• စေတီပျက်ကြီးအနားကအစွဲများ

    ''စေတီပျက်ကြီးအနားကအစွဲများ''    (အစ/အဆုံး)  

    ''အနန္တစကြာဝဠာ၌ တည်ရှိကြကုန်သော(၃၁)ဘုံသား
    အားလုံးနှင့်တကွလောကသားများပါမကျန်စိတ်
    ချမ်းသာကြပါစေ ကိုယ်ကျန်းမာကြပါစေ ကျွတ်တမ်းမဝင်နိုင်ကြသေးသောအပါယ်ဘုံသား
    အားလုံးကိုကျွန်ုပ်ပို့သသောမေတ္တာဓာတ်ဖြင့်
    အမျှကိုရယူကြ၍ကျွတ်တမ်းဝင်နိုင်ကြပါစေ''

    ''အားလုံးကြားကြားသမျှ အမျှ...အမျှ...အမျှ
    ယူတော်မူကြပါကုန်လော့''

    ''သာဓု...သာဓု...သာဓု''

    ဘုန်းတော်ကြီးဦးပညာ၏တောရကျောင်းလေးကို
    ရောက်စဉ်ရောက်တိုင်းကျွတ်တမ်းဝင်စေတီခြေရင်း
    မှာတရားထိုင်မေတ္တာပို့သံကိုကြားရသည်။

    အခေါက်ခေါက်အခါခါရောက်တိုင်းဘုန်းတော်ကြီး
    ဦးပညာရဲ့မေတ္တာပို့သံကိုကြားရ၏။

    သာယာကြည်နူးပိတိဖြစ်ကာ

    ''သာဓု...သာဓု...သာဓု''

    ခေါ်ရသည်ပင်ရင်ဝယ်အေးမြလှပါ၏။

    ကျောင်းရင်ပြင်ကိုရောက်တိုင်း ကျွတ်တမ်းဝင်
    စေတီကလေးကဆည်းလည်းသံလွင်လွင်ကို
    နားဆင်ရင်းဘုန်းတော်ကြီး၏တရားဓမ္မကို
    နားကြားရသည်။လွန်စွာမှကြည်နူးချမ်းမြေ့လှ
    ပေသည်။

    ''ဘုန်းဘုန်းဘုရား တပည့်တော်မတို့
    ရောက်လာပါပြီဘုရား''

    ''သြော်...ဒကာမလေးတို့ရောက်လာကြပြီကိုး
    ထိုင်ကြ...ထိုင်ကြတောင်တက်ကြရတာနဲ့
    မောလာကြရော့ပေါ့''

    ''မမောပါဘူး''ဘုရားကုသိုလ်ရေးအတွက်ပင်ပန်း
    တယ်လို့မမှတ်ပါဘူး ဘုရား''

    ''အေးအေး သာဓုကွယ်...သာဓု...သာဓု''

    အဖိတ်နေ့ဖြစ်သောကြောင့်ဘုန်းဘုန်းရှိရာတောရ
    ကျောင်းလေးသို့ကျွန်မတို့ညီမနှစ်ဦးရောက်လာ
    ခဲ့ကြသည်။

    မနက်ဖြန်ဥပုသ်နေ့အတွက်သီလယူတရားနာလာ
    ကြမည့်သူများကိုကျွေးမွေးရန်နှင့်အရုဏ်ဆွမ်း
    ကပ်လှူရန်အတွက်အဖိတ်နေ့ညနေခင်းဘက်
    တည်းကညီမနှစ်ယောက်ကြိုတင်ရောက်ရှိ
    လာခြင်းဖြစ်၏။

    ကျွန်မတို့လည်းလုပ်စရာရှိတာလေးတွေလုပ်ကိုင်
    ကြပြီးဘုန်းဘုန်းတရားထိုင်ရာစေတီသို့ထွက်လာ
    ကြတော့သည်။

    ''သတ္တဝါတွေ ကျန်းမာကြပါစေ ချမ်းသာကြပါစေ''
    ဆိုးသောဘဝသို့ရောက်နေကြသောအပါယ်ဘုံသား
    ပရလောကသားများကောင်းသောဘုံဘဝသို့
    ကျွတ်တမ်းဝင်လွတ်မြောက်နိုင်ကြပါစေ''

    ဘုန်းဘုန်းရဲ့မေတ္တာပို့သံကိုအတိုင်းသား
    ကြားနေရသည်။

    အမှန်ဦးပညာသည်ကျွန်မတို့အဘိုးတော်စပ်
    သူဖြစ်သည်။အဘယ်ကြောင့်သာသနဘောင်တွင်း
    လို့ဝင်ရောက်ခဲ့သည်ကိုခုထိမေးမရပေ။

    တရားထိုင်ပြီးလို့စကြံင်္လျှောက်ရင်းမေတ္တာပို့နေသော
    ဘုန်ဘုန်းကကျွန်မတိုညီမနှစ်ယောက်ကိုမြင်
    သွားသဖြင့်...

    ''ထိုင်ကြ...ထိုင်ကြ...ဘုရားဝတ်ပြုကြဒကာမလေးတို့''

    ''တင်ပါ့ ဘုရား''

    ''သတ္တဝါတွေပေါ်မေတ္တာထားကြ ဘုရား တရား
    သံဃာကိုလေးစားကိုးကွယ် ဆည်းကပ်ရိုသေကြ
    မေတ္တာဓာတ်ဟာလောကမှာအင်အားအကြီးမား
    ဆုံးပဲကွယ့်ဒါကြောင့်ဘုန်းဘုန်းကသတ္တဝါ
    တွေကိုအမြဲမေတ္တာပို့တယ်''

    ''မှန်လှပါ ဘုရား အဲ့ဒီလိုမေတ္တာပို့အမျှဝေပေးတဲ့
    အတွက်ဘာအကျိုးထူးတွေ့ရပါသလဲဘုရား''

    ညီမလေးကမသိတာတွေလျှောက်တင်မေးမြန်း
    နေတော့သည်။

    ''ရတာပေါ့ဒကာမလေးရဲ့တကယ့်စိတ်ရင်းထက်သန်
    စွာနဲ့သာမေတ္တာပို့လွတ်ရင်တကယ်ရကြတာကွဲ့
    မကျွတ်မလွတ်ကြသေးသောဘုံသားတွေလည်း
    ကျွတ်လွတ်ကြတာပေါ့ကွယ့် ဘုန်းဘုန်းကိုယ်တွေ့
    ဒါကြောင့်မို့ကျွတ်တမ်းဝင်စေတီလေးတည်ပြီး
    ကျွတ်တမ်းဝင်နိုင်ကြပါစေလိုဘုန်းဘုန်းနေ့စဉ်
    အမျှမေတ္တာပို့သနေတာပေါ့ကွယ်''

    ''ဘုန်းဘုန်းဘုရား..ဒါဆိုရင် ဒီစေတီလေးတည်ရ
    သောအကြောင်းအရင်းလေးဘုန်းဘုန်းမှာရှိမယ့်ပုံ
    မို့တပည့်တော်မတို့ကိုပြောပြပေးပါလားဘုရား''

    ဘုန်းဘုန်းကစေတီတော်ရှေ့အုတ်ခုံပေါ်ထိုင်ချ
    လိုက်သည်။

    ''အင်း...ဘုန်းဘုန်းရဲ့ဒကာမလေးတွေသိချင်တယ်
    ဆိုဘုန်းဘုန်းပြောပြပေးပါ့မယ်''

    ''မေတ္တာရဲ့တန်ခိုးအစွမ်းနဲ့ဖြစ်တည်လာသောကျွတ်တမ်းဝင်စေတီတော်လေးအကြောင်းပေါ့ကွယ်''

    ဟိုး...တစ်ချိန်ကတော့ဘုန်းဘုန်းဟောဒီ
    အေးရိပ်သာတောရကျောင်းလေးကဟောင်းနွမ်း
    စုတ်ပြတ်လို့ပေါ့ 

    ''ပျက်စီးယိုယွင်းနေသောကျောင်းအိုလေးကချုံနွယ်
    ပိတ်ပေါင်းတွေကြားမှာခြောက်ချားစရာအတိပေါ့
    အဲ့ချိန်တုန်းကဆိုရင် ဘုန်းဘုန်းအသက်၆၀လောက်
    ရှိအုံးမယ်ကွယ် ခုဘုန်းဘုန်းအသက်ကဖြင့်
    ၈၀ပြည့်လုနီးပြီးဒကာမလေးတို့''

    အတိတ်ကအကြောင်းကိုပြောပြနေသောမျက်ဝန်း
    တစ်စုံကတဖျပ်ဖျပ်လက်နေသလိုကျွန်မတို့နှစ်
    ယောက်လဲစိတ်ဝင်စားစွာနဲ့မျက်နှာကိုမော့ကြည့်ကာ
    နားထောင်နေမိပါတော့သည်။

    ဘုန်းဘုန်းလူနာမည်က''ဦးလှထွန်း''ပေါ့ကွယ်

    ဟိုး...အတိတ်နေ့ဆီလို့အလည်တစ်ခေါက်
    သွားမိလေတော့သတည်း။

    ဦးလှထွန်းတစ်ယောက်ရွာရဲ့အနောက်ဘက်ရှိတောင်
    လေးပေါ်သို့တက်လာခဲ့သည်။တောင်၏အနောက်
    ဘက်ကျောင်းအိုလေးနားရောက်လျှင်တခြားလူ
    များကကြောက်ရွံထိတ်လန့်စွာခပ်သွက်သွက်
    သွားတက်ကြသည်။

    ဦးလှထွန်းကတော့အဲ့ဒီနားရောက်လျှင်အရိပ်
    အာဝါသအေးချမ်းသဖြင့်အသွားရောအပြန်ပါနား
    နေမိသည်။

    ''အဲ့ဒီနေရာမှာမကောင်းဆိုးဝါးတွေရှိတယ် ဘုရား
    ပျက်ကဥစ္စာစောင့်ရှိတယ်''လို့ပြောကြသဖြင့်
    ကလေးရောလူကြီးပါမနားရဲကြပေ။

    ဦးလှထွန်းတစ်ယောက်ကျောင်းပျက်နားကသစ်ပင်
    ရိပ်မှာထိုင်နားလိုက်သည်။လွန်ခဲ့သောအနှစ်(၃၀)
    ကျော်လောက်ကဒီကျောင်းလေးမှာသီတင်းသုံး
    နေထိုင်သွားသောကိုယ်တော်ရဟန်းတစ်ပါး
    ထူးဆန်းစွာပျောက်ဆုံးသွားလေသည်။

    ဘုရားအိုလေးကနာနာဘာဝတွေကြောင့်ဟု
    ရွာသူရွာသားတွေအတည်ပြုကာကျောင်းကလေး
    ကိုကြောက်လန့်နေကြတော့သည်။

    ကျောင်းလေးသည်လေဒဏ်မိုးဒဏ်နှင့်အတော်ပင်
    ပျက်စီးယိုယွင်းနေပေပြီ။

    ''အေးလိုက်တဲ့အရိပ် သာယာလိုက်သောနေရာလေး
    ဆိတ်ငြိမ်လိုက်တာလည်းလွန်ရော''

    အင်း...ဒီဘုရားပျက်နဲ့ကျောင်းပျက်ကိုပြုပြင်ပြီး
    ရဟန်းတစ်ပါးသီတင်းသုံးမယ်ဆိုသိပ်ကောင်း
    လိမ့်မည်ဟုဦးလှထွန်းတွေးတောပြီးရွာဘက်သို့
    ဆင်းလာခဲ့လေတော့သည်။

    ရွာသို့ရောက်ပြီးအချိန်တိုင်းမှာလည်းဘုရားပျက်
    ကျောင်းအိုလေးအကြောင်းတွေးနေမိပြန်တယ်လေ။

    ဟိုတစ်ချိန်ကရဟန်းတစ်ပါးစေတီပျက်လေးရှိရာ
    တောင်ကုန်လေးနားမှကျောင်းဆောက်ပြီးသီတင်း
    သုံးနေခဲ့သည်။သို့သော်ရဟန်းမှာတစ်ဝါမပြည့်ခင်
    ကျောင်းကလေးကနေပျောက်ကွယ်သွားခဲ့သည်။

    ရွာထဲကဒကာဒကာမများဆွမ်းသွားပို့တိုင်း...

    ''ကိုယ်တော်တော့ဒီနားမှာမနေရဲတော့ဘူး...
    နေရာပြောင်းတရားရှာတော့မယ်ဒကာဒကာမတို့
    ဒီနေရာအစောင့်တွေကတအားကြမ်းတယ်
    ကြောက်ဖို့တအားကောင်းတာကွယ့်''

    ''ကိုယ်တော်မနေရဲတော့ဘူး''

    လို့မိန်မြွတ်မိန့်ကြားဖူးတယ်။

    နောက်တော့ဘယ်အရပ်ဘယ်ဒေသကိုရောက်
    သွားသည်မသိ။စုံစမ်းလို့မရအောင်ပျောက်သွား
    ခဲ့သည်။

    ထို့ကြောင့်ဘုရားပျက်နှင့်ကျောင်းအိုကိုလူအများက
    ကြောက်ကြသည်။ဦးလှထွန်းကတော့ဘုရားပျက်
    နှင့်ကျောင်းအိုကိုပြုပြင်ပြီးဘုန်းကြီးဝတ်ချင်စိတ်
    တဖွားဖွားဖြစ်ပေါ်နေတော့သည်။

    သို့ဖြင့်ထိုကိစ္စကိုအကောင်အထည်ဖော်ရန်ဆုံးဖြတ်
    ချက်ချလိုက်တော့၏။ထိုညမှာထူးဆန်းသော
    အိပ်မက်မက်ခဲ့သည်။

    အိပ်မက်ထဲမှာဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်ကြီးက
    ဦးလှထွန်းကို...

    ''ငါ့သား...မင်းဟာဒီဘုရားပျက်နဲ့ပဋ္ဌန်းဆက်
    ရှိတယ် ဒါပြောင့်မင်းပြုပြင်စောက်ရှောက်ပြီး
    ရဟန်းပြုပါ''

    လို့ပြောပြီးအိပ်မက်ကလန့်နိုးသွားသည်။

    ထိုကြောင့်ဦးလှထွန်းသူ့ဆန္ဒကိုဇနီးနှင့်သားသမီး
    ဆွေမျိုးသားချင်းများကိုပြောပြသည်။

    အာလုံးကတားကြသည်။ထိုကျောင်းမှာတော့
    ရဟန်းမဝတ်စေလိုကြပေ။ခေါင်းမာသောဦးလှထွန်း
    ကိုမည်သူမျှတားမရသည့်အဆုံးထိုကျောင်းပျက်
    လေးကိုဝိုင်းဝန်းပြုပြင်ကာရဟန်းဝတ်ပေးလိုက်
    ကြလေသည်။

    ဦးလှထွန်းဘဝမှရဟန်းဘွဲ့ဦးပညာအဖြစ်သို့
    ရောက်ပြီးသည့်အချိန်ကစလို့တရားအားထုတ်ခဲ့၏။

    တစ်ညမှာတော့...

    ကြောက်မက်ဖွယ်အော်ဟစ်ညည်းညူသံ

    အင်း...ဟင့်ဟင်   ,  ?.   ,?.,အင်းးးးးးးးးးးးး

    ဟော ငိုသံ  ကြားရပြန်သည်

    ဟီး..ဟီးဟီး .ဟီးဟီးဟီး ငိုသံအဆုံး....

    ဦးပညာမသိစိတ်ကထိုငိုညည်းသံလာရာဆီ
    စူးစမ်းလိုစိတ်ပြင်းထန်လာတော့သည်။

    စစ်စစ်ဦးပညာမတုန်လှုပ်မကြောက်ပေ။ထူးခြားမူ
    ကိုသာစဉ်းစားမရဖြစ်ခဲ့ရသည်။

    ကျောင်းဝန်းကျင်သို့ထွက်ကြည့်မိတော့...
    ဘာကိုမျှမတွေ့ရပေ။

    ကျောင်းပေါ်ပြန်တက်ပြီးပရိတ်တရားတော်များ
    ရွတ်ဆိုသည်။မေတ္တာပို့သလိုက်သောအခါအရာ
    အားလုံးဆိတ်ငြိမ်အေးချမ်းသွားခဲ့သည်။

    ဒီတော့မှကျိန်းစက်အနားယူခဲ့၏။တရေးနိုး၍
    ကျောင်းအောက်သို့အပေါ့အပါးသွားဖို့
    ဆင်းလာခဲ့မိသည်။

    လွန်စွာအံသြဖွယ်ကောင်းသောအခြင်းအရာကို
    မြင်ရပြန်တော့သည်။ချမ်းသည့်အခါကျောင်း
    အောက်ဆင်းပြီးမီးလှုံရန်တေ့ထားခဲ့သောရှား
    ထင်တုံးကြီးသုံးခုမီးစွဲတောက်လောင်နေတာကို
    တွေ့လိုက်ရသည်။

    မီးရောင်ကြောင့်ဝန်ကျင်းတစ်ဝှိုက်လင်းထိန်နေတာ
    ကိုတွေ့လိုက်ရတယ်။

    နောက်တစ်ချက်ထပ်ထူးဆန်းသည့်မှာမီးပုံ
    ဘေးမှာထိုင်ပြီးလူတစ်ယောက်ဝတ်လစ်စလစ်နဲ့
    မီးလှုံနေသည်ကိုတွေ့မြင်လိုက်ရသည်။

    သို့ရာတွင်ထိုသူသည်ရုပ်ပျက်ဆင်းပျက်နေသော
    ကြောင့်လူရုပ်မပေါ်တော့ပေ။သရဲ ပြိတ္တာပုံ
    ပေါက်နေသောအတွက်ကြောင့်တောရုံလူဆိုလှင်
    ကြောက်လန့်ပြီးထွက်ပြေးမည်မှအမှန်ပင်။

    ဦးခေါင်းကပြောင်မျက်ကွင်းကချိုင့်ဝင်နေသည်။
    ပါးစပ်ကအဆမတန်ပြဲသည်။အသားအရည်မှာ
    သွေးမရှိဖြူဖျော့နေတာကိုတွေလိုက်ရသည်။

    သူကရုပ်ဆိုးလှသောမျက်နှာကြီးဖြင့်ဦးပညာကို
    မော့ကြည့်သည်။အသနားခံသယောင်ငူငူကြီး
    စိုက်ကြည့်နေရင်းဖျတ်ခနဲ့ပျောက်ကွယ်သွား
    တော့သည်။

    သို့သော့ထင်းတုံးများကတော့မီးလောင်နေဆဲ...

    ''ဟင်...ဘယ်ပျောက်သွားပါလိမ့်''[[[[[[[]]

    ''လူနဲ့လည်းမတူဘူးပြိတ္တာဘုံသားလားမသိဘူး''

    ထိုသို့တွေးမိရင်းမီးများငြိမ်းသတ်ကာ
    ကျောင်းပေါ်ကိုပြန်လည်ကျိန်းစက်လိုက်ပါ၏။

    ဟော ...အိပ်မက်ထဲတွင်မီးလာလှုံသောပုဂ္ဂိုလ်
    ပေါ်လာသည်။

    သူအကုသိုလ်ကံကြောင့်စားရမဲ့ ဝတ်ရမဲ့ ဖြစ်ပြီးအတိဒုက္ခရောက်နေကြောင်းပြောပြကာ...

    သူနဲ့အတူအပေါင်းအပါအဖော်အပေါင်းများစွာ
    လဲမကျွတ်လွတ်ဘဲပြိတ္တာဘုံမှာနေရကြောင်း
    ဘုရားပျက်နားတွင်ယနေ့ထိတိုင်မကျွတ်လွတ်
    ပါကြောင်းနှင့် ဘုရားအိုစေတီအိုကိုပြုပြင်ပြီး
    ကရုဏာတော်ထား၍...

    တပည့်တော်တို့အတွက်အမျှပေးဝေလိုက်ပါ
    ကကျွတ်လွတ်ကြမည်ဖြစ်ကြောင်းငိုယို
    လျှောက်ဦးချကန်တော့စဉ်မှာပင်
    ထိုအိပ်မက်မှလန့်နိုးသွားသည်။

    အင်း...ငါလည်းဒီဘုရားပျက်ကိုပြုပြင်ဖို့
    အစီအစဉ်ရှိတယ်သူတို့အတွက်ရောငါ့အတွက်ပါ
    ကုသိုလ်ရတာပေါ့လေ။

    မကြာခင်ရွာကျောင်းထိုင်ဘုန်းကြီးနှင့်
    တိုင်ပင်ကာရွာသူရွာသားများကိုပါတင်ပြပြီး
    စုပေါင်းကာဖြင့်ထိုစေတီလေးကိုပြုပြင်ခဲ့သည်။

    စေတီတော်ကြီးပြီးစီးသွားချိန်သပ္ပာယ်လှပေသည်။

    ''ကျွတ်တမ်းဝင်စေတီ''

    ဟုဘွဲ့မည်ကမ္မည်းထိုး၍အလှူအတန်းများ
    ပြုလုပ်ကြသည်။ထို့နောက်ပရလောကသား
    များတကွအားလုံးသောမကျွတ်လွတ်သူအပေါင်း
    ကိုအမျှဝေပေးခဲ့၏။

    ဘုန်းဘုန်းဘုရား၏အတိတ်ကဖြစ်ရပ်ကို
    ပြောပြပြီးမောသွားဟန်ရှိကာ...

    ''ဒါကြောင့်ဘုန်းဘုန်းကျွတ်တမ်းဝင်စေတီ
    လေးကိုနေ့စဉ်နှင့်မမျှသတ္တဝါတွေ ပရလောက
    သားတွေကိုအမျှဝေပေးနေတာပေါ့ကွယ်''

    ''တပည့်တောာ်မတို့လည်း(၃၁)ဘုံသားအားလုံးကို
    မေတ္တာပို့အမျှဝေပါတော့မယ် ဘုရား''

    အိမ်း...ကောင်းလေစွ...ကောင်းလေစွကွယ်''

    (၃၁)ဘုံအတွင်းကျင်လည်ကြကုန်သော
    ဝေနေယျသုခိတ ဒုက္ခိတ အပေါင်းနှင့်တကွ
    ပရလောကသားများအကုန်လုံးအမျှရကြ၍
    စိတ်ချမ်းသာကြပါစေ ကိုယ်ကျန်းမာကြပါစေ
    ဆိုးသောဘဝရှိသောပုဂ္ဂိုလ်တို့သည်လည်း
    ကောင်းသောဘဝသို့ကျွတ်တမ်းဝင်ကူးပြောင်း
    နိုင်ကြပါစေ'

    ''အားလုံး ကြားကြားသမျှ

    အမျှ...အမျှ...အမျှ ယူတော်မူကြပါကုန်လော့''

    ''သာဓု...   သာဓု...သာဓု''

    ယခုထိတိုင်ကျွတ်တမ်းဝင်စေတီလေးမှာ
    ဦးပညာသည်သက်ရှိထင်ရှားသာသနာအရေး
    ဘာသာအရေးကိစ္စများနှင်အလှူကြီးများစွာ
    စည်းကားစွာကျင်းပပြုလုပ်ကာသာသနတာဝန်
    ကိုငြိမ်အေးစွာလုပ်ကိုင်လျက်ရှိပေတော့သည်။

    (ဒလမြို့ရေကန်ကျောင်းဆရာတော်ပြန်လည်
    ပြောပြသောအကြောင်းလေးအားစာစီရေးသား
    လိုက်ပါသည်)

    Credits

    No comments

    Post Top Ad

    Post Bottom Ad