခေါင်၍ လူအရောက်အပေါက်နဲသည့်သစ်တောတွေထဲတွင်သာ
တွေ့ရပေတော့သည်။ကြောင်ပျံ၏ပုံပန်းသဏ္ဍာန်မှာတော့
တောကြောင်ကဲ့သို့ဆင်တူပြီး အမြီးမှာ ရှည်လျားလှသည်။
၎င်းတွင် ခြေနှင့်လက် သို့ဆက်သွယ်ထားသော တောင်ပံတစ်စုံပါရှိပြီး ပျံသန်းသည့်အခါ ခြေနှင့်လက်ကိုကားထုတ်၍ သိန်းငှက်သဖွယ်ပျံဝဲကြပေသည်။သို့သော်လည်းကြောင်ပျံတိရိစာန်္ဆများမှာ မြင့်ရာမှနိမ့်ရာသို့သာ ပျံဝဲနိုင်ကြပြီး နိမ့်ရာမှမြင့်ရာသို့မပျံသန်းနိုင်ကြပေ။ဤသည်မှာ ကြောင်ပျံများ၏ အားနည်းချက်ပင်ဆိုရပေမည်။ယခု
မြိတ်မြို့ တစ်ခွင်၌ ကြောင်ပျံ တစ်ယောက်ရှိနေပေရာ နေ့စဉ်နှင့်အမျှ သူဌေးသူကြွယ်အိမ်များ၌ ပစ္စည်းပျောက်ခြင်းများကြုံရနေပေသည်။ထိုကြောင့် ထိုကြောင်ပျံအား ဖမ်းမိနိုင်ဖို့အရေး ပုလိပ် များမှာ ညစဉ် ကင်းလှည့်ရှာဖွေနေကြသည်။သို့သော်လည်း ယနေ့အချိန်အထိကြောင်ပျံအား ဖမ်းမိနိုင်ခြင်းမရှိသေးပေ။ညစဉ်ညတိုင်း ကြောင်ပျံဟုထင်မြင်ယူဆ၍ သံသယရှိသူများအား ဖမ်းဆီးစစ်ဆေး နှိပ်စက်မှုများပြုလုပ်နေကြ၍ မြို့တွင်းနေထိုင်သူများ
ညအချိန် လမ်းမထွက်ရဲအောင်ဖြစ်နေကြတော့သည်။ကျွန်ုနှင့်မိုးကလေးမှာလည်း မြိတ်မြို့ရှိ တောမကျမြို့မကျနေရာလေး၌ နှစ်ထပ်လည်ပေါ်ပျဉ်ထောင်အိမ်ကြီးတွင် နေထိုင်ကြပေသည်။မြို့ထဲ ကြောင်ပျံနှင့်တကွ တော်လှန်ရေးသမားများ
အားရှာဖွေမွှေနှောက်နေကြသော ပုလိပ်များကို ကြောက်၍
ကျွန်ုပ်တို့နှစ်ယောက်မှာလည်း အိမ်ပြင်သို့ပင်မထွက်ရဲအောင်ရှိချေတော့သည်။
#######
မြန်မာနိုင်ငံ၌ အကြီးဆုံးရိုးမကြီးသုံးခုရှိပေသည်။၎င်းတို့မှာ
ရခိုင်ရိုးမ၊ပဲခူးရိုးမနှင့်တနသာင်္ရီရိုးမဟူ၍ဖြစ်သည်။ထိုရိုးမအသီးသီးမှာ တစ်ခုမဟုတ်တစ်ခု အံ့သြဖွယ်ရာများနှင့်ပြည့်နှက်နေပေသည်။ထိုအထဲ၌ တနသာင်္ရီ ရိုးမထဲတွင်ရှိသော မြိုင်မဟာတောကြီးမှာလည်းတစ်ခုအပါအဝင်ဖြစ်ပေသည်။မြိုင်မဟာတောကြီးမှာ တနသာင်္ရီ
အနောက်ဖက်ရိုးမထဲတွင်ရှိပြီး အထိကရတောကြီးဖြစ်သည်။တောကြမ်းသည်။တောနက်သည်။
တောကြမ်းသည်ဟုဆိုရာတွင် နှစ်မျိုးရှိသည် တစ်မျိုးမှာ
သားရဲတိရိစ္ဆာန်များကြမ်းသာတောမျိုးဖြစ်ပြီးကျန်တစ်မျိုးမှာ မမြင်ရသောနတ်နှင့်ပရလောက ကြမ်းသောတောဖြစ်သည်။မြိုင်မဟာတောမှာဒုတိယအမျိုးအစားဖြစ်သည်။အဘယ်ကြောင့်ဆိုသော် မြိုင်မဟာတောမှာ
ဒေဝီကလျာ မင်းသမီးစိုးစံသော အရပ်ဒေသဖြစ်သောကြောင့်အမှားမခံသောအရပ်ဖြစ်ပေသည်။မြိုင်မဟာတောနှင့် အနီးဆုံးရှိသည်ရွာကတော့ စမ်းဖိုရွာပင်ဖြစ်သည်။
ရှေးအခါက ထိုအရပ်ဒေသ၌ စကားပုံအဆိုတစ်ခုရှိခဲ့ပေသည်။ထိုစကားပုံမှာ "သေလိုလျှင် စိန်မစား၊စမ်းဖိုရွာကိုသွား"ဟူ၍ပင်ဖြစ်သည်။သေလိုလျှင် စိန်မစားနှင့်
စမ်းဖိုရွာကိုသွား ဟူသောစကားနှင့်အညီ စမ်းဖိုရွာမှာ
စုန်းကဝေပညာသည်များပေါများလှပေသည်။စုန်းကဝေပညာသည်များရှိသည်မရှိသည် သေချာမသိရသော်လည်း ထိုရွာသို့ရောက်လျှင် လူအသေအပျောက်များသည်ကတော့သေချာသည်။သစ်လုံးကြီးထုတ်ရာ သစ်စခန်းနဲ့ သိပ်မဝေးလှသောနေရာတွင်ရှိ၍ သစ်တင်ရာ
ကားလမ်းနံဘေးတွင်ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းသောရွာလည်းဖြစ်သည်။မြိုင်မဟာတောအတွင်း မှ စမ်းဖိုရွာနဲ့နီးသော ရွာများမှာ ရွှေကျင်ဂျောင်ရွာ၊စခန်းသစ်ရွာ၊အခေါင်းပျောက်ရွာ၊အေးချမ်းသာရွာ စသည့်ရွာများဖြစ်ပြီး တောတောင်ကိုမှီ၍ ပန်းခွာခြင်း၊ဆေးမြစ်ရှာခြင်း အမဲလိုက်ခြင်း လုပ်ငန်းများအားလုပ်ကိုင်ကြသည်။ထိုရွာများ၌ လိုအပ်သော ကုန်ပစ္စည်းများကို စမ်းဖိုရွာသို့
လှည်းလမ်းမှတစ်ဆင့် လာရောက်ဝယ်ယူကြသည်။ထို့အပြင် တောတောင်ထဲမှရရှိသော ဆေးမြစ်၊ပန်းပင်၊တောကောင်များကို စမ်းဖိုရွာသို့ဆင်း၍ ရောင်းချကြသည်။
စမ်းဖိုရွာမှလည်း ထိုပစ္စည်းများကိုဝယ်ယူပြီး ဈေးကားမှတစ်ဆင့် မြိတ်မြို့သို့ တင်ပို့ရောင်းကြသည်။
ထိုကြောင့် မြိုင်မဟာတောအတွင်းရှိရွာများအတွက် စားဝတ်နေရေးမှာ ပူစရာမရှိအောင်အဆင်ပြေကြပေသည်။
စမ်းဖိုရွာ နှင့် ရွာနီးချုပ်များထဲမှ အခေါင်းပျောက်ရွာမှာ လည်းထူးခြားသောရွာတစ်ရွာဖြစ်ပေသည်။ထိုရွာ၏ အမည်နာမကိုတော့ ဖြစ်သလိုပေးထားခြင်းမဟုတ်ဘဲ အကြောင်းအရာ တစ်ခုအားအရင်းပြု၍ ခေါ်ဝေါ်ကြခြင်းဖြစ်ပေသည်။ထိုရွာတွင်နေထိုင်ကြသော လူအများစုကတော့
ရိုးအလှသောတောသူတောင်သားများဖြစ်ပြီး ဘာသာရေးထက် နတ်ကိုးကွယ်မှုကိုပို၍အလေးထားကြပေသည်။
တစ်ရွာလုံး မှာ ကုသိုလ်လုပ်သူထက်အကုသိုလ်ဖြင့်အသက်မွေးကြသူကပို၍များပေသည်။
{၃}
ဥပမာ ဆေးပင်ရှာခြင်း၊ပန်းခွာခြင်း စသည့် အကုသိုလ် မဖြစ်စေသော အလုပ်ထက် အမဲလိုက်ခြင်းဟူသည့်အကုသိုလ်အလုပ်တို့ကိုသာ ပို၍ အလုပ်များကြပေသည်။
ရရှိလာသောတောကောင်များအား တစ်ဝက်ကို နတ်ပူဇော်သမှုပြုကြပြီးကျန်သည့်တစ်ဝက်ကိုသာ ရောင်းချစားသောက်ကြပေသည်။ထိုသို့ အယုံအကြည်များလှသော ထိုရွာတွင်
အမဲလိုက်ကြရင်း မမြင်ရသောနာနာဘာဝများနှင့် အန္တာရယ်
ပြုတတ်သော ကျား၊ဝံ၊ပြောင် စသည့် တိရိစ္ဆာန်များ၏လက်ချက်ကြောင့် သေကြေပျက်စီးကြသူများမှာ သုံးရက်တစ်ကြိမ်လေးရက်တစ်ကြိမ် တစ်ပတ်တစ်ကြိမ် အမြဲရှိလေသည်။ထိုသို့သေ တိုင်းလည်း အယုံအကြည်လွန်ကဲသော ရွာသူရွာသားများကြောင့် သေဆုံးသူများမှာ ကောင်းရာဘုံဘဝသို့မရောက်ရှိကြဘဲ မကောင်းဆိုဝါး၊နာနာဘာဝ၊
မိစ္ဆာများအဖြစ် ထိုရွာအတွင်း၌ပင် တစ်ဝဲလည်လည်ဖြစ်နေကြတော့သည်။အကြောင်းမှာမူကား အခေါင်းပျောက်ရွာ၌ သေဆုံးသူများမှာ ဗုဒ္ဓဘာသာအစဉ်အလာအရ ကောင်းမွန်သောဘဝသို့ရောက်ရန် အမျှဝေပေးခြင်းမျိုးမရှိဘဲ သေသူများကို အခေါင်းထဲထည့်၍ ရွာပြင်၌ သီးသန့် ဆောက်လုပ်ထားသော အခေါင်းထားရန်လုပ်ထားသည့် နေရာ၌ သွားရောက်စွန့်ပစ်ကြခြင်းကြောင့်ဖြစ်ပေသည်။ထိုသို့စွန့်ပစ်ရာတွင်လည်း ထိုနေရာသို့ ညအချိန်
သွားရောက် စွန့်ပစ်ရသည်။မနက်အချိန်သို့ ရောက်ပါက
ထို အခေါင်းမှာ ထိုနေရာ၌ မရှိတော့ဘဲ ပျောက်ခြင်းပျောက်ဆုံးသွားတတ်ပေသည်။ထို့ကြောင့် ၄င်းရွာအား အခေါင်းပျောက်ရွာဟု အစွဲပြုခေါ်ဆိုကြခြင်းဖြစ်ပေသည်။ရိုးအလှ၍
အယုံအကြည်ကြီးလှသော အခေါင်းပျောက် ရွာသူရွာသားများမှာ ထိုကဲ့သို့ သွားထားသလောက်အခေါင်းများပျောက်ဆုံးသွားခြင်းကိုပင် ကျေနပ်နေကြသည်။
မည်သည့်အကြောင်းအရင်းကြောင့် ပျောက်ဆုံးသွားသည်ကို တော့တစ်ယောက်မျှခြေခြေမြစ်မြစ်မသိကြဘဲ ၄င်းတို့သွားထားသောအခေါင်းများအား သင်္ချိုင်းစောင့် မဖဲဝါမှ ဆောင်ယူ၍ ကောင်းမွန်ရာသို့ခေါ်ဆောင်သွားသည်ဟုထင်မြင်ယူဆကြသည်။
မည်သူမျှလည်း ထိုအခေါင်းများပျောက်ဆုံးသွားသည့်
အကြောင်းကို ဂဃနဏလေ့လာစုံစမ်းသူမရှိကြပေ။တစ်ရွာလုံး ၄င်းတို့သွားထားသည့်အခေါင်း မပျောက်ဘဲနေမည်ကိုစိုးရိမ်ပူပန်နေကြပေသည်။၎င်းတို့စိတ်ထဲ၌ အခေါင်းမပျောက်ပါက သေဆုံးသူတို့ကောင်းရာဘုံဘဝမရောက်ပြီ ဟု ထင်မြင်ယူဆထားကြခြင်းကြောင့်ပင်။ထို့ကြောင့် အခေါင်းပျောက်ရွာ၌ကား လူသေမြှုတ်နှံရာ သင်္ချိုင်း
ဟူ၍မရှိဘဲ ရွာပြင်ရှိ အခေါင်းထားရာနေရာတစ်ခုသာရှိပေသည်။ထိုအပြင် ထိုရွာ၌ ဘုရားကျောင်းကန်စေတီဟူ၍လည်းမရှိပေ။ဘုရားစေတီများအားမြင်ရမည့်အစား ရွာပြင်ရှိ ကုန်းမြင့်ပေါ်တွင် အလောင်းထားရာ
အဆောက်အအုံနှင့်ယှဉ်၍ပြုလုပ်ထားသော နတ်ပူဇော်ရာ
နတ်ကွန်းဟုယူဆရသည့် အဆောက်အအုံတစ်ခုသာရှိပေသည်။အလောင်းပျောက် ရွာသားများ၎င်းတို့ ရရှိလာသော တောကောင်အသားများအားနေ့စဉ်နှင့်အမျှလာရောက်ပူဇော်ပသကြ၍ ထိုနတ်ကွန်း၌ သားကောင်များ၏
သွေးအနံ့များဖြင့်ညီဟောက်နေပေသည်။ထူးခြားသည်မှာကား အခေါင်းပျောက်ရွာသားများ လာရောက်ပသ
သမျှ အသားများမှာလည်း အလောင်းပျောက်သကဲ့သို့ပျောက်ဆုံးနေခြင်းပင်။ထိုသို့ ပျောက်ဆုံးခြင်းကိုလည်း
ရွာသားများမှာ သူတို့၏ အသားများအား နတ်တို့က သုံးဆောင်လိုက်ကြပြီ ဟုအယူအဆ ကြောင့် မည်သူမျှအလေးအနက်မထားကြပေ။အလောင်းပျောက်ရွာပြင်ရှိ
တောင်ကုန်းပေါ်တွင် ဘေးခြင်းကပ်လျက်ယှဉ်၍ ဆောက်လုပ်ထားသော အလောင်းထားသည့် အဆောက်အအုံနှင့်
နတ်ကွန်းမှာ ခြောက်ခြားမှုများနှင့်ပြည့်နှက်နေပေတော့သည်။ထိုကဲ့သို့ ရိုးအလှသော ရွာသားများအကြား၌
အခွင့်အရေးရနေကြသော အိမ်တစ်ဆောင်တော့ရှိပေသည်။ထိုအိမ်မှာ ရွာအစွန်ဖက် လူသူများနှင့်ဝေးကွာလှသည့်နေရာတွင်ဆောက်လုပ်ထားသော နှစ်ထပ် ပျဉ်ထောင်အိမ်ကြီးဖြစ်ပြီး တစ်အိမ်လုံးမည်းနက်နေအောင်ရေနံချေးများဖြင့်သုတ်လိမ်းထားပေသည်။ကြီးမားလှသော ၄င်းအိမ်ကြီးမှာ ရွာထဲရှိ တစ်ခြားသောအိမ်များနှင့်ကင်းကွာနေပြီး တစ်အိမ်တည်း ထီးထီးကြီးဖြင့်တည်ရှိနေပေသည်။အိမ်အောက်ထပ်ပတ်ပတ်လည်အား သစ်များဖြင့် အပြည့်ကာရံထားပြီး အိမ်ကြီး၏ပတ်ပတ်လည်ကိုလည်း သစ်မာများဖြစ်သော ကျွန်း၊
ပျဉ်းကတိုးသားများဖြင့်ကာရံထားပေသည်။ထိုအိမ်ကြီး
တွင်နေထိုင်ကြသူများကတော့ အသက်၆ဝကျော်ခန့်
အမျိုးသမီးကြီးတစ်ဦး အသက်လေးဆယ်ခန့် အမျိုးသားတစ်ဦးနှင့်အသက်၂၀ခန့်မိန်းမပျိုတစ်ဦးတို့ပင်ဖြစ်ပေသည်။အမျိုးသမီးကြီး၏နာမည်ကတော့ ဒေါ်မယ်ခဖြစ်ပြီး မျက်နှာပုံပန်းမှာ အကျည်းတန်လှ၍ စုန်းကဝေတစ်ကောင်နှင့်ပင်တူညီနေပေသည်။
အပိုင်း ၂ ဆက်ရန်
Credits
No comments