• မြိုင်​မဟာ ဓာတ်​ရှင်​ (အပိုင်း ၇)
    မြိုင်​မဟာ ဓာတ်​ရှင်​ (အပိုင်း ၇)
    လွန်​ခဲ့​သော အတိတ်​ဆီသို့
    {၂၀}
    သစ်​ပင်​​နောက်​၌ ကွယ်​၍ ညည်းညူ​နေ​သောထိုလူတစ်​​ယောက်​၏ အသံ​ကြောင့် ကျွနု​ပ်​နှင့်​မင်းသီဟလည်း
    အသံလာရာသို့ ​ခြေသံဖွဖွနင်း၍ ​လျှောက်​သွားကြည့်​လိုက်​သည်​။အိုမင်းရင့်​​ရော်​​နေပြီဖြစ်​​သော အဖိုးအိုတစ်​​ယောက်​ပင်​။အဖိုးအို၏ အမူအရာမှာ​မောပန်းနွမ်းနယ်​​နေသကဲ့သို့
    သစ်​ပင်​၌မီကာ ဒူးနှစ်​ဖက်​အားနှိပ်​လျက်​ ညည်းညူ​နေသည်​။ကျွနု​ပ်​တို့လည်း အဖိုးအိုကိုကြည့်​ကာ ဂရုနာသက်မိ​ရကား
    "အဖိုး ဒီမှာတစ်​​ယောက်​တည်း ဘာလုပ်​​နေတာလဲဟင်​"
    " ဒီ​တောထဲမှာ ​ဆေးမြစ်​လာရှာရင်းနဲ့ ​မောပန်းလို့ခဏထိုင်​နား​နေတာပါကွယ်​ ​မြေး​လေးတို့မှာ ​ရေပါရင်
    အဖိုးကိုနဲနဲ​လောက်​တိုက်​ခဲ့ပါလား"
    "ပါတယ်​ ပါတယ်​ အဖိုး ​ရော့ ဒီမှာ"
    အဖိုးအို၏ စကားအဆုံး၌ မင်းသီဟလည်းချက်​ချင်းပင်
    ခါးမှ​ရေဘူးအားဖြုတ်​၍ အဖိုးအိုအားရို​သေစွာကမ်း​ပေးလိုက်​သည်​။ရေ​ဆာ​နေ​သော အဖိုးအိုလည်း မင်းသီဟ
    ကမ်း​ပေးလိုက်​​သော​ရေဘူးအားလျင်​မြန်​စွာပင်​လှမ်းယူ၍
    "​ကျေးဇူးတင်​ပါတယ်​ကွယ်​ ​ရော့ ​မြေး​လေးရဲ့​ရေဘူး"
    "​ကျေးဇူးတင်​စရာမလိုပါဘူး အဖိုးရယ်​ ဒါနဲ့ ​နေ​တောင်​ဝင်​​တော့မယ်​ အဖိုးက ဘယ်​ရွာကလဲ လမ်းကြုံရင်​ကျွန်​​တော်​တို့နဲ့တစ်​ခါတည်းလိုက်​ခဲ့ပါလားအဖိုး​နေတဲ့ရွာကို​ရောက်​တဲ့အထိ ကျွန်​​တော်​တို့လိုက်​ပို့​ပေးပါ့မယ်​"
    "ဟုတ်​ပါတယ်​ ကျွနု​ပ်​တို့လည်း အခု ပြန်​ကြ​တော့မလို​လေ"
    ကျွနု​ပ်​လည်း မင်းသီဟ၏ စကားအား​ထောက်​ခံသည့်
    အ​နေဖြင့်​ဝင်​​ပြောလိုက်​သည်​။
    "ရပါတယ်​ကွယ်​ အဖိုးက ဒီ​တောထဲမှာပဲ့တဲထိုးပြီး​နေတာပါ ဒါနဲ့ ​မြေး​လေးတို့က ဒီ​တောထဲမှာဘာလာလုပ်​ကြတာလဲ"
    "လူနာတစ်​​ယောက်​အသည်းအသန်​ဖြစ်​​နေလို့ အ​ရေးတကြီးလိုအပ်​​နေတဲ့ ​ဆေးပင်​​လေးလာရှာတာပါ ခင်​​ဗျ"
    "​ဪ...​တွေ့ပြီလားကွဲ့"
    "တစ်​​နေသာကုန်​သွားတယ်​ အဘရယ်​ လိုချင်​တဲ့​ဆေးပင်​ကို မရခဲ့ပါဘူး"
    "ဘယ်​လို​ဆေးပင်​မျိုးကိုလို​နေတာလဲ"
    "​တောင်​လုံး​ကျော်​ ​ဆေးပင်​ပါ အဖိုး"
    "အိမ်း..ဘယ်​​တွေ့မလဲ ​မြေး​လေးရယ်​ ဒီ​ဆေးပင်​မျိုးက
    "ဘယ်​လိုရှာရတာလဲဟင်​ အဖိုး"
    "သူ့နာမည်​ကို ​အော်​​ခေါ်ပြီး ရှာရတာကွဲ့ သူရှိ​နေရင်
    ပြန်​ထူးလိမ့်​မယ်​ လာ အဖိုးကူရှာ​ပေးမယ်​"
    "ဟုတ်​ကဲ့ အဖိုး"
    "ကဲ ကြည့်​ထား​မြေး​လေး အဘ​ခေါ်ပြမယ်​"
    "ဟုတ်​ကဲ့"
    ကျွနု​ပ်​တို့နှစ်​​ယောက်​ အဖိုးအိုးအားကြည့်​၍ မည်​သို့မည်​ပုံ
    ရှာမည်​ကို စိတ်​ဝင်​စား​နေမိသည်​။အဖိုးအိုလည်း နှုတ်​ခမ်းဝ၌ လက်​နှစ်​ဖက်​အုပ်​၍ ​တောင်​လုံး​ကျော်​​ဆေးပင်​အားစတင်​ရှာေ​ဖွ​တော့သည်​။
    "​တောင်​လုံး​ကျော်​​ရေ....!"
    "​တောင်​လုံး​ကျော်​​ရေ ​တောင်​လုံး​ကျော်​​ရေ..........."
    အဖိုးအို၏ ​အော်​သံကား ​တော​တောင်​ တစ်​ခွင်​၌ ပဲ့တင်​ထပ်​ကာ ​တောင်​လုံး​ကျော်​​ရေ ဟူ​သောအသံက ဟိုးအ​ဝေးဆီသို့အဆင့်​ဆင့်​ပြန့်​နှံ့သွား​တော့သည်​။သို့​သော်​လည်း
    ပြန်​ထူးသံအားမကြားရ​ပေ။အဖိုးအိုလည်း တဖန်​ပြန်​၍​အော်​ပြန်​​လေသည်​။
    "​တောင်​လုံး​ကျော်​​ရေ!"
    "​တောင်​လုံး​ကျော်​​ရေ...​တောင်​လုံး​ကျော်​..​​ကျော်​..​ကျော်​"
    ဤတစ်​ချီတွင်​လည်း ပဲ့တင်​သံသာထပ်​သွားသည်​ ပြန်​ထူးသံအားမကြားရ​ပေ။ကျွနု​ပ်​တို့လည်း ​မျှော်​လင့်​ချက်​မရှိသလိုသက်​ပြင်းများချလိုက်​မိ​တော့သည်​။
    "အဖိုးရယ်​ ​နေပါ​စေ​တော့ ပင်​ပန်းပါတယ်​ ကျွန်​​တော်​တို့နဲ့
    မထိုက်​လို့ပြန်​မထူးတာဖြစ်​ပါလိမ့်​မယ်​"
    "ခဏ ​မြေး​လေး အဖိုး ထပ်​​ခေါ်ကြည့်​အုံးမယ်​"
    အဖိုးအိုကား ဇွဲမ​လျော့ ​နောက်​ထပ်​တစ်​ပြန်​ ​ခေါ်ပြန်​​လေသည်​။ကျွနု​ပ်​တို့မှာ​တော့ ​မျှော်​လင့်​ချက်​မရှိ​သော မျက်​နှာမျိုးဖြင့်​ပင်​ အဖိုးအိုအားကြည့်​​နေမိကြ​တော့သည်​။
    "​တောင်​လုံး​ကျော်​​ရေ...!"
    "​တောင်​လုံး​ကျော်​​ရေ...​ဟေ​ဟေ​ဟေ"
    "​တောင်​လုံး​ကျော်​​ရေ"
    "​ဟော..ထူးပြီ ထူးပြီ"
    "​ဗျာ...ထုးလိုက်​ပြီလား အဘ ကျွန်​​တော်​တို့လည်းမကြားလိုက်​ပါလား"
    "ပဲ့တင်​သံဆုံးမှ ကြားလိုက်​ရတဲ့ ​တောင်​လုံး​ကျော်​​ရေ
    ဆိုတဲ့အသံက ပြန်​ထူးတဲ့အသံ​ပေါ့"
    "​ဗျာ..."
    မှန်​ပါသည်​ ပဲ့တင်​သံအဆုံး၌ ​တောင်​လုံး​ကျော်​​​ရေဟူ​သော
    မည်​သည့်​အသံနှင့်​မျှမတူ​သောအသံအား ကျွနု​ပ်​တို့နားမှ
    မသိမသာ​လေးကြားလိုက်​ရသည်​မဟုတ်​ပါလား။
    "ကဲလာ...အသံကြားတဲ့​နေရာဆီလိုက်​သွားကြရ​အောင်​"
    "ဟုတ်​ကဲ့"
    အဖိုးအိုမှာ အသံလာရာသို့ မြန်​ဆန်​စွာပင်​ ​ရှေ့မှဦး​ဆောင်​ထွက်​သွား​တော့သည်​။အသံမှာ​တောင်​ထိပ်​​ပေါ်မှဖြစ်​ပြီး
    "​တောင်​လုံး​ကျော်​​ရေ..."
    "​တောင်​လုံး​ကျော်​​ရေ"
    "ဟင်​ ..အဖိုး​တောင်​​အောက်​ကို​ရောက်​သွားပြန်​ပြီ"
    {၂၁}
    "အင်း အဖိုးသိပြီ ​မြေး​လေးတို့ ဒီသစ်​ပင်​မှာကွယ်​ပြီး
    အသာ​စောင့်​ကြည့်​​နေကြ အဖိုး​တောင်​​အောက်​ကိုဆင်းပြီး
    သွား​ခေါ်မယ်​ အဖိုး​ခေါ်သံ ဆုံးလို့ အသံထွက်​လာတဲ့အပင်​ဆိုနုတ်​သာနုတ်​ယူလိုက်​​တော့"
    "ဟုတ်​ကဲ့ အဖိုး"
    "အဖိုး​နောက်​က ကျွနု​ပ်​​ရောလိုက်​ခဲ့မယ်​​လေ"
    "ရတယ်​ ရတယ်​ နှစ်​​ယောက်​မျက်​လုံးရှင်​ရှင်​သာ​စောင့်​ကြည့်​ထားကြ ​တော်​ကြာ​နေ​လွှတ်​သွားအုံးမယ်​"
    "ဟုတ်​"
    အဖိုးအိုလည်း​ပြောရင်းပင်​ ​တောင်​​အောက်​သို့ဆင်းချသွား​တော့သည်​။ကျွနု​ပ်​တို့နှစ်​​ယောက်​မှာလည်း အဖိုးအိုမှာထားခဲ့သည့်​အတိုင်း သစ်​ပင်​​နောက်​မှပုန်းကွယ်​၍အ​ခြေအ​နေအား​စောင့်​ကြည့်​​ကျန်​ခဲ့ရ​တော့သည်​။ခဏမျှအကြာ၌ ​တောင်​​အောက်​ဆီမှ
    "​တောင်​လုံး​ကျော်​​ရေ"
    ဟူ​သောအဖိုးအို ၏ အသံအား မတိုးမကျယ်​​လေးကြားလိုက်​ရသည်​။အဖိုးအို၏ အသံဆုံးပြီးတစ်​ပြိုင်​နက်​ပင်​ကျွနု​ပ်​တို့သစ်​ပင်ရှိရာမလှမ်းမကမ်းမှ တစ်​​တောင်​ခန့်​ သစ်​ပင်​​လေးတစ်​ပင်​ လှုပ်​ရှားလာပြီး ​တောင်​လုံး​ကျော်​​ရေဟူ​သောအသံထွက်​လာကာ ပြန်​ငြိမ်​ကျသွား​လေသည်​။
    "​ဟော ဟို ဟိုမှာ ​တောင်​လုံး​ကျော်​​ဆေးပင်​နဲ့တူတယ်​ မင်းသီဟ"
    "ဟုတ်​တယ်​ ဦး​လေး လာအမြန်​သွားနုတ်​ကြရ​အောင်​"
    မ​မျှော်​လင့်​ဘဲ​တွေ့လိုက်​ရ​သော ​ဆေးပင်​​ကြောင့်​ ကျွနု​ပ်​တို့နှစ်​​ယောက်​လည်း ဝမ်းသာ​ပျော်​ရွင်​စွာပင်​ ​ဆေးပင်​အား
    နုတ်​ယူလိုက်​​​လေသည်​။ဆေးပင်​၏ အမြစ်​၌ကားထူးဆန်းစွာပင်​ ​ဇော်​ဂျီပုံ​လေးနဲ့ဆင်​တူ​နေ​ပေသည်​။ကျွနု​ပ်​လည်း
    နုတ်​ယူထား​သော​ဆေးပင်​အားဝမ်းသာအားရ ကိုင်​​မြှောက်​ကာ
    "​​ဆေးပင်​ရပြီကွ မိုးက​လေး​ရေ မင်းမ​သေ​တော့ဘူးကွ
    မ​သေ​တော့ဘူး ဟားဟားဟားဟား "
    "ကဲ ​ဦး​လေး ​ပျော်​​နေလို့မပြီး​သေးဘူး ​တောင်​​အောက်​မှာရှိတဲ့အဖိုးကို ​ကျေးဇူးတင်​စကားသွား​ပြောပြီး အိမ်​ပြန်​ကြစို့​ဗျာ"
    "ဟာ..ဟုတ်​သားပဲ့ လာမြန်​မြန်​သွားရ​အောင်​"
    ပလိုင်းထဲသို့ထည့်​လိုက်​ပြီး ကျွနု​ပ်​တို့နှစ်​​ယောက်​ အဖိုးအိုဆင်းသွားသည့်​ လမ်းအတိုင်း အဖိုးအိုဆီသို့
    ဆင်းလိုက်​သွားသည်​။တောင်​​အောက်​သို့​ရောက်​၍အဖိုးအိုအား ရှာကြည့်​ပါ​သော်​လည်း အဖိုးအိုမှာ​တောင်​​အောက်​၌ ရှိမ​နေ​ချေ။
    "ဘယ်​​ရောက်​သွားပါလိမ့်​ အဖိုး​ရေ အဖိုး!"
    မင်းသီဟ လိုက်​လံ​​အော်​​ခေါ်ကြည့်​လိုက်​​ပေမယ့်
    အဖိုး၏ တုံ့ပြန်​သံအား ပြန်​မကြား​ရ။အဖိုးအိုကား​ပျောက်​ချင်းမလှ​ပျောက်​သွား​ချေပြီ။
    "ပြန်​သွားပြီထင်​တယ်​ မင်းသီဟ တိမ်​​တွေ​တောင်​​တောက်​​နေကြပြီ မ​မှောင်​ခင်​ မြိုင်​ကြီးဂူကို ပြန်​ကြ​ရ​အောင်​ကွာ"
    "ဟုတ်​ကဲ့ ဦး​လေး"
    အဖိုးအိုအား​ကျေးဇူးတင်​စကား​ပြောချင်​ပါ​သော်​လည်း
    ဘယ်​လိုမှမ​တွေ့​တော့သည့်​အဆုံး၌ ကျွနု​ပ်​တို့လည်းလက်​​လျော့ကာ မြိုင်​ကြီးငူဆီသို့​​ခြေဦးလှည့်​လိုက်​တော့သည်​။ထိုအခိုက်​ ကျွနု​ပ်​တို့နှစ်​​ယောက်​ရှိရာသို့ ​တောင်​​ပေါ်မှ တစ်​စုံတစ်​ခုလိမ့်​ကျဆင်းလာ​လေသည်​။ကျွန်ုပ်​တို့လည်း
    လန့်​လန့်​ဖြင့်​လှည့်​ကြည့်​လိုက်​မိရာ ပြုတ်​ကျလာ​သော
    အရာကား ဝတ်​စုံအနက်​​ရောင်​ဝတ်​ဆင်​ထား​သောလူတစ်​​ယောက်​ပင်​။တောင်​​ပေါ်မှ ဒလှိမ့်​​ခေါက်​​ခွေးပြုတ်​ကျလာ​သော ထိုသူအားမင်းသီဟမှ လျင်​မြန်​စွာပင်​​ပွေ့ဖက်​ဖမ်းယူလိုက်​​လေသည်​။သို့​သော်​လည်း ပြုတ်​ကျလာ​သောအရှိန်​​ကြောင့်​ မင်းသီဟပါ နှစ်​လံခန့်​လှိမ့်​ဆင်းသွား​ကာ သစ်​ပင်​တစ်​ပင်နှင့်​ခံ၍ ငြိမ်​သွားသည်​။မင်းသီဟမှ​အောက်​ကဖြစ်​၍ ပြုတ်​ကျလာ​သော သူက​တော့အ​ပေါ်မှဖြစ်​သည်​။ကျွနု​ပ်​လည်း စိတ်​ပူ​ဇောဖြင့်​ မင်းသီဟတို့ဆီသို့ဆင်းလိုက်​သွားရ​တော့သည်​။မင်းသီဟ အ​ပေါ်၌ပိ​နေ​သော သူမှာ အရင်​ထလာပြီး အင်္ကျီများအားခါရံလိုက်​သည်​။မိန်းခ​လေးတစ်​​ယောက်​ပင်​။
    "​ကျေးဇူးတင်​ပါတယ်​ရှင်​"
    "ရပါတယ်​"
    "ဘာဖြစ်​သွား​သေးလဲ တူမ​လေး"
    "နဲနဲ​လေးပွန်းပဲ့ရုံ​လောက်​ပါ"
    "​တော်​​သေးတာ​ပေါ့ကွယ်​ ကျွနု​ပ်​ဖြင့်​စိတ်​ကိုပူသွားတာပဲ့"
    "ဒါနဲ့ မင်းက ဘယ်​လိုဖြစ်​ပြီးပြုတ်​ကျလာတာလဲ ဒီ​တောကြီးထဲမှာတစ်​​ယောက်​တည်းဘာလာလုပ်​တာလဲ
    မင်း လူ​ကောဟုတ်​ရဲ့လား"
    "​မေးခွန်း​တွေကလည်းများလိုက်​တာရှင်​ ဘယ်​ကစ​ဖြေရမလဲ​တောင်​မသိ​​တော့ဘူး ကျွန်​မက အ​ခေါင်း​ပျောက်​ရွာကပါ​တောထဲ မှိုလာရှာရင်းက ​ခြေ​ချော်​ပြီးလှိမ့်​ကျလာတာ"
    "​​မှိုရှာတယ်​လို့သာ​ပြောတယ်​ ဘာမှိုမှလည်း​မ​တွေ့ပါလား"
    "ပြုတ်​ကျတုန်းက အ​​ပေါ်မှာကျန်​ခဲ့တယ်​"
    "ကဲ ​​နေဝင်​ပြီ တူမ​​လေး ပြန်​ရအဆင်​​ပြေပါ့မလား ကျွနု​ပ်​တို့်​လိုက်​ပို့ရအုံးမလား "
    "​နေပါ​စေရှင်​ ကျွန်​မပြန်​တတ်​ပါတယ်​"
    "ဒါနဲ့ မင်းနာမည်​က"
    "ခင်​နွဲ့ရီပါ"
    "ကို့ နာမည်က မင်းသီဟပါ"
    "ရှင်​"
    မင်းသီဟ နာမည်​အားပြန်​မိတ်​ဆက်​လိုက်​သည်​နှင့်​ခင်​နွဲ့ရီလည်း အံ့သြသည့်​အမူအရာမျိုးဖြင့်​မျက်​လုံးနှစ်​လုံး
    အဝိုင်းသားဖြစ်​သွား​တော့သည်​။
    "ဘာဖြစ်​လို့လဲ ထူးဆန်း​နေလို့လား"
    "ဟို..ဟို​လေ မင်းသီဟဆို​တော့ ကြားဖူး​နေတဲ့​ကြောင်​ပျံမင်းသီဟ လားလို့ပါ"
    "ဟားဟား ဟုတ်​ပါတယ်​ ဒီဦး​လေးနာမည်​က​တော့
    ဦး​လေး ဦး​လေးနာမည်​ဘယ်​လို​ခေါ်လဲဟင်​"
    "ကျွနု​ပ်​နာမည်​ကတစ်​လုံးတည်း ဂွတ်​ တဲ့"
    {၂၂}
    "​အော်​..ဒါဆိုဦးဂွတ်​​ပေါ့ မှတ်​ထားပါ့မယ်​ရှင်​"
    "​ကောင်းပါပြီကွယ်​"
    "​နေဝင်​​တော့မယ်​ဆို​တော့ကျွန်​မပြန်​​တော့မယ်​​နော်​"
    "​ ကျွနု​ပ်​တို့လည်း ပြန်​ရ​တော့မှာ ​နောက်​​တွေ့ရင်​လည်း​ခေါ်အုံး​နော်​"
    "ဟုတ်​"
    ခင်​နွဲ့ရီ ဆိုသည့်​မိန်​ခ​လေးလည်း ကျွနု​ပ်​တို့အားနှုတ်​ဆက်​ပြီးသည်​နှင့်​ ​တောထဲသို့ လှည့်​ကြည့်​လှည့်​ကြည့်​လုပ်​ကာဝင်​​ရောက်​သွား​လေ​တော့သည်​။ကျွနု​ပ်​နှင့်​မင်းသီဟလည်း မြိုင်​ကြီးငူဆီသို့ ......
                                     ########
    "​ဟေ..ရလာတယ်​ဟုတ်​လား မင်းသီဟ"
    "ဟုတ်​တယ်​ အဘ ​တောထဲမှာ​တွေ့တဲ့ အဖိုးအိုတစ်​​ယောက်​ကကူရှာ​ပေးလို့"
    "ဘယ်​ ဘယ်​မှာလဲ အဲဒီ​ဆေးပင်​ အဘကိုပြပါအုံး"
    "ဒီမှာပါ အဘ"
    "ထူးဆန်းလိုက်​တာ တကယ့်​ကို​တောင်​လုံး​ကျော်​​ဆေးပင်​ပဲ့
    ဒီလိုလွယ်​လွယ်​နဲ့ရမယ်​လို့ မထင်​ထားခဲ့ဘူး မင်းတို့နဲ့ထိုက်​လို့ရခဲ့တာပဲ့ အဲဒီအဖိုးအို ဘယ်​လို​တွေ့ခဲ့ကြ​တာလဲ"
    "ဒီလိုပါ အဘ"
    မင်းသီဟလည်း အဖိုးအိုအား​ရေတိုက်​သည့်​အချိန်​မှ ​ဆေးပင်​ကူရှာ​ပေးပြီး​ပျောက်​ချင်းမလှ​ပျောက်​သွားသည်​အထိ ဖြစ်​​ကြောင်းကုန်​စင်​အား​ပြောပြလိုက်​သည်​။
    "အင်း..အဘထင်​တာမလွဲရင်​မင်းတို့​တွေ့ခဲ့တဲ့အဖိုးအိုက လူမဟုတ်​ဘူးကွဲ့ ​တော​တောင်​ကို​စောင့်​​ရှောက်​တဲ့ပုဂ္ဂိုလ်​တစ်​ဦးပဲ့ဖြစ်​ရမယ်​"
    "​ဗျာ...​တော​တောင်​​စောင့်​တဲ့ပုဂ္ဂိုလ်​ဟုတ်​လား"
    "ဟုတ်​တယ်​ကွဲ့ အဲဒီပုဂ္ဂိုလ်​​တွေက သူတို့ကိုမ​မေ့ရင်​ သူတို့ကလည်း ကိုယ့်​ကိုမ​မေ့ကြဘူး ​တန်​ပြန်​​ကျေးဇူးတုံ့ပြန်​တတ်​ကြတယ်​"
    "​အော်​..အဘ​ပြောမှသတိရ​တော့တယ်​ ကျွန်ုပ်​တို့
    "သိပ်​ဟုတ်​တာ​ပေါ့ကွယ်​ "
    "​အော်​ ပြီး​တော့ အဘ အခုပြန်​ခါနီးအချိန်​​လောက်​က
    သူ့နာမည်​က ခင်​နွဲ့ရီတဲ့"
    "ခင်​နွဲ့ရီ ဟုတ်​လား"
    "ဟုတ်​တယ်​ အဘ ​​တောထဲမှာမှိုလာရှာတယ်​လို့​တော့​ပြောတယ်​ ​တောင်​​ပေါ်က​ခြေ​ချော်​ပြီးပြုတ်​ကျလာလို့
    ကျွန်​​တော်​​တောင်​ ဖမ်း​ပေးလိုက်​ရ​သေးတယ်​"
    "သီဟ​ရေ..တို့သတိထားရမယ့်​အချိန်​ကို​တော့​ရောက်​လာပြီ ခင်​နွဲ့ရီဆိုတာ အ​ခေါင်း​ပျောက်​ရွာက ပညာသည်​မမယ်​ခရဲ့ ​မြေးမ​လေးပဲ့ "
    "​ဒေါ်မယ်​ခရဲ့ ​မြေးဖြစ်​တာနဲ့ ကျွန်​​တော်​တို့သတိထားရမှာက ဘာဆိုင်​လို့လဲ အဘရဲ့"
    "မမယ်​ခက သာမန်​လူမဟုတ်​ဘူး မင်းသီဟ သူကအဘကို
    ဖိုဝင်​မ​အောင်​မြင်​​အောင်​ အမျိုးမျိုး​နှောက်​ယှက်​လာခဲ့တဲ့သူပဲ့ အခုလည်း မင်းတို့​တောထဲမှာမြင်​ခဲ့ရတဲ့
    မမယ်​ခရဲ့​မြေး ခင်​နွဲ့ရီနဲ့​တွေ့ခဲ့တာဟာ သိပ်​မရိုးသားဘူးလို့ထင်​တယ်​ အဘခန့်​မှန်းပုံအရဆိုရင်​ခင်​နွဲ့ရီကို အဘတို့အဆီ အ​ခြေအ​နေကြည့်​ခိုင်းတာဖြစ်​ရမယ်​"
    "ဟုတ်​ကဲ့ပါ အဘ ကျွန်​​တော်​တို့ သတိထားပါ့မယ်​"
    "ကဲ လာ လူနာ​ဆေးကုရ​အောင်​ အဘကို ​ဆေး​တွေကူကြိတ်​​ပေးပါအုံး"
    "ဟုတ်​ကဲ့ အဘ"
    အပြင်​ဖက်​၌ အ​မှောင်​ရိပ်​များဖုံးလွှမ်းလိုက်​​ပေပြီ။ပတ်ပတ်​လည်​၌ မီးတိုင်​များ ထွန်းညှိထား၍ လင်းထိန်​​နေ​သောဂူ​လေးထဲရှိ ​ကျောက်​ကုတင်​​ပေါ်၌ ​လဲ​လျောင်း​မေ့​မြော​နေ​သောမိုးက​လေးနံ​ဘေးတွင်​​တော့ ​ဆေးကု​ပေး​နေ​သော ဆရာကြီးဦးဘချိုနှင့်​အတူ ကျွနု​ပ်​၊မင်းသီဟ၊​နှောင်းခင်​ပျိုတို့မှာလည်း လိုအပ်​တာများဝိုင်းကူလုပ်​​ပေးရင်း ​ထွေရာ​လေးပါး​ပြောဆို​နေကြလျက်​။ကျွနု​ပ်​ ဦးဘချိုနံ​ဘေး၌ ဝိုင်းကူလုပ်​​ပေး​နေရင်း ​ဆေးကြိတ်​​နေ​သော မင်းသီဟ အား သိချင်​​နေသည့်
    အ​ကြောင်းအရာများ ​မေးဖြစ်​ခဲ့သည်​။
    "မင်းသီဟ "
    "ခင်​​ဗျာ ဦးဂွတ်​"
    "ဟို ခ​လေးမ​လေးက မင်းညီမ​လေးလား"
    "ဟုတ်​ပါတယ်​ ​နှောင်းခင်​ပျိုလို့ ​ခေါ်ပါတယ်​ ခင်​​ဗျ"
    "ညီမ​လေး ဒီဦး​လေး နာမည်​က ဦးဂွတ်​တဲ့"
    "ဟုတ်​ကဲ့ ဦး​လေးဂွတ်​ ကျွန်​မနာမည်​ ​နှောင်းခင်​ပျိုလို့​ခေါ်ပါတယ်​ရှင့်​ ​ခေါ်ရခက်​ရင်​​တော့ ​နှောင်းလို့ပဲ့​ခေါ်လို့ရပါတယ်​"
    "ကိစ္စမရှိပါဘူးကွယ်​ ဒါနဲ့
    မင်းတို့​မောင်​နှမနဲ့ အဘ ကဘာ​တော်​သလဲဟင်​"
    "အဘက ကျွန်​​တော်​တို့​မောင်​နှမကို ​မွေးစားထားတဲ့
    က တစ်​ရွာလုံးရဲ့ အနှိမ်​ခံဘဝနဲ့ ဒုက္ခ​ရောက်​​နေတဲ့ မိဘမဲ့
    ကျွန်​​တော်​တို့​မောင်​နှမနှစ်​​ယောက်​ကို အဘ က​ခေါ်ယူ​မွေး
    စားခဲ့တာ​လေ"
    "မင်းရဲ့ အ​ကြောင်း​လေး ​ပြောပြလို့ရင်​ ​ပြောပြပါလားကွာ"
    ကျွနု​ပ်​၏ သိချင်​​ဇောဖြင့်​​ပြောလိုက်​သည့်​စကားအဆုံး၌
    မင်းသီဟလည်း ကြိတ်​လက်​စ ​ဆေးအားခဏရပ်​လိုက်​ကာ ​မှောင်​​နေ​သော ဂူအပြင်​ဖက်​သို့ ​ငေးရီကြည့်​လိုက်​လေ​သည်​။
    "အဖြစ်​အပျက်​က ဒီလိုပါ ဦးဂွတ်​ရယ်​..."
    အပိုင်း ၈ ဆက်​ရန်
    Credits
    No comments
    Post Top Ad
    Post Bottom Ad