• အမှောင်ကမ္ဘာက လက်မည်းမည်းကြီး

    (အမှောင်ကမ္ဘာက လက်မည်းမည်းကြီး)
    (ပရလောကဝတ္ထု-အစ-အဆုံး)(ကြောက်တက်ရင် မဖတ်ပါနဲ့နော်)

    [သရဲ တစ်ကောင်ဟာ သင့်ရဲ့ ညာဖက်လက်မှာ ပူးကပ်နေမယ်ဆိုရင် သင်ဘယ်လို့ဖြေရှင်းမလဲ ။
    ကျွန်တော့အတွက်တော့ ကြောက်စရာကောင်းတဲ့ ဒီလိုဖြစ်ရပ်ကို ကြုံခဲ့ရတဲ့အချိန်မှာ ကျွန်တော်ဟာ အရမ်းစိတ်ခြောက်ခြား သွားခဲ့တယ်။]

    အဲ့ဒီနေ့ ညက ဆိုင်ကယ်နဲ့ ကျွန်တော်အိမ်ပြန်ခဲ့တယ်။ဆိုင်ကယ်နဲ့ အိမ်ပြန်ရတာဟာ လုံးဝမလွယ်ဘူး။
    ကျွန်တော့လို မျက်စေ့ကအဝေးမှုန် ဆိုတော့ သေချာ
    သတိထား ပြီး မောင်းနေရတယ်လေ။  လမ်းက အမြန်လမ်းဆိုတော့ မောင်းနေကြတဲ့ ကားတွေကလဲ ဝှီးခနဲ ! ဝှီးခနဲ တွေချည်းပဲ။ကျွန်တော်လဲ သတိထားပြီး မောင်းနေရတယ်။
    နည်းနည်းလေး မှားလိုက်တာနဲ့
    အရေးပေါ် ယဉ် ပေါ်ရောက်သွား နိုင်တယ်မဟုတ်လား။ဒါကြောင့် ကျွန်တော်လဲ အရှိန်လျှော့ ပြီးမောင်းနေရတယ်။
    တကယ်တန်း ဆို ညဖက် ဆိုင်ကယ်
    လုံဝမစီးချင်။"အင့်ပေါ့လေ အလုပ်ကိစ္စနဲ့ဆိုတော့လဲအင်း"ဆိုပြီး စိတ်ထဲက တိုးတိုးလေးရေရွတ် လိုက်တယ်။ဘယ်သူမှ မကြားလိုက်အောင်ရေရွတ်ပြီး ကိုယ်ကိုကိုယ် နည်းနည်းပြုံး နေမိလိုက်သေးတယ်။

    သတိထားပြီးမောင်းရင်းနဲ့ ကိစ္စတစ်ခုက ထိပ်ဝကိုရောက် လာခဲ့တယ်။ကျွန်တော်လုံးဝ မခံစားနိုင်တော့ဘူး။ အဲ့ဒါဘာလဲဆိုတော့
    ဆိုင်ကယ်စီးရင်း အပေါ့သွားချင်တာပဲ။

    အာရုံလွဲပြောင်းတဲ့သဘောနဲ့
    သိချင်းလေးအော်ဆိုပြီး အပေါ့သွားချင်တဲ့ စိတ်ကိုပျောက်အောင် ဖြောက်မိသေးတယ် ။အဆင်မပြေဘူး။
    ပိုပြီးဆိုးလာတယ်။ ထိပ်ဝရောက်နေတဲ့ ကိစ္စတစ်ခုကို
    ကျွန်တော်ဘယ်လိုမှ မထိန်းထားနိုင်တော့လို့ ဆိုင်ကယ် လီဗာလျှော့လိုက်တယ် ။အဲ့တော့ ဆိုင်ကယ် အရှိန်နည်းသွားတော့မှ
    ဘရိတ်ညှစ်လိုက်ပြီး ဆိုင်ကယ်ကို
    လမ်းဘေး ချုံပုတ် တစ်ခု အနားမှာ
    ရပ်လိုက်တယ်။ ကားလမ်းဘေးမှာ
    အပေါ့သွားရမှာ ရှက်လို့  ချုံပုတ်ထဲ
    ကို အတင်းတိုးဝင်ပီး ကိစ္စ ဖြေရှင်းမယ်ပေါ့။ ကိုယ်အတွေးနဲ့ကိုယ်တော့ ဟုတ်နေတာ။ဒါပေမဲ့ ချုံပုတ်ထဲ ကို
    တိုးရမှာလဲ ကြောက်မိတယ်ဗျ။
    အပင်ကြီးတွေကလဲ တလှုပ်လှုပ်နဲ့။
    သရဲခြောက်နေ သလိုလို။ အတော်လေး ခြောက်ခြားစရာနေရာ ပဲဗျ။

    ခြောက်ခြားတဲ့စိတ်ထက် အပေါ့သွားချင်တဲ့စိတ်က ပိုပြီး များနေတော့ ကျွန်တော့မှာ ဒုက္ခတွေ့ပြီပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် ကိစ္စ တစ်ခုတော့ ဖြေရှင်းမှဖြစ်မယ်လေ။
    နောက်ဖြစ်တဲ့ဒုက္ခ နောက်မှခံ ပေါ့ကွာ လို့စိတ်ထဲ စဉ်းစားပြီး
    ချုံပုတ်ထဲ အရဲစွန့်ပြီး ဝင်လိုက်တယ်။ ကိစ္စ တစ်ခု ဖြေရှင်းလိုက်တယ်။

    " ဟူး"
    ဆိုပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။
    အခုမှ နေရထိုင်ရ အဆင်ပြေသွားပြီလေ။ကိစ္စပြီးပြီဆိုတော့ ဘာမှ စဉ်းစား စရာမလိုတော့ဘူး ဆိုင်ကယ်ပေါ် တက်ခွ ပြီး ဆိုင်ကယ် စက်နိုးတော့တာပဲ ။ ဆိုင်ကယ်က စက်နိုးလို့မရဘူးဗျ။ ဘာကြောင့်လဲတော့ ကျွန်တော်လဲမသိဘူး ။ ဆိုင်ကယ်က
    ယိုးဒယာ နိုင်ငံက ရောင်းတဲ့ ဆိုင်ကယ်။ click ဘီး။ အသစ်ချွတ်ချွတ် ကလေးဗျ။
    ဘာအကြောင်းကြောင့်မှ စက်နိုးလို့ မရစရာအကြောင်းမရှိ။ ကျွန်တော်လဲ မရမက နိုးကြည့်သေးတယ်။ နောက်ဆုံး လက်လျှော့ လိုက်တဲ့ သဘောနဲ့ သက်ပြင်း ကျယ်ကျယ်လေး တစ်ချက်ချလိုက်မိတယ်။
    "ဟွန်း "  အဲ့ဒိအချိန်မှာ ကျွန်တော်ရဲ့ လက်ကို တစ်စုံတစ်ခုက ထိလိုက်သလို  အေးခနဲ ဖြစ်သွားတယ်။ ကြက်သီလဲထသွားတယ်။
    ဘာလဲ ဆိုတာ သိချင်တော့ မကြည့်ရဲ
    ကြည့်ရဲနဲ့ ဖြေးဖြေး လေးကြည့်လိုက်တော့ ဘာမှမတွေ့ဘူး ။  အေးခနဲ ဖြစ်သွားတဲ့ လက်ကို ကိုင်ကြည့်တော့ ရေစက်ကလေးတွေ လက်ပေါ်ကျသွားလို့ အေးခနဲဖြစ်သွားတယ်ဆိုတာသိလိုက်တယ်။
    ရင်ထဲက အလုံးကြီး ကျသွာတာပဲ။

    ဟုတ်တယ်လေ ခုဏက အပေါ့သွားတဲ့ ကိစ္စကို မကြေနပ်တဲ့
    ပရလောကသား  တစ်ယောက်ယောက်က ကျုပ်ရဲ့လက်ကို ကိုင်တာလားလို့ပေါ့ ။
    တကယ်တော့ ကျွန်တော်ရဲ့ ခေါင်းပေါ် သစ်ပင်က ရေတွေ ကျလာတာဗျ။ ဒါနဲ့ လက်အေးတဲ့ ကိစ္စကို ခဏမေ့ထားလိုက်ပြီး ဆိုင်ကယ်စက်နိုးလို့မရ တာကို ဘယ်လိုဖြေရှင်းမလဲ ပြန်စဉ်းစားရတော့တာပေါ့။  (စတက်)ခလုပ် ပြန်နိပ်ကြည့်တော့ ဘာကြောင့်မှန်းမသိ စက်ပြန်နိုးသွား
    ပါလေရော။ ကျွန်တော်လဲ နည်းနည်းတော့ ပျော်မိတယ်။
    ဟုတ်တယ်လေ အခုလို ခြောက်ခြားစရာကောင်းတဲ့ နေရာက
    ထွက်ခွာ ရတော့မယ်ပေါ့လေ။

    ကျွန်တော်ရဲ့လက်ကတော့ အေးမြဲတိုင်း အေးနေဆဲ။ ဆိုင်ကယ်က စက်နိုးသွားပြီဆိုတော့
    (လီဗာ )ဆွဲပြီး ခရီးဆက်ရပြန်တယ်။
    မျက်စေ့က အားနည်းတော့  ခက်ဝေးဝေးက မြင်ကွင်းကို အားစိုက်ပြီး သတိ !ဝိရိယ ကြီးကြီးနဲ့
    ကြည့်မောင်းနေရတယ်။ အဲ့ဒီအချိန်မှာ ကိုယ်ရဲ့လက်ကို ကိုယ်ပြန်မကြည့်ဖြစ်တာက
    အမှားကြီးတစ်ခု ဖြစ်လိမ့်မယ်ဗျ။
    ကျွန်တော့ရဲ့လက်က ပိုပြီးအေးလာတယ်။ ကျွန်တော်လဲ အဝေးကိုကြည့်မောင်းနေရတာဖြစ်လို့ ကိုယ်ရဲ့လက်ကို ကိုယ်ပြန်မကြည့်ုဖြစ်။ စဉ်းစားမိတာက ဆိုင်ကယ် မောင်းနေတာမို့ လေတိုးပြီး အေတာဖြစ်နိုင်တယ်ပေါ့ ။
    ဒါပေမဲ့ အရမ်းအေးတဲ့လက်က ညာဖက်အခြမ်း က (လီဗာ)ဆွဲတဲ့ လက်တစ်ဖက်ထဲ အေးနေတာ။
    စဉ်းစားစရာတော့ ဖြစ်ပြီလေ။
    အရမ်းအေးတဲ့ ညာဖက်လက်ကို ဆိုင်ကယ်မောင်းနေရင်း မကြည့်ရဲကြည့်ရဲ နဲ့ ဒုတိယ အကြိမ်း
    ကြည့်လိုက်ပြန်တယ်။ ဘာမှ မတွေ့ပြန်ဘူးဗျ ။ဒီအတိုင်းပဲ အေးမြဲတိုင်းအေးနေဆဲ။ ဘာကြောင့်များ ဒီလောက် အေးနေရတာလဲ။ ကျွန်တော်လဲ ထွေထွေထူးထူး တွေးမနေတော့ပဲ
    (လီဗာ)ဆွဲ ပြီး ဆက်မောင်းရင်း ကွမ်းယာ စားချင်လာတယ်။ အဆင်သင့်ပဲဗျ ကွမ်းယာဆိုင် က အရှေ့မှာလေ။ အဖြူရောင်မီးထွန်းထားတဲ့ ကွမ်းယာဆိုင်က သေးငယ်စုတ်ချာ နေလဲ ကွမ်းစားချင်စိတ် ပြင်းပြနေတဲ့
    ကျွန်တော်အတွက်တော့ နန်းတော်ကြီး ပမာပဲ။ ဆိုင်ကယ်ကို
    ကွမ်းယာဆိုင်အရှေ့ရပ်လိုက်တယ်။

    "ဆေးဝါ ပါးပါး နှစ်ရာဖိုးပေး"

    " ကွမ်းစားဆေး တစ်မယ်ထည်းလား အကို"

    " အန်"ဆိုပြီးခေါင်းညှိပ်ပြလိုက်တော့
    ကွမ်းဆိုင်က လူက လျှင်မြန်သောလက်နဲ့ ကွမ်းကိုယာနေတာဗျ။ ကျွန်တော်လဲ သူ့ကိုကြည့်ပြီး ကွမ်းစာချင်စိတ် အတော်လေး များလာတယ်။ဒါနဲ့  သူ့ဆီက ကွမ်းတစ်ယာ ယူစားလိုက်တယ်။
    နည်းနည်းဝါးပြီး ပါးစပ်ထဲ ကွမ်းတံတွေး များလာတာနဲ့ ဗျစ်ခနဲ လှည့်ထွေးလိုက်တာ ။

    ကွမ်းယာဆိုင်ရဲ့ မီးအလင်းရောင်ကြောင့်မြေပြင်မှာ ပေါ်နေတဲ့ကျွန်တော်ရဲ့ အရိပ်ကအရမ်းကို ထူးခြား နေတာကိုတွေ့ရတော့ ကျွန်တော် နည်းနည်းလေး လန့်သွားတယ်ဗျ။  ကိုယ့်အရိပ်ကို ကိုယ်ပြန်မြင်ပြီး ကြက်သီးမွေးတောင် ထသွားတယ်။

    အဲ့ဒါ ဘာကိုမြင်တာလဲဆိုတော့ ကျွန်တော့်ရဲ့ ညာဖက်လက်ဟာ အရိပ်နှစ်ခုဖြစ်နေတာကိုပါ။ အရမ်းထူးခြားနေတယ်။ အရိပ်နှစ်ခုဖြစ်နေပေမဲ့ အရိပ်တစ်ခုက ကျွန်တော်ရဲ့အရိပ်ဆိုတာ သေချာပါတယ် ။ ဘာကြော့လဲဆိုတော့ ကျွန်တော်လှုပ်ရှားသလို လိုက်လှုပ်ပါတယ်။ နောက်ထပ် အရိပ်တစ်ခုက သူ့ဟာသူ လှုပ်ချင်သလို လှုပ်နေတာ။
    ကျွန်တော်မကြောက်ပဲ ဘယ်နေမလဲဗျာ။ ဘယ်ဖက်အခြမ်းက အဲ့ဒီလိုတော့ ထူးထူးခြားခြား မဖြစ်ဘူး။ ညာဖက်အခြမ်း ပဲ ထူးခြားနေတာ။

    " အကိုရေ ကွမ်းရပြီ"

    " အော် အေ"ဆိုပြီ ဆိုင်ကယ်ပေါ်အမြန် တက်တော့တာပဲ။

    "ဟေ့လူ ကွမ်းယာဖိုး ပိုက်ဆံပေးခဲ့အုံးလေဗျာ "

    " အော် !အေ ဟုတ်သားပဲ !မေ့သွားလို့ပါကွ"
    ဆိုင်ကယ်ပေါ်က ပြန်ဆင်းပြီး အိတ်ကပ်ထဲ က ပိုက်ဆံ ထုတ်လိုက်တယ်။ တစ်ထောင်တန်ကြီးပေးလိုက်တော့
    သူက " အကြွေမရှိဘူး လား ဗျ "တဲ့။

    ကျွန်တော့်မှာလည်း အကြွေမရှိသလို ! သူဆီမှာလဲ အကြွေရှိပုံမရဘူး။
    " ပြန်မအန်းနဲ့တော့ကွာ"လို့ပြောလိုက်တော့ သူ့မျက်လုံးက  ကလယ်ကလယ်နဲ့ လုပ်ပြနေတယ်။ ကျွန်တော့ကို ထူးခြားတဲ့ လူတစ်ယောက်လို့ သူယူဆလိုက်ပုံပဲ။ ကျွန်တော်လဲ ဆိုင်ကယ်ပေါ်ပြန်တက်ဖို့လုပ်တော့
    ကျွန်တော့ရဲ့အရိပ်က ခုဏက အတိုင်းပဲ ။ လက်အရိပ်က နစ်ခုဖြစ်နေတာ။ ကျွန်တော်လဲ အရိပ်ကို ကြည့်ပြီး ကြောက်နေတဲ့ပုံစံ လုပ်တော့
    ကွမ်းယာဆိုင်က လူက
    "ဟေ့လူ ဘာဖြစ်ပြန်ပြီတုန်း! အဆင်ပြေရဲ့လား "တဲ့။

    ဘာမှပြန်မပြောတော့ပဲ ဆိုင်ကယ်ပေါ်တက်ပြီး စက်အမြန်နိုး လိုက်တယ်။(လီဗာ)ကို စောင့်ဆွဲလိုက်တာ ဟိုးအရှေ့မှာ ရပ်ထားတဲ့ကားနဲ့ ဝင်တိုက်မိပါလေရော။ လီဗာကို ကျွန်တော်ဆွဲတာမဟုတ်ဘူး။
    သူ့ဟာသူ ဖြစ်တာ။

    ရပ်ထားတဲ့ကားကို တိုက်မိတော့
    ကျွန်တော်လည်း ဆိုင်ကယ်ပေါ်က ပြုတ်ကျပါလေရော။ ခေါင်းနဲ့မြေကြီးနဲ့စောင့်မိပြီး။ နဖူးကို ပူခနဲ ဖြစ်သွားတာပဲဗျ။ ပြီးတော့ ကျွန်တော့ရဲ့မျက်လုံးက အမှောင်ဖုံးသွားတယ်။

    ________________________________________

    (အမှောင်ကမ္ဘာက လက်မည်းမည်းကြီး)
    (ပရလောက)အပိုင်းဆက်

    ကျွန်တော်မျက်လုံး ပြန်ဖွင့် လိုက်တော့ အရမ်းမှောင်မဲနေတဲ့ နေရာတစ်ခုကို ရောက်နေခဲ့တာ။

    ခုဏက ကျွန်တော် ဆိုင်ကယ် တိုက်မိလိုက်တယ်ဆိုတာတော့
    သတိရတယ် ကျန်တဲ့အဖြစ်အပျက်
    တွေအားလုံးကို လုံးဝမမှတ်မိတော့ဘူး။ ဘာကြောင့်လဲတော့ မသိ။ အမှောင်ကမ္ဘာထဲ ကိုရောက်နေတာ တော့သေချာတယ်။ ကြောက်စိတ်တွေက ကြီးမားလာပေမဲ့
    ဘာကိုကြောက်လို့ကြောက်နေရမှန်း မသိ။ စိတ်ကညစ်လာတယ်။

    ဘာပဲဖြစ်ဖြစ်လေ
    ဘယ်နေရာရောက်နေလဲ ဆိုတာ သိရအောင်
    မြေဂျီးပေါ် ဒူးထောက်ထိုင်ပြီး မြေဂျီးတွေကို လက်နဲ့စမ်းကြည့် လိုက်တယ်။ အထိအတွေ့ အာရုံ အရ မြက်ပင်လေးတွေ ဖြစ်လိမ့်မယ်နဲ့တူတယ်ဗျ။ ကျွန်တော့်အထင် မြက်ပင်တွေရှိတဲ့ နေရာတစ်ခုပဲဗျ။
    တိတိကျကျ ပြောဖို့တော့ခက်တယ်။
    ဘာမှမမြင်ရတဲ့ အမှောင်ကမ္ဘာကြီးကို အထိအတွေ့ အာရုံလေးနဲ့ ခန့်မှန်းပြီးပြောနေရတာဆိုတော့လေ။

    "ဟေ့ကောင် ဘမောင် "ဆိုတဲ့ ပဲ့တင်သံ
    နှစ်ခါ ! သုံးခါ ထွက်လာတော့ ရုတ်တရက် လန့်သွားတယ်။
    ကျွန်တော့်နာမည်က ဘမောင်လေ။

    ဟေ့ကောင်ဘမောင် ဆိုပြီး ကျွန်တော့ရဲ့နာမည်ကို ခေါ်နေတော့
    ကြောက်ပြီးရင်ကြောက်ပါပဲ။

    ပဲ့တင်သံကိုလဲ ကြာရတယ်ဆိုတော့ လှိုင်ဂူ တစ်ခုထဲရောက်နေတာလား။ အခု ဘယ်လိုဖြစ်ပြီး လှိုင်ဂူထဲရောက်နေတာလဲ။
    ငါ့ကို စကားပြောတဲ့ အကောင်က ဘယ်သူလဲ ။ သူ့ရဲ့လက်ထဲက ဘာလက်နက်တွေများ ကိုင်ထားလဲ။
    ငါ့ကို ရန်ပြု့နိုင်သလား။ ဆိုပြီး

    ကျွန်တော့်ခေါင်းထဲ မေးခွန်း တွေက
    တစ်ခုပြီးပြီးတစ်ခု ဖြစ်လာတယ်။
    ဒါပေမဲ့ ကျွန်တော် စကားပြောလို့မရဘူးဗျ။ ကျွန်တော်သိချင်တဲ့ ကိစ္စ ကို ပြန်ပြီးမေးလို့ လုံးဝမရဘူး။ အာလေး လျှာလေး ဖြစ်နေတာဗျ။ စကားပြောလို့ရအောင် အမျိုးမျိုး ကြိုးစားကြည့်သေးတယ်။ ဒါပေမဲ့မရဘူး။

    " ကောင်လေး စကားပြောဖို့မစဉ်းစားပါနဲ့"ဆိုပြီး ဒုတိယ အကြိမ် ပဲ့တင်သံ ထွက်လာပြန်တယ်။သတိပေးတဲ့အသံ ဆိုတာသေချာနေပြီလေ။ ကျွန်တော့ စိတ်ထဲ မင်းက ဘယ်သူလဲလို မေးချင်ပေမဲ့ မေးလို့မရဘူး။ သူကဆက်ပြောတယ်။

    " ငါက ရှာပုံတော် အရိပ်သရဲကွ "တဲ့
    သူက အဲ့လိုပြောလေ ကျွန်တော်စိတ်ထဲ မေးချင်တဲ့ မေးခွန်းစကားတွေက များလေပဲ။

    သူက ဘာကိုရှာလို့ ရှာပုံတော် သရဲဖြစ်ရတာလဲ။ ကျွန်တော်အရမ်းသိချင်တယ်။

    သူက ကျွန်တော်ရဲ့စိတ်ထဲက ပြောနေတဲ့ စကားသံတွေ ကြားရမလား မသိ။ကျွန်တော် အဲ့လို
    စဉ်းစားနေတုန်း သူက

    " ကြားရပါတယ်"လိုပြောတော့
    ကျွန်တော် အံ့သြေား သွားတယ်။
    သူက ကျွန်တော့စိတ်ထဲက ပြောနေတဲ့ စကားသံတွေ ကြားနေရတယ် တဲ့ ။

    " စကားပြောဖို့မစဉ်းစားပါနဲ့"လို
    ထပ်ပြီး သတိပေး တော့။
    ကျွန်တော်က "ဘာဖြစ်လို့လဲ "လို့
    စိတ်ထဲ စဉ်းစားလိုက်တယ်။

    " မင်းက လောလောဆယ် လူမဟုတ်ဘူး တဲ့"

    " ဒါဆို ငါက ဘာလဲ" ဆိုတဲ့ မေးခွန်းက သိချင်လာပြန်ရောလေ။
    "အမှောင်ထဲမှာ ဘာမှမမြင်ရပဲ ငါဟာ
    လူမဟုတ်ဘူး ဆိုတဲ့ စကားကို ဘယ်လိုယုံရမှာလဲ"။

    " မင်း …ဆိုင်ကယ်တိုက်မိတာ ကိုမှတ်မိလား"

    "မှတ်မိတယ်လေ " စိတ်ထဲက ပြောလိုက်တော့" ဒါဆို မင်းခဏ သေဆုံးသွားတယ် ဆိုတာရောသိလား"တဲ့

    အဲ့တော့မှ ကျွန်တော်ပါစပ်က အသံထွက်လာတော့တယ်။

                " ဗျား "
    " ဟုတ်တယ် မင်းက လူမဟုတ်ဘူး ဝိညာဉ် ဖြစ်သွားပြီ ! ဒါပေမဲ့ မင်းအတွက် အခွင့်အရေး တစ်ခု ရှိသေးတယ်။"
                "ဘယ်လိုလဲ "
    " မင်းစိတ် ထဲက ဟိုသွားချင်တယ် !
    ဒီသွားချင်တယ်မစဉ်းစားနဲ့ ! 
    ဝိညာဉ်ဆိုတာ စဉ်းစား လိုက်တာနဲ့
    စဉ်းစားလိုက်တဲ့နေရာ ရောက်သွားရောကွ"
                 " တကယ်"
    " မင်းရဲ့ ခန္ဓာကိုယ်ထဲ မင်းရဲ့ဝိညာဉ် က ပြန်ဝင်လို့ရသေးတယ် ! မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်ဝင်လို့ရအောင် စိတ်အာရုံးပြု့ထား"

    " ကျွန်တော့ကို အခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ"

    "ကျေးဇူးတင်ရင် ငါ့ကို တစ်ခုတော့ပြန်ပြီး ကူညီကွာ "

    "ဟုတ်ကဲ့ပြောပါ ။ကျွန်တော် ဘယ်လိုကူညီရမှာလဲ "

    "မင်းအသက်ရှင်ခဲ့မယ်ဆို မင်းရဲ့ ညာဖက်လက်ထဲမှာ ငါ့ကို နေခွင့်ပြု့ပါ "

            " ငင့်  !ဘာဖြစ်လို့"
    " ငါ့ချစ်သူကို ပေးမဲ့ လက်စွပ် ပျောက်သွားလို့ ! လိုက်ရှာနေတာ !အခုထိမတွေ့သေးဘူး ! ရှာချင်သေးတယ်"

    သူရဲ့စကားဆုံးတော့ ကျွန်တော်သူ့ကို ပြန်ပြီးတော့သနားနေမိတယ်။
    သူက လက်စွပ်ရှာပုံတော် သရဲဖြစ်နေတာကို ။ သူအသက်ရှင်တဲ့အချိန်တုန်းက မပေးခဲ့ရပဲပျောက်သွားတဲ့ လက်စွပ်ကိုရှာရင်း သေးသွားပြီး
    စိတ်အစွဲအလန်းကြောင့် သရဲဖြစ်တာပဲလို့ ကျွန်တော် မှတ်ချက် ချလိုက်မိတယ်။
    ဘာပဲဖြစ်ဖြစ်လေ ကိုယ်ဘဝနဲ့သူ့ဘဝ
    က တူတာမှမဟုတ်ဘဲ။ ကိုယ်ကလဲ
    ကိုယ့်ဘဝ ကိုယ်ပြန်ရောက်ဖို့ ခန္ဓာ ရှိရာကို စိတ်ကူလိုက်တော့။

    သူက ရုတ်တရက် " ဟေ့နေအုံး ငါလဲလိုက်မယ်ကွ "လို့ပြောတယ်။

    ကျွန်တော် ဘဝထဲ ကို သူ့ကိုလိုက်ခွင့်မပြု့နိုင်ဘူးလေ။
    ဘဝချင်းမှ မတူတာ။
    ကျွန်တော်က "လိုက်ခွင်မပြု့နိုင်ဘူးကွာ"လို့  မပြောရသေးဘူး ။ ပြောမလို့ပဲရှိသေးတယ်။သူက အလင်းရောင် သေးသေးလေး အဖြစ်နဲ့ ကျွန်တော့ရဲ့ လက်ဖဝါး ထဲကို "စွက်ခနဲ "ဝင်သွားတာ။

    ပြီးတော့ ကျွန်တော့်မျက်စေ့က ကြီးမားတဲ့အလင်းရောင်းကြီး တစ်ခုကို
    စပြီးမြင်ရတော့တာပဲ။
    ကျွန်တော် ချက်ချင်းသိလိုက်တယ်။
    လူဘဝ ကိုပြန်ရပြီ။ ကျွန်တော့ရဲ့ ဝိညာဉ် က ကျွန်တော့ရဲ့ခန္ဓာကိုယ်ကို
    ပူးကပ်ခွင့်ရပြီ။ ကျွန်တော် မျက်စေ့
    ပိတ်ပြီးပြန်ဖွင့်လိုက်တော့ မီးအလင်းရောင် ငါးခုက ကျွန်တော့ရဲ့ မျက်လုံးကို ထိုးထားကြတယ်။ အဲ့ဒီအလင်းရောင်းကို ကျွန်တော် ကြည့်လို့ရမဘူး မျက်စိ့ ဆူးတယ်ဗျ။
    ပြီးတော့ စကားပြောသံ တွေကြားနေရတယ်။

    " ဒေါက်တာ ခွဲစိတ်ဖို့ အဆင်သင့်ဖြစ်ပြီ ! သူ့ကို မေ့ဆေးထိုး "တဲ့ ကျွန်တော်ကြားနေရတဲ့ အသံတွေကြောင့် ကျွန်တော် လုံးဝ
    သဘောပေါက်လိုက်ပြီ ကျွန်တော်ဆေးရုံ ကိုရောက်နေတာ။
    ကျွန်တော်မသေဘူး။

    ________________________________________
    (အမှောင်ကမ္ဘာထဲကလက်မည်းမည်းကြီး)
    (ပရလောက)အပိုင်းဆက်

    ဆရာဝန် များရဲ့ ခွဲစိတ် ဆေးကုသ တဲ့ကိစ္စ ပြီးသွားလို့ ကျွန်တော်ကို အခန်းထဲက ထုတ်လာကြတယ်။  ကျွန်တော်ကတော့ ကုတင် တွန်းလှည်းလေးပေါ်မှာဟန်ကျကျ လဲအိပ် လို့ပေါ့။
    သူတို့က ကျွန်တော့ကို ဘယ်ခေါ်သွား ကြအုံးမလဲ မသိဘူး။ ဟိုး အမှောင်ကမ္ဘာ ထဲက သရဲအကောင်ကို ကြောက်ရတဲ့ ကြားက သူတို့တွေ ကိုပါ ကြောက်နေမိပြန်တယ်။
    " ကျွန်တော် အတွက် ဆေးကုပေးတာပဲလေ" ဆိုပြီး စိတ်ထဲက ကြောက်စိတ်ကို ဖြေသိမ့်လိုက်မိတယ်။တကယ်တော့
    ကျွန်တော်က ဆေးရုံကို ဘယ်တော့မှ
    ရောက်ချင်တာ မဟုတ်ဘူးဗျ။  ဓားတွေ ! ဆေးထိုးအပ်တွေ ! ဆေးတွေ ကို ငယ်ငယ်လေးထဲက အရမ်းကြောက်ခဲ့ရတာ။

    ဘာပဲ ဖြစ်ဖြစ် ဆရာဝန်တွေက ကျွန်တော့ကို ဘယ်နေရာကို ခေါ်သွားကြမလဲ ဆိုတာတော့ သတိထားပြီး ကြည့်ထားမှ ဖြစ်မယ်။

    နဖူး နဲ့ လက်တွေမှာတော့ ပတ်တီးတွေလဲ စီးပေးထားကြသေးတယ်။ကျွန်တော့မှာဗျာ နေရထိုင်ရ ခက်လိုက်တာ ။

    ထုံဆေး ထိုးပေးထားလို့  ဖြစ်လိမ့်မယ်ဗျ နာကျင်မှုက တော့မရှိသေးဘူး။

    တွန်းလှည်းကလေးက တရွေ့ရွေ့ နဲ့ အခန်းတစ်ခု ရဲ့အရှေ့ကို ရောက်လာခဲ့တာ ။ဘယ်နေရာလဲဟ ဆိုပြီးတော့ ကျွန်တော်သေချာ ကြည့်လိုက်ပြီး လေပူ တစ်ချက် မှုတ်ထုတ်လိုက်မိတယ်။

    (ခွဲစိတ်၍ပြီးသူများသာ အနား ယူသောအဆောင်)တဲ့ အခန်းအရှေ့က ဆိုင်းဘုတ်ကြီး ကိုမြင်လိုက်ရလို့ စိတ်အေးရပြီ ဆိုတဲ့ သဘောနဲ့ လေပူ မှုတ်ထုတ်လိုက်မိတာလေ ။ အဲ့ဒီ ဆိုင်းဘုတ်ကြီးသာ စကားပြောတက်ခဲ့မယ် ဆိုရင်
    " မြဲမြဲမှတ်ထား" လို့ ကျွန်တော့ကို ပြောနေမှာသေချာတယ်ဗျ။

    အခုမှ ရင်ထဲ စိတ်အေးရတော့ တယ်ဗျာ ။    အခန်းထဲမှာလဲ ကျွန်တော့လို ဒဏ်ရာရနေကြတဲ့ လူနာတွေ အများကြီးပဲ။ ကုတင်အလွတ်တွေလဲ အများကြီးပဲ။

    တွန်းလှည်းလေးက အခန်းထဲကို တွန်းလာ တော့ ကျွန်တော် က (ကုတင် ကောင်းကောင်း လေးတစ်ခုရပါစေ) လို့ ဆုတောင်လိုက်သေးတာ။ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲ့အခန်းထဲက ကုတင်တစ်လုံးမှာ
    အနားယူရတော့မယ် လူနာ ဆိုတာ သိလိုက်ရလို့ပဲလေ။ ထင်ထားတဲ့အတိုင်းပဲ။ ကျွန်တော့်ကို ကုတင်ကောင်းကောင်း လေးပေါ်တင်ပေးကြတယ်။ ဘာကြောင့် များ ဆရာဝန်တွေက
    ကျွန်တော့ကိုအဲ့လောက် ဂရုစိုက် နေကြတာလဲ တော့မသိ။ ကုတင်က ကောင်းလွန်းလို့ တော်တော်လေး အိပ်ချင်လာတယ်။ အခန်းရဲ့ အထဲမှာ ဆိုတော့ မနက်လား!နေ့ခင်းလား!
    ညလား !ဆိုတာတော့မသိဘူးဗျ ။အိပ်ချင်တာပဲ သိတယ်။ ဆရာဝန်တွေက ကျွန်တော်ကို ဒဏ်ရာရလူနာဆိုပြီးတော့ အားရှိအောင်း  အိပ်ဆေးတွေထည့် တိုက်ထားတာဖြစ်မယ်။အတော်လေး အိပ်ချင်လာတာ။အဲ့ဒါနဲ့  "မထူးပါဘူးဗျာ"လို့စိတ်ထဲ ပြောပြီး
    အိပ်ချလိုက်တယ်။ အိပ်လို့ကောင်းလိုက်တာဗျာ။

    ကျွန်တော်အိပ်နေတုန်း အသံတစ်ခု့ ကြားလိုက်ရလို့ ဖျတ်ခနဲ မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင် ကို သေချာကြည့်လိုက် တော့ အခန်းတစ်ခုလုံး အမှောင်ကျနေတာ။ ဘာမှမမြင်ရဘူး။ ဒါနဲ့ ဘာကြောင့် အမှောင် ကျနေတာလဲ မီးပျက်နေတာလား ပေါ့။ စိတ်ထဲတွေးမိတာ။ ဒါနဲ့ ဘေးမှာ အဆင်သင့် ရှိတဲ့ ဓာက်မီးကိုယူပြီး ထိုးကြည့်လိုက်တော့ " အမလေး"
    ဆိုတဲ့အသံ ရုတ်တရက် ကျွန်တော့ဆီက ထွက်သွားပြီး ဓာက်မီး လက်ထဲက လွတ်ကျသွားတယ်။
    အခန်းထဲမှာ ဘယ်သူမှ မရှိကြဘူး။
    အခန်းတစ်ခုလုံးလဲ သွေးတွေ ပေကျံနေတာ။အရမ်းကြောက်စရာကောင်းတယ်။ နလုံးရောဂါ ရှိတဲ့လူဆို
    အဲ့ဒီမှာ သေသွားနိုင်တယ်။

    " လုပ်ကြပါအုံးဗျား ! ကယ်ကြပါအုံး
    !ဘယ်သူမှ မရှိကြဘူးလား"ကျွန်တော် အော်ဟစ် အကူအညီ တောင်းတော့ အသံ အော်းကြီးနဲ့ "အေး ငါလာပြီ " ဆိုပြီး
    အခန်းထဲကို လက်မည်းမည်း ကြီးတွေ  အများကြီး ပဲဝင်လာကြတာဗျ ။
    ကျွန်တော့မှာဗျာ ကြောက်လိုက်ရတာ ဒူးတောင်တုန်တယ်။ ကုတင်ပေါ်ကပဲ ခုန်ဆင်းရတော့မှာလား။ အဲ့ဒီလက်မည်းမည်းကြီးတွေ ကို မမြင်ရအောင် မျက်လုံး မှိတ်ထားရမလား။ ဒါမှမဟုတ် "မလုပ်ပါနဲ့ ဗျာ !မလုပ်ပါနဲ့ ဗျာ "လိုပဲ
    တောင်းပန်ရတော့မှာလား။
    ဘာလုပ်လို့လုပ်ရမှန်းလဲ မသိတော့ဘူး။
    ကြောက်စိတ်က (နိုင်း)လောက်ဖြစ်လာတယ်။ ကိုယ်တစ်ရောက်ထဲ အခြောက်ခံနေရ တာ
    အဖော်မရှိတော့ ကြောက်ရတာ 
    အန်တန်တန် ကြီး ဘယ်လိုကြီလဲမသိဘူး။
    နောက်ဆုံး စဉ်းစားလို့မရတာနဲ့ မျက်စေ့ မှိတ် ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဟုတ်တယ်လေ။ မျက်လုံးမှိတ်ထားလိုက်ရင် ဘာမှမမြင်ရတော့ဘူး ။ (အကန်းသစ္ဆေ မကြောက်)ဆိုသလိုပေါ့။ကျွန်တော် မျက်လုံးကို အတင်းမှိတ်ပြီး "မလုပ်ပါနဲ့ဗျာ !မလုပ်ပါနဲ့ဗျာ"လို အော်ဟစ် အကူအညီတောင်း နေမိတယ်။ ကျွန်တော် ရဲ့ ဘယ်ဖက်လက်ကို ဗျတ်ခနဲ တစ်ဟောက်ယောက်က  လာကိုင်တော့ ကျွန်တော် လဲကြောက်ကြောက်နဲ့  မျက်လုံးဖွင့်ပြီး ကြည့်လိုက်မိတယ်။
    ဘယ်လိုဘယ်လိုဖြစ်သွားလဲ မသိဘူးဗျ။ ကျွန်တော်မျက်လုံး ဖွင့်ကြည့်လိုက်တော့ ဘေးနားမှာ သရဲတွေမဟုတ်ပဲ လူတွေက ကျွန်တော့ကိုဝိုင်းကြည့်နေကြတာ။
    " ဘာဖြစ်တာ လဲ ! ဘာကူညီပေးရမလဲ"ဆိုပြီး စိတိဝင်စားတဲ့ မျက်လုံးများနဲ့ဝိုင်းကြည့်နေကြတာဗျ။ခဏ ကြာတော့ ဆရာဝန် မလေးတွေရောက်လာပြီး ဟိုစမ်းဒီစမ်း လုပ်တော့တာပဲ။
    ကျွန်တော် ကြောင်အမ်းအမ်း နဲ့ သူတို့အကုန်လုံးကို ကြည့်နေမိတယ်။
    သူတို့ ထဲက တစ်ယောက်က

    "အဲ့လူက အိပ်နေရင်းနဲ့( မလုပ်ပါနဲ့ ဗျာ )လို့ အော်နေတာ "ဆိုပြီး အတင်းပြောသံ ကြောင့် ခုဏက ကျွန်တော် အိပ်မက် မက်နေတာပဲ လို့သဘောပေါက် သွားတော့တယ်ဗျာ။

    "ဟူး တော်ပါသေးရဲ့ ဗျာ" ကျွန်တော်စိတ်ထဲက တိုးတိုးလေး ပြောလိုက်မိတယ်။

    ဆရာဝန်တွေကို
    ပရလောက နဲ့ ကျွန်တော်နဲ့ ပတ်သက်နေပါတယ်လို့ ပြောပြလို့ လုံးဝမရဘူး။ ဘာကြောင့်လဲဆိုတော့
    သူတို့က အယုံအကြည်မရှိဘူးလေ။
    ကျွန်တော်ကို စိတ်ကျန်မာရေးကို ပို့ချင်ပို့မှာ။ အဲ့ဒါကြောင့်မပြောတာပဲကောင်းတယ် လို့တွေးပြီး ဘာမှမပြောပဲ ပြန်အိပ်နေလိုက်တယ်။

    ________________________________________
    (အမှောင်ကမ္ဘာထဲက လက်မည်းမည်းကြီး)(part -4)
    (ပရလောက ဇာတ်လမ်း)

    ဆရာဝန်မလေးကတော့ ကျွန်တော့ကို "ဘာဖြစ်တာလဲ လက်ကဒဏ်ရာက နာလို့လား "လို့မေးတော့ ကျွန်တော်က " မဟုတ်ပါဘူး"လို့ပြောလိုက်မိတယ်။

    "မဟုတ်ပဲနဲ့ဘာလို့အဲ့လောက်တောင် အော်နေရတာလဲရှင့် "

    "ဘာမှမဖြစ်ပါဘူးဗျာ "

    "မှန်မှန်ပြောပါရှင် လက်က ဒဏ်ရာ နာလို့လား "

    "အော်! မဟုတ်ပါဘူးဆို ဗျာ"

    " မဟုတ်ရင်လဲပြီးရောလေ ! ကျွန်မက တာဝန်အရ လက်ကဒဏ်ရာကို ဒီအချိန်မှာ ပတ်တီး ဖြုတ်ပြီးဆေးထည့် ဖို့ ရှင်ရဲ့ ဆေး စာရင်း ထဲမှာ ရေးထားလို့ လာခဲ့တာပါ"

    " အဲ့ဒါဆိုလဲ ကောင်းပြီလေ "ဆိုပြီး
    ကျွန်တော် စိတ်မရှည် တဲ့ အသံနဲ့
    ပြောလိုက်မိတယ်။ သူက ကျွန်တော် ဘာမှမဖြစ်ပါဘူးလို့ ပြောတာကို  ယုံမှ မယုံတာ။ အင်းပေါ့လေ သူပြောတာလဲ ဟုတ်ချင် ဟုတ်မှာပေါ့ ဆေးရုံ ဆိုတော့ ဆေးကိစ္စနဲ့ ပတ်သက် ရင် ဆေးဆရာဝန် ပေါက်စ လေးတွေက
    တာဝန်ကို တိတိကျကျ လိုက်နာဖို့ လိုတာပေါ့။ သူရဲ့ အပြစ်လဲ မဟုတ်ပါဘူးလေ။ အဓိကတော့ ကျွန်တော် ရဲ့ဒဏ်ရာတွေ သက်သာဖို့
    သူတို့ လုပ်ပေးနေရတာပဲ။ ကျွန်တော်နားလည်ပေးလိုက်ပါတယ်။ ကျွန်တော်စဉ်းစားနေတုန်း
    သူက ကျွန်တော့ရဲ့ လက်က ပတ်တီးတွေ ဖြေပြီးသွားပြီ။

    သူက ပတ်တီးတွေ ဖြေပြီးသွားတော့
    ကျွန်တော်လဲ စူးစမ်းချင်တဲ့ မျက်လုံးလေးနဲ့  ဒဏ်ရာက ဘယ်လောက်များ ကြီးနေလို့လဲ ဆိုတာ သိချင်လို့ လှမ်းကြည့်လိုက်မိတယ်။
    လှမ်းကြည့်လိုက်တော့ ဒဏ်ရာက အရမ်းအကြီးကြီးမဟုတ်ဘူးဗျ။ လက်ဖျန်ပေါ်မှာ ညိုမည်းစွဲနေတဲ့
    အညိုအကွက်ကြီးတစ်ခု့။ထူးခြား တာက အဲ့အညိုကွက်ကြီးက စိန်လက်စွပ် ပုံစံ လိုကြီး။

    ကျွန်တော်လဲသိချင်တာနဲ့
    " အဲ့ဒီလက်က ဒဏ်ရာက ဘာကြောင့်ဖြစ်တာလဲ  ဆရာမ"လို့မေးလိုက်တော့ သူက
    ရှင်းရှင်းလေးပဲဖြေပါတယ်။
    " မသိပါဘူးရှင်"တဲ့။

    ကောင်းရောဗျာ။ သိချင်လို့မေးပါတယ်ဆိုမှ မသိပါဘူးရှင် တဲ့။

    " ဆေးစာ ထဲမှာတော့ ရေးထားပါတယ်ရှင့်"

    သူရဲ့ ဆက်ပြီးဖြည့်စွပ်ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်လိုချင်တဲ့
    သဲလွန်စ ရတော့မှာ သေချာတယ်။

    " အဲ့ဒါဆို ကျွန်တော့ရဲ့ လက်က ဘာကြောင့်ဖြစ်တာလဲဆိုတာ အဲ့ဒီဆေးစာထဲမှာ ကြည့်ပေးပါ့လာ ဆရာမ"
    "ဆေးစာ ထဲမှာတော့ အပူလောင်တာ လို့ရေးထား တယ်ရှင့် "
    ဆရာမလေးက(အပူလောင်တာ)ဆိုပြီးပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် တွေးကြည့်လိုက်မိတယ်။ ဆိုင်ကယ်တစ်စီးမှာ အပူလောင်စရာ ဘယ်နေရာတွေရှိလဲ လို့ပေါ့။ ကျွန်တော် ချက်ချင်း အဖြေရခဲ့တယ်။ သတိလစ်သွားတဲ့အချိန်မှာ ကျွန်တော့ရဲ့လက်က ဆိုင်ကယ်ရဲ့ အပူဆုံးဖြစ်တဲ့  မီးခိုးထွက် တဲ့ (အိတ်ဇေား)အပေါ် တင်မိသွားလို့ဖြစ်နိုင်တယ်ပေါ့။ ကျွန်တော်လဲ အတွေးပေါင်း သောင်းခြောက်ထောင် နဲ့ စဉ်းစားနေရင်း ကိစ္စတစ်ခုက ထိပ်ဝကိုရောက်လာပြန်ရော။

    (စာဖတ်သူ သိတဲ့အတိုင်းပဲ အပေါ့သွားချင်တဲ့ကိစ္စလေ။)

    ကျွန်တော်က လူပျိုကြီး ဆိုတော့ အခြားလူနာတွေလို
    ကြည့်ရှုစောင့်ရှောက် ပေးမဲ့ ဆွေမျိုး
    မိတ်ဆွေ အပေါင်းအသင်း မရှိဘူး။
    ကျွန်တော်တစ်ယောက်ထဲ ပဲ အားကိုးပြီး ကိစ္စဖြေရှင်းရ တော့မှာပေါ့လေ။

    "ဆရာမ ဘယ်အချိန်လောက်ရှိပလဲ ဗျ "

    "ဆယ်နှစ်နာရီ ပါ "

    ဆရာမလေး စကားက တိကျမှုမရှိဘူး။
    ကျွန်တော်က အခန်းထဲ့မှာ အမြဲ နေရတာဆိုတော့ နေ့ လား ည လား
    ကွဲကွဲပြားပြား မသိဘူး ။ အဲ့တော့ ဆရာမလေးကို စကားဆက်ပြီး မေးရပြန်တော့တယ်။

    "ဟိုလေ နေ့ခင်း ဆယ်နစ်နာရီ ကိုပြောတာလား !ည ဆယ်နစ်နာရီ ကိုပြောတာလား  ဆရာမ "

    " ညဖက် ကိုပြောတာပါ ရှင့်"

    " ဗျာ"    ညဖက်ဆိုတဲ့ အသံကြားတော့ ဟိုရှာပုံတော် သရဲကို သွားပြီးသတိရသွားလို့
    ကျွန်တော့ပါးစပ် က " ဗျာ"ဆိုတဲ့ အသံနဲ့ အတူ အပေါ့သွားချင်တဲ့ စိတ်ပါပျောက်သွားတယ်။အပေါ့မသွားရဲ တော့ဘူး။

    " ဘာဖြစ်ပြန်ပြီလဲရှင် !ရှင်ကလဲ အလန့်တကြားနဲ့ "

    "ဘာမှမဖြစ်ပါဘူးဗျာ "

    ဆရာဝန်မလေးကို အိမ်သာထဲကို အဖော်ခေါ်သွားလို့လဲမရဘူးလေ။ အခြားလူနာတွေဆို အိမ်သာသွားတဲ့အခါ သူတို့ရဲ့ ဆွေမျိုးတွေကို အဖော်ခေါ်ခေါ်သွား နေကြတာ အားကျစရာပဲ။
    ကျွန်တော့မှာတော့ အဖော်မရှိ ဆွေမျိုးမရှိ ကိုယ်ကိုကိုယ် အားငယ်လာမိတယ်။ ဘာပဲဖြစ်ဖြစ်
    မသွားမဖြစ် သွားရအုံးမပေါ့။ ကိစ္စက
    ထိပ်ဝရောက်လေပြီကို။

    "ဆရာမလေ ပတ်တီးစီးဖို့ ခဏစောင့်ပေးပါ ! ကျွန်တော့် အပေါ့သွားချင်လို့  "

    " အဲ့ဒါဆိုမြန်မြန်လုပ် !ကျွန်မက တာဝန်အချိန်အတွင်း လူနာတွေအများကြီး ဆေးကုရအုံးမှာ"

    ကျွန်တော်က လက် နဲ့ နဖူး မှာပဲ ဒဏ်ရာရထားတာဆိုတော့ လမ်း လျှောက်လို့ရသေးတယ်ဗျ။ကျွန်တော် ခပ်သွက်သွက် လေး အိမ်သာ ကိုသွားရတော့တာပေါ့ ။ အိမ်သာအရှေ့ရောက်တော့ ကြောက်စိတ်က မသွားရဲအောင် ကျားကန်ကန်ပြီး မသွားဖို့ သတိပေးနေပေမယ့် ကိစ္စက တော့
    ထိပ်ဝ မှာ ထွက်ချင်နေပြီလေ ကျွန်တော် အိမ်သာထဲ မဝင်မဖြစ် ဝင်ရတော့မယ်။ အိမ်သာထဲမှာလဲ
    သူလိုကိုယ့်လို တစ်ယောက်မှ မရှိ။
    နည်းနည်းပါးပါး အဖော်ရ မယ့်လူမပြောနဲ့ ကြွက်တောင် မရှိဘူး။

    အိမ်သာထဲကို ခပ်သွက်သွက်လေး  ဝင်လိုက်တယ်။ အိမ်သာထဲရောက်တော့ "ရှုး ရှုး ရှဲးရှဲး "နဲ့ ဘာသံတွေမှန်းမသိဘူး။
    ကျွန်တော် နည်းနည်းလန့်သွားတယ်။
    ပြီးမှ သတိထားပြီး ဘာသံလဲ သိရအောင် နားထောင်လိုက်မှ ကျွန်တော့ရဲ့ နှာခေါင်းထဲက ထွက်လာတဲ့ အသက်ရှုသံတွေဗျ။

    ကျွန်တော်ကလည်း ကျွန်တော်ပဲလေ ကြောက်စိတ်နဲ့ ဆိုတော့ ကိုယ့်ကိုကိုယ် အသက် ပြင်းပြင်းရှုနေမိတာ သတိမထားမိဘူးလေ။
    ကိုယ်နှာခေါင်းထဲက အသက်ရှုသံဆိုတော့လဲ စိတ်ထဲကြောက်စိတ်နည်းနည်းပေါ့သွားတယ်။

    အပေါ့သွားတဲ့ ဆီးခွက် ထဲ ကျွန်တော့ရဲ့ကိစ္စဖြေရှင်းလိုက်တယ်။
    ဒါပေမယ့် အသက်ရှုသံက "ရှုးရှုး ရှဲးရှဲး  "နဲ့ပိုပြီးကျယ်လာတာဗျ ။
    ဒီတစ်ခါတော့ ကျွန်တော့ဆီက မဟုတ်ဘူး ဆိုတာသေချာနေပြီ။
    ဘာကြောင့်လဲ ဆိုတော့ ဒုတိယ အကြိမ် အသံကြားရတော့ ကျွန်တော်ခဏ အသက်ရှုအောင့် ထားလိုက်တယ်လေ။ ဟုတ်တယ်လေ
    အဲ့ဒါမှ ဘယ်သူဆီကလဲ ဆိုတာ တိတိကျကျ သိရမှာမဟုတ်လား။

    အသက်ရှုးသံကြီး က ပိုပိုပြီး ကျယ်လာတယ်။ လူတစ်ယောက်ရဲ့
    အသက်ရှု အသံနဲ့ မတူတော့ဘူးဗျ။
    ကြောက်စရာကြီး ။ဘယ်နေရာက ဘယ်လို အသက်ရှု သံတွေ ထွက်လာလဲတော့ မသိဘူး။
    လောလောဆယ်တော့ တော်တော်လေး ကြောက်စရာကောင်း တဲ့ အသက်ရှု သံကြီးတွေ ကြားနေရတာ အမှန်ပဲ ။

    ဒူးတွေ တုန်ပြီး ကြောက်စိတ်နဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာတယ်။ ဘာလုပ်လို့ လုပ်ရမှန်း ကိုမသိတော့ဘူး ။
    ခဏကြာတော့ အသံတွေ ရပ်သွားတယ်။

    ကျွန်တော် အိမ်သာထဲက မြန်မြန်ထွက် ဖို့ ဆုံးဖြတ် လိုက်ပြီး
    ခပ်သွက်သွက် လေး ဖြေရှင်းလိုက်တယ်။  အသံကတော့
    ပြန်ပြီးမထွက်လာတော့ဘူး။
    ကျွန်တော် အိမ်သာထဲက ထွက်မယ်အလုပ် အိမ်သာ အပေါက်ဝက ကိုယ်လုံးပေါ် မှန်ကြီးထဲက လက်မည်းမည်းကြီး
    တစ်ချောင်း ထွက်လာပြီး ကျွန်တော့်ရဲ့ အင်္ကျီ အစကို လှမ်းဆွဲတာ။ ကျွန်တော်လဲ ကြည့်လိုက်ပြီးတော့မှ  ခဏ ကြောင်အမ်းအမ်း ဖြစ်နေလိုက်သေးတယ်။ ပြီးတော့မှ
    အော်ဖို့ သတိရသွားလို့ "အား! မလုပ်ပါနဲ့ ဗျာ ! ကြောက်ပါပြီဗျာ"
    လို အသံကုန် အော်လိုက်မိတယ်။

    အဲ့တော့ မှန်ထဲက လက်မည်းမည်းကြီးက
    " မအော်နဲ့ ကောင်လေး"တဲ့။
    သူက ဒီလောက် ကြောက်စရာကောင်းတာ
    ကျွန်တော် မအော်ပဲ ဘယ်လိုလုပ်နေနိုင်မှာလဲ။
    "မင်းကို ပြောစရာရှိလို့ "တဲ့
    ________________________________________
    (အမှောင်ကမ္ဘာထဲကလက်မည်းမည်းကြီး)
    (ပရလောက ဝတ္ထု အပိုင်းဆက်)

    "ဘာပြောချင်လို့လဲ ဗျာ !ကျုပ်ရဲ့ အသက်ကို လိုချင် ပါတယ်လို့တော့မပြောပါနဲ့နော် ! တောင်းပန်းပါတယ်"
    " မင်းကလည်း ကြောက်တက်လိုက် ကွာ !ငါမင်းကိုဘာမှမလုပ်ပါဘူး "ဆိုပြီး အသံသြော်းကြီးနဲ့ ပြောတော့ ကျွန်တော်ပိုပြီးကြောက်တာပေါ့။

    သူက ဆက်ပြောတယ်။ "မင်းဘာလို့ ဆိုင်ကယ်မှောက်လဲ မင်းသိလား "
    ""မ … မ… မသိပါဘူး ""
    "" ဆိုင်ကယ်မှောက်အောင် ငါကိုယ်တိုင်လုပ်လိုက်တာပဲ !ဘာကြောင့်လုပ်တာလဲဆိုတာ မင်းကိုပြောပြမယ် ! မင်းဆိုင်ကယ်မှောက်ခဲ့တဲ့ နေရာ မှာ  ငါရဲ့စိန်လက်စွပ် ရှိတယ်။ အဲ့ဒီနေရာမှာ ငါ့လက်စွပ် ကိုရှာပေးပါ ။  မရှာပေးရင်  မင်းကို  ငါအမြဲဒုက္ခပေး နေမှာ။ "
    "" ဟုတ်…ဟုတ်…ဟုတ်ကဲ့ပါ""ကျွန်တော် ကြောက်ကြောက်နဲ့ ဟုတ်ကဲ့ပါ ဆိုပြီး ဂတိပေးလိုက်မိတယ်။ ခဏကြာတော့ ကျွန်တော့မျက်လုံးတွေ  အမှောင်ဖုံးသွားတယ်။
    နားထဲမှာလည်း "ဟားဟားဟားဟားဟား "နဲ့ ရယ်နေသံ ကို ဆက်တိုက်ကြားနေရတော့တယ်။
    မျက်လုံးကို အားကုန်ဖွင့်လိုက်တယ်။

    ကျွန်တော့ဘေးနားမှာ  ဆရာဝန်မလေး က ထိုင်နေတာ။ သူဘာကြောင့်  လုပ်စရာရှိတာမလုပ်ပဲ ကျွန်တော့ဘေးမှာ အကြာကြီး ဘာလို့လာထိုင်နေရတာလဲ မသိ။
    ကျွန်တော့ ကိုယ်ကိုကိုယ်လည်းနားမလည် တော့ဘူးဖြစ်နေတာ။ အိမ်သာ အခန်းထဲက လူနာကုတင်ပေါ်ဘာကြောင့် ပြန်ရောက်နေတာလဲ။နားမလည်တော့ဘူး။  ဆရာဝန်မလေး က" သြော်ရှင်သတိရပြီလား ! ရှင်က သွေးအားနည်းပြီး အိမ်သာထဲမှာ  သတိလစ်နေတာတွေ့လို့  "ဆိုပြီးရှင်းပြတော့မှ   ကျွန်တော်သဘောပေါက်လိုက်တယ်။   အိပ်မက်လား တကယ်လားကျွန်တော်စဉ်းစားလို့မရသေး။   အိမ်သာ အခန်ထဲက
    လက်မည်းကြီး ကိစ္စ  က   အိပ်မက်လိုလို တကယ်လိုလို  ဖြစ်နေမိတယ်။

    နောက်နေ့တွေရောက်တော့ ဆေးရုံပေါ်က  ဆရာဝန်တွေ က ကျွန်တော့အပေါ် ဆက်ဆံတဲ့ပုံ တွေမဟုတ်တော့ဘူး။ ကျွန်တော့ကို  စိတ်ကျန်းမာရေးပို့ရတော့မယ်လူ လိုလို ! အရေးပေါ်  အခြေအနေ နဲ့ လူလိုလို   ! သူတို့က အဲ့လိုကြီး ဆက်ဆံကြတယ်။ကျွန်တော်လည်း အဲ့လိုဆက်ဆံပုံတွေ မကြိုက်လို့  ဆရာဝန်တွေ မရှိတဲ့ အချိန်   ဆေးရုံပေါ်က  ဆင်းလာလိုက်တယ်။  ဘယ်သွားလို့ သွားရမှန်း မသိဘူး။  အဲ့ဒါနဲ့ ကျွန်တော်အိမ်ကိုပဲ ကျွန်နော်ပြန်လိုက်တယ်။  အိမ်ရောက်တော့  ကိုယ်ပိုင် ပိုက်ဆံတွေယူပြီး  လူသုံးလေး ရောက် ကို မြေတူးဖို့   ငှားလိုက်တယ်။ ပြီးတော့  အဲ့ဒီနေ့ ဆိုင်ကယ်မှောက်ခဲ့တဲ့ နေရာကို  ကားငှားပြီး သွားခဲ့တယ်။ ဟိုရောက်တော့  နေ့လည် ဖက်ကြီး
    ကျွန်တော်ငှားထားတဲ့ လူတွေကို ရှာခိုင်းတာ။ အချိန်တော်တော်ကြာကြာ ရှာပေမယ့် ရှာလို့ မတွေ့ဘူး  ။ ကျွန်တော် ငှား ထားတဲ့ လူတွေကလည်း  ပိုက်ဆံ အများကြီး ရမယ်ဆိုတော့  ကြိုးစားပြီး  ရှာပေးကြတယ်။
    ဒါပေမယ့်  ညနေစောင်းလို့  မိုးချုတ် သွားတဲ့အထိ မတွေ့ ကြဘူး။ညရောက်လာပြီဆိုတော့ တဖြေးဖြေးနဲ့ အမှောင်ထုက အစပြုပြီလေ။
    ဒါပေမယ့်   ကျွန်တော်ဆက်ပြီးရှာခိုင်းတယ်။ ဓာက်မီးတွေ ဝယ်ပေးပြီး ဆက်ရှာခိုင်းလည်း မတွေ့ဘူး။ ညအတော်လေးမှောင်လာပြီ။

    အဲ့ဒီအချိန်မှာ ကျုပ်ရဲ့နားထဲက အသံတစ်ခု ကိုကြားရပြန်တယ်။ "အဲ့ဒီမှာ မရှာနဲ့တော့ ! အဲ့ဒီနေ့က မင်းကွမ်းဝယ်တဲ့ ဆိုင်မှာ ရှာပေးပါ "တဲ့။
    သူက အဲ့လိုပြောတော့   ကျွန်တော်ကြောက်ကြောက်နဲ့ တောင်ကြည့်မြောက်ကြည့် လုပ်လိုက်တယ်။
    ပြီးတော့  ကျုပ်ဘေးက   ငှားထားတဲ့ အလုပ်သမားတွေကို ကျွန်တော်မေးကြည့်လိုက်တယ်။"" ဟဲ့ကောင်တွေ  မင်းတို့ ထူးခြားတဲ့အသံတစ်ခုကြားလိုက်ရသေးလား""လို့မေးလိုက်တော့ သူတို့က  တပြိုင်နက်ဖြေကြတယ်။
    " မကြားလိုက်ရပါဘူး"တဲ့။

    ကျုပ်တစ်ယောက်ထဲ  ကြားလိုက်ရတာသေချာနေပြီ။အဲ့ဒါနဲ့  သူတို့တွေ အကုန်လုံးကို ကျုပ် ရသင့်ရထိုက်တဲ့ အခကြေးငွေပေးပြီး ပြန်လွတ်လိုက်တယ်။
    ပြီးတော့ အဲ့ဒီ အနီးအနားမှာ ရှိတဲ့ ကွမ်းယာ ဆိုင်ကို  ကျုပ်ခြေဦးလှည့်လိုက်တယ်။ ကွမ်းယာဆိုင်ကို ရောက်တော့ ကွမ်းယာရောင်းတဲ့
    အဲ့ဒီလူက ကျုပ်ကို မျက်လုံးလေးပြူးပြီး ကြည့်နေတာ။ သူစကား တစ်ခွန်းမှမပြောရသေးခင် ကျုပ်စကားစပြောလိုက်တယ်။
    ""ဟေ့ လူ !  ကျုပ်ကိုမှတ်မိလား ""
    "  သြော် ! ဒီနားလေးမှာ ဆိုင်ကယ်မှောက်ခဲ့တဲ့ လူမဟုတ်လား"
    " အေ !ဟုတ်တယ် ! အဲ့ဒီ ဆိုင်ကယ်မှောက်တဲ့ နေ့တုန်းက ခင်းဗျား က ကျုပ်ကို ဆေးရုံ လိုက်ပို့ ခဲ့တယ့် ! ဟုတ်တယ်နော်"
    " ဟုတ်တယ်လေ "
    " ဒါဆို ကျုပ်ဆိုင်ကယ်မှောက်တဲ့နေရာမှာ လက်စွပ်တစ်ကွင်းတွေ့ခဲ့တယ်မဟုတ်လား"
    "မတွေ့ပါဘူး ဟ "
    "မတွေ့ဘူးလို့ မငြင်းပါနဲ့  ကျုပ်က သေချာသိလို့ ခင်ဗျားကို ကျုပ်မေးနေတာ "
    "မသိပါဘူး ဆိုကွာ "
    "မလိမ်စမ်းပါနဲ့ ကွာ!  ဒီမှာ  မင်းအဲ့ဒီနေ့က ငါ့ဆိုင်ကယ်ကိုလည်း မင်းယူထားတယ်မဟုတ်လား။ "
    "နေစမ်းပါအုံး ခင်ဗျားက ကျုပ်အကြောင်းဘာလို တိတိကျကျ သိနေရတာတုန်း "
    "ငါ့ကို  ပရလောကသား တစ်ယောက်က ပြောပြတာ။ သူက ငါ့ကို ဒုက္ခပေးနေတယ်။ ငါ့ကို အဲ့ဒီလက်စွပ်ပြန်ပေးပါကွာ ။ မင်းမပေးချင်ရင် ငါ့ကို ပိုက်ဆံနဲ့ပြန်ရောင်း ဘယ်လိုလဲ "
    "ခင်ဗျားက ဘယ်လောက်ပေးမှာလဲ "
    "ငါးသိန်းပေးမယ်ကွာ "
    " ဒါဆိုပိုက်ဆံ အရင်ပေး! ပြီးတော့မှ လက်စွပ်ပေးမယ်။"
    "ကောင်းပြီလေ"ဆိုပြီး  ကျုပ်မှာအသင့်ပါလာတဲ့ ပိုက်ဆံ ငါးသိန်းကို သူ့အရှေ့ချပေးလိုက်တယ်။သူက လည်း သူ့ရဲ့သေတ္တာကိုသော့နဲ့ဖွင့်ပြီး   လက်စွပ်ကို ပေးတယ်။ အပေးအယူ မျှသွားကြလို အဆင်ပြေသွားကြပြီ။ သူဆီက ဆိုင်ကယ်ပြန်မတောင်းတော့ဘူး ကိုယ်ဟာကိုယ်ပဲ ကားငှားစီးပြီး အိမ်ကိုပြန်လိုက်တယ်။ အိမ်ရောက်တော့  အဲ့ဒီလက်စွပ်လေးကို စားပွဲ ပေါ်တင်ထားပြီး   အိပ်လိုက်တယ်။  သူဖြစ်စေချင်သလို ဖြစ်အောင်ကူညီပေး နိုင်ခဲ့လို့  ကျုပ်အဲ့ဒီနေ့ ကောင်းကောင်းအိပ်ပျော်ခဲ့ပြီ ။
    ဒါပေမယ့်  ကျုပ် အိပ်မက် မကောင်းဘူး။ အိပ်မက်ထဲမှာ ကွမ်းယာဆိုင်က လူ  သေနေတဲ့ ပုံကို အိပ်မက်မက်ပြီး ကျုပ်အိပ်နေရာကနေ လန့်နိုးလာခဲ့တယ်။

    ကျုပ် အိပ်ယာက နိုးတော့  ကျုပ်အိမ်တံခါးကို တစ်ယောက်ယောက်က လာခေါက်တယ်။
    အဲ့ဒါနဲ့  ကျုပ်တံခါဖွင့်ပေးလိုက်တော့ ရဲတွေ။

    "ဘာကိစ္စများ ရှိလိုလဲ ခင်ဗျ "
    " ဦးကျော် သေဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားကို စစ်ဆေးစရာရှိလို့ ! အေးအေးဆေးဆေး စစ်ဆေးခံပါ "
    "ကောင်းပါပြီ   ထိုင်ခုံမှာ ထိုင်ပါ "
    ထိုင်ခုံတွေမှာ ဝိုင်းထိုင်လိုက်ကြတယ်။ကျုပ်က  အဲ့ဒီအမူနဲ့ ပတ်သက်ပြီး ဘာမှ မဆိုင်တော့ မကြောက်ဘူးပေါ့။ အဲ့လိုနဲ့   သူတို့က နေ့တိုင်း လာစစ်ဆေးကြတယ်။ ကျုပ်လည်း သူတို့မေးသမျှ ဖြေ ပေါ့။  ထူးစမ်းတာက အဲ့ဒီ ကွမ်းယာဆိုင်က ဦးကျော်ဆိုတဲ့ လူ  ဘာကြောင့်သေသွားတာလဲ။
    ကျုပ်စဉ်းစားလို့မရဘူး။ အဲ့ဒီနေ့ညက အိပ်တော့ အိပ်မက်မက်ပြန်တယ်။ အိပ်မက်ထဲမှာအဲ့ဒီ ရှာပုံတော်သရဲက
    ကျုပ်ကို "ကျေးဇူးတင်ပါတယ် "လို့ပြောတော့။
    "ဦးကျော်ကို  သက်လိုက်တာ မင်းလား "လို့မေးတော့။သူက " ဟုတ်ပါတယ်"တဲ့။
    " အဲ့ဒါဆို  ဘာလို့ငါ့ကိုအကူအညီတောင်းနေသေးလဲဟ!မင်းဟာမင်း ပဲအဲ့ဒီလူကို သတ်လိုက်ပြီး  ကိုယ်လက်စွပ်ကိုယ်ရှာပါ့လား"လို့မေးလိုက်တော့။
    သူကပြောတယ်။ "သူ့မှာ အစွမ်းထက်တဲ့ အင်းကြိုးတစ်ချောင်း လက်မှာစီးထားတယ်။ သူအနားကို ငါ့သွားလို့မရဘူး  "
    "သြော် "
    "ငါ့ကို တစ်ခုလောက်ကူညီ ပေးပါအုံး "
    " ငင် ! ကူညီရအုံးမှာလား ဟ"
    "  ကုသိုလ်ကောင်းမူ လေးတွေလုပ်ပေးပါ "ဆိုပြီး သူက ငိုပြီးပြောတော့။
    "အေ့ပါကွာ  ! မငိုပါနဲ့တော့ ! လူငိုတာက ကြည့်ကောင်းတယ် !သရဲ့ငိုတာကြည့်မကောင်းဘူး!
    မင်းကို ကုသိုလ် ကောင်းမူ လုပ်ပေးပါ့မယ်။ "
    "ကျေးဇူးပါ ဒါဆိုနောက်ထက်တစ်ခု ကူညီပေးပါအုံး "
    " ဟားကွာ မင်းကလည်း အကူအညီတောင်းလို့မပြီးတော့ဘူးလား"
    "ဒီတစ်ခုထဲပါ ! ကျွန်တော့ကောင်မလေး ကို ဒီလက်စွပ်ပေးလိုက်ပါနော် "တဲ့ ။
    ပြီးတော့ သူကောင်မလေးရဲ့ အိမ်နံပါတ် လည်းပြောတယ်။
    ကျုပ်သေချာမှတ်ထားလိုက်တယ်။

    အဲ့ဒါနဲ့ အိပ်ယာက ကျုပ်နိုးလာတယ်။
    ချက်ခြင်းရေမိုးချိုးပြီး သူပြောတဲ့ အိမ်နံပါတ်ကို သွား ! သူကောင်မလေးကို မကျိုးအကြောင်းရှင်းပြတော့ သူကောင်မလေးက ငိုနေရှာတယ်။ ပြီးတော့  ကျုပ်လက်စွပ်ပေးလိုက်တယ်။ ကျုပ်တာဝန် တစ်ခုပြီးဆုံးသွားပြီ။ ကောင်မလေးကို   ကုသိုလ်ကောင်းမှု လုပ်ပေးပါ လို့ လဲပြောတဲ့အကြောင်းရှင်းပြလိုက်တယ်။

    အဲ့လိုနဲ့  ကျုပ် ကူညီပေးတဲ့ ပရလောက သား ရဲ့အခက်အခဲ တစ်ခုပြေရှင်းပြီးသွားတယ်။
    ကျုပ်ရင်ထဲပေါ့သွားတယ်။ အရာရာ အားလုါံ်းအဆင်ပြေကြပါစေ လို့  ဆုတောင်းပေးလိုက်တယ်။

    "တူး တူးတူးတူး"ဆိုပြီး ဖုန်းဝင်လာတော့ ကျုပ် ဖုန်စကားပြောလိုက်တယ်။

    "ဟယ်လို ဘယ်သူလဲ ခင်ဗျာ "
    " အေ ကိုဘမောင်  ဒီနေ့ ခင်ဗျား ခရီးထွက်ရမယ့်နေ့နော် "
    " ဗျားးးးး"
    "ဘာဖြစ်တာလဲ "
    " ဘာမှဖြစ်ပါဘူး"
    " ok good luck"
    " ဟုတ်"

    ဖုန်းထဲက သူဌေးရဲ့ အသံဟာ သူအတွက် ခရီးတစ်ခေါက် ထွက်ရပြန်အုံးမယ် တဲ့။
                         END

    စိတ်ကူးယဉ်ဖြစ်ပါသည်။
    ကလောင် စာနဂါး

    Credits

    No comments

    Post Top Ad

    Post Bottom Ad