ဖုတ်ဝင်သောည တစ်ညတာ
ဖုတ်ဝင်သောည တစ်ညတာ
တောမှာဆို ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ သာရေးနာရေးကိစ္စရှိပြီဆို တစ်ရွာလုံး အားလုံး ဝိုင်းလုပ်
ဝိုင်းစားပဲလေဗျာ ။
အဲ့လိုသာရေးနာရေးကိစ္စမှာဆို ကျွန်တော်တို့ ကာလသားတွေကထိပ်ဆုံးက
ပါတယ်ဆိုတာ ခင်ဗျားတို့သိပြီးသားပါ။
တာနဲ့ အခုတလောရွာထဲမှာ ညညဆိုခွေးတွေ အူ ငှက်တွေလန့်နေတာဗျ
ရွာထဲကလူတွေမကောင်းတဲ့ အတိတ်နိမိတ်
ဆိုတာ လူကြီးတွေကောလူငယ်တွေကောသိပင်မဲ့ ပရိတ်နာ တရားနာလုပ်ရုံကလွဲပြီး ဘာမှမတတ်နိုင်။
ဟောလာပါပြီဗျို့ လာပါပြီ ဒီနေ့ညနေပဲ ရွာထဲက ကိုတာယာ ကြီး မြွေပွေးကိုက်ပြီး သေတဲ့ သတင်းစကားက ရွာထဲ တောမီးပမာ ပျံနှံလို့နေပြီလေ။ သူ့မယားငွေလှကတော တဟီးဟီး တဟင်းဟင်းနဲ့ ငိုနေလိုက်တာများ အသုဘအိမ်နဲ့ အလွန်လိုက်ဖက်ကောဗျို့။
မငွေလှက ပြဇတ်ထဲက ဓါတ်ရှင်မင်းသမီး အရှုံးပေးရလောက်ဗျို့ ဟော အငိုတစ်လည့် အပြောလေးတစ်လည့်နဲ့ သူ့ဟာနဲ့သူစည်းဝါးကို ကိုက်လို့ သေတဲ့မသာ ထပြီးလွမ်းခန်းသယ်ရတော့မလိုလို။
"အဲ့ မလေးကိုတာယာရဲ့ တော်ကိုကိုက်တဲ့
မြွေပွေးကြီးက တော်တော်ကြီးတာတော်ရေ့
တော့်ကို ငွေလှပြောပါတယ် အောက်ကိုကြည့်ပါ အောက်ကိုကြည့်ပါဆို တော်ဘယ်အပျိုဖြန်းမ သွားငေးနေလို့တုံးတော့်ရေ့ အခုတော့အဖြစ်ဆိုးလှချည်လား ကိုတာယာရဲ့"
"ဟဲ့ငွေလှ သတိထားဦးလေတော်"
"အေးပါတော် အေးပါတော် လူကြားကောင်းအောင်လည်း ငိုပြရသေးတယ်……အဲ့ဟုတ်……ဟုတ်ပါဘူး
လူကြားမကောင်းအောင် မငိုတော့ပါဘူးလို့ပြောတာ အဟီးဟီး ကိုတာယာရဲ့တော်သေတာ ကျမပါယောင်ကုန်ပါပြီတော့………"
ဒီလိုနဲ့ ကိုတာယာကြီးရဲ့ နာရေးကို မသာကိစ္စအဝဝလုပ်ပြီးကတော့ ည၇နာရီခွဲလောက်ရှိနေပြီ ။
အသုဘရဲ့ ထုံးစံအတိုင်း ဖဲဝိုင်းပေါ့ဗျာ
ဆောင်းရာသီရဲ့ လေနုအေးက အေးကနဲ စိမ့်ကနဲ့ ညအချိန်အခါသာမယအာဖြင့် မြန်မာစံတော်ချိန် ၁၁နာရီ
အဝူးးးးးးးးးအဝူးးးးးးးးအအုးးဝူး
"ဂီး ဂီး"
ရွာထဲမှခွေးသသိုက်ရဲ့ အူသံကြောင့် အနီးအနားရှိ ကုက္ကိုပင်အိုမှ ညငှက်တစ်တစ်ကောင် အော်သံပေးပြီလန့်ပျံသွားပုံက ညအချိန်ကို ကြတ်သရေယုတ်စေသှ်။
တစ်ချက်တစ်ချက်နာရေးအိမ်မှ ဖဲသမားတချို့ ကိုးဖဲကွ ကုလားဖဲကွ အော်ဟစ်သံက အဝေးမှခက်သဲ့သဲ့။
ထိုအချိန်တွင် နာရေးအိမ်ဖက်မှ ခွေးအူသံများအဆက်မပျက် အူသံများကြားနေရတဲ့အချိန် အရှေးမနှောင်ရွာထဲလမ်းအတိုင်းမဲမဲအရာတစ်ခု တရိမ်းတရိုင်ဖြင့် လမ်းလျောက်လာသည်ကို ကျုပ်တို့သူငယ်ချင်းတစ်စု ခေါင်ရည်ဆိုင်မှနာရေးအိမ်ကို သွားရာတွင်အထင်းသာမြင်နေရသည်။
"ဝေးစိုင်နောင်"
"ဝေ့ ဘာလဲ"
ဟိုမဲမဲနဲ့ကဘာလဲကွ"
"ဘယ်မှာလဲကွ"
"ဟိုမှာလေကွာတိုရှေ့မှာကွ သသရဲ များလားလားကွာ ငါကျောချမ်းလာပြီ"
"ဘာဘာ သသသရဲဟုတ်စ ခေါရှည် မင်းအမူးလွန်နေတာတော့မဟုတ်ပါဘူးနော်"
"ဟိုမှာလေကွာလာနေပြီကွ ငါကြောက်တယ်ကွ"
"တာဆိုပြေးမယ်ကွ"
"နေပါဦးကွာ ကြည့်ပါဦးမယ်"
ကျုပ်တို့နားသို့ရောက်သော် ဖဲသမားအောင်ဖေ
ငတက ဖဲရှုံးခဲ့ဟန်တူသည် သေရည်ကိုအမုန်းဆွဲပြီး ပြန်လာတာ ကျုပ်တို့လည်းမြင်ကော အာလေးလျှာလေးဖြင့် ရင်ဖွင့်တော့သည်။
"ငါမကြင်နပ်ဘူးကွာ ငါ့ကိုဖဲခိုးရိုတ်တယ် ဒီကောင်တွေ ငါမကြင်နပ်ဘူး စိုင်းနောင်ရ အေ့ "
"ကိုကြီးအောင်ဖေရာ မကြင်နပ်ဘူးဆိုလဲ လမ်းအတိုင်းပြန်ပြီး ပြန်အိပ်ပါတော့ဗျာ ဒီလိုပဲရှုံးတတ်ပါတယ်ဗျ"
"အေးကွာ ငါ့ပိုက်ဆံ ငါပြန်ယူပြမယ် ဒီကောင်တွေလိမ်ရိုတ်တယ် ငါသွားပြီကွာ အောင်ဖေ အကြောင်းသိမယ်ဟေ့…………"
သူ့ဟာသူပြောပြီးသွားကောဗျာ
ဒီလူကိုကလဲရိုရိုသေသေဆက်ဆံရတယ်ဗျ လူဒီကဘာမဆို လုပ်ဝံတဲ့သူ ကျွဲခိုးနွားခို ဆိတ်ခိုးတဲ့သူဗျ လက်သယ်မပေါ်လို့သာ လူကြီးတွေလဲဘာမှမလုပ်တတ်တာသူ့လက်ချက်မှန်းတစ်ရွာလုံးသိ။အခုလဲသူ့ကိုကျုပ်တို့ မချည်မငံမပြောပါတယ်ဆိုပြီး လေးဂွနဲ့ ချောင်းပစ်မှ သောက်လုံးကန်းမှာဆိုးလို့
ကျုက်တို့လဲ နာရေးအိမ်ကိုရောက်ပြီး ဖဲဝိုင်းကိုအကဲခတ်ကော ပိုက်ဆံတွေမှပလူပျံလို့ဗျာ
ကျုပ်တို့လည်းဟိုငေးဒီငေးပေါ့ဗျာ
ထိုအချိန်တွင်နာရေးအိမ်ဘေးပတ်ပတ်လည်က ခွေးများအဆက်မပျက်အူပါလေတော့သည်။
မငွေလှရဲ့ ငိုသံဗြဲ ကြီးကအလွန်နားဝင်ဆိုးလှသည်
မသာဘေးကမခွာပဲ လူထူလေပိုငိုလေပဲလုပ်နေလားမသိ
ခွေးတွေတအားအူလာလေတော့သည်။မသာလင်တော်မောင်ဘေးကမခွာပဲ
မသာနဲ့အတူ သူပါလိုက်သေတော့မလိုလို ငွေလှတို့များတော်တော်ချစ် ရှာတာဗျ
အော်အော်ပြီးငိုတဲ့အသံကလဲ ပြဲချက်ဗျာ
ကျုပ်မသာကောင်ကြီးကိုတစ်ချက်ကြည့်လိုက်လေတော့ မည်းပြာပြီး မြွေဆိပ်သင့်ထားဟန်တူသည်။
မသာကောင်ကြီးကမလှုပ်မယှက်
ခွေးတွေအူလာတော့ မငွေလှ အငိုနည်းနည်းတိုးလာတယ်ဗျ။
ဖဲဝိုင်းမှာကောင်းဆဲ
အဝူးးးးးးးးးးအဝူးးးးးးဝူးးးးးးးးးးးးးးး
အဝူးးးးးဝု့
အဝူးးးဂိန် ဂိန် အဝူးးးး
ဂီးဂီး
ခွေးတွေအူတော့မငွေလှအငိုတိတ်ပြီး ဟိုကြည့်ဒီကြည်ကြည့် ပြီးပြာယာခတ်နေပြီ
"အောက်မလေးကယ်ကျပါဦးတော့ အလောင်းကောင်ကြီး ထလာပါပြီတော့"
ခုဏက မသာကောင်ကြီးဖက်လိုက် ပြောလေးလုပ်လိုက် အငိုလေးလုပ်လိုက်နဲ့ သူ့ဟာနဲ့သူစီးဝါးကိုက်နေတဲ့ မငွေလှမသာလဲဖုတ်ဝင်ကော
ငယ်သံပါအောင်အော်ပြီး ထမိန်တစဆွဲပြီးနီးရာအပေါက်မှ အိမ်ပေါ်ကခုန်ချလိုက်တာများ
လွှားကနဲ လွှားကနဲ တရုတ်သိုင်းကားထဲက ကွန်ဖူးမင်းသားတွေအရှုံးပေးရလောက်တယ်ဗျို့
ကျုပ်တို့အကြည့် အလောင်းကောင်ကြီးဒုတိယအကြိမ် ထက်မံကုန်းထလာပြန်ပြီ ခြေမကြိုး လက်မကြိုး တုတ်ထားမှုကြောင့် တော်တော်နဲ့ထမရခြေ
ဖဲသမားတစ်ယောက်ရဲ့ အော်ဟစ်တိုက်တွန်းသံက "ပြေးကျဟေး ပြေးကျ မသာဖုတ်ဝင်ပြီ"
ဝုန်းးဝုန်း ခလွမ် ခလွမ် ချွမ်း ဝုန်းပုဂံကွဲသံတွေ တတ်နင်းသံတွေ
"ဝုန်း သေပါပြီပြီဗျ"ဖဲသမားတစ်ယောက်ရဲ့ ကြမ်းပေါက်ကျွန်သံ
သူ့ထက်ငါအလုအယှက် အိမ်ပေါ်မှဆင်းပြေးနေကျသည်မှာ မိုးဦးကျ နွားမြိုင်လိုက်သကဲ့သို့
ထိုအထဲတွင်ကျုပ်လဲပါသည်
"ဟေ့ကောင်ခေါရှည် ငါ့လဲစောင့်ပါဦးဟ အလောင်းကောင်ကြီး လိုက်လာပြီဟ လုပ်ကျပါဦးဟမသာကြီးထလာပြီဟ"
ကျုပ်အကြောက်လွန်ကာ အော်ဟစ်သံကြောင့်အိမ်ပေါ်မှ ဆင်းပြေးနေသောဖဲသမားတစ်စုကို အချိန်တင် လီဗာတင်လိုက်သလိုပဲနှစ်ဆပိုမြန်လေပြီ
အအူးးးးးးအူးးးးးးဝူးးးး
ကမ္ဘာပျက်မတတ် ဝုန်းဒိုင်းကြဲကုန်ပြီ
ဒီကြားထဲ နားလေးမြမောင်က နားပင်းကိုးကား လုပ်နေလို့
သူ့ကိုဆွဲနေ လွဲနေရတာကတစ်မျိုး
"ဟေး မြမောင် ဒီဘက်အပေါက်
ကခုန်ထွက်ပါဟ ဘယ်ကိုသွားတာတုံး
မြမောင်ရ အပေါက်ခုန်ချလိုက်လေ"
ဟဲအောင်သိန်း နင့် ကုလားဖဲက အဓိကမဟုတ်မဟုတ်ဘူး အဲ့ဖဲတွေထားခဲ့"
သေနာခေါရည်က ကျုပ်မစောင့်ပဲ
နီးရာ အပေါက်ကခုန်ထွက်ပြီး ကျုပ်ထက်အရင်ပြေးလေပြီ
ကျုပ်လည်း ကျုပ်အိမ်ဘက်ပြေးမည်အပြု
ကျုပ်နောက်တစ်ချက်အကြည့်တွင် စောင်ပတ်ထားသောအလောင်ကောင်ကြီး
ကျုပ်နောက်တန်းလိုက်ပြီ
အူးးးးးဝူးးးးအဝူးးးးး
ကျုပ်လဲ ပြေးတယ်ဗျို့ ပြေးတယ် ဖုတ်ကောင်ကြီးကလဲကျုပ်နောက်တန်းပြီးလိုက်လာတာဗျို့
အဝူးးး အဝူးးးးး အဝူးးးးးးဂိန်ဂိန်
ဝူးးးးးဝူးးးးး
ဆွဲဆွဲငင်ငင် အူလိုက်တဲ့ခွေးသသိုက်ကြောင့်
ကျုပ်အကြောက်လွန်ကာ ခလုတ်တိုက်ပြီးလဲပြီဗျို့
"အောက်မလေးကယ်ပါပြီးဗျ ငါ့ကိုအလောင်းကောင်ကြီးတတ်ဖိထားပါပြီဗျ"
ကျုပ်ခလုတ်တိုက်ပြီးအလဲ
နောက်မှလိုက်လာတဲ့ ဖုတ်ကောင်ကြီးကတတ်ဖိထားထားပြီးမထနိုင်တော့ဘူးဗျို့
"အားးးးးးကယ်ပါဦးလို့ အားးးးးးးးမသာကြီးဖိထားပြီလုပ်ပါဗျကယ်ပါဦးဗျသေပါတော့မယ်ဗျ"
ကျုပ်သွေးရူးသွေးတန်းအော်ဟစ်နေစဉ်
သေနာခေါရှည်ဘယ်အချိန်ကျုပ်ဘေးက ချုံပုတ်ထဲဝင်ပုန်းနေလဲမသိ
ချုံထဲက ခုန်ထွက်လာပြီးကျုပ်ပေါ်မှအလောင်းကောင်ကြီးအားဆွဲဖယ်ချလိုက်တော့သည်။
"ကိုတာယာရယ် ကျွန်တော့်ကိုမခြောက်ပါနဲ့ဗျာ ကျွန်တော်တောင်းပန်ပါတယ်ဗျာဟီးဟီး"
ကျုပ်လည်း ကြောက်ကြောက်နဲ့အုပ်ချီ ဝါကာ ဝါကာ လုပ်ပြီးတာင်းပန်နေတာ ပြောင်းဆန်နေတာပဲဗျို့
"ဟေ့ကောင်စိုင်းနောင် အရေးထဲတောင်းပန်မနေနဲ့ ငါခေါရှည်ပါကွ မင်းပြေးနေတုံးမသာကောင်ကစောင်ကြီးက လေတိုက်ပါလားမင်းပေါ်လာကျတာပါကွ"
"ဟီးဟီးသိဘူးလေကွာ"
ထိုအချိန်တွင် လူကြီးလေးငါးယောက် ဓါးကိုယ်စီနှင့် မသာအိမ်ဖက်သို့ တိတ်တိတ်သွားနေတာမြင်တော့ ကျုပ်တို့လဲ အကြောက်ပြေကာ မသိမသာလိုက်သွားပြီး မသာအိမ်ပေါ်သို့အကြည့် အားလုံးဟင်ကနဲ ဟာကနဲ ဖြစ်သွားလေတော့သည်။
ကျုပ်တို့နဲ့လမ်းမှာတွေသောအောင်ဖေကမသာအိမ်ပေါ် ဖဲသမားများကျန်ခဲသောပိုက်ဆံများကို သိမ်ကြုံးယူနေလေတော့သည်။
လူကြီးများကဝိုင်းဖမ်းပြီး သူကြီးအိမ်မှာစစ်ဆေးရာတွင်
တချားကောင်တွေမှ သူ့အားဖဲခိုးရိုတ်၍ မကျင်နပ်လို့အလောင်းကောင်အား အိမ်အောက်မှ ထုတ်နှင့်ထိုးလိုက်ရာ အလောင်းကောင်ကြီး ငုတ်တုတ်ထထိုင်သလိုဖြစ်ပြီးလူတွေအားလုံးထွက်ပြေးမှ ကျန်ခဲ့သောပိုက်ဆံများကိုယူမိကြောင်းဖွင့်ဟဝန်ခံခဲ့ပါတော့သည်။
#Credits
No comments