• Star Chart

    သင့်ရဲ့ တက်ဘလက်ကို တယ်လီစကုပ်အဖြစ် ပြောင်းလဲခြင်း

            Star Chart အားအခမဲ့အဖြစ် Android အတွက် ဒီမှာ ဒေါင်းပါ နဲ့ iOS app အတွက် ဒီမှာ ဒေါင်းပါ တို့မှာရရှိနိုင်ပြီး သင့်ရဲ့ device ကို ကောင်းကင်သို့ ချိန်လိုက်တဲ့အခါမှာ သင်မြင်တွေ့ရမယ့် ကြယ်တာရာအုပ်စုများ၊ ကြယ်များ သို့မဟုတ် ဂြိုဟ်များနဲ့ပတ်သက်တာတွေကို ကိုဖော်ပြမှာဖြစ်ပါတယ်။ အဆိုပါ အရာဝတ္ထုများနဲ့ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်များကိုပေးမှာဖြစ်သလို ဂြိုဟ်များအား 3D ပုံစံဖြင့် လှည့်ပတ်ကြည့်ရှုနိုင်စေမှာဖြစ်ပါတယ်။ သင့်အနေဖြင့် ကြည့်ရှုရမည့် တည်နေရာကို အခြားသော မြို့တစ်မြို့သို့ပြောင်းလဲကာ ညအခါမှာတွေ့မြင်နိုင်မယ့် အခြေအနေများကို ကြည့်ရှုနိုင်သလို လွန်ခဲ့သော နှစ်ကာလများကို နောက်ပြန်သွားပြီး အဆိုပါ နေ့ရက်အချိန်များမှာ တွေ့မြင်ရမယ့်ကောင်းကင်ကို ကြည့်ရှုနိုင်စေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီ Workshop မှာ iPad ကိုအသုံးပြုမှာဖြစ်ပါတယ်။

    STEP 1
    App ကိုဖွင့်ပြီး မိတ်ဆက်တဲ့ ဗီဒီယိုကိုကျော်သွားချင်တယ်ဆိုလျှင် မျက်နှာပြင်ကိုတို့
    ထိပါ။ OK ကိုတို့ထိပါ(သင့်ရဲ့တည်နေရာကို GPS နဲ့ချိန်ညှိရန်)။ ထို့နောက် Accept ကိုနှိပ်ပါ။ ကောင်းကင်ပေါ်မှာရှိနေသောအရာများကိုကြည့်ရှုနိုင်ရန်အတွက် သင့်ရဲ့ device ကို ကောင်းကင်သို့ ချိန်လိုက်ပါ။ သင့်အနေဖြင့် တောက်ပမှုကွဲပြားခြားနားသော အစက်အပြောက်ကလေးများစွာကိုတွေ့ရမှာဖြစ်ပါတယ်။ App ထဲမှာမြင်ရမယ့် အတောက်ပဆုံးသော အစက်တွေကို ကြည်လင်သောညအခါရဲ့ကောင်းကင်မှာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း အခြားအရာများကိုတော့မြင်တွေ့နိုင်မှာမဟုတ်ပါဘူး(ဘာ့ကြောင့်လဲဆိုတော့ အဆိုပါ အရာများဟာ အလွန်ဝေးကွာသော နေရာမှာရှိနေသောကြောင့်ဖြစ်ပါတယ်)။ Zoom ကို ချုံ့ ကြည့်၊ ချဲ့ကြည့်ပါ။ အကယ်၍ app က သင့်ရဲ့ တည်နေရာပျောက်သွားမယ်ဆိုလျှင် သင့်အား recalibrate လုပ်ရန်(တိုင်းတာမှုများအတွက်ပြန်လည်ချိန်ညှိခြင်း)လိုအပ်မှာဖြစ်ပါတယ်။ ယင်းကိုလုပ်ဆောင်ရန်အတွက် သင့်ရဲ့ iPad ကိုကိုင်တွယ်ထားပြီး စက်ဝိုင်းပုံလှည့်ပတ်နေမှုကို နှေးကွေးစွာပြောင်းလဲပါရွေ့လျားပါ။ အားလုံး ဖြည့်ပြီးသည်အထိ(1) သေချာစေရန်လုပ်ဆောင်ပါ။ မပြည့်မစုံဖြစ်နေတယ်ဆိုလျှင်(2) အဆိုပါ နည်းအတိုင်းပြန်လည်လုပ်ဆောင်ပါ။

    STEP 2
    လင်းလက်နေသော အစက်အပြောက်တစ်ခုခု(1) ကိုတို့ထိကာ အဆိုပါ ပွိုင့်ရဲ့ အကွာအဝေး၊ တောက်ပမှု ၊ အချင်း စသည်တို့ကို ပိုမိုလေ့လာနိုင်စေမှာဖြစ်ပါတယ်။ ဘယ်ဖက်ခြမ်းမှာရှိတဲ့ ‘+’(2) ကိုတို့ထိပြီး အရာဝတ္ထုပေါ်တည့်တည့်ချိန်ကာ Zoom ကိုချိန်ကာ ဆွဲချဲ့ပါ။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် သင့်အနေနဲ့ ဂြိုဟ်တစ်လုံးနဲ့ပတ်သက်ပြီး အသေးစိတ်ပိုမိုကောင်းမွန်စွာမြင်တွေ့စေနိုင်မှာဖြစ်ပါတယ်။ Constellation(3) ကိုနှိပ်ပြီး ကြယ်စင်စုများရဲ့ ဂရပ်ဖစ်မျဉ်းချိတ်ဆက်မှုများကို မြင်တွေ့စေနိုင်မှာဖြစ်သလို အဆိုပါကြယ်စင်စုများမှာရှိတဲ့ ကြယ်များအားလုံးကိုမြင်တွေ့နိုင်စေမှာပါ။ ကြယ်တစ်လုံးကိုတို့ထိပြီး အဆိုပါကြယ်ရဲ့ အသေးစိတ် ဖော်ပြချက်များကိုမြင်တွေ့စေနိုင်မှာပါ။

    STEP 3
    ကျွန်ုပ်တို့အနေဖြင့် ယခုအခါ စနေဂြိုဟ်အားရှာဖွေမှာဖြစ်ပါတယ်။ Search icon (1) ကိုနှိပ်ပြီး Saturn ကိုတို့ထိပါ။ Android device တစ်ခုပေါ်မှာတော့ မိုက်ခရိုဖုန်းပုံ icon ကိုတို့ထိကာ ‘Fly me to the moon’ သို့မဟုတ် ‘Take me to Saturn’ လို့ပြောဆိုနိုင်ပါတယ်။ သေးငယ်သော Zoom icon(2) ကို တို့ထိကာ ဂြိုဟ်များပေါ်မှာရှိတဲ့အရာအတွေကို 3D မြင်ကွင်းနဲ့ အနီးကပ် ချဲ့ကြည့်နိုင်မှာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်စွာမြင်တွေ့နိုင်စေရန် zoom ကို ချုံ့၊ ချဲ့ ပြီး အထက်အောက် ပွတ်ဆွဲကာ ကြည့်ရှုနိုင်ပါတယ်။ ထိပ်ပိုင်းဘယ်ဖက်မှာရှိတဲ့ Play icon ကို တို့ထိပြီး စနေဂြိုဟ်နဲ့ သူ့ရဲ့ ဂြိုဟ် အရံလတွေကို animated movie များနဲ့ ကြည့်ရှုနိုင်စေမှာဖြစ်ပါတယ်။ Search icon ကိုတို့ထိပြီး Saturn ကို နောက်ထပ်တစ်ကြိမ် တို့ထိကာ သူ့ရဲ့ ဂြိုဟ်အရံလအားလုံးကိုမြင်တွေ့နိုင်စေမှာဖြစ်ပါတယ်။ ဂြိုဟ်အရံလ တစ်ခုခု(3) ကိုတို့ထိပြီး သူ့ရဲ့ပတ်ပတ်လည် စက်ဝိုင်းပုံလှည့်ပတ်နေတဲ့ ဂြိုဟ်များကို ကြည့်ရှုနိုင်စေမှာဖြစ်ပါတယ်။ ဘယ်ဖက်မှာရှိတဲ့ အပိုင်းကိုပိတ်ရန်အတွက် ပွတ်ဆွဲကာ အတွင်းသို့ထည့်သွင်းလိုက်ပါ။ ညာဖက်ခြမ်းက panel ကို ပိတ်ရန်အတွက် ထိပ်ပိုင်းမှာရှိတဲ့ Back ကိုတို့ထိလိုက်ပါ။

    STEP 4
    သင့်အနေဖြင့် ကြယ်တစ်လုံးကိုရှာဖွေချင်ပါက အောက်ခြေညာဖက်မှာရှိတဲ့ Search icon ကိုတို့ထိပါ။ Stars ကိုတို့ထိပြီး search bar(1) မှာ ကြယ်ရဲ့ အမည် (ဥပမာ ‘Betelgeuse’ ကဲ့သို့)ကိုရိုက်ထည့်ကာ ပေါ်လာမည့် autosuggest စာသားများထဲက ရွေးချယ်တို့ထိလိုက်ပါ။  သင့်ရဲ့ ရွေးချယ်ထားမှုကို ရှင်းလင်းရန်အတွက် ‘X’ ကိုတို့ထိပါ။ ယခုအခါမှာတော့ Constellations ကို တို့ထိပြီး အောက်ဖက်သို့ scroll ဆွဲကာ သင်မြင်တွေ့ချင်တဲ့ ကြယ်တာရာအုပ်စု(2) တစ်ခုကိုတို့ထိပါ။ App အနေဖြင့် အဆိုပါ ကြယ်တာရာအုပ်စုရဲ့ လားရာဖက်သို့ ညွှန်ပြပြီး ဘယ်ဖက်မှာ ယင်းနှင့်ဆက်နွယ်ပတ်သက်သော သတင်းအချက်အလက်များကိုလည်းပြသနေမှာဖြစ်ပါတယ်။ ဘယ်ဖက်မှာရှိသော panel ထဲမှ scroll down ဆွဲချကာ ကြယ်တစ်ခုကို တို့ထိပြီး ယင်းနှင့်ပတ်သက်သည့်ပိုမိုသော အကြောင်းအရာများကို ရှာဖွေနိုင်စေမှာဖြစ်ပါတယ်။ Messiers objects တွေက အထောက်အကူပါဘဲ မျက်လုံးနဲ့မမြင်နိုင်တဲ့ ဂလက်ဇီများနဲ့ ကြယ်စင်စုများကဲ့သို့သော အရာများစွာစုဖွဲ့ထားတဲ့ အစုအဖွဲ့များဖြစ်ပါတယ်။ Messiers(3) ကို နှိပ်ပြီး objects ပေါင်း 110 ထဲက တစ်ခုကိုတို့ထိကာ အဆိုပါ object ရဲ့ တည်နေရာနဲ့ ယင်းနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပိုမိုသိရှိနိုင်စေမှာဖြစ်ပါတယ်။

    STEP 5
    Calender(1) ကိုတို့ထိကာ နောက်လာမယ့် နက္ခတ္တဗေဒဆိုင်ရာ အဖြစ်အပျက်တွေနဲ့ပတ်သက်တာတွေကို သိရှိမြင်တွေ့နိုင်စေမှာဖြစ်ပါတယ်။ items(2) တစ်ခုခု ကိုတို့ထိပြီး View ကိုတို့ထိကာ အဆိုပါ event ကိုမြင်တွေ့နိုင်စေဖို့ သင့် device ကို ဘယ်နေရာသို့တိတိကျကျ ချိန်ရမလဲဆိုတာကို သိရှိနိုင်စေမှာဖြစ်ပါတယ်။ ဒါဟာ လတွေ၊ နေကြတ်တာတွေ၊ ဂြိုဟ်တာရာနှစ်ခု အလွန်နီးကပ်စွာဖြတ်သန်းသွားတာတွေ နဲ့ နေ၊ကမ္ဘာ နဲ့ အခြားသော ဂြိုဟ်တစ်ခုခုတို့ မျဉ်းဖြောင့်တစ်ကြောင်းတည်းပေါ်မှာကျရောက် တဲ့အခါ ဖြစ်ပေါ်လာတဲ့ ဆန့်ကျင်ဖက်စက်ဝိုင်းများ ဖြစ်ပေါ်မှု စတာတွေက ဘယ်နေရာ၊ ဘယ်အချိန်မှာဖြစ်ပေါ်လာမလဲဆိုတာတွေကို သိရှိနိုင်စေမှာဖြစ်ပါတယ်။ သင့်အနေဖြင့် အချို့သော နက္ခတ္တဗေဒဆိုင်ရာ အဖြစ်အပျက်များဖြစ်တဲ့ ဥက္ကာခဲ နှင့်ကြယ်တံခွန်များဖြတ်သန်းသွားလာမှုကဲ့သို့သော အဖြစ်အပျက်များကိုမြင်တွေ့နိုင်စေဖို့အတွက်ဘယ်နေရာကို ချိန်က ကြည့်ရှုရမလဲဆိုတာအတွက် အခကြေးငွေပေးဖို့လိုအပ်မှာဖြစ်ပါတယ်။

    STEP 6
    အတိတ်မှာရှိခဲ့သော ကောင်းကင်ကို ကြည့်ရှုနိုင်စေရန် panels များကိုပိတ်ပြီးနောက် ထိပ်ပိုင်းညာဖက်က အချိန်ကို တို့ထိပါ။ ယခုအခါမှာတော့ နှစ်များ (အနီရောင်ဖက်သို့ပြောင်းရန်) ကိုတို့ထိပြီး ညာဖက်မှာရှိနေသော slider (1) ကို အောက်ဖက်သို့ လျှင်မြန်စွာပွတ်ဆွဲပါ။ သင့်အနေဖြင့် ကောင်းကင်ဟာ လျှင်မြန်စွာဖြင့် app အတွင်းမှာ လှည့်ပတ်နေတာကိုတွေ့မြင်ရမှာပါ။  Slider လေးကို အပေါ်အောက် ပွတ်ဆွဲကာ အတိတ် သို့မဟုတ် အနာဂတ် အချိန်များ ကို နှစ်ပေါင်း ၁၀၀၀၀ စီ အကွာအဝေးအထိ ရွေ့လျားနိုင်စေမှာဖြစ်ပါတယ်။ Now(2) ကိုတို့ထိပြီး အတိတ်မှနေ၍ လက်ရှိ အချိန်နေ့ရက်အထိ ပြန်ထားနိုင်ပါတယ်။ သင့်ရဲ့ display settings များကို ပြောင်းလဲရန်အတွက် Settings icon(3) ကိုတို့ထိပြီး နောက် Display Settings ကို တို့ထိရမှာဖြစ်ပါတယ်။

    STEP 7
    Star Chart မှာပါဝင်သော အခြား လုပ်ဆောင်နိုင်စွမ်းတစ်ခုကတော့ ကမ္ဘာမှာရှိသော အခြားမြို့တစ်မြို့မှ နေ၍ ကောင်းကင်ကိုမြင်တွေ့နိုင်စေမယ့် feature ပဲဖြစ်ပါတယ်။ ယင်းကိုလုပ်ဆောင်ရန် အောက်ခြေညာဖက်မှာရှိတဲ့ Settings icon ကိုတို့ထိပြီး နောက် Location ကိုတို့ထိပါ။ 3D နဲ့မြင်ရမယ့် ကမ္ဘလုံးကိုလှည့်ပတ်ကာ သင်ရွေးချယ်မယ့် နိုင်ငံ(ဥပမာ သြစတြေးလျ) ဆီသို့သွားကာ zoom ချဲ့ပါ။ အဲဒိမှာရှိတဲ့ မြို့တစ်မြို့(ဥပမာ ဆစ်ဒနီ)(1) ကို တို့ထိပါ။ ထို့နောက် ထိပ်ပိုင်း ညာဖက်မှာရှိတဲ့ OK ကိုတို့ထိပါ။ ပြီးလျှင် ထိပ်ပိုင်းဘယ်ဖက်မှာရှိတဲ့ Back ကိုတို့ထိပါ။ သင့်ရဲ့ device ကို ကောင်းကင်သို့ချိန်ပြီး လှည့်ပတ်ကြည့ှ်ရှုတဲ့အခါ ဆစ်ဒနီရဲ့ညအခါ ကောင်းကင်မှာမြင်တွေ့ရမယ့် အခြေအနေကိုတွေ့နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ တည်နေရာကို reset လုပ်ရန်အတွက်  Settings icon ကိုတို့ထိပါ။ ထို့နောက် Location ကိုတို့ထိပြီး Satellite icon(2) အသေးလေးကို တို့ထိပါ။ ‘Update from GPS’(3) ကိုတို့ထိကာ ထိပ်ပိုင်းညာဖက်မှာ OK ကိုနှိပ်လိုက်ပါ။

    Credits

    No comments

    Post Top Ad

    Post Bottom Ad