• မြိုင်​မဟာ ဓာတ်​ရှင်​(အပိုင်း ၈)
    မြိုင်​မဟာ ဓာတ်​ရှင်​(အပိုင်း ၈)
    မင်းသီဟ၏ ဘဝဇာတ်​​ကြောင်း
    {၂၃}
    အ​ရောင်​​ဖျော့​ဖျော့က​လေးဖြာကျလာသည်​။နေမင်းကြီး
    အိမ်​တစ်​လုံး၌လည်း လူ့​လောကသို့ စတင်​ဝင်​​ရောက်​လာသူတစ်​ဦးရှိ​နေ​ပေသည်​။
    "အူဝဲ အူဝဲ"
    "ဟယ်​ မိန်းခ​လေး​တော့"
    ခ​လေးအား အတင်း​ပွေ့ချီကာ
    "ညီမ​လေး ငါ့မှာ ညီမ​လေးရှိပြီကွ ဟားဟား"
    ယခုမှ လူ့​လောကထဲစ​ရောက်​လာ​သော နီတာရဲ ခ​လေး​လေးဆီအားလုံးရဲ့အာရုံ​ရောက်​​နေ၍ မီးဖွား​နေ​သောသူကိုပင်​​မေ့​လျော့​နေကြ​ပေသည်​။
    "ဟင်​ မမြရင်​ မမြရင်​ လုပ်​ပါအုံး မမြရင်​အသက်​မရှု​တော့ဘူး"
    "​ဗျာ...အ​မေ "
    ညီမ​လေးအား ​ပွေ့ချီရင်း အ​ပျော်​လွန်​​နေရှာသည့်​ ​ကောင်​​လေးမှာလည်း လက်​သည်​၏ စိုးရိမ်​တစ်​ကြီး ​ပြောစကား​ကြောင့်​ ခ​လေးအားနံ​ဘေး အိပ်​ယာ​ပေါ်၌ အသာချလိုက်​ကာ အ​မေဖြစ်​သူအား ကိုင်​လှုပ်နိုး​တော့သည်​။
    "​ဒေါ်ကြီး အ​မေ အ​မေဘာဖြစ်​တာလဲဟင်​"
    "​ပြော​ပါ ​ဒေါ်ကြီးရယ်​ ​ပြောပါ ကျွန်​​တော့်​အ​မေ
    ဘာဖြစ်​တာလဲ​ဗျ...ဟင့်​"
    "စိတ်​မ​ကောင်းပါဘူး မင်းသီဟရယ်​ မင်းအ​မေဆုံးရှာပြီ"
    "​ဗျာ...အ​မေ မဟုတ်​ဘူး မဟုတ်​ဘူး အ​မေရယ်
    သားတို့ကိုဒီအတိုင်းထားခဲ့ပြီလား​ဗျာ အီးဟီးဟီး"
    ဝမ်းသာခြင်းဝမ်းနည်းခြင်းနှစ်​မျိုးစလုံးအားတစ်​ပြိုင်​နက်​ခံစားလိုက်​ရသည့်​ ​ကောင်​​လေးမှာလည်း ညီမ​လေးအားနံ​ဘေး၌ချ၍ အ​မေဖြစ်​သူအား​ပွေ့ချီကာ ငို​ကြွေး၍မဆုံးနိုင်​​တော့​ပေ။ထိုလူငယ်​​လေးကား မင်းသီဟပင်ြ​ဖစ်​​ချေ​တော့သည်​မဟုတ်​ပါလား။တိုက်​ဆိုင်​၍ ပဲ့လားမသိ​သော်​လည်း မင်းသီဟ၏ ညီမ​လေး ကိုယ်​ဝန်​စလွယ်​သည့်​အချိန်​၌ မင်းသီဟ၏ အ​ဖေ ပိုးထိ ဆုံးသည်​။အခုလည်း
    အ​မေဖြစ်​သူ ညီမ​လေးကို ​မွေး​မွေးခြင်းပဲ့ ဆုံးပြန်​ပြီ။လူ့​လောကကိုစဝင်​သည်​နှင့်​ မိဘ​မေတ္တာအားမရလိုက်​ရှာ​သော ညီမ​လေး​နှောင်းခင်​ပျိုအား မင်းသီဟ သနားချစ်​ခင်​၍မဆုံး​ပေ။နှောင်းခင်​ပျို ​မ​မွေးခင်​အချိန်​က မင်းသီဟတို့၏မိသားစု​လေးသာယာ​ပျော်​ရွှင်​ပြီး စီးပွား​ရေးလည်းဒီ​ရေအလားတိုးတက်​ကာ သူ​ဌေးအဆင့်​​လောက်​မဟုတ်​​ပေမယ့်​ လူလတ်​တန်းစား​လောက်​ ​နေထိုင်​နိုင်​ခဲ့သည်​။မိဘနှစ်​ပါးစလုံးဆုံးသည့်​အချိန်​မှာ​တော့ မင်းသီဟ၌ ကံဆိုးမ​လေး ​နှောင်းခင်​ပျိုမှလွှဲ၍ မည်​သည့်
    ဥစ္စာပစ္စည်းမှမကျန်​​အောင်​တက်​တက်​​ပြောင်​သွား​သည်​။ဘာမှမသိနားမလည်​​သေးသည့်​ မင်းသီဟဆီမှ
    မတရား ​ဈေးများနှင့်​ နှိမ်​၍ဝယ်​ယူကြခြင်း​ကြောင့်​ပင်​။နှောင်းခင်​ပျို​လေးကိုလည်း နတ်​ဆိုးမ​လေးအတိတ်​မ​ကောင်းဘူးဟုဆိုကာ ​မည်​သူကမျှ​မွေးစားခြင်းမပြုကြ​တော့ မင်းသီဟကသာသူ့ညီမ​လေးအား သိနားလည်​သ​လောက်​ လူလား​မြောက်​​အောင်​ပြုစုပျိုး​ထောင်​လာခဲ့​လေသည်​။ရောင်းချစား​သောက်​စရာ ပစ္စည်းဥစ္စာများမကျန်​​တော့ မည်​သည့်​အလုပ်​ကြမ်းမျှမလုပ်​ကိုင်​ဖူး​သော်​လည်း ခွန်​အားကိုအရင်းပြုကာ ကြုံရာအလုပ်​ကိုလုပ်​ကိုင်​ရင်း ပင်​ပန်းဆင်းရဲစွာ​နေထိုင်​လာခဲ့ရ​လေသည်​။တဖြည်းဖြည်းနဲ့ ​နှောင်း​လေးလည်း ၁နှစ်​ပြီးတစ်​နှစ်​အရွယ်​​ရောက်​ရှိလာ​လေသည်​။အနှိမ်​ခံ​မောင်​နှမနှစ်​​ယောက်​မှာလည်း ကြီိးပြင်းလာ​လေ လူတစ်​ကာ၏ အနှိမ်​ခံရ​လေဖြစ်​၍ တစ်​ဖြည်းဖြည်းရွာပြင်​သို့
    ဒီမ​ကောင်းဆိုးဝါးမ​လေး ရှိ​နေလို့​သေရတာဟု ​နှောင်းအ​ပေါ်အပြစ်​မရှိအပြစ်​ပုံချကြ၍ဖြစ်​သည်​။အဲဒီလို​ပြောတဲ့လူတိုင်းကိုလည်း မင်းသီဟမှာ ညီမ​လေးအတွက်
    မခံချင်​တဲ့စိတ်​နဲ့ပြန်​​ပြောလျှင်​လည်း ကိုယ်​ကသာခံ​ရသည်​ချည်းသာ။နောက်​ဆုံး ထိုအသံများအားမကြားချင်​သည့်​အဆုံး တစ်​ရွာလုံးရဲ့ဆန္ဒအတိုင်း ရွာပြင်​သို့​ပြောင်း​ရွေ့​ပေးခဲ့ရသည်​။မင်းသီဟက ရွာထဲသို့ဝင်​၍ ကြုံရာအလုပ်​များလုပ်​ကိုင်​ခွင့်​ရ​သော်​လည်း ​နှောင်းကိုမူကား ရွာထဲသို့
    အဝင်​မခံကြ​ပေ။အဆိုးဆုံး သူများက​တော့ ရွာထဲတွင်​ရှိ​သော အတန်​အသင့်​ချမ်းသာကြသူများပင်​။ထိုသူ​ဌေးအိမ်​များ၌ မင်းသီဟ ထင်းခွဲ​ရေခပ်​ အိမ်​မှုကိစ္စမှန်​သမျှအကုန်
    လုပ်​ကိုင်​​ပေးပါ​သော်​လည်း မင်းသီဟအား ရရှိမည့်​လုပ်​အားခ ၄ပုံတစ်​ပုံမျှသာ​ပေး​လေသည်​။ဒီတင်​မက​သေးဘဲ
    ထိုသူ​ဌေးသူကြွယ်​များ၏ အပြစ်​တင်​ဆဲဆိုခြင်းများနှင့်
    ရိုက်​နှက်​မှုကိုလည်း​နေ့စဉ်​နှင့်​အမျှ ခံရပါ​သေးသည်​။
    {၂၄}
    ထို​ကြောင့်​ မင်းသီဟ​လေးမှာ ချမ်းသာကြ​သောသူများအားလွန်​စွာမှ ရွံရှာမုန်းတီးသလို ဆင်းရဲမွဲ​တေလှတဲ့ မိမိကိုယ်​မိမိလည်း မုန်းမိ​လေသည်​။ထိုအပြင်​မိမိကဲ့သို့ တစ်​ခြားဆင်းရဲကြသူများကိုလည်း သနားညှာတာ ၍ မိမိ၌ရှိရင်​ရှိသလို ​ပေးကမ်းစွန့်​ကြဲတတ်​​ပေသည်​။ဤသည်​မှာ မင်းသီဟ၏ ချီးကျူးဖွယ်​စိတ်​ဓာတ်​အမှန်​​ပေတည်း။ဒီလိုနဲ့ တစ်​ဖြည်းဖြည်းနှစ်​ကာလ​တွေကြာ​ညောင်းလာတဲ့အချိန်​မှာ​တော့ မင်းသီဟလည်း
    ခန့်​ညားလှတဲ့ လူပျိုအရွယ်​သို့​ရောက်​ရှိလာသလို
    မင်းသီဟလည်း ​နှောင်းအားစိတ်​မချ​ပေမယ့်​ သူနဲ့အတူ
    ရွာထဲလက်​တွဲ​ခေါ်ဝင်​လို့လည်းမရ​တော့ ဒီအတိုင်းသာ
    ထားခဲ့ရတာချည်းပင်​။တစ်​​နေ့...
    များပြားလှ​သော ရွာလယ်​ထန်း​တောကြီး​ထဲ၌ မူးယစ်​​သောက်​စား​နေကြ​သော လူတစ်​စုရှိ​လေသည်​။ထိုလူတစ်​စု၏အလယ်​၌ကား မြူအိုးဖြင့်​ ထည့်​ထားသည့််​ ထန်း​ရေ
    တစ်​အိုးကပြည့်​လျှံ​နေလျက်​။ဝိုင်းထိုင်​​နေကြ​သောထိုလူစုမှာလည်း ၄င်းတို့အလယ်​မှ မြူအိုးထဲရှိထန်း​ရေများအား တစ်​​ယောက်​တစ်​ခွက်​ လက်​မလည်​​အောင်​ခပ်​ခပ်​​သောက်​​နေကြသည်​။အမြည်းအဖြစ်​ ပဲကြီး​လှော်​သာဝါးကြရင်း နှုတ်​ခမ်းများရွဲ့​စောင်းကာ ​​အော်​ဟစ်​ဆူညံ
    တစ်​​ယောက်​တစ်​​ပေါက်​​ပြောဆို​နေကြ၏။
    "​ဟေ့​ကောင်​ ​ဗဒင်​ ​ဂေ့"
    "​အေ့ ထွီ..ဘာလဲကွ စိုးမြင့်​"
    "မင်းကိုငါတစ်​ခု​ပြောစရာရှိတယ်​ကွ"
    "​အေး ​ပြောကွာ ဘာ​ပြောမှာလဲ"
    "ဒီလိုကွာ ​အေ့ ဟို​ကောင်​ ငမွဲမင်းသီဟရဲ့ ညမ​လေး ​အေ့
    မင်းသိတယ်​မလား"
    "​အေး သိတယ်​​လေကွာ ဘာဖြစ်​လို့လဲ"
    "ကွာ ဒီ​ကောင်​မ​လေး တစ်​​နေ့တစ်​ခြား လှလှလာတာ
    သူ့ကိုမြင်​တိုင်း ငါ့စိတ်​​တွေ ထိန်းမရ​တော့ဘူးကွာ ​အေ့"
    စိုးမြင့်​ ၏စကား​ကြောင့်​ ​ဗဒင်​အပြင်​ တစ်​ခြား သူတို့၏
    အားလုံး ငြိမ်​သက်​သွားကြ​တော့သည်​။ထို​နောက်​ ​ဌေးဦးမှ
    "ဟာ..အဲဒါ​တော့ဟုတ်​တယ်​ကွ ဒီ​ကောင်​မ​လေး
    လှလာချက်​က​တော့ကွာ "
    "​ဟေ့​ကောင်​​တွေ မင်းတို့ ဘာဖြစ်​ချင်​လဲသာ​ပြော"
    "ငါတို့က​တော့ ကြိတ်​ချင်​​နေပြီကွာ"
    "ဟုတ်​တယ်​ ​ဗဒင်​ရာ"
    "ဒါများ လွယ်​လွယ်​​လေးကွာ ရွာအပြင်​မှာ တဲတစ်​လုံးနှင့်
    တစ်​​ယောက်​တည်း​နေတာ ကြိုက်​သလို လုပ်​လို့ရတယ်​"
    "သူ့အစ်​ကိုမင်းသီဟ​တွေ့ရင်​ဘယ်​လိုလုပ်​မလဲကွ"
    "ဒီငအကိုထည့်​မ​တွေးစမ်းပါနဲ့ကွာ ဘာမှအဖြစ်​ရှိတဲ့​ကောင်​မဟုတ်​ဘူး ​တွေ့​တော့လည်း ဝိုင်းသမလိုက်​ကြတာ​ပေါ့"
    " ကဲ လာကွာ ဒါဆိုလည်း​ဒီတစ်​မြူကုန်​ရင်​ ငါတို့အားလုံးအဲဒီကိုသွားကြမယ်​"
    "​ရော့ ​အောင်​မြင်​ပါ​စေ "
    "​နှောင်း​ရေပြင်​ထား​တော့​ဟေ့ ဟားဟား"
    ထိုလူတစ်​စု၏ ကြုံးဝါးသံများနဲ့ရီသံများကားထန်း​တောတစ်​ခွင်​သို့ပြန့်​နှံ့သွား​တော့သည်​။
    လူသူပြတ်​လပ်​​သောရွာထိပ်​ကုက္ကိုပင်​​အောက်​ရှိ တဲကုတ်​က​လေးထဲမှ ​နှောင်းတစ်​​ယောက်​တည်း မင်းသီဟခပ်​ထည့်​​ပေးထားသည့်​ ​ရေအိုး​လေးဆီသို့်​ထဘီရင်​လျား​လေးနဲ့ထွက်​လာသည်​။အကိုဖြစ်​သူပြန်​လာရင်​ အဆင်​သင့်
    စားရန်​အတွက်​ တည်​ချက်​ပြီး ​ရေချိုးရန်​ထွက်​လာခြင်းပင်​။ရေအိုး​လေးဆီသို့​ရောက်​သည်​နှင့်​ပါလာ​သောသဘက်​​အား နံ​ဘေးရှိ တန်း​လေး၌ တင်​လိုက်​ကာ ​ရေအိုးနံ​ဘေးခင်းထားသည့်​ သစ်​ပြား​လေး​ပေါ်သို့ထိုင်​ချလိုက်​သည်​။ထို​နောက်​ ​ရေအိုးထဲမှ​ရေအား ခပ်​၍ ကိုယ်​​ပေါ်သို့ ဖွဖွက​လေး​လောင်းချလိုက်​သည်​။တစ်​ခွက်​နှစ်​ခွက်​ခန့်​​လောက်​ခပ်​ချိုးပြီးသည့်​အချိန်​​လောက်​၌ ​နှောင်းမထင်​မှတ်​ထား​သော
    အဖြစ်​အပျက်​တစ်​ခုက ရုတ်​တရက်​ထွက်​​ပေါ်လာ​တော့သည်​။
    "​ဟေ့​ကောင်​​တွေ ကြည့်​စမ်း ​တွေ့မယ့်​​တွေ့​တော့လည်း
    တကယ့်​ကို ဂွင်​ကြီးပဲ့ကိုး"
    သဘက်​အား အမြန်​လှမ်းယူ၍ သူမ၏ ခန္ဓာကိုယ်​အ​ပေါ်ပိုင်းအား လျင်​မြန်​စွာ ပတ်​လိုက်​သည်​။ထို​နောက်​ ထိုင်​​နေရာမှရပ်​လိုက်​ကာ
    "ရှင်​ ရှင်​တို့​တွေဘယ်​သူ​တွေလဲ ဘာလာလုပ်​ကြတာလဲ"
    "သိပ်​လည်းမ​ကြောက်​ပါနဲ့ ကွာ အကို​တို့ မင်း​လေးကို
    ဖြည်းဖြည်း​လေးပဲ့ချစ်​မှာပါ ​ဟေ့​ကောင်​​တွေဟုတ်​တယ်​​နော်​"
    "ဟုတ်​တယ်​ ဟုတ်​တယ်​"
    "ဟားဟားဟားဟား"
    "ရှင်​တို့မယုတ်​မာနဲ့​နော်​ ကျွန်​မ​အော်​လိုက်​မှာ"
    "​အော်​​လေ ကြိုက်​သ​လောက်​​အော်​ မင်းကိုဘယ်​သူကမှ
    လာကယ်​မယ့်​သူမရှိဘူး ဟားဟား လာစမ်းပါ"
    "လွှတ်​​နော်​ ​လွှတ်​ ရှင်​တို့မယုတ်​မာကြနဲ့​နော်
    ကယ်​ကြပါအုံးရှင်​ ကယ်​ကြပါအုံး"
    သနားစဖွယ်​​အော်​ဟစ်​အကူအညီ​တောင်း​နေ​တော့သည်​။
    {၂၅}
    သို့​သော်​လည်း ​နှောင်း​နေသည့်​ တဲကုတ်​​လေး၏ ပတ်​ဝန်းကျင်​၌ကား လူမဆိုထားနဲ့​ခွေးတစ်​​ကောင်​​ကြောင်​တစ်​မြည်းမှမရှိ​ပေ။ဗဒင်​မှာ​နှောင်းအား မတရားအဓမ္မကျင့်​ရန်​အတွက်​တုတ်​ထားပြီး နံ​ဘေးမှပါလာသည့်​ အ​ပေါင်းအ​ဖော်​များကလည်း တဟားဟားနဲ့ဝိုင်းဝန်းရီ​မော​ထောပနပြု​နေကြ​ပေသည်​။ထိုအခိုက်​ ဘဒင်​မျက်​နှာဆီသို့
    ပြင်းထန်​လှ​သော လက်​သီးတစ်​ချက်​မထင်​မှတ်​ဘဲကျ​ရောက်​လာ​တော့သည်​။
    "ခွပ်​"
    "​ခွေးမသား ကဲကွာ"
    "ခွပ်​ ခွပ်​"
    "အစ်​ကို အဟင့်​ ဟင့်​"
    "မ​ကြောက်​နဲ့ ​နှောင်း အစ်​ကို​ရောက်​လာပြီ"
    ထိုလက်​သီးပိုင်​ရှင်​ကား မင်းသီဟပင်​မဟုတ်​ပါလား။
    မင်းသီဟ​ရောက်​လာသည်​နှင့်​ ​နှောင်းလည်း မင်းသီဟအားအတင်းဖက်​၍ တစ်​ရှုံ့ရှုံ့ငို​တော့သည်​။အထိုးခံလိုက်​ရ​သောဘဒင်​မှာလည်း မင်းသီဟအား
    မ​ကျေနပ်​သည့်​အကြည့်​ဖြင့်​ကြည့်​ကာ
    "​ဟေ့​ကောင်​​တွေ ဘာလုပ်​​နေကြတာလဲ ဝင်​ချကြ​လေကွာ
    ဒီ​ကောင့်​ကိုမှတ်​​လောက်​သား​လောက်​​အောင်​ဆုံးမလိုက်
    အား...ကျွတ်​..ကျွတ်​"
    အလုံးအရင်းဝင်​​ရောက်​သတ်​ပုတ်​ကြ​တော့သည်​။မင်းသီဟ​​လည်း ​နှောင်းအားလွှတ်​ထားခြဲ့ပီး ​ဗဒင်​​နောက်​လိုက်​များအား ပြန်​လည်​ခုခံ​သည်​။သို့​သော်​လည်း အများနှင့်​တစ်​​ယောက်​ဖြစ်​၍ ပထမသာပြန်​လည်​ခုခံနိုင်​၍
    မထနိုင်​ဘဲဖြစ်​​နေ​တော့သည်​။မျက်​နှာတွင်​ဖူး​ရောင်​ကာ​လူးလိမ့်​​နေသည့်​ အကိုဖြစ်​သူအားမကြည့်​ရက်​​တော့သည့်​အဆုံး ​နှောင်းလည်း အရဲ့စွန့်​၍ ​ရှေ့၌ ဝင်​ကာလိုက်​ကာ
    "မလုပ်​ကြပါနဲ့​တော့ရှင်​ မလုပ်​ကြပါနဲ့​တော့​နော်​"
    "​ဟေ့​ကောင်​မ ဖယ်​စမ်း နင်​ပါ​သေချင်​လို့လား"
    "​ကျွန်​မရှိခိုးပြီး​တောင်းပန်​ပါတယ်​ရှင်​ ကျွန်​မအစ်​ကို ကိုဘာမှမလုပ်​ကြပါနဲ့​တော့​နော်​"
    "ကဲ ​ဗဒင်​ ဒီ​လောက်​ဆို ဒီ​ကောင်​လည်းမှတ်​​လောက်​ပြီ
    ပြန်​ကြစို့ကွာ"
    "​တောက်​ ​ဟေ့​ကောင်​မင်းသီဟ မင်းမြဲမြဲမှတ်​ထား
    ဒါနမူနာပဲ့ရှိ​သေးတယ်​ ​နောက်​ဆို ဒီထက်​နာမယ်​ကြားလား
    လာ​ဟေ့​ကောင်​​တွေ သွားကြမယ်​"
    ကြိမ်း​မောင်းကာ မင်းသီဟတို့်​၏ တဲက​​လေးအား​ကျောခိုင်းသွားကြ​တော့သည်​။ဗဒင်​တို့ထွက်​သွားပြီး​တော့မှ ​နှောင်းလည်း မင်းသီဟဆီသို့သွားကာ
    မင်းသီဟအား​ပွေ့ချီ ငိုယို​တော့သည်​။ထို​နောက်
    မင်းသီဟအား အိမ်​ထဲသို့တွယ်​​ခေါ်သွားကာ နားလည်​သ​လောက်​ ပြုစု​ပေး​နေ​လေသည်​။ထိုအခိုက်​ အိမ်​​ရှေ့ဆီမှ
    "အိမ်​ရှင်​တို့ အိမ်​ရှင်​တို့"
    "ကျွတ်​ ကျွတ်​ ညီမ​လေး အိမ်​​ရှေ့ကဘယ်​သူ​ခေါ်​နေလဲမသိဘူး ထွက်​ကြည့်​လိုက်​ပါအုံး"
    "ဟုတ်​"
    အသံပိုင်​ရှင်​ကား အသက်​ ၆ဝ အရွယ်​အဖိုးကြီးတစ်​​ယောက်​၏ အသံပင်​။
    "ဘာကိစ္စများရှိလို့ပါလဲရှင်​"
    "အဘ က ဒီအနီးအနားကရွာ​တွေမှာ ​ဆေးလိုက်​ကု​နေတဲ့
    "ဟင်​...အ​တော်​ပဲ့အဘရယ်​ ရှိပါတယ်​ ရှိပါတယ်
    အထဲကြွပါရှင်​"
    "ဒါဏ်​ရာ​တွေက ဘယ်​လိုရတာလဲကွယ်​"
    အဘ၏ အ​မေး​ကြောင့်​ ​နှောင်းမှာလည်း ​ဖြေရနိုးမ​ဖြေရနိုးဖြင့်​ အကိုဖြစ်​သူမင်းသီဟ၏ မျက်​နှာအားကြည့်​ကာကြည့်​ကာလုပ်​​နေ​တော့သည်​။ထို​နောက်​မှာ​တော့
    မင်းသီဟကပင်​ သူတို့​မောင်​နှမ၏ အ​ကြောင်းအား
    အစမှအဆုံး​ပြောပြလိုက်​​တော့သည်​။
    "အိမ်း ဒီလိုဆို​တော့ မင်းရဲ့ ညီမ​လေးအတွက်​ မလွယ်​​ပေဘူးပဲ့ ​​နောက်​ဆိုဒီထက်​ဆိုးလာနိုင်​တယ်​"
    "ဟုတ်​ပါတယ်​ အဘရယ်​ "
    "အဘက​တော့ မင်းတို့​မောင်​နှမနှစ်​​ယောက်​ကို သနား​မေတ္တာထားမိတယ်​ကွယ်​ ဒီ​တော့ ဆန္ဒရှိရင်​ မြိုင်​မဟာ​တောကြီးထဲ အဘနဲ့အတူ လိုက်​​နေ​စေချင်​တယ်​"
    "မြိုင်​မဟာ​တော ဟုတ်​လား အဘ"
    အဘရဲ့ ဖိတ်​​ခေါ်မှုနဲ့အတူ မင်းသီဟစဉ်းစားမ​နေ​တော့ဘဲ
    ထဲ သို့ အဘ​နောက်​မှ လိုက်​​ခဲ့​တော့သည်​။
                               ########
    "အဖြစ်​အပျက်​​လေးက​တော့ ဒါပါပဲ့ဦးဂွတ်​ရယ်
    ဒီ​ရောက်​​တော့ အဘကကျွန်​​တော့်​ကို သိုင်းပညာအပြင်
    "​အော်​ ဒါ​ကြောင့်​ ဒီအနီးအနားရွာတစ်​ဝိုက်​​တွေက မင်းကိုမသိတဲ့သူမရှိတာကိုး"
    "ဟုတ်​ပါတယ်​"
    ညသည်​လည်း တစ်​ဖြည်းဖြည်းနက်​သထက်​နက်​လာ​တော့
    မင်းသီဟနှင့်​ကျွနု​ပ်​အပြင်​ အဘနှင့်​​နှောင်းခင်​ပျိုတို့က​တော့အိပ်​စက်​​နေကြ​ပေပြီ။မိုးက​လေးက​တော့ အဘထည့်​​ပေးထားသည့်​​ဆေးအရှိန်​​ကြောင့်​ အသက်​ရှုနှုန်းပင်​ ပုံမှန်
ုပြန်​ဖြစ်​လာသည်​ဟုထင်​ရ​ပေသည်​။ကျွနု​ပ်​နှင့်​မင်းသီဟလည်းမိုးက​လေး နံ​ဘေး၌ပင်​ လူနာအ​ခြေအ​နေကြည့်​ရင်း ညကိုကုန်​ဆုံး​စေခဲ့​တော့၏။
    အပိုင်း ၉ ဆက်​ရန်
    Credits
    No comments
    Post Top Ad
    Post Bottom Ad