ကျုပ်နှင့်လက်ပံပင်ကသရဲ
#ကျုပ်နှင့်လက်ပံပင်ကသရဲ#
ခင်ဗျားတို့သိတဲ့ အတိုင်းပဲလေဗျာ တောမှာဆို စပါးပေါ်ချိန်ဆို စပါးနယ်
စပါးဆွ စပါးလှေ့လုပ်ရတာဗျ လသာသာနဲ့ဆို ရွာထဲက လူတွေ လက်စားခေါ် လက်စားဆိုတာ သူ့အလုပ်ဆိုလဲ ကိုယ်က တစ်ရက်(သို့) တာမှမဟုတ် တစ်ညသွားကူလုပ်ပေးထားရင် သူများလဲ ကိုယ့်ဆီ တလဲပြန်လာကူလုပ်တာလေဗျာ
ကျုပ်တို့က ခင်ဗျားတို့ မြို့ပေါ်ကလူတွေလို ဝန်ထမ်းတွေလို မဟုတ်ဘူးဗျ တောသားတွေ တောင်သူလယ်သမားတွေဆို အရမ်းကိုပင်ပန်းတာဗျ နဖူးကချွေး ခြေမကျအောင်တနေကုန် နေပူထဲမှာ ကုန်းရုံးပြီးလုပ် ရတာဗျ။
စပါးတွေမှဲ့ပြီဆို စပါးရိတ် ပြီးရင်ပုံ ပြီးရင်တလင်းထဲ လှည်းနဲ့တိုက်ထဲ့ အဲ့တာနဲ့မပြီးသေးဘူးဗျ စပါးတွေပြန့် ပြီးရင် နွားလှည်း ထွန်စက်နဲ့နယ် ပြီးရင် ဆွရသေးတယ်ပြီးမှ လှေ့လွင့်ပြီးမှ စပါးဆိုတာရတာဗျ စပါးရဖို့ဆိုတာမလွယ်ဘူး ထမင်းတစ်လုပ် ပါးစပ်ထဲဝင်သွားတော့တာ လွယ်လွယ်လေးရယ် ဆန်ဖြစ်ဖို့ စပါးကိုလုပ်ရတာ အင်မတန်ပင်ပန်းတာဗျ ပိုက်ဆံတွေ ဘယ်လောက်ရှိရှိဗျာ တောင်သူတွေစပါးမစိုက်လို့ ဆန်မရှိရင်ပိုက်ဆံတွေ စားလို့မရဘူးဗျ ထားပါတော့ဗျာ ။
အခုကတော့ ရိတ်ချွေစက်တွေ ချွေလှေ့စက်တွေပေါ်လာပြီဆိုတော့
ထားလိုက်ပါတော့ ။(ကျုပ်ကနဲနဲ အရစ်ရှည်တယ်)
ဒီနေ့ည ကျုပ်တို့ကောက်ပြန့် ဆွရမှာဗျ ဒီတစ်ခါ ကောက်ပြန့်က အတော်ကြီးတယ် ကျုပ်တို့တူဝရီး
သူများဆီ လက်စားလိုက်ထားတာတွေကော
ကျုပ်တို့ လက်စားခေါ်ထားတာတွေကော
လူဆယ်နှစ်ယောက်ဗျ ခင်ဗျားတို့ ဘော်ဒါကြီး ခေါရှည်လည်းထိပ်ဆုံးက ပ့ါတယ်ဗျ ။
လာတဲ့သူတွေကို ထမင်းတာမှမဟုတ် ကောက်ညှင်းပေါင်း ကိုယ်တတ်နိုင်တာနဲ့ ကြွေးမွှေးရတာဗျ
ဒါနပြုတယ်ဆိုလဲမမှားဘူးပေါ့ဗျာ
တာကျုပ်တို့ရွာရဲ့ ဓလေ့ပဲဗျ
ဒီညနေ မိုးချုပ်တာနဲ့ လသာသာနဲ့ စပါးဆွမှာ မိုးလဲချုပ်ကော ကျုပ်တို့
တလင်းထဲ လူတွေအားလုံးရောက်လာပြီဗျ ဒီတစ်ခါတော့ ကျုပ်အဖွားနဲ့ ကောက်ညှင်းပေါင်းနဲ့ ပဲပုတ်ထောင်းကြွေးမှာဗျာ
ကျုပ်တို့လဲ မိုးချုပ်ထဲက လသာသာနဲ့ ကောက်ဆွလိုက်တာ ၁၁နာရီထိုးတော့
ပြီးကာနီးပြီဗျ တာနဲ့ ကျုပ်ဘကြီးက
လာတဲ့သူတွေကျွေးဖို့ ရွာထဲမှာ ကျုပ်အဖွားပေါင်းပေးတဲ့ ကောက်ညှင်းပေါင်းပြန်ယူခိုင်းတာဗျို့
"စိုင်းနောင်ရေ့ ကောက်ညှင်ပေါင်း
ပြန်ယူကွာ မင်းလာတာနဲ့ ဒီကပြီးမှာနဲ့အတော်ပဲ"
"ဘကြီး ကျုပ်……ကျုပ် တစ်---တစ်ယောက်ထဲလားဗျ"
"မင်းကတစ်ယောက်ထဲ မသွားလို့
ဘယ်နှစ်ယောက် TAXIခေါ်သွားမို့လဲ
တစ်ယောက်ထဲသွား"
"ဘကြီးကလဲ ညကြီးမိုးချုပ် တစ်ယောက်ထဲ သွားရမှာတဲ့ အဟီးဟီ သ သရဲ"
"တော်စမ်း အပျိုဖြန်းမအိမ်သွားရမယ်
ဆိုလို့ကတော့ တစ်ယောက်ထဲသွားတယ် တစ်ပိုင်းထဲလဲ သွားတယ် ရုပ်ကိုက
သွားယူ ကောက်ဆွ ရိုးနဲ့ စောင့်ထိုးလိုက်လို့ ရှိတဲ့သွား သုံးဆယ့်နှစ်ချောင်း ဖင်အောက်
ပြောင်းသွားမယ်"
" ဟီးဟီး ဘကြီးကလဲ သွားလေးပဲ
ရန်ရှာနေတာ သွားမရှိရင် ရေတောင်
ထောင်းသောက်နေရဦးမယ် ရေတော့ မထောင်းသောက်ပါရစေနဲ့ "
"ရေထောင်းမသောက်ချင်ရင် မြန်မြန်
သွားယူ"
ကျုပ်လဲ ည၁၁နာရီ အချိန် ဆိုတော့ ရွာထဲ ပြန်ဝင်ရမှာ ကြောက်တာပေါ့ဗျ
အဲ့နားက လက်ပံပင်ကလသရဲက
ွလွတ်ချောက်တာဗျ ကျုပ်ကနဂိုထဲ
ကြောက်တာ ခင်ဗျားတို့ အသိပဲလေဗျာ
"ဟေ့တောင် ခေါ ခေါရှည် နင် နာနဲ့
လိုက် မရားဟင်"
"မလိုက်ဘူး ကွာ ကိုယ့်ဖြင့်သာကိုယ်သွား"
" အဟီး အဟီး ရက်စက်လိုက်ကျတာ
တေယဲ ကြောက်ပါတယ်ချို"
"ဟေ့ကောင်အခုထိမသွားတော်မူသေးဘူးလာ"
" သွားပါပြီဂျ"
"ဟင် ဘကြီးနော် သူ့ကြည့်တော့
ခေါင်းပေါင်းစကြီး တလူလူနဲ့ ကြက်ဖ အမောက် လိုကြီးနဲ့ သူများလွတ် ဟောက်နေတယ်"
"ဘာကွ ဗျစ်စပ်ဗျစ်စပ်မလုပ်သွားနဲ့"
ကျုပ်လဲ တစ်ယောက်ထဲ ဒေါသဖြစ်ဖြစ်နဲ့ သွားတာပေါ့ဗျာ
ကြောက်ကလဲကြောက် အရေးနဲ့အကြောင်းသရဲချောက်ရင် ပြေးမယ်လို့ ဟန်ပြင်ထားပြီးသား
ကုတ်ချောင်းကုတ်ချောင်းနဲ့ သွားတာ
ကျုပ်ရွာထဲက အိမ်ကို တန်းတန်းမှတ်မှတ်ရောက်သွားတယ်ဗျ။
ဟီကိုယ့်ကိုယ်ကို တော်လှပြီ အောက်မေ့နေတာ မတော်သေးဘူး
ကောက်ညှင်းပေါင်းယူပြီး အပြန်ရှိသေးတယ်။
လာပြီဗျို့…………အပြန်
ကောက်ညှင်းပေါင်းအိုးလေးကို တောင်းထဲထည့် အဲ့တာလေးကိုထမ်းပြီး
ကျုပ်လဲ ပြန်ထွက်လာတာ
ရွာကထွက်ထဲက အူလိုက်တဲ့ခွေးတွေ
လေတွေကလဲတဟူးဟူး
ကျုပ်ကြောက်ပါတယ်ဆို သေချင်းဆိုး
ခွေးနာတွေက အူနေလိုက်သေး
ဝေါ ဝေါ အဝူးးးးးအဝူးးးးးး
ကျုပ်ချွေးတွေပြန်လာပြီ
လကလဲ သာသာဘေးပတ်ဝန်းကျင်ကို
မြင်ရတော့ ပိုကြောက်သလိုလို
အဝူးးးးးအူးးးးးးဝူးးးးးးးးး
ဝူးးးးးးအူးးးးးးးးးဂိန်………ဂိန်
ကျုပ် လက်ပံပင်ကို မြင်နေရပြီဗျို့
မြင်နေရပြီ အဲ့အချိန် လေတွေကလဲ
ပိုတိုက်လာသလိုလို ဗျို့
ကျုပ်လဲ လေတွေတိုက်လာလို့ ခွေးတွေအူလာလေလေ ကျုပ်စိတ်တွေ ပိုချောက်ချားလေပဲ
လက်ပံပင်နဲ့ကလဲနီးလာပြီ
ကျုပ်ထမ်းးတဲ့ ကောက်ညှင်းပေါင်းတောင်းကြီးပစ်ချပြီ
ထွက်ပြေးချင်စိတ်တွေပေါက်လာပြီ
ကျုပ်လသာသာနဲ့ လက်ပံပင်ကြီးကိုကြည့်
လိုက်တာ လေကလဲတိုက်တိုက်နဲ့
နာနာဘာဝများ ကျုပ်ထမ်းလာတဲ့ ကောက်ညှင်းပေါင်းတောင်းကြီးကို လက်တံရှည်ကြီးတွေနဲ့ ယူတော့မလိုလို နီးလာပြီဗျို့ နီးလာပြီ လက်ပံပင်နဲ့ နီးလေ လေတွေကလဲ တိုက်လာပြီ
ကျုပ်စိတ်တွေကရောက်ကယက်တွေဖြစ်နေပြီ
အဝူးးးးးးးအူးးးးးးးဝူးးးးးးး
ဝူးးးးးအူးးးးးးးဂိန် ဂိန်
ဆွဲဆွဲ ငင်ငင်အူလိုက်သော ခွေးသသိုက်
တဝေါဝေါ တိုက်လာသော
လေတွေ
ယိုင်းထိုးနေသော
လက်ပံပင်ကြီး
"တေချင်းဆိုး တေနာခေါရှည်
နာခေါ်တာကိုမလိုက်ဘူး ဒေါင်းစား"
ကျုပ်ကြောက်ကြောက်နဲ့ ခေါရှည်အား
ကြိမ်ဆဲသံ
လက်ပံပင်အောက်လဲ အရောက်
" ဖြောင်းးးဖြောင်းးးး"
၈ပေ ၉ပေ လောက်ရှိသော မဲမဲ
အရိတ်တခု"ဖြောင်း ဖြောင်း"ဆိုပြီးကျုပ် လဲ လက်ပံပင်အောက်လဲ
ရောက်ကော မဲမဲ အရိတ်ကြီး ခုန်ချပါရော
" အောက်မယ်ယေး ဘကြီးရေ လက်ပံပင်ပေါ် သရဲကြီး ခုန်ချလိုက်ပါပြီဗျ လာကျပါဦး ခေါရှည်ရဲ့ ဘကြီးရဲ့ မြန်မြန်လာကျပါလို့ အရပ်ကတို့ရဲ့ ဟီးဟီး ဟီး"
ကျုပ်ထမ်းလာတဲ့ ကောက်ညှင်းပေါင်းတောင်း ဘေးနားချပြီး ဖင်းဘူးတောင်းထောင်ပြီးဗျာ
အော်ပစ်တာဗျာ
သောက်ရေးထဲ ကျုပ်ယူလာသော ဓါတ်မီးစုတ်က ထိုးလို့ကမရ ပုတ်ခတ်ပုတ်နဲ့
ဓါတ်မီးကိုလဲစိတ်တိုလိုက်သေးတယ်။
ကျုပ်အော်သံကြားတော့ ကျုပ်ဘကြီးနဲ့
ခေါရှည်တို့ လဲပြေးချတာဗျ
ကျုပ်လဲ သူတို့လဲမြင်ကော စိတ်ကိုတုံးတုံးချလိုက်တာ
သူတို့ကျုပ်အနားလဲရောက်ကော
ကျုပ်
" သ သ သ ရဲ ဂစ် ဂစ် ဂစ်"
ကျုပ်မျက်စိထဲ အမှောင်လွှမ်းသွားပြီ
ဂစ်ဂစ်ဂစ်ဆိုထဲက ခင်ဗျားတို့ သဘောပေါက်တော့ဗျာ ကျုပ် ဘာဖြစ်သွားလဲ ထဲ့မပြောတော့ဘူး။
အမှန်က ကျုပ်ကကြောက်စိတ်ဝင်ပြီး
အကြောက်လွန်လာတာဗျ လက်ပံပင်နားလဲရောက်ကော လေတိုက်လို့ လက်ပံကိုင်းလဲ ကြိုးကျကော သရဲခုန်ချတယ်မှတ်ပြီးကျုပ်အကြောက်လွန်လိုက်တာ ဂစ် ဂစ် ဂစ်ဖြစ်ကောဗျာ………။
#Credits
No comments