လပြည့်ညတစ်ည ၏ ခြောက်ခြားဖွယ်ရာ
(လပြည့်ညတစ်ည ၏ ခြောက်ခြားဖွယ်ရာ) ( စ/ဆုံး)
လပြည့်နေည ကျန်တော်တို့သူငယ်ချင်း တစ်စု ကျန်တော်တို့ရွာနဲ့ ၄မိုင်လောက်အကွာက ညောင်ပင်သာရွာ မှ အငြိမ့်ကြည့်ကျတယ် ကျန်တောတို့ အုပ်စု ၇ယောက်လောက်ရှိတယ်ဆိုတော့ ကျန်တော့သူငယ်ချင်းတို့အိမ်က နွာလှည်းနဲ့ပေါ့လှည်းဆရာကတော့ လှည်းပိုင်ရှင် မောင်အေးပေါ့ ဒီလိုနဲ့ ညောပင်သာရွာက ကအငြိမ့်ကြည့်ပြီးအပြန် လမ်းမှာသူငယ်ချင်းတွေ ထုံစံအတိုင်း သရဲအကြောင်းပြောကျတယ်ပေါ့ ကျန်တော်အထဲ မိန်းခလေးသူငယ်ချင်း ၃ယောက်လောက်ပါတယ် သူတို့ကတော့ ကြောက်ကြတာပေါ့ လပြည့်နေ့ဆိုတော့ ဘေးရှိ သစ်ပင် အိုကြီးတွေရဲ့အရပ်တွေက တစ္တေကြီးတွေအလား ထင်ယောင်စေတယ်လေ သရဲအကြောင်းပြောလို့ပိုအရသာရှိသာပေါ့.....ဟဲ့ နင်တော်ကလည်း တော်တော့ ငါကြောက်လာပြီ ငါကြားဖူးတယ် သူတို့အကြောင်းပြောရင်သူတို့က သိတယ်တဲ့ ပြီးတော့ ဒီညက လပြည့်ညမလား လပြည့်နေ့ဆို သရဲတစ္တေနာနာဘာဝတွေ မြူးတဲ့နေ့တဲ့....ကျန်တော်တို့အထဲတွင်အကြောက်တက်ဆုံး ချစ်စုမ က ပြောသည်။ ဟာ ဘာလည်းဒီလောက်လူတွေအများကြီးနင်ကကြောက်နေတာလား ကျော်ကျော်က ၀င်ပြောလိုက်သည်။ ဒီလိုနဲ့ ရွာအကျော် သချိ င်္ုင်းကုန်းနားလည်းရောက်ရော ပတ်ဝန်ကျင်က သာမန်မဟုတ် ပိုမိုတိတ်ဆိတ်နေသလိုခံစားရတယ် နောက်ပြီး လေ မတိုက်ပဲ သစ်ပင်တွေ က ယိမ်းယိုင်နေသယောင်ယောင် ကျန်တော့တို့သူငယ်ချင်းတွေ အကြည့်စုံမိကြတယ် နွားတွေက ဆက်မသွားတော့ပဲရပ်နေတယ် နှင်တံ နဲ့ ရိုက်တာတောင် ပေကပ်ကပ်လုပ်ပြီးရပ်နေတယ် ပြီးတော့ နွားတွေက ရှေ့မဆက်ပဲ အတင်းရုံးနေတယ် တစ်ခုခုကိုတွေ့လို ကြောက်နေကျပုံပဲ အဲ့အချိန် အကြောက်တက်ဆုံးချစ်စုမက တွေ့လားငါပြောထားပဲ ပြောပါနဲ့ဆို အခုတော့ ဖြစ်ပြီ စကားပင်မဆုံးသေး သင်ချိ င်္ုင်းကုန်းဘက်မှ ခွေးတွေ ရဲ့ ဆွဲဆွဲငင်ငင်အူသံတွေကြားလိုက်ရတယ် ဟာ ဘယ်ပြောကောင်းမလည်း တစ်ကိုယ်လုံး ကြက်သီးမွေးညုင်းတွေထပြီး ခေါင်းတွေဘာတွေကြီးကုန်ကျတာပေါ့ နွားတွေလည်း အတင်းရုံးကန်ကုန်တယ် ပြီးတော့ နွားလှည်းအရှေ့မှာ မဲမဲကြီးနာနာဘာဝအကောင်ကြီးရောက်နေတယ် သူကဖြေးဖြေးချင်းကြီးလာတယ် နောက်တော့ ထန်းပင်လောက်ကြီးဖြစ်သွားတယ် ပြီးတော့ ပျောက်သွားပြီး ကျန်တော်တို့သူငယ်ချင်းထဲက မိအေးကို ၀င်ပူးတယ် ကြောက်စရာကြီးဗျာ မျက်ဖြူကြီးစိုက်ပြီး အသံက ယောက်ကျားအသံကြီးလို ဖြစ်သွားတယ်. ....
နင်တို့ကိုငါ့တို့လောကသားအကြောင်းကို စီးမရှိကမ်းမရှိပြောနေတာ ငါတို့အကုန်ကြားတယ် ဒီညလပြည့်နေ့ ငါတို့တွေမြူးတဲ့နေ့ပဲ ဟားဟားဟားဟား.....
အသံနက်ကြီးနဲ့ အော်ရယ်နေတာဗျာ ကြောက်စရာ အဲ့လိုအော်ရယ်နေတုန်း ဘေးက စံပယ်က သူ့မှာပါလာတဲ့ သူဆွဲထားတဲ့ ပရိတ်ကြိုးလေးနဲ့ ပတ်ပေးလိုက်တော့မှ ပူတယ်ပူတယ်ဆြို့ပီးငြိမ်ကျသွားတော့တယ် အကုန်လုံးကြောက်နေကျတယ် မကြာခင်ပဲ နွားတွေက အော်တော့တယ် ပြီးတော့ ခုံတယ် ဒါနဲ့ အကုန်ပြုတ်ကျကုန်ရော ပြီးတော့နွား၂ကောင်ရဲ့မျက်လုံးတွေက နီရဲပြီး ကျန်တော့တို့ကို အတင်းတိုးခွေ့မဲ့အတိုင်း ကျန်တော်တို့လည်း ပြေးမိပြေးရာပြေးကျတာ သချိ င်္ုင်ထဲရောက်ကုန်တယ် မှန်တိုင်တွေ မြေမို့မို့လေးတွေ အုပ်ဂူုဖြူဖြူတွေက လရောက်အောက်မှာ ထင်းနေတာပဲ လုပ်လုပ် လုပ်လုပ် နဲ့. အလောင်းကောင်တွေပဲ ထလာတော့မလိုနဲ့ ခွေးတွေကလည်းဆက်တိုက် အူနေတယ် ကျန်တော်တို့သူငယ်ချင်းတွေလညိးပြေးကျတာပေါ့ မိန်းခလေးတွေကတော့ ငိုနေကျတယ် ဘုရားစာဆိုတာလည်း ဘယ်နေရကနေ စရမှန်းကိုမသိတော့တာ ဒီလိုနဲ့ပြေးရင် သချိ င်္ုင်းအနောက်ဘက် တောထဲရောက်သွားတာ တောထဲ တော်တော်လေး အထဲရောက်မှ သတိထားမိတယ် မောကလည်းမော အခုမှမောမှန်းသိတယ် ခနအမောဖြေနေကျတုန်း လူခြေသံတွေကြားရတယ် အသံကြားပုံထောက် တော်တော် များမယ် လူတွေ စကားပြောသံလည်းကြားရတယ်နောက်အသံကတဖြေးဖြေးနီးလာတယ် နောက်မီးရောင်တွေပါမြင်ရတော့ ကျန်တော်တို့ အရမ်းပျော်သွားကျတယ် ဟုတ်တယ် လူတွေအများကြီး မီးတုတ်တွေဝတ်ကောင်းစားလှတွေနဲ့ ကျန်တော်တို့လည်း အကူညီရလိုရညား သွားကျတာပေါ့ ဒါနဲ့ ကျန်တော်က......ဗျို့..နှောင်ကြီးတို့ ဘယ်သွားကျမလို့လည်း ကျန်တော်တို့ ဒုက္ခရောက်နေလို့ပါ ကူညီပါအုံး တောထဲ လည်း လမ်းပျောက်နေလို့ပါ....
အော် အေအေ ဒါဆိုတို့အဖွဲနဲ့လိုက်ခဲ့လေ တို့က အရှေ့ဘက်ရွာက. ပွဲလမ်းသဘင် သွားမလို့ကွယ့် လာလိုက်ခဲ့. ....
ဒါနဲ့ကျန်တော်တို့လည်း ဘာမှမတက်နိုင်တော့ လိုက်သွားကျတယ် လမ်းတောင်သိပ်မလျှောက်လိုက်ရဘူး ရရှေ့မှာ ပွဲသံတွေကြားတယ် စဉ်းစားမိတယ် လပြည့်ဆိုတော့ အနီးနားရွာတွေပွဲလုပ်တယ်ပဲပေါ့ စံပယ်က. .....ဟဲ့ ငါတို့ ကို ရွာက အဘကမျှော်နေတော့မှာပဲ စိတ်ညူစ်တယ်....
နင်တို့ကလည်း ငါတို့လည်းမတက်နိုင်ဘူးလေး မနက်မှရှင်းပြလိုက်တော့ အခုတော့အရှေ့ရွာမှာပဲ အိပ်လိုက်ကျတာပေါ့ ပြန်ရင် ဟို နာနာဘာဝတွေက လိုက်နှောက်ယှက်နေအုံးမယ်.........
အရှေ့ရွာလညိးရောက်ရော တွေ့သမျှ လူတွေအကုန်လုံး ၀တ်ကောင်းစားလှတွေ လက်ဝတ်လက်စားတွေ နဲ့ တော်တော် သားနားနေကျတယ် ပွဲကလည်းစီလိုက်တာ မီးတွေလည်းရောင်စုံလင်းလက်နေတယ် ကျန်တော်တို့သူငယ်ချင်းတွေ အကုန် ကြောက်စိတ်တွေပျောက်ပြီး ငေးမောနေကျတယိ ဒါနဲ့ ကျန်တေိာတို့ကိုခေါ်လာတဲ့ ဦးလေးက...... ကယ် မောင်ရင်တို့ ပွဲထဲလည်ကျ ပြီးရင် ဦးလေးတို့ အမျိုးအိမ်မှာ ဒီည တည်းကျ မတည်းချင်ရင်လညိး ဦးလေးတို့နဲ့ ညလုံးပေါက် နှစ်ပါးသွားအငြိမ့်ကြည့်ကျ. ...
.ကျန်တေိာတို့လည်းပင်ပန်းတာနဲ့ ပွဲလည်ပြီး ဦးလေးရဲ့အမျိုးအိမ်မှာအိပ်လိုက်ကျတယ် အိမ်ကြီးက ပျင်ထောင်အိမ်ကို ရေနံချေးတွေ ၀နေအောင်သုတ်လိမ်းထားတဲ့ ၂ထပ်အိမ်ကြီး အိမ်ထဲမှာလည်း လင်းထင်းနေအောင် ရေနံမီးတွေထွန်းထားတယ် အယ် ထူးခြားတာက အိမ်မှာ ဘုရားစဉ်မရှိဘူး ဗုဒ္ဓဘာသာတွေ ပါပဲ ကျန်တော်လည်း ဘာမှမတွေးတော့ပဲ နေလိုက်တယ် နည်းနည်းကြာတော့ အဲ့ဦးလေးရဲ့ တူမ ထမငိးစားဖို့ ကျန်တော်တို့ကိုလာခေါ်တယ် ဟာဗျာ သူ့သူမက ချောချက် နတ်သမီးလေးအတိုင်းပဲ ဒါပေမယ့် ကျန်တော်ရယ် မောင်အေးရယ်သူငယ်ချင်းကောင်မလေး၃ယောက် မစားခဲ့ပါဘူး ကျန်တဲ့၂ယောက် ကျော်ကျော်နဲ့ ဖိုးစီက ဖွန်ကြောင်ပြီးစားလိုက်တယ် ဒီလိုနဲ့ ကျန်တော်တို့တွေ အိပ်လိုက်ကျတယ် အိပ်လို့ကောင်းလိုက်တာ မိုးလင်းထိပဲ အိပ်ငွေ့အချခံထားရတဲ့အတိုင်းပဲ မိုးလင်းမျက်လုံးနှစ်လုံးဖွင့်တော့ ကျန်တော် မြင်လိုက်ရတာက ညကမြင်ရတဲ့ အိမ်မျက်နှာကြပ်မဟုတ်ပဲ သစ်ပင်ခြောက်ကြီး ဒါနဲ့ ကျန်တော် ဘေးဘက် လေးလံကြည့်လိုက်တော့ အုပ်ဂူအပျက်တွေ မြေပုံတွေ မှတ်တိုင်တွ ကျန်တော်အရမ်းလန့်သွားတယ် ထတောင်ခုန်မိသေးတယ် ကျန်တော် အိပ်နေတာအုပ်ဂူတစ်ခုအပေါ် ကျန်တော့သူငယ်ချင်းတွေလည်ယကျန်တော့လိုပဲ မြေပုံပေါ်အိပ်နေတဲ့သူကအိပ် အုပ်ဂူပေါ်အိပ်တဲ့သူကအိပ် ကျန်တော် အကုန်လိုက်နိုတော့ အကုန်လန့်ကုန်ကျတယ် ဘာတွေဖြစ်ကုန်တာလည်း......
မိအေးက ဒါ...ဒါ ဒါဆို ငါကြားဖူးတာဟုတ်နေပြီ......
ဘာကြားဖူးတာလည်းဟ......
ငါ ငါ ငါတို့တွေ့ခဲ့တာ ညက ကျတ်တွေမှင်စာတွေပေါ့ ကျတ်ကုန်ပေါ့ဒါဆိုဒီနေရာက ညကတွေ့တာတွေလည်း နာနာဘာဝ ကျတ် တွေ သဘတ်တွေ မှင်စာတွေ အသူသကယ်တွေ ပြိတ္တာတွေပေါ့...
ဖိုးစီက ဒါဆို ငါတို့ညကစားတာတွေက စာအုပ်တွေထဲကလို လောက်တွေ အပုတ်အတိုးတွေပေါ့........အားးးး
အော်သံနဲ့အတူ အားလုံးထွက်ပြေးကျရင်း သချိ င်္ုင်းကုန်အပြင်ဘက် ကိုရောက်တော့ လယ်ကွင်ထဲအားလုံးဖျက်ပြေးရင်း လယ်သမားတွေနဲ့တွေ့အကြိုးအကြောင်းပြောပြလိုက်တယ် သူတို့ကလည်း သိပုံရတယ် ဟုတ်တယ် ဒီနေရာက ကြမ်းတယ်တဲ့ အဲ့သချိ င်္ုင်းက အသုံးတာကြာပြီတဲ့ ဒီသချိ င်္ုင်ရှိတဲ့လမ်းက ဘယ်သူမှမဖျက်ဘူးတဲ့ နေ့လယ်တောင် မဖြတ်ကျဘူးတဲ့လေ ရွာတောင်ဘက်လမ်းကပဲ ဖြတ်ကျတာတဲ့ ညကကျန်တော်တို့လမ်းမှားလာကျတာမှန်းအခုမှသိတော့တယ်ဲ့ညောင်ပင်သာရွာက ရွာသားတွေ ကျန်တော်တို့နွားလှည်းကိုရွာပြင်မှာတွေ့လို ရွာဦးကျောင်းမှာသိမ်းထားပေးတယိတဲ့ ပြီးတော့ကျန်တော်တို့ ရွာကိုလည်း သူတို့အကူညီနဲ့ပြန်လာခဲ့ကျတယ်။
ရွာရောက်တော့ ထင်တဲ့အတိုင်း လူကြီးတွေစိတ်ပူနေကျတယ်ဒါနဲ့အကျိုးအကြောင်းရှင်းပြလိုက်တော့ ကျန်တေိာတို့ကိုပိုပြီးစိတ်ပူသွားကျတယ် ဒီလိုနဲ့ ကျန်တော်တို့ယောက်ကျားလေး ၄ယောက်ကို သင်္ကန်းစီးပေးလိုက်တယ် မိန်းခလေး၃ယောက်ကတော့ ဆံပင်ကတုံးမတုံးချင်လို့ ရွာဦးကျောင်းမှာ ယောဂီဝင်လိုက်ကျတယ်။ ဒါပင်မယိ့ အဲ့နေ့ညတစ်ညတာကိုတော့ ဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူး။
...........The End.........
Credits
No comments