• မြိုင်​မဟာ ဓာတ်​ရှင်​ (အပိုင်း ၅)
    မြိုင်​မဟာ ဓာတ်​ရှင်​ (အပိုင်း ၅)
    မြိုင်​မဟာသို့ ခရီးနှင်​ရ​ပေပြီ...
    {၁၃}
    ကျွနု​ပ်​နှင့်​မိုးက​လေးမှာ အ​မှောင်​ထဲ ရမ်းသမ်းတိုး၍ ​ခြေဦးတည့်​ရာသို့ ​ပြေးထွက်​လာခဲ့သည်​။ပုလိပ်​များမှာလည်းကျွနု​ပ်​တို့​နောက်​မှ ဓာတ်​မီးများတစ်​ဝင်းဝင်းနဲ့ထပ်​ကြပ်​မကွာ လိုက်​လာကြလျက်​။
    "မိုးက​လေး ​ပြေးထား"
    "ဆာဂွတ်​ ကျွန်​​တော်​တို့ ​တောကြီးထဲ​ရောက်​လာပြီ​ဗျ
    ဘယ်​​ရောက်​​နေပြီလဲမသိဘူး"
    "ဒိုင်း ဒိုင်း"
    "တပည့်​ကြီး ငုံ့​ရှောင်​ထား ဆက်​​ပြေး"
    "​ဟောဟဲ"
    "​ဟောဟဲ"
    ကျွန်ုပ်​တို့ ​ပြေးလာရင်း ​တောကြီးထဲ​ရောက်​လာ​ပေသည်​။တောကြီးထဲမှတဆင့်​ ​တောင်​​စောင်းတဖန်​ဖြစ်​သွား​ပေရာ ကျွနု​ပ်​တို့လည်း ပုလိပ်​များ၏ ကျည်​ဆံများကိုသာလွှတ်​​အောင်​​ရှောင်​ရင်း ​ရောက်​ချင်​ရာ​ရောက်​ ​ပြေးတက်​လာခဲ့ရ​တော့သည်​။မောပန်း​သော်​လည်း ကျွနု​ပ်​တို့မှာ တစ်​စက္ကန့်​မျှပင်​နား မည်​ကြံ၍မရ ပုလိပ်​များကား မလှမ်းမကမ်းမှမီး​ရောင်​တဝင်းဝင်းဖြင့်​ပင်​လိုက်​ပါ​နေကြဆဲဖြစ်​​ပေရာ မနားတမ်းသာ ​ပြေး​နေရ​တော့သည်​။ပုလိပ်​များသည်​လည်း
    "ဟိုး...ဆာဂွတ်​"
    "ဟင်​ ​ကျောက်​ကမ်းပါးကြီး မိုး မိုးက​လေး ကျွနု​ပ်​တို့ဘာဆက်​လုပ်​ကြမလဲ"
    မှန်​ပါသည်​။ရှေ့တွင်​ကား မြင့်​မားလှ​သော ​ကျောက်​ကမ်းပါးကြီး ခံ​နေ​ပေ၍ ကျွနု​ပ်​တို့ ဆက်​လက်​​ပြေး၍ မရ​တော့​ပေ။မြင့်​မားလှ​သော​ကျောက်​ကမ်းပါးကြီး၏ ​အောက်​တွင်​ကား လှိုင်းသံ တစ်​ဝုန်းဝုန်းဖြင့်​ ပင်​လယ်​ပြင်ကြီး။ကျွနု​ပ်​တို့မှာ​ပြေးလာသည့်​အရှိန်​​ကြောင့်​ ​ကျောက်​ကမ်းပါး၏ အစွန်းသို့အ​ရောက်​ပြုတ်​မကျရန်​ မနည်းအရှိန်​သတ်​လိုက်​ရ​တော့သည်​။
    "​ဟေ့ ရပ်​ကြစမ်း ​အေး​အေး​ဆေး​ဆေးအဖမ်းခံပါ"
    "ဟာ မီလာပြီ မိုးက​လေး ဘယ်​လိုလုပ်​ကြမလဲ"
    "ကမ်းပါး​အောက်​ခုန်​ချကြမယ်​ ဆာဂွတ်​"
    "ဖြစ်​ပါ့မလား အမြင့်​ကြီးပဲ့"
    "ခုန်​ချ ကြမယ်​မကြံနဲ့​နော်​ ဒီမှာ​တွေ့တယ်​မလား ​သေနတ်​"
    ပုလိပ်​များ ကျွနု​တို့ကို ​သေနတ်​များဖြင့်​ ဝိုင်းချိန်​၍ ခြိမ်း​ချောက်​​နေကြသည်​။ထိုအခိုက်​ မိုးက​လေး ကျွနု​ပ်​လက်​ကို
    ဖမ်းကိုင်​လိုက်​ပြီး
    "လာ ဆာဂွတ်​"
    "ဟ ဟ မိုးက​လေး"
    "ဒိုင်း"
    "အား"
    "မိုးက​လေး!!"
    ပုလိပ်​များဆီမှ ​သေနတ်​ကျည်​ဆံမှာ မိုးက​လေး ပုခုံးသို့​ဖောက်​ဝင်​သွားပြီး မိုးက​လေး ကမ်းပါး​အောက်​သို့ပြုတ်​ကျသွား​လေ​တော့သည်​။ကျွနု​ပ်​လည်း မိုးက​လေး​သေနတ်​ထိ၍ ပြုတ်​ကျသည်​နှင့်​ စိတ်​ပူစိတ်​နှင့်​အတူ မိုးက​လေး​နောက်​သို့ ခုန်​ချလိုက်​သွားသည်​။မြင့်​မားလှ​သော​ကျောက်​ကမ်းပါးမှတဆင့်​ ကျွနု​ပ်​တို့ဆရာတပည့်​နှစ်​​ယောက်​ ပင်​လယ်​ပြင်​​ပေါ်သို့ တစ်​ဟုန်​ထိုးဆင်းချလာေ​​လတော့၏​။မိုးက​လေးမှာ​တော့ ​သေနတ်​ထိထား​သောဒါက်​ရာအရှိန်​​ကြောင့်
    အစာရှာ​နေ​သောသိန်းငှက်​သဖွယ်​ ကျဆင်း​နေတုန်း တခြားသိန်းငှက်​တစ်​​ကောင်​မှ ကျွနု​ပ်​တို့နှစ်​​ယောက်​အား
    လာ​ရောက်​ကုတ်​ချီလိုက်​သည့်​နှယ်​ အနက်​​ရောင်​ဝတ်​စုံ
    ဝတ်​ဆင်​ထားပြီး မျက်​နှာအား အနက်​​ရောင်​အပိုင်းဖြင့်​စည်းထား​သည့်​လူတစ်​​ယောက်​မှ ကျွနု​ပ်​တို့နှစ်​​ယောက်​အား ပိုက်​ချီ၍ ပင်​လယ်​ကမ်းစပ်​တစ်​ခုဆီဦးတည်​လိုက်​သည်​။
    ကျွနု​ပ်​လည်း အံ့သြထိတ်​လန့်​ခြင်းနှင့်​အတူ ထိုသူ၏ လက်
    ထဲမှပင်
    "ဟင်​..မင်း မင်းဘယ်​သူလဲ"
    ကျွနု​ပ်​၏ အ​မေးကိုပြန်​မ​ဖြေ။ထိုသူမှာ ​အေး​ဆေးတည်​ငြိမ်​စွာပင်​ ကျွနု​ပ်​တို့နှစ်​​ယောက်​ကိုပိုက်​လျက်​ ကမ်းစပ်​၌ သက်​ဆင်းလိုက်​​တော့သည်​။ကမ်းစပ်​​ရောက်​သည်​နှင့်​ ထိုသူမှ ကျွနု​ပ်​ကိုလွှတ်​လိုက်​ပြီး သတိ​မေ့​နေ​သော မိုးက​လေးအား
    ပြာပြာသလဲဖြင့်​ကြည့်​၍
    "​သွေးထွက်​မလွန်​ခင်​ တစ်​ခုခုလုပ်​မှရမယ်​"
    "​ဟေ့ ကျွနု​ပ်​တပည့်​ကို ဘာမှမလုပ်​နဲ့​နော်
    ကျွနု​ပ်​တပည့်​သာ တစ်​ခုခုဖြစ်​ရင်​​တော့ မင်းကိုကျွနု​ပ်​ကိုယ်​တိုင်​အ​သေသတ်​ပစ်​မယ်​"
    "မလုပ်​လို့မရဘူး​ဗျ ​သွေးထွက်​လွန်​ရင်​ အသက်​ပါ​သေနိုင်​တယ်​"
    ထို​နောက်​ မိုးက​လေးအား သူ့၏ ​ကျော​ပေါ်သို့ပိုးတင်​၍
    "ကဲ ဦး​လေး ကျွန်​​တော့်​​နောက်​ကလိုက်​ခဲ့ သူ့ကိုအချိန်​မီ
    ထိုကဲ့သို့​ပြောပြီး မိုးက​လေးအား ပိုး၍​တောထဲသို​​ပြေးဝင်​သွား​လေသည်​။
    "​ဟေ့ ​ဟေ့ ဘယ်​​ခေါ်သွားမလို့လဲ"
    ကျွနု​ပ်​​မေးလိုက်​​သော်​လည်း ​နောက်​ပင်​လှည့်​မကြည့်​​တော့
    ကျွနု​ပ်မှာ ထိုသူ​နောက်​မှ​တောထဲသို့​ပြေးဝင်​လိုက်​​ရ​တော့သည်​။မြန်​ဆန်​လှ​သော ထိုလူသားမှာ မိုးက​လေးအားပိုးလျက်​ပင်​ မြင်းတစ်​​ကောင်​ကဲ့သို့ဖြစ်​​နေ​တော့သည်​။
    {၁၄}
    ကျွနု​ပ်​မှာ မိုးက​လေးအားတစ်​ခုခုလုပ်​မည်​စိုးသဖြင့်​ ထိုသူအားမျက်​​ခြေမပြတ်​​စေရန်​ အားကုန်းလိုက်​​နေရ​တော့၏။
    "​ဟေ့​ကောင်​ ကျွနု​ပ်​ကို​စောင့်​အုံး"
    မနက်​လင်း၍ လူ​ကောင်​မြင်​​လောက်​သည့်​အချိန်​မှာ​တော့
    ရွာတစ်​ရွာအားလှမ်းမြင်​ရ​ချေပြီ ။ရွာထဲသို့​ရောက်​သည်​နှင့်
    အ​နက်​​ရောင်​ဝတ်​ထား​သော သူမှာ မိုးက​လေးအားပိုးလျက်​ပင်​ အိမ်​တစ်​အိမ်​ထဲသို့​ပြေးဝင်​လိုက်​သည်​။
    "ဆရာမိုး ဆရာမိုးရှိလား​ဗျို့"
    "ဟင်​ မင်းသီဟပါလား "
    "ဆရာမိုး ဒီမှာ ကျည်​မှန်​ထားတဲ့ လူနာတစ်​​ယောက်​ပါလာလို့ အမြန်​လာကြည့်​​ပေးပါအုံး"
    "​အေး​အေး"
    ကျွနု​ပ်​မှာ​တော့ အ​တော်​ကြာမှာ ထိုအိမ်​သို့​ရောက်​​တော့သည်​။ အိမ်​ထဲသို့လှမ်းဝင်​လိုက်​သည်​နှင့်​ မိုးက​လေးအား အ​ပေါ်အဝတ်​အစားများချွတ်​၍ အနာအား ကု​ပေး​​နေ​သော ဆရာတစ်​​ယောက်​နှင့်​နံ​ဘေး၌ ထိုင်​၍ ကြည့်​​နေ​သော ဝတ်​ရုံနက်​ဖြင့်​လူအား လှမ်းမြင်​လိုက်​ရသည်​။ကျွနု​ပ်​လည်း မိုးက​လေးဆီသို့အတင်း​ပြေးဝင်​၍
    "ဆရာ ကျွန်ုပ်​တပည့်​အ​ခြေအ​နေဘယ်​လိုရှိလဲဟင်​"
    "အင်း ​နဲနဲ​နောက်​ကျသွားလို့ ကျည်​အဆိပ်​က​တော်​​တော်​ပြန့်​​နေပြီ ဒီအတိုင်းသာဆိုကျွန်​​တော့်​ရဲ့ ​ဆေးလည်း မြန်​မြန်​မ​သေ​အောင်​သာစွမ်း​ဆောင်​နိုင်​​တော့တယ်​​​ဗျာ"
    "ခင်​​ဗျာ....မိုးက​လေးရာ အဖြစ်​ဆိုးရချည်​ရဲ့ကွာ "
    မိုးက​လေးကား မျက်​လုံးနှစ်​လုံးမှိတ်​၍ ယခုတိုင်​​အောင်
    သတိမလည်​​သေး။ကျွနု​ပ်​ မိုးက​လေးနံ​ဘေး၌ ထိုင်​၍ မိုးက​လေးအားစိတ်​မ​ကောင်းစွာကြည့်​​နေမိ​တော့သည်​။ထိုအခိုက်​ ဝတ်​ရုံနက်​ဝတ်​ဆင်​ထားသူ မင်းသီဟဆိုသူမှ
    "ဆရာ အခု ထည့်​​ပေးထားတဲ့ ​ဆေး​တွေနဲ့ဆို သူဘယ်​အချိန်​​လောက်​အထိ အသက်​ရှင်​နိုင်​​သေးလဲဟင်​"
    "အများဆုံး သုံးရက်​​လောက်​ပါပဲ့ မင်းသီဟ"
    "ဒါဆိုရင်​​တော့ မြိုင်​မဟာ​တောကို အမြန်​ပြန်​ပြီး
    ဆရာဘချိုကိုသာအကူအညီ​တောင်းရ​တော့မှာ​​ပေါ့​ဗျာ"
    "​အေး အဲဒါ​ကောင်းတယ်​ မင်းသီဟ မင်းရဲ့ဆရာက
    "ဒါဆို အဲဒီဆရာဆီ ကျွနု​ပ်​တပည့်​ကို အမြန်​​ခေါ်သွား​ပေးပါကွာ မိုးက​လေး ​သေလို့မဖြစ်​ဘူး ​သေလို့မဖြစ်​ဘူး"
    "ကဲ​ဗျာ ဆရာမိုး ကျွန်​​တော့်​ကို မြင်းတစ်​​ကောင်​​လောက်​ရ​အောင်​ရှာ​ပေးစမ်းပါ​"
    "ဒီအတွက်​​တော့မပူနဲ့​ဟေ့ ဒီရွာက မင်း​တောင်းရင်​မြင်းတင်​မဟုတ်​ဘူးဆင်​​တောင်​​ပေးကြမှာ"
    ကျွနု​ပ်​တို့​ပြောဆို​နေကြတုန်းမှာပဲ့ အိမ်​ထဲသို့ ရွာသားများ
    အ​ပြေးအလွှား​ရောက်​လာကြ​လေသည်​။
    "ကိုမင်းသီဟ ကိုမင်းသီဟ ဘယ်​လိုဖြစ်​လာတာလဲ​ဗျာ"
    "​ဟာ...ဖိုးစိန်​တို့ သာဝတို့ပါလား အ​တော်​ပဲ့ကွာ
    ဒီမှာ လူနာတစ်​​ယောက်​ပါလာလို့ ဒဏ်​ရာကအ​တော်​ပြင်းတယ်​ သုံးရက်​အတွင်း မြိုင်​မဟာ​တောမှာရှိတဲ့ ဆရာဘချိုဆီသွားရမှာ "
    "ကျွန်​​တော်​တို့ ဘာကူညီ​ပေးရမလဲ ကိုမင်းသီဟ
    ကိုမင်းသီဟ လိုအပ်​တာမှန်​သမျှ မဖြစ်​ဖြစ်​​အောင်​လုပ်​​ပေးမယ်​​ဗျာ"
    "မြိုင်​မဟာ​တောကိုအချိန်​မီ​ရောက်​ဖို့အတွက်​ အဓိကက​တော့ မြင်းတစ်​​ကောင်​ပဲ့လိုတာပါ မင်းတို့မှာမြင်းရှိရင်
    ငါ့ကို ခဏ​လောက်​ငှါး​ပေး​စေချင်​တယ်​ကွာ"
    "ဟာ..ဒါ​လေးများ ကိုမင်းသီဟရာ ကျွန်​​တော့်​မှာမြင်း​တွေအများကြီးရှိတယ်​ ခဏမဟုတ်​ဘူးအပိုင်​​ပေးလိုက်​မယ်
    ကဲ သာဝ ငါ့အိမ်​မှာ အား​ကောင်း​ကောင်းမြင်းတစ်​​ကောင်​အမြန်​သွားယူခဲ့ပါအုံး လူနာ ​ဆေးမီဖို့အ​ရေးကြီး​နေတယ်​ကွ"
    "ဟုတ်​ကဲ့ ကိုဖိုးစိန်​"
    သာဝဆိုသူမှာ မြင်းယူရန်​အတွက်​ အိမ်​ထဲမှ​ပြေးထွက်​သွား​တော့သည်​။
    "​ကျေးဇူးပါပဲ့ ဖိုးစိန်​ မင်းတို့​ကျေး​ဇူးငါတစ်​​နေ့ဖြစ်​​အောင်​ပြန်​ဆပ်​မှာပါ"
    "မလိုပါဘူး ကိုမင်းသီဟရာ ဒီရွာအတွက်​ ကိုမင်းသီဟအကျိုးပြုထားတာ​တွေ ဒီထက်​​မက​အောင်​များပါတယ်​​​ဗျာ"
    မင်းသီဟဆိုသူကား ထိုရွာ၌ အ​တော်​အတန်​ပင်​နာမည်​ကြီး​နေ​တော့သည်​။ဆရာမိုး၏အိမ်​​ရှေ့တွင်​လည်း မင်းသီဟကိုလာ​ရောက်​ကြည့်​ရှု​နေကြသူများဖြင့်​စည်​ကား​နေ​ပေ၏။သင်းကား ထိုရွာ၌ မည်​သည့်​​ကောင်းကျိုးများပြုထားသည်​ကို​တော့ ကျွနု​ပ်​လည်းမ​တွေးတတ်​​တော့​ပေ။အလင်း​ရောင်​ထင်​ထင်​ရှားရှားရမှသာကျွနု​ပ်​မှာ
    မင်းသီဟ၏ မျက်​နှာအားသဲကွဲစွာမြင်​ရ​တော့သည်​။အသားခပ်​ညိုညို နှင့်​ မတိုမရှည်​ဆံပင်​က မျက်​နှာ​ရှေ့သို့
    ကျိုးတိုးကြဲတဲဖြာကျ​နေသည်​။ဗလ ​တောင့်​​တောင့်​ အရပ်​မြင့်​မြင့်​ဖြင့်​ ခပ်​​ရေး​ရေးသာ​ပေါက်​​နေ​သော ပသိုင်း​မွှေး နှုတ်​ခမ်း​မွှေးနှင့်​ မုတ်​ဆိတ်​များဖြင့်​ အင်​မတန်​မှ ရုပ်​ဖြောင့်​လှ​ပေသည်​။ခဏအကြာမှာ​တော့​တောင့်​တင်းလှ​သော  မြင်းတစ်​ကောင်​ဖြင့်​သာဝဆိုသူပြန်​​ရောက်​လာပြီး မြင်းကိုအိမ်​​ရှေ့တွင်​ထားခဲ့ကာ အိမ်​ထဲသို့​ပြေးဝင်​လာသည်​။
    "ကိုမင်းသီဟ မြင်းအဆင်​သင့်​ပဲ့​ဗျ"
    "ကဲ ကျွန်​​တော့်​ကို လူနာဝိုင်းသယ်​ပြီး မြင်း​ပေါ်​တင်​​ပေးပါအုံး"
    {၁၅}
    "လာကြ​ဟေ့ လူနာသယ်​ပြီး မြင်း​ပေါ်တင်​ကြရ​အောင်​"
    မင်းသီဟက​တော့ မြင်း​ပေါ်အရင်​တက်​ထိုင်​လိုက်​ပြီး ရွာသားများ မိုးက​လေးအားဝိုင်း​သယ်​၍ မင်းသီဟအ​နောက်​၌ တင်​​ပေးလိုက်​သည်​။မိုးက​လေးကားသတိမရ​သေး၍ မင်းသီဟ ပုခုံးကို ​ပျော့​ခွေစွာမှီလျက်​။ကျွနု​ပ်​ မိုးက​လေးအ​နောက်​မှ တက်​ထိုင်​လိုက်​သည်​နှင့်​ မင်းသီဟ မြင်းအား ဒုံးစိုင်း​မောင်းထွက်လိုက်​​တော့သည်​။ရွာသားများသည်​ကား ကျွနု​ပ်​တို့မြင်းအားဝိုင်းအုံကြည့်​၍
    အ​နောက်​တွင်​ကျန်​ရစ်​ခဲ့​တော့သည်​။ကျွနု​ပ်​တို့သုံးဦးမှာ​ ​တောလမ်းမှတဆင့်​ မြိုင်​မဟာ​တောသို့ ခရီးဆက်​နှင်​လာခဲ့သည်​။တစ်​ကွာခန့်​လမ်းကျဉ်း​လေးအတိုင်း မြိုင်​မဟာ​တောရှိရာ ရိုးမထဲသို့ မနားတမ်းဒုန်းစိုင်းလာရင်းမှ တဖြည်းဖြည်း ​ည​နေ​စောင်းအချိန်​သို့ပင်​​ရောက်​ရှိလာ​တော့သည်​။
    မင်းသီဟရဲ့မြင်းစီးကျွမ်းကျင်​ပုံ​ကြောင့်​ တစ်​ခါမှမြင်းမစီးဖူး​သော ကျွနု​ပ်​မှာ သတိ​မေ့​နေ​သောမိုးက​လေးနှင့်​တကွ မင်းသီဟအား အားကုန်​ဖက်​ထားရ​တော့သည်​။ဒီလိုနဲ့ ​နေဝင်​ရီသ​ရောအချိန်​​လောက်​မှာ​တော့ အ​ဝေးဆီမှ မြိုင်​မဟာ​တောအားလှမ်းမြင်​ရ​ချေပြီ။မြိုင်​မဟာ​တောအား လှမ်းမြင်​ရခြင်းနှင့်​အတူ ကျွနု​ပ်​တို့၏ မြင်းအ​ရှေ့၌ ပိတ်​၍ရပ်​​နေကြ​သော မျက်​နှာဖုံးထားကြသည့်​ လူတစ်​စုအားတစ်​ဆက်​တည်းလှမ်းမြင်​လိုက်​ရသည်​။ကျွနု​ပ်​တို့၏ မြင်း ထိုလူစု နားသို့​ရောက်​​သည့်​အချိန်​မှာ​တော့
    "ရပ်​လိုက်​စမ်း"
    "ဘာလုပ်​ကြမလို့လဲ​ဗျ"
    "ဟမ်​ ဘာလုပ်​မယ်​ဟုတ်​လား ဟားဟားဟား
    "ကြားတယ်​ ကြားတယ်​ ဟားဟားဟားဟား"
    "​အော်​..ဓားပြ​တွေပဲ့ ဘာလိုချင်​လို့လဲ ​ငွေလိုချင်​လို့လား
    "ချွင်​ ချွင်​...ဘုတ်​!"
    ဓားပြများ မင်းသီဟပစ်​ချ​ပေးလိုက်​​သောအထုပ်​အား
    အမြန်​​ကောက်​ယူလိုက်​ပြီးဖြဲကြည့်​လိုက်​သည်​။
    "ဟာ..​ရွှေ​ဒဂါင်္း​တွေပါလား"
    "ကဲ ခင်​​ဗျားတို့လိုချင်​တာရပြီဆို​တော့ ကျုပ်​တို့ကိုလမ်းဖယ်​​ပေး​ပေတော့ "
    "ဒီ ဒီ​ရွှေဒဂါင်္း​တွေ မင်းဘယ်​ကရလာတာလဲ"
    ဓားပြများ၏ အ​မေးအား မင်းသီဟ ဘာမှပြန်​မ​ဖြေ​တော့ဘဲ
    ချွတ်​ထား​သောပါဝါအမည်းအား မျက်​နှာ၌ ဟန်​ပါပါပြန်​စည်းလိုက်​​လေသည်​။
    "ဟာ"
    "ဟင်​"
    "​ကြောင်​ပျံ မင်းသီဟ"
    "ကဲ ဖယ်​မှလားမဖယ်​ဘူးလား ကျုပ်​မှာလူနာပါတယ်​ အချိန်​သိပ်​မရှိဘူး"
    "သွားပါ ကိုမင်းသီဟ သွားပါ သွားပါ ကျွန်​​တော်​တို့အသာတစ်​ကြည်​ ဖယ်​​ပေးပါတယ်​"
    "ဒီလိုမှ​ပေါ့"
    "ကလုတ်​ ကလတ်​ ကလုတ်​ ကလတ်​"
    အဘယ်​​ကြောင့်​ ဓားပြများ မင်းသီဟကိုအသာတစ်​ကြည်​ဖယ်​​ပေးလိုက်​သည်​မသိ​ပေမယ့်​ မင်းသီဟက​တော့
    ဓားပြများကြားမှမြင်းအား ဟန်​ပါပါ​မောင်းထွက်​လာခဲ့​တော့သည်။ဖြစ်​ပျက်​ကျန်​ခဲ့ ​သော အဖြစ်​အပျက်​များအား ပြန်​​တွေး၍ ကျွနု​ပ်​လည်း မင်းသီဟအား လွန်​စွာမှအံ့သြမိ​ချေ​တော့သည်​။ရက်​စက်​ကြမ်းကြုတ်​လှ​သောဓားပြများ
    မင်းသီဟ မှန်းသိသည်​နှင့်​ အဘယ်​​ကြောင့်​ ဘာမှမလုပ်​​တော့ဘဲအသာတကြည်​ဖယ်​​ပေးလိုက်​သနည်း၊​ရွှေဒဂါင်္း​ပေး၍​လော၊ပြီး​တော့ အနီးအနားရှိရွာမှန်​သမျှ အဘယ်​​ကြောင့်​ မင်းသီဟ နာမည်​​ကျော်​ကြားသနည်း၊​ကြောင်​ပျံတစ်​​ကောင်​ဖြစ်​၍​လော ကျွနု​ပ်​စိတ်​ထဲ ​ဝေခွဲမရဖြစ်​ခြင်းနှင့်​အတူ မင်းသီဟအားပွင့်​ပွင့်​လင်းလင်း ​မေးကြည့်​ရန်​ဆုံးဖြတ်​လိုက်​​တော့သည်​။
    "ကလုတ်​ ကလပ်​ ကလုတ်​ ကလတ်​"
    "မင်းသီဟ"
    "ခင်​​ဗျာ ဦး​လေး"
    "ခုနက အဖြစ်​အပျက်​နဲ့ ပတ်​သက်​ပြီး မင်းကိုကျွန်ုပ်
    အင်​မတန်​အံ့သြမိတယ်​ကွယ်​"
    "အံ့သြစရာမ​ရှိပါဘူးဦး​လေးရယ်​ ဒီအနီးအနားမှာရှိတဲ့
    ရွာမှန်​သမျှ ကျွန်​​တော့်​​ကျေးဇူး​တွေနဲ့မကင်းကြပါဘူး
    ပြီး​တော့ ဒီဓားပြ​တွေဆိုတာကလည်း ဒီအနီးအနားရွာ​တွေကပဲ့​လေ သူတို့ ကျွန်​​တော့်​ကို ဘာမှမလုပ်​နိုင်​သလို
    လုပ်​လည်းမလုပ်​ဝံ့ကြပါဘူး"
    "​အေးကွယ်​ ​မင်းက သူတို့အ​ပေါ်ဘယ်​လို​ကျေးဇူး​တွေ
    ရှိတာ​ကြောင့်​ပါလိမ့်​ ဒါနဲ့ မင်းက ​ကြောင်​ပျံ​နော်​"
    "ဟုတ်​ပါတယ်​ ဦး​လေး"
    "ဒါဆို မြိတ်​မြို့မှာနာမည်​ကြီး​နေတဲ့​ကြောင်​ပျံက မင်း​ပေါ့"
    "ဟုတ်​ပါတယ်​ မြိတ်​မြို့မှာ ညတိုင်း သူ​ဌေးအိမ်​​တွေဝင်​ဝင်​ခိုး​နေတဲ့ ​ကြောင်​ပျံက ကျွန်​​တော်​​ပေါ့"
    "ဘာ​ကြောင့်​ သူတစ်​ပါးပစ္စည်း​တွေ ခိုးရတာလဲကွာ"
    "ကျွန်​​တော်​ခိုးတာ ကျွန်​​တော့်​အတွက်​မဟုတ်​ပါဘူး
    ပြီး​တော့ ​ကြောင်​ပျံနှင့်မှားပြီးကြားထဲက ဓားစာခံဖြစ်​သွားတဲ့ ဦး​လေးတို့ ဆရာတပည့်​နှစ်​​ယောက်​ကိုလည်း
    ကျွန်​​တော်​ အနူးအညွှတ်​​တောင်းပန်​ပါတယ်​​ဗျာ ဦး​လေးရဲ့တပည့်​ကိုလည်း မရရ​အောင်​ကု​ပေးပါ့မယ်​လို့
    ကျွန်​​တော်​ကတိ​ပေးပါတယ်​"
    "ဒီလိုလည်း ဘယ်​ဟုတ်​ပါ့မလဲကွာ သတ္တဝါတစ်​ခုကံတစ်​ခု​ပေါ့ ဒါကမင်း​ကြောင့်​ဖြစ်​တာပါလို့ တစ်​ထစ်​ချ​ပြောလို့မရပါဘူး သူဖြစ်​ချိန်​တန်​လို့်​ဖြစ်​တာပဲ့လို့မှတ်​ယူရမှာပဲ့ ကဲ ​မှောင်​​တောင်​​မှောင်​ပြီ မနက်​မိုးလင်းတာနဲ့
    မင်း​ပြောတဲ့ ဆရာဘချိုဆီအ​ရောက်​ ကျွနု​ပ်​တို့ ​ခရီးနှင်​ကြ​​စို့လား"
    "ဟုတ်​ကဲ့ ဦး​လေး"
    "ကလုတ်​ ကလတ်​ ကလုတ်​ ကလတ်​"
    မြိုင်​မဟာ​တောကြီးကား အ​မှောင်​ထုစတင်​ကြီးစိုး​ပေပြီ။
    ညရဲ့အလှအား အတတ်​နိုင်​ဆုံး ပါဝင်​ကူညီ တန်​ဆာဆင်​ကြလျက်​။ထိုသို့ အုပ်​စုလိုက်​ ပျံသန်း​နေကြ​သော ပိုးစုန်းကြူးများကြားမှ လူသုံး​ယောက်​စီးနှင်​လာ​သော မြင်းတစ်​စီး ဖြတ်​သန်း​မောင်းနှင်​သွား​လေ​တော့သည်​။ထိုလူသုံး​ယောက်​၏ အနာဂတ်​ကား မည်​သို့ကြိုဆို​နေမည်​မသိ​သော်​လည်း မြိုင်​မဟာ​တောအတွင်းမှပိုးစုန်းကြူး​ကောင်​များက​တော့ သူတို့နှင့်​မသက်​ဆိုင်​သလို ဖြတ်​သန်း​ပြေးသွား​သော
    မြင်းကြီး၏ ​နောက်​မှ ​ဝေး၍ ​ဝေး၍ ကျန်​ခဲ့​လေ​တော့သည်​။
    အပိုင်း ၆ ဆက်​ရန်
    Credits
    No comments
    Post Top Ad
    Post Bottom Ad