မြိုင်မဟာ ဓာတ်ရှင်(ဇာတ်သိမ်းပိုင်း)
မြိုင်မဟာ ဓာတ်ရှင်(ဇာတ်သိမ်းပိုင်း)
လူမိုက်တို့၏သွားရာလမ်းနှင့် ဖိုဝင်ခြင်း
{၂၉}
အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသော ကြောက်ဖွယ်လူသားများပင်။မိုးကလေးတို့ဆီရာသို့. တစ်ဟုန်ထိုး ပြေးချလာနေသော ထိုလူနက်များ၏ နောက်တွင်လည်း
ကောင်းကင်ကြီးမဲမှောင်၍ပါလာလျက်။မိုးကလေးလည်း
ထိုအခြေအနေကြောင့် နှောင်းရဲ့လက်အားဆွဲကာ ခြေဦးတည့်ရာ ပြေးထွက်တော့သည်။
"နှောင်း လက်ကိုမလွှတ်နဲ့နော် "
"ဝီ..ဝီ"
"ဟားဟား ဟားဟား"
လေကြမ်းများနှင့်အတူ
ချုံနွယ်များကြား နောက်မှလိုက်လာနေကြသောသူများလက်မှ လွှတ်အောင်ပြေးထွက်ကြပါသော်လည်း အနောက်မှပါလာသည့်သူများမှာတော့ မမောပန်းတတ်ကြသူများကဲ့သို့အရှိန်ကုန်ပြေးလိုက်နေကြသည်။တစ်ဖြည်းဖြည်း မီလုအချိန်သို့ရောက်သော် မိုးကလေး နှောင်းရဲ့လက်အားလွှတ်လိုက်ပြီး
"နှောင်း ပြေးတော့ နောက်ကိုလုံးဝလှည့်မကြည့်နဲ့ မြိုင်ကြီးဂူကိုအရောက်ပြေး"
"ဟင့်အင်း မိုး မပါဘဲ နှောင်းဘယ်ကိုမှမသွားဘူး"
"မိုး အတွက် စိတ်မပူနဲ့ ပြေးတော့ နှောင်း အချိန်မရှိဘူး"
"ဟင့်အင်း ဟင့်အင်း"
"သွားပါ နှောင်းရယ် မိုးကိုချစ်ရင် မြန်မြန်ပြေးပါတော့နော်
သွား သွား"
မိုးကလေး နှောင်းအားချော့မော့၍ အတင်းတွန်းလွှတ်လိုက်မှ နှောင်းလည်း မိုးကလေးအားလှည့်ကြည့်လှည့်ကြည့်ဖြင့် မိုးကလေးနံဘေးမှ ပြေးထွက်သွားတော့သည်။
တစ်ယောက်တည်းကျန်ရစ်ခဲ့သော မိုးကလေး ကား ပြေးလာနေသော လူနက်ကြီးများရှေ့၌ မကြောက်မရွံထီးထီးကြီးရပ်ကျန်ခဲ့လျက်။ထိုလူအုပ်ကြီး
မိုးကလေးဆီသို့ရောက်သော်
"အားး!!"
########
"ဝှစ်...."
"ဖလပ်ဖျတ်"
"ဒုတ်!"
တစ်ယောက်တည်းဆေးမြစ်ရှာနေသည့် မင်းသီဟ၏ နောက်မှ လေတိုးသံတစ်ခုကြောင့် မင်းသီဟလည်း ဖျတ်လတ်စွာပင်ခုန်ရှောင်လိုက်သည်။ထိုလာနေသော အသံကား မြှားတစ်ချောင်းပင်ဖြစ်၍ မင်းသီဟ၏ ရှေ့မှသစ်ပင်သို့ ဖောက်ဝင်သွားသည်။မြှားအရင်းတွင်တော့ စာလေးတစ်စောင်ပူးတွဲချည်ပေးထားလေသည်။
မင်းသီဟလည်း မြှားမှစာအားယူထုတ်၍ ဖွင့်ဖတ်လိုက်ပြီး
""ဟာ"""
အာမေဍိတ်သံနဲ့အတူ စာအားပစ်ချထားခဲ့ပြီး တောင်အောက် မြိုင်ကြီးဂူရှိရာသို့အပြေးဆင်းချလာတော့သည်။
စာတွင်ရေးထားသည်မှာ
"ကဲ မင်းသီဟ
မင်းရဲ့ ဧည့်သည်ကို
ငါတို့ဖမ်းခေါ်ခဲ့ကြပြီ
အသက်ရှင်လျက်ပြန်လိုချင်တယ်ဆိုရင်တော့
ဒီည သန်းခေါင်ယံ
မြိုင်မဟာ ဓာတ်ရှင်လုံးနဲ့ လာလှဲပါ
ယက္ခ"
ဟူ၍ဖြစ်ပေသည်။စာတွင်ပါသည့်အကြောင်းအရာကြောင့် မင်းသီဟလည်း စိတ်ပူစိတ်နဲ့အတူ မြိုင်ကြီးငူသို့
အပြေးပြန်လာခဲ့သည်။မြိုင်ကြီးငူတွင်တော့ နှောင်းကအရင်ရောက်နှင့်နေပေပြီ။ဂူအတွင်းရှိရှိသမျှလူတွေအားလုံးကား စိုးရိမ်ပူပန်နေကြသောမျက်နှာများဖြင့်။ထိုအထဲရှိ အဆိုးဆုံးမှာ ကျွန်ုပ်ပင်ဖြစ်နေချေတော့သည်။
မင်းသီဟရောက်လာလေတော့ ကျွန်ုပ်လည်း ကပျာကယာဖြင့်ပင်
"လုပ်ပါအုံး မင်းသီဟ ရယ် ကျွန်ုပ်တပည့်ကိုကယ်ပါအုံး"
"စိတ်အေးအေးထားပါ ဦးဂွတ် ကျွန်တော် အတတ်နိုင်ဆုံး
မိုးကလေးကိုကယ်ပေးပါ့မယ် နှောင်း မိုးကလေးနှင့်အတူတူတောထဲမှာဘာတွေဖြစ်ပျက်ခဲ့ကြလဲ"
"ဟို ဟို ..နှောင်းနှင့်မိုး တောထဲမှာ ဆေးမြစ်ရှာနေတုန်း
ဝတ်စုံအနက်တွေဝတ်ထားတဲ့ လူတွေ နှောင်းတို့ဆီပြေးလာတာ အဲဒါ နှောင်းနှင့်မိုးလည်း ကြောက်တာနဲ့
လက်တွဲပြီးပြေးတယ် ဒါပေမယ့် အဲဒီလူတွေက မြင်းထက်တောင်မြန်သလိုပဲ့ အစ်ကို နောက်ဆုံး မီလုလုကိုရောက်လာတော့ မိုးကနှောင်းကိုပြေးခိုင်းပြီး ကျန်ရစ်ခဲ့တယ်
မိုးတစ်ယောက် အသက်တောင်ရှိသေးရဲ့လား မသိပါဘူး
အကိုရယ် အဟင့်"
"ဒီလောက်လည်း စိတ်မကောင်းမဖြစ်ပါနဲ့ သမီးရယ်
သူတို့ မောင်မိုးကလေးကို အသက်အန္တာရယ်ဖြစ်အောင်လုပ်လို့မရပါဘူး အဘကုပေးထားတဲ့ဆေးမြစ်က နယ်နယ်ရရမှမဟုတ်တာ"
"တကယ်လားဟင် အဘ"
"ဒါပေါ့ သမီး ဒါနဲ့ သူတို့က ဘာကြောင့်ဖမ်းခေါ်သွားရပါလိမ့်"
"မိုးကလေး ကိုဖမ်းခေါ်သွားပြီး ကျွန်တော့်ဆီ မြှားတစ်စင်း
နှင့်စာတစ်စောင်ရောက်လာခဲ့တယ် အဘ မိုးကလေးကို
မယ်တော်ကြီးပေးထားတဲ့ ဓာတ်ရှင်နဲ့ ဒီညသန်းခေါင်ယံအချိန်မှာ လာလှဲပါတဲ့"
"ဒါမှဒုက္ခပါပဲ့ မင်းသီဟ ဒီည တပေါင်းလပြည့်ညဖြစ်လို့အဘ ဖိုဝင်ဖို့စဉ်းစားထားတာ အဘရဲ့ ကျင့်စဉ်တွေလည်း ဒီည ပြီးဆုံးပြီလေ မယ်တော်ကြီးကလည်း
ဒီ ဓာတ်ရှင်လုံးကို အဘဖိုဝင်ရင် အန္တရာယ်ကင်းအောင်လို့ပေးထားတာ"
"ဒီအတွက်မပူပါနဲ့ အဘ အဘရဲ့ ဖိုဝင်တဲ့ကိစ္စကိုဒီညအောင်မြင်အောင်သာဆောင်ရွက်ပါ ဓာတ်ရှင်လုံးလည်း
သူတို့ကိုပေးစရာမလိုပါဘူး မိုးကလေးကို ကျွန်တော် မရရအောင်သွားကယ်မယ်ဗျာ"
"ဖြစ်ပါ့မလား "
"ဖြစ်ပါတယ် ဦးဂွတ် အရင်ဆုံး သူတို့ဆီကို ဓာတ်ရှင်လုံး
မပေးနိုင်တဲ့အကြောင်း စာပြန်ပို့ရလိမ့်မယ်"
"ဟင် ဒါ ဒါဆို မိုးကလေး ကိုသူတို့သတ်မှာပေါ့"
{၃၀}
"စိတ်မပူပါနဲ့ ဦးဂွတ် အဘပြောထားသလိုပဲ့ သူတို့ မိုးကလေးကို အသက်အန္တာရယ်ပြုလို့မရပါဘူး မိုးကလေးကို
ကုပေးထားတဲ့ ဆေးမြစ်က တောတောင်စောင့်နတ်တွေ စောင်မ ထားတာ ကဲ ကြာပါတယ်ဗျာ နေလည်းစောင်းပြီ
ကျွန်တော်သူတို့ဆီ စာတစ်စောင်အရောက်သွားပို့ရမယ်"
"သတိလည်းထားနော် မင်းသီဟ"
ကျွန်ုပ်ရဲ့ သတိပေးစကားအဆုံး၌ မင်းသီဟလည်း ဂူအပြင်သို့်ပြေးထွက်ကာ တောအုပ်အတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ကြောင်ပျံအစွမ်းရှိသောမင်းသီဟကား ဝတ်ရုံအနက်ရောင်နှင့်အတူ မျက်နှာ၌ နှာခေါင်းဖုံးလောက်အထိ အဝတ်စအနက်ရောင်ဖြင့်စည်းထားသည်။ကျောတွင်လည်း ဓားရှည်တစ်ချောင်းသိုင်းလွယ်ထားကာ နေဝင်လုအချိန် စတင်အသက်ဝင်လာသော ကြောင်ပျံအစွမ်းနှင့်အတူ သစ်ပင်များပေါ် လျင်မြန်စွာတွယ်တက်ပျံသန်းရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
############
မြိုင်ကြီးဂူနဲ့ မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်အောက်၌ သစ်ပင်အား အကာအကွယ်ယူကာ မြိုင်ကြီိးဂူသို့ စူးစိုက်ကြည့် ၍ အကဲခပ်လေ့လာနေသော လူတစ်ယောက်ရှိနေသည်။အချိန်ကား မှောင်ရီပျိုးစ ဖြစ်၍ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေ၏။ထိုအကဲခပ်ကြည့်နေသူမှာလည်း မျက်တောင်ပင်တစ်ချက်မခပ်သည့်အလားပတ်ဝန်းကျင်အခြေအနေကိုပင် သတိမထားမိသည့် ပုံစံပင်။ထိုအချိန်တွင်ပဲ့ သူ၏ အနောက်ဆီမှ လူတစ်ယောက် သစ်ပင်ပေါ်မှ ခုန်ချလာလေသည်။တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကြောင့်
ခုန်ချလာသည့်အသံကား ကျယ်လောင်လှ၍ ချောင်းကြည့်နေသူမှာလည်း သူခိုးလူမိသလို နောက်သို့ပြာပြာသလဲလှည့်ကြည့်လိုက်သည်။
"ရှင် ရှင်ဘယ်သူလဲ"
ထိုချောင်းကြည့်နေသူကား ခင်နွဲ့ရီပင်ဖြစ်ပေ၏။သစ်ပင်ပေါ်မှခုန်ချဆင်းလာသူမှာတော့ ကြောင်ပျံမင်းသီဟပင်။မျက်နှာ၌ အဝတ်စည်းထား၍ ခင်နွဲ့ရီ မင်းသီဟအား မမှတ်မိပါချေ။ထိတ်လန့်စိတ်နဲ့အတူ မေးလိုက်သော ခင်နွဲ့ရီ၏ အမေးအား မင်းသီဟပြန်မဖြေဘဲ ခင်နွဲ့ရီဆီသို့တစ်ဖြည်းဖြည်းလျှောက်လှမ်းလာလေသည်။ခင်နွဲ့ရီမှာလည်း
ကြောက်လန့်၍ နောက်သို့ နဲနဲချင်းဆုတ်နေမိ၏။သို့သော်လည်းမင်းသီဟ၏ ခြေလှမ်းကား ပို၍မြန်ဆန်နေ၍ ခင်နွဲ့ရီ၏ ရှေ့သို့နီးကပ်စွာရောက်ရှိသွားလေသည်။ထိုနောက်ခင်နွဲ့ရီ၏ ရှေ့၌ ရပ်လိုက်ပြီး မျက်နှာမှ အဝတ်စအားဆွဲဖယ်လိုက်သည်။
"ဟင် ရှင် ရှင်"
"ဘာလို့ဒီလောက်တောင် လန့်နေရတာလဲ
မင်းနဲ့ငါကခုမှစမြင်ဖူးတာမှမဟုတ်တာ"
"ဟို..အဲ ရုတ် ရုတ်တရက်ဆိုတော့ လန့် လန့်"
"တော်တော့ မင်းငါ့ကို လိမ်ညာဖို့ စဉ်းစားမနေပါနဲ့တော့
မင်းအကြောင်းငါအကုန်သိတယ်"
"ရှင်.."
ပတ်ဝန်းကျင်တစ်ခွင်၌ အမှောင်ရိပ် စတင် ကြီးစိုးလာပြီဖြစ်၍ မဟာမြိုင်တောကြီးသည်လည်း
ပို၍ ပို၍ မှောင်မည်းလာနေ၏။
"မင်းရဲ့အဖွား က မင်းကို အခြေအနေလာကြည့်ခိုင်းတာမလား"
"ဟုတ် ဟုတ်ပါတယ်ရှင်"
ခင်နွဲ့ရီ ကား မင်းသီဟမေးသမျှ မျက်နှာငယ်လေးဖြင့်သာ
ဖြေနေမိသည်။မင်းသီဟလည်း အိပ်ကပ်ထဲ မှ တစ်ခုခုအားဆွဲထုတ်လိုက်ပြီး
"ရော့ ဒီမှာ မင်းအဖွားကိုပေးဖို့စာ ငါတို့ ဒီည ဓာတ်ရှင်
လာမပေးနိုင်တဲ့အကြောင်းရေးထားတယ်"
"ရှင်...အဲဒီလိုတော့မလုပ်ပါနဲ့ရှင် သူတို့တောင်းတာကိုသာ
ပေးလိုက်ပါ မဟုတ်ရင်တော့ ရှင်တို့ဆီကို မထင်မှတ်ထားတဲ့အန္တာရယ်တွေ ရောက်လာလိမ့်မယ်"
"ဘာလဲ မင်းကငါ့ကိုခြိမ်းခြောက်နေတာလား"
"မဟုတ်ပါဘူး ကျွန်မက"
ခင်နွဲ့ရီ စကားအားဆုံးအောင်မပြောသေးဘဲ မင်းသီဟ၏ မျက်နှာအား ရီဝေစွာကြည့်လိုက်သည်။ထိုနောက် မပွင့်တစ်ပွင့်လေသံဖြင့်
"ရှင့်အတွက် စိတ်ပူလို့ပါ"
"တော်စမ်းပါကွာ မင်းနဲ့ငါက ဘာသက်ဆိုင်လို့စိတ်ပူနေရတာလဲ"
မင်းသီဟ နောက်သို့လှည့်၍ ကျယ်လောင်စွာပြောလိုက်သည်။သို့သော်လည်း ခင်နွဲ့ရီဆီမှ မည်သည့်အသံမျှပြန်မလာဘဲခေါင်းလေးသာငုံ့နေ၏။
"ဒါနဲ့ နေပါအုံး မထင်မှတ်ထားတဲ့ အန္တရာယ်ဆိုတာကဘာကိုဆိုလိုတာလဲ"
"ကျွန်မတို့ဆီမှာ လူရိုးတွေနဲ့စီမံထားတဲ့ မိစ္ဆာတွေ တစ်ရာထက်မနည်းရှိပါတယ် ဒီည ရောက်လို့မှ ဓာတ်ရှင်လာမပေးရင် မယ်မယ်ကြီးက အဲဒီမစ္ဆာတွေနဲ့ လာတိုက်ယူမယ်လို့ ပြောနေပါတယ်"
"ကောင်းပြီလေ အခုလိုပြောပြလို့ကျေးဇူးတင်ပါတယ်
ဘယ်လိုပဲ့ဖြစ်ဖြစ် ငါတို့ကတော့ ဓာတ်ရှင်မပေးနိုင်ဘူးလို့
မင်းမယ်မယ်ကြီးကိုပြောလိုက်ပါ မင်းမယ်မယ်ကြီးရဲ့
မိစ္ဆာတွေ ဘယ်လောက်များများ ငါ့တစ်ယောက်တည်း
ရင်ဆိုင်မယ်လို့ပါ တစ်ဆက်တည်းပြောခဲ့လိုက်"
မင်းသီဟရဲ့ စကားအဆုံး၌ ခင်နွဲ့ရီ၏ မျက်နှာမှာလည်း
စိုးရိမ်ခြင်း၊ဝမ်းနည်းခြင်း မသဲကွဲသည့် ပုံရိပ်များဖုံး
လွှမ်းသွားကာ မင်းသီဟရှေ့မှ တဖြည်းဖြည်းထွက်ခွာသွားတော့သည်။
"ဟေ့ နေအုံး မင်းတို့ မိုးကလေးကို ဘာတွေလုပ်ထားသေးလဲ"
{၃၁}
"ဘာမှမလုပ်ထားပါဘူး ကောင်းကောင်းမွန်မွန်ပဲ့
ထိန်းသိမ်းထားပါတယ်"
"အေးလေ မိုးကလေးသာ တစ်ခုခုဖြစ်လို့ကတော့
မင်းတို့အားလုံး မလွယ်ဘူးမှတ် ရော့ ဒီမှာ နောက်ထပ်စာတစ်စောင်"
"ဒီစာက?"
"ဒီစာက မင်းအတွက်ပါ"
"ရှင် ကျွန်မအတွက်ဟုတ်လား"
"မယူဘူးလား လက်ညောင်းနေပြီ"
နှောင်းလည်း ကြောက်ကြောက်နဲ့ပင် မင်းသီဟလှမ်းပေးနေသော သူမအတွက်ဆိုသည့်စာအားမဝံ့မရဲလှမ်းယူလိုက်သည်။ထိုနောက် ဖွင့်ဖတ်မည် အလုပ်
"ဟေ့ ဒီစာက ဒီမှာဖတ်ဖို့မဟုတ်ဘူး မင်းရဲ့ဘေးမှာဘယ်သူမှမရှိတဲ့အချိန်ကျမှ ဖတ်ပါ ဒီစာက မင်းအတွက်ရောငါ့အတွက်ပါ အရေးကြီးတယ်"
"ဘာများအရေးကြီးတဲ့စာမိုလို့လဲ"
"ငါပြောတဲ့အချိန်ရောက်တော့ ဖတ်ကြည့်ပေါ့ကွာ"
မင်းသီဟလည်း ဘုဆပ်ဆပ်ပင်ပြော၍ သစ်ပင်တစ်ပင်သို့တွယ်တက်ကာ တစ်ပင်မှတစ်ပင်သို့ ခုန်ကူးပျံသန်းသွားလေတော့သည်။
#######
အမှောင်ရိပ်များ မြိုင်မဟာတောနက်အတွင်းသို့ကြီးစိုးလိုက်သည်နှင့် ပြည့်ဝန်းဖြိုးမောက်နေသည့်လမင်းကြီးသည်လည်း ထိုအမှောင်ရိပ်အား ချက်ချင်းပင်ဖြိုခွဲလိုက်ကာ ပတ်ဝန်းကျင်တစ်ခွင်သို့ ကြည်လင်သည့်အလင်းရောင်များထွန်းပေးလိုက်သည်။အခေါင်းပျောက်ရွာ၏ ညကလေးမှာလည်း အေးချမ်းနေ၏။သို့သော်လည်းမအေးချမ်းနိုင်သည့် အိမ်ကြီးတစ်အိမ်တော့ရှိနေပေသည်။
"တောက် ငါ့ကိုဒီလိုအချိုးမျိုးလာချိုးလို့ရရိုးတဲ့လား
ယက္ခ"
"ဟုတ်ကဲ့ ပြောပါမယ်မယ်ကြီး"
"မင်းရဲ့ အရုပ်တွေ အဆင်သင့်လုပ်ထားတော့ ဒီညဒင်းတို့ကိုတစစီဖြစ်အောင်လုပ်ပစ်မယ်"
"ဟုတ်ကဲ့ မြင့်ဦးနှင့်ဖိုးထူး အရုပ်တွေအားလုံးအဆင်သင့်လုပ်ထားတော့ သူတို့အတွက်လိုအပ်တဲ့ လေးတွေ၊မြှားတွေ၊ဓားတွေလည်း အဆင်သင့်လုပ်ထား"
"ဟုတ်ကဲ့ ကိုကိုကြီး"
ခင်နွဲ့ရီ ယူဆောင်လာသည့် စာအားဖွင့်ဖတ်ပြီးသည့်တစ်ခဏ၌ ပျဉ်ထောင်အိမ်ကြီးတစ်ခုလုံးလည်း ကမ္ဘာပျက်သည့်အလား ဆူညံသွားတော့သည်။ထိုအခြေအနေအားကြည့်၍ စိုးရိမ်စိတ်များ ဖြစ်နေသူနှစ်ဦးလည်း ထိုအိမ်ကြီး၌ ရှိနေပေသည်။သူတို့နှစ်ဦးကတော့ တိုင်တစ်တိုင်၌ တုတ်နှောင်ဖမ်းဆီးထားသော မိုးကလေးနှင့်ခင်နွဲ့ရီတို့ပင်ဖြစ်ပေသည်။တစ်အိမ်လုံးရှိသမျှလူများအလုပ်ရှုပ်နေသည့် အချိန်၌ မိုးကလေးနံဘေးသို့ ခင်နွဲ့ရီ ရောက်လာလေသည်။
"မောင်လေး"
"ဘာလဲ"
"ဘာမှ စိတ်မပူနဲ့သိလား မောင်လေးကို ဒီအိမ်ကြီးကနေ မမ ကယ်ထုတ်ပေးမယ်"
"တော်စမ်းပါဗျာ ခင်ဗျားလည်းသူတို့ဖက်ကပဲ့မလား"
"ဒီအကြောင်းတွေကို နောက်မှ မမရှင်းပြပါ့မယ်
အခုတော့ မောင်လေး မမကိုယုံချင်မှယုံမှာ ကဲ မမသွားလိုက်အုံးမယ်နော်"
"ဟွန်း"
မိုးကလေးကား ခင်နွဲ့ရီအားမယုံကြည်၍ မျက်နှာထားတင်းတင်းဖြင့်သာရှိနေ၏။ခင်နွဲ့ရီလည်း ပြောချင်တာပြောပြီးသည်နှင့် အိမ်သားများမမြင်ခင် မိုးကလေးနံဘေးမှ ထွက်ခွာသွားတော့သည်။အိမ်အောက်ဆီတွင်တော့
ဒေါ်မယ်ခ၏ အမိန့်ပေးသံများနှင့်အတူ တုတ်ဓားသံများ
စကားပြောသံများနှင့် ဆူညံနေပေတော့သည်။
"အားလုံး ပြင်ဆင်ပြီးပြီလား ယက္ခ"
"အဆင်သင့်ပါပဲ့ မယ်မယ်ကြီး"
"ဒါဆိုရင် အရုပ်တွေနဲ့အတူ မင်းနဲ့ငါ မြိုင်ကြီးငူကိုသွားမယ် ခင်နွဲ့ရီနှင့် ဟိုနှစ်ကောင်ကတော့ ဖမ်းထားတဲ့ကောင်ကိုစောင့်ကျန်ခဲ့ကြ"
"ဟုတ်ကဲ့ မယ်မယ်ကြီး ကဲ သွားကြမယ်ဟေ့"
ဒေါ်မယ်ခ စကားအဆုံး၌ လေးမြှားတုတ်ဓားများကိုင်ဆောင်ထားကြသော အရုပ်များနှင့်အတူ ဒေါ်မယ်ခနှင့်ယက္ခတို့ ပျဉ်ထောင်အိမ်ကြီးမှထွက်ခွာလာခဲ့ကြတော့သည်။
############
"အဘ"
"ဟေ"
"အဘရဲ့ ဖိုဝင်မယ့်ကိစ္စ ဘယ်လိုစီစဉ်ထားလဲ"
"ဒီည သန်းခေါင်ယံအချိန်ကျရင် အဘရဲ့ ဝိဥာဉ်ကို
သက်ဆိုင်ရာ နတ်တွေက လာယူကြလိမ့်မယ် အဲဒီအချိန်ကျရင် အဘက သေဆုံးသွားတဲ့လူတစ်ယောက်ဖြစ်ပြီ
အဓိကအရေးကြီးတာကတော့ အဘရဲ့ကျန်ရှိနေတဲ့ခန္ဒာကို မြေမြုပ်ပေးဖို့ပဲ့ အဲဒီမြေမြှုပ်တာမအောင်မြင်ရင်တော့ အဘရဲ့ဝိဥာဉ်က မိစ္ဆာတစ်ကောင်အဖြစ်နဲ့
သူတစ်ပါး အသုံးတော်ခံဖြစ်ရလိမ့်မယ် ဒီတော့ မင်းတို့က
အဘရဲ့ ခန္ဓာကို အနှောက်အယှက်တွေကြားက အောင်မြင်အောင်မြေမြှုတ်သဂြိုဟ်ပေးရလိမ့်မယ်"
"ဒီကိစ္စကိုတော့ နှောင်းနဲ့ ဦးဂွတ်တာဝန်ယူပေးနိုင်မလား
ကြုံလာမယ့်အန္တရာယ်တွေအားလုံးကို မယ်တော်ကြီးရဲ့
ဓာတ်ရှင်က စောက်ရှောက်ပေးလိမ့်မယ် ဦးဂွတ်နဲ့နှောင်းကအဘရဲ့ အလောင်းကို မြေမြှုပ်ပေးပါ"
"မင်းက ဘယ်သွားမှာလဲ"
"ကျွန်တော် မိုးကလေးကိုသွားကယ်ဖို့ပါ အဘ"
"ဒါဆိုလည်း မင်းရဲ့ အစီအစဉ်အတိုင်းသာဆောင်ရွက်ပေတော့"
မင်းသီဟရဲ့ အကွက်ကျကျစီစဉ်မှုကို အားလုံးလက်ခံကြသည်နှင့် မင်းသီဟလည်း မိုးကလေးအားကယ်ရန်
မြိုင်မဟာအတွင်းသို့ပြန်လည်ဝင်ရောက်သွားလေသည်။
{၃၂}
မြိုင်ကြီးဂူ၌ ကျန်ရစ်ခဲ့သူများကတော့ ကျွန်ုပ်၊နှောင်းနှင်ဦးဘချိုတို့ပင်ဖြစ်ချေတော့သည်။ဦးဘချိုမှာတော့ လက်ရှိခန္ဓာအား စွန့်ရန်အတွက်ကုတင်ပေါ်၌လှဲလျောင်းလိုက်သည်။ထိုနောက် နံဘေးရှိ ကျွန်ုပ်နှင့် နှောင်းအား တတွတ်တွတ်မှာကြားနေ၏။
"မောင်ဂွတ်"
"ဟုတ်ကဲ့ အဘ"
"ဒီညက အဘတွက်အရေးကြီးဆုံးညဖြစ်လို့ မောင်ဂွတ်တို့ရဲ့ အကူအညီကိုအပြည့်အဝလိုအပ်တယ်"
"နားလည်ပါတယ် အဘ"
"နှောင်း အဘရဲ့ ခန္ဓာကို အတတ်နိုင်ဆုံးအောင်မြင်အောင်
မြေမြှုတ်ပေးပါကွယ်"
"စိတ်ချပါ အဘ"
"အရင်ဆုံး အဘရဲ့အလောင်းကို မြှုတ်မယ့် ကျင်းနံဘေးမှာ ငှက်ပျောပွဲတစ်လုံး စီစဉ်ချထားလိုက်ပါ ပြီးရင် အဘကိုမယ်တော်ကြီး ပေးထားတဲ့ဓာတ်ရှင်သိတယ်မလား အဘရဲ့ဆေးလွယ်အိပ်ထဲမှာရှိတယ်"
"ဟုတ် သိပါတယ် အဘ"
"အဲဒီ ဓာတ်ရှင်ကို ပန်းကန်တစ်ချပ်ထဲထည့်ပြီး ငှက်ပျောပွဲနံဘေးမှာချထားပါ ပြီးရင် အဘရွတ်ပြတဲ့အတိုင်း
ရွတ်ပါ"
"ဟုတ်ကဲ့ ပြောပါ အဘ"
"မြိုင်နန်းရှင် ဒေဝီကလျာမယ်တော်ကြီးရှင် ကျွန်မတို့ရဲ့အဘ ဖိုဝင်တော့မည်ဖြစ်၍ မယ်တော်ကြီးရဲ့ဓာတ်ရှင်သို့ စွမ်းအားများစောင်မပေးတော်မူပါ"
"အဲဒီလို သုံးကြိမ် ရွတ်ဖတ်ပေးပါ "
"စိတ်ချပါ အဘ အားလုံးအဆင်ပြေအောင်နှောင်း စီစဉ်လိုက်ပါ့မယ်"
"ကျေးဇူးပါကွယ် ဒါဆိုအဘ စိတ်ချထားခဲ့တော့မယ်နော်
မောင်ဂွတ်လည်း ကြိုးစားဆောင်ရွက်ပေးပါကွယ်"
"စိတ်ချလက်ချသာသွားပါ အဘ"
မှာချင်သည်များမှာကြားပြီးသည်နှင့် ဦးဘချိုလည်း ကုတင်ပေါ်မှေးစက်ကာ အသက်ဝိဥာဉ်မဲ့သွားလေတော့သည်။ဦးဘချို၏ ဝိဥာဉ်ပျောက်ဆုံးသွားသည်နှင့်ကျွန်ုပ်နှင့်နှောင်းလည်း ဦးဘချိုမှာထားခဲ့သည့်တိုင်းအလောင်းအားမြှုပ်ရန်စီစဉ်ရတော့သည်။အရင်ဆုံး ဦးဘချို၏ အလောင်းအားဂူရှေ့မလှမ်းမကမ်းသို့သယ်ဆောင်၍ ငှက်ပျောပွဲတစ်ပွဲအားအရင်စီစဉ်သည်။ထိုနောက် အဘမှာကြားခဲ့သည့်အတိုင်း မယ်တော်ကြီးအား တိုင်တည်ရတော့သည်။
" မြိုင်နန်းရှင် ဒေဝီကလျာမယ်တော်ကြီးရှင် ကျွန်မတို့ရဲ့အဘ ဖိုဝင်တော့မည်ဖြစ်၍ မယ်တော်ကြီးရဲ့ဓာတ်ရှင်သို့ စွမ်းအားများစောင်မပေးတော်မူပါ"
နှောင်းရဲ့ တိုင်တည်မှုအပြီး၌ ဓာတ်ရှင်လုံးဆီမှအလင်းရောင်များဖြာထွက်လာသည်။ထိုနောက် အမြင့်သို့ပျံတက်သွားကာ ဓာတ်ရှင်လုံး မှ သူရဲကောင်းငါဦးအသွင်သို့်ပြောင်းလဲသွားသည်။ထိုသူရဲကောင်းများ၏ တစ်ကိုယ်လုံး၌ကားအလင်းရောင်များဖြာထွက်နေပေ၏။ထိုနောက် တွင်တော့ ဦးဘချိုအားမြုပ်နှံမည့်နံဘေး၌ ဝိုင်းရံပေးလိုက်သည်။
"ကဲ နှောင်း သန်းခေါင်ယံအချိန်လည်းရောက်ပြီ အဘကိုမြှုပ်ဖို့ ကျင်း စတူးကြစို့"
"ဟုတ်"
သူရဲကောင်းများဝိုင်းရံပေးထားလေတော့ ကျွန်ုပ်တို့လည်း
ဦးဘချို၏ နံဘေး၌ မြေကျင်းအားစိတ်ချလက်ချပင်စတင်တူးဖော်တော့သည်။ထိုအခိုက် ကျွန်ုပ်ရှိရာဆီသို့ များပြားလှသော မြှားတံများ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး ထိုမြှားတံများ၏နောက်မှ လူအုပ်ကြီးသည်လည်းကျွန်ုပ်တို့ရှိရာသို့ပြေးချလာလေသည်။ထိုသို့ကျဆင်းလာသည့်မြှားတံများကိုတော့ သူရဲကောင်းငါးဦးမှလျင်မြန်စွာရှင်းလင်းပစ်လိုက်ပြီးကျွန်ုပ်တို့လည်း အန္တာရယ်များစတင်ရာက်လာပြီဟု သိသည်နှင့် မြေကျင်းအားလျင်မြန်စွာတူးဖော်ရတော့သည်။အဘအားပေးထားသည့်ကတိကိုတော့ ကျွန်ုပ်အနေဖြင့်အပျက်မခံလိုပေ။
"အကုန်သတ်ကြပစ်ဟေ့ တစ်ကောင်မှအရှင်မထားနဲ့"
"ဦးဂွတ် မြန်မြန်လုပ်ပါအုံး သူတို့တွေလာနေကြပြီ"
"အေးအေး နှောင်း တူးထားတဲ့ မြေတွေမြန်မြန်ကျုံးထုတ်ပါအုံး"
"ဒုတ် ဒုတ်"
ကျွန်ုပ်လည်း မြေကျင်းတူးရင်းဇောချွေးများပင်ပြန်နေတော့သည်။တုတ်ဓားများကိုင်ဆောင်လာသော လူအုပ်ကြီးအတွင်း၌ကား မိန်းမတစ်ယောက်၏ အမိန့်ပေးသံနှင့်အတူထိုလူအုပ်ကြီးမှာလည်း ကျွန်ုပ်တို့ရှိရာသို့ရောက်ရှိလာကာသူရဲကောင်းငါးဦးနှင့်တိုက်ခိုက်ကြတော့သည်။
"တောင် တင် "
"ဒုတ် ဒုတ်"
"အား"
ဒေါ်မယ်ခ၏ မိစ္ဆာ အရုပ်များကား ကျွန်ုပ်တို့ သူရဲကောင်းငါးဦးကိုမယှဉ်နိုင် လာသမျှအတုံးအရုံးသေကျေကုန်ကြသည်။သို့သော်လည်း အရုပ်များမှာ များပြားသကဲ့သို့
အရုပ်အပြင် မိစ္ဆာလျှိုမြောင်မှ မိစ္ဆာများလည်းပါ၍ သူရဲကောင်းငါးဦးမှာလည်းကျွန်ုပ်တို့အား အပြင်းအထန်ပင်ကာကွယ်နေရတော့သည်။
"တောင်တင် တောင်တင်"
"မရသေးဘူးလား ဦးဂွတ်"
"လိုသေးတယ် နှောင်း"
တိုက်ခိုက်နေကြသံများနှင့်အတူ ကျွန်ုပ်တို့၏ မြေကျင်းကြီးမှာလည်း တစ်ဖြည်းဖြည်းနက်သထက်နက်လာတော့သည်။မြေကျင်းနံဘေး၌ကား ဦးဘချို၏ အလောင်းက စန့်စန့်ကြီး။ထိန်ထိန်သာနေသည့် တပေါင်းလပြည့်ည၏ လရောင်အလယ်မှ မြိုင်ကြီးဂူတွင်လည်း စစ်ပွဲတစ်ပွဲဖြစ်နေသည့်အလား ဆူညံနေပေတော့သည်။
##########
{၃၃}
ပျဉ်ထောင်အိမ်ကြီး၌ ကျန်ခဲ့ကြသည့် ခင်နွဲ့ရီနဲ့အတူ မြင့်ဦးနှင့်ဖိုးထူးတို့ ဖမ်းဆီးထားသောမိုးကလေးနံဘေး၌ စောင့်ကြည့်နေကြသည်။ခင်နွဲ့ရီကား မိုးကလေးအားတစ်လှည့်မြင့်ဦးတို့အားတစ်လှည့်ကြည့်၍ တစ်ခုခုအားအကြံထုတ်နေပုံရပေသည်။
"ဖိုးထူး"
"ဟုတ်ကဲ့ မမလေး"
"မင်းတို့မပျင်းကြဘူးလား"
"ပျင်းတာပေါ့ မမလေးရယ်"
"မမလေး မင်းတို့ကို ပျော်အောင်လုပ်ပေးရမလား"
"ဟင် မမလေးက ပျော်အောင်လုပ်ပေးမယ် ဟုတ်လား"
"အင်းပေါ့ ခဏစောင့် မမလေးပြန်လာခဲ့မယ်"
ခင်နွဲ့ရီလည်း ရရှိသောအကြံအား ယူထုတ်သုံးတော့မည်ဖြစ်၍ အခန်းတစ်ခန်းသို့ဝင်ရောက်သွားတော့သည်။ခင်နွဲ့ရီ၏အမူအရာအားမရိပ်မိကြသည့်မြင့်ဦးနှင့်ဖိုးထူးတို့မှာတော့ ပျော်အောင်လုပ်ပေးမည်ဟူသော ခင်နွဲ့ရီ၏ စကားကြောင့် မျက်လုံးများအရောင်တောက်နေကာ ခင်နွဲ့ရီ
ဝင်သွားသောအခန်းအား တစ်မျှော်မျှော်ဖြင့်ကြည့်နေကြတော့သည်။ခဏအကြာတွင်တော့ ပုလင်းနှစ်လုံးဆွဲ၍ ခင်နွဲ့ရီတစ်ယောက်အခန်းထဲမှပြန်ထွက်လာလေတော့သည်။
ခင်နွဲ့ရီလက်ထဲမှ ပုလင်းအားမြင်တော့ ယခင်ပြူးနေကြသည့်မြင့်ဦးတို့၏ မျက်လုံးများမှာပို၍ပြူးထွက်ကုန်တော့သည်။
"မမလေး ဒါ ဒါက"
"မင်းတို့အတွက် တောချက်အရက်လေ"
"ဟာ ဝမ်းသာလိုက်တာဗျာ ကျွန်တော်တို့မှာ မယ်မယ်ကြီး
ကမသောက်ရဘူးဆိုလို့တစ်လမှာတစ်ကြိမ်တောင်မသောက်ရတာတော်တော်ကြာပြီဗျ"
"သိတာပေါ့ ဖိုးထူးရယ် ဒါကြောင့်မို့ မယ်မယ်ကြီးမရှိ
တုန်း သောက်ရအောင်လို့မင်းတို့အတွက်အစောကြီးကတည်းက မမလေးစီစဉ်ထားတာ"
"ကဲ မြင့်ဦးရေ ငါတော့ မအောင့်နိုင်တော့ဘူးဟေ့ တွယ်တော့မယ်"
"ဟုတ်တယ်ဟေ့ ဒီညတော့ လွှတ်လွှတ်လပ်လပ်ကြီးကို
တွယ်ရပြီကွ ဟားဟား"
မြင့်ဦးတို့လည်း အရက်အားမြင်သည်နှင့် အိနြေ္ဒပင်မဆည်နိုင်တော့ဘဲ ပုလင်းလိုက်ပင်မော့သောက်ချကုန်ကြတော့သည်။ခင်နွဲ့ရီကတော့ အကြံအောင်မြင်သည့် အကြည့်မျိုးဖြင့် မြင့်ဦးနှင့် ဖိုးထူးတို့အားပြုံး၍ကြည့်နေလျက်။နာရီဝက်ခန့်အကြာတွင်တော့ ခက်နွဲ့ရီလာချပေးသည့် ပုလင်းနှစ်လုံးစလုံး ဖိုးထူးတို့လက်ချက်ဖြင့်
ပြောင်သလင်းခါသွားတော့သည်။တိုင်တွင်တုတ်နှောင်ထားသောမိုးကလေးမှာလည်း ခင်နွဲ့ရီတို့အားကြည့်၍ နားမလည်နိုင်အောင်ပင်ရှိနေချေတော့သည်။အရက်များ
ကုန်သည်နှင့် ဖိုးထူးတို့ နှုတ်ခမ်းများရွဲ့၍ မူးလာကြကာ
တဝါးဝါးဖြင့်သန်းကုန်ကြသည်။စင်စစ်မူကား ထိုအရက်ပုလင်းများ၌ ခင်နွဲ့ရီ အိပ်ဆေးခပ်လာခဲ့သည်မဟုတ်ပါလား။
"ဝါး..."
"ဘယ်လိုဖြစ်တာလဲ ဟီး မမလေး သောက်ပြီးလို့ထင်တယ် အိပ်တောင်အိပ်ချင်လာသလိုပဲ့"
"ဟီး ဟုတ်တယ် မမလေး ဝါး..."
"အိပ်ချင်ရင်အိပ်ကြလေ မယ်မယ်ကြီးပြန်ရောက်မလာခင် မမလေးလေးနိုးပေးမှာပေါ့"
"ဒါဆို ဟိုကောင်ကို ဘယ်သူကစောင့်ပေးတော့မှာလဲ မမလေးရဲ့"
"မမလေး ရှိတာပဲ့ မြင့်ဦးရယ် မမလေးကြည့်ထားပေးမှာပေါ့"
"ဟီး ဟုတ်သားပဲ့ အားတော့နာပါတယ်မမလေးရယ် ကျွန်တော်တို့ခဏအိပ်မယ်နော်"
"ရပါတယ် မြင့်ဦးရယ် စိတ်ချလက်ချသာအိပ်"
မြင့်ဦးတို့လည်း ခင်နွဲ့ရီဆီမှခွင့်ပြုချက်ရသည်နှင့်နေရာတွင်ပဲ့ ပုံ၍ အိပ်လိုက်ကြသည်။မြင့်ဦးတို့အိပ်ကုန်ကြသည်နှင့်ခင်နွဲ့ရီလည်း မိုးကလေးဆီသို့ချက်ချင်းပြေးသွားကာ တုတ်နှောင်ထားသောကြိုးများအား ဖြေထုတ်ပေးလေသည်။ထိုစဉ် ပြတင်းပေါက်ဆီမှလူတစ်ယောက်အိမ်ထဲသို့ ပျံသန်းဝင်ရောက်လာလေသည်။မင်းသီဟပင်။အိမ်ထဲသို့ရောက်သည်နှင့် မင်းသီဟလည်း မိုးကလေးဆီသို့ချက်ချင်းပြေးသွားပြီး
"မိုးကလေး မင်းအဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ ပြေပါတယ်"
"လာ ဒါဆို ငါတို့ဒီအိမ်ကြီးကနေအမြန်ထွက်ကြစို့"
"နေပါအုံး ကိုမင်းသီဟရဲ့ ကျွန်မကို တစ်ယောက်တည်းထားခဲ့တော့မှာလား"
"မင်းက ဘာလိုက်လုပ်မှာလဲ ငါတို့နဲ့လိုက်ရင် မင်းအဖွားကို
သစ္စာဖောက်တာပဲ့ မင်းဒီလိုမျိုးအဖြစ်ခံနိုင်လို့လား"
"ခံနိုင်ပါတယ် ရှင့်ဘေးမှာသာနေရမယ်ဆိုရင် ကျွန်မအားလုံးကို သစ္စာဖောက်နိုင်တယ်"
ခင်နွဲ့ရီရဲ့စကားဆုံးသည်နှင့် မင်းသီဟ ခင်နွဲ့ရီအား ရင်ခွင်အတွင်းသို့ အတင်းသိုင်းဖက်လိုက်လေသည်။
"ငါကမင်းကိုအခုရောနောင်ရော ဘယ်တော့မှချန်ထားခဲ့မှာမဟုတ်ပါဘူး ခင် မင်းဟာငါ့ရဲ့ဘဝပါပဲ့
ကဲ လာ မိုးကလေး ငါတို့ဒီအိမ်ကြီးကနေထွက်ကြစို့"
မင်းသီဟ ခင်နွဲ့ရီအားပေးလိုက်သည့်စာကြောင့်သူတို့နှစ်ယောက်၏ အချစ်ရေးကားပြောနေစရာပင်မလိုတော့ပေ။
မိုးကလေးနှင့် ခင်နွဲ့ရီတို့အား လက်တစ်ယောက်တစ်ဖက်ဆွဲ၍မင်းသီဟလည်း အိမ်ကြီးအတွင်းမှပြေးထွက်ခဲ့တော့သည်။လပြည့်ည၏ သန်းခေါင်ယံအချိန်ကား မြိုင်မဟာတောအတွင်းအသက်လုနေကြသူများနဲ့ပြောင်းဆန်နေပေတော့၏။
{၃၄}
မြိုင်ကြီးဂူရှေ့၌ သတ်ပုတ်နေကြသူများ သေကြေပျက်စီးနေကြသူများနဲ့ရုတ်ရုတ်သဲသဲဖြစ်နေကြချိန် ထို သတ်ပုတ်နေကြသူများနဲ့ မလှမ်းမကမ်းမှ လှမ်းကြည့်နေကြသောလူနှစ်ယောက်မှာ အမျက်ဒေါသအချောင်းချောင်းထွက်နေကြတော့သည်။အကြောင်းမှာမူကားသူတို့၏ မိစ္ဆာ ကောင်းများငါးယောက်တည်းသာရှိသောမြိုင်မဟာသူရဲကောင်းများအားမယှဉ်နိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက်သေကြေနေကြခြင်းကြောင့်ပင်။မြိုင်မဟာသူရဲကောင်းငါးယောက်၏ အလယ်တွင်တော့ လူနှစ်ယောက် မြေကြီးအား အားကုန်အားခဲ တူးဆွနေကြသည်။
ထိုအချိန်တွင်ပဲ့ သတ်ပုတ်နေကြသူများနဲ့ မလှမ်းမကမ်းသို့ နောက်ထပ်လူသုံးယောက်ရောက်လာပြီး အမျက်ထွက်နေသောလူနှစ်ယောက်နှင့်ပက်ပင်းတို့ပါလေတော့သည်။
"ဟင် ခင်နွဲ့ရီ မင်းသီဟ ဒါ ဒါကဘယ်လိုဖြစ်လာကြတာလဲ"
"ခင် ၊မိုးကလေး အစ်ကို့နောက်မှာပဲ့နေ"
"တောက် မိုက်လိုက်တဲ့သမီးကွာ နင်ငါတို့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ"
"သမီး တောင်းပန်ပါတယ် အဖေရယ်"
"တိတ်စမ်း ဘာမှလာတောင်းပန်မနေနဲ့ ငါတို့ကို သစ္စာဖောက်ရင်တော့ သမီးလည်း အရှင်မထားဘူး အကုန်ရှင်းပစ်ရမှာပဲ့ ကဲကွာ"
"ချွင် "
"ဒေါင်"
"မိုးကလေး ခင် နောက်ဆုတ်"
"ယား ယား ဒေါင် တင်!"
ယက္ခစကားအဆုံး၌ မင်းသီဟတို့အား ဓားဖြင့်အတင်းဝင်ခုတ်တော့သည်။မင်းသီဟလည်းလျင်မြန်စွာပင်နောက်ကျောမှဓားအားထုတ်လိုက်ပြီး ပြန်လည်ခုခံလေသည်။
ထိန်ထိန်သာနေသောလရောင်အောက် မိစ္ဆာတိုက်ပွဲနှင့်အတူနောက်ထပ်လူနှစ်ယောက်၏ သတ်ပွဲတစ်ပွဲလည်း တိုးလာပြန်ပေသည်။
"မိုးကလေး ခင့် ကိုခေါ်ပြီး နှောင်းတို့ဆီကို မြန်မြန်ပြေးတော့"
"ဟုတ်ကဲ့ ကိုမင်းသီဟ လာ မမ"
"ရွီး ဒေါင်"
ယက္ခနှင့်သတ်ပုတ်နေရင်း မင်းသီဟ၏ လှမ်းအော်ပြောသံကြောင့် မိုးကလေးလည်း ခင်နွဲ့ရီကိုခေါ်၍ ကျွန်ုပ်တို့ရှိရာဆီ ပြေးထွက်လာလေသည်။မင်းသီဟတွင်တော့ ယက္ခအပြင်နောက်ထပ်ဒေါ်မယ်ခပါဝင်ရောက်တိုက်ခိုက်နေ၍ မအားနိုင်အောင်ပင်ပြန်လှည်ခုခံနေရပေသည်။ကျွန်ုပ်တို့ဆီပြေးလာနေသောမိုးကလေးတို့ကိုလည်း မိစ္ဆာ များအန္တာရယ်မပြုနိုင်ရန်အတွက် မြိုင်မဟာသူရဲကောင်း
ငါးယောက်ထဲမှ တစ်ယောက် သွားရောက်၍ ကူညီခေါ်ဆောင်ပေးတော့ ကျွန်ုပ်တို့ဆီသို့ မိုးကလေးတို့အန္တရာယ်ကင်းစွာပင်ရောက်ရှိလာလေတော့သည်။ကျွန်ုပ်တို့၏ အလောင်းမြှုပ်ရန်ကျင်းမှာလည်းပြီးဆုံးပြီဖြစ်ရာ ကျင်းနံဘေး ရှိ ဦးဘချိုအားမိုးကလေးတို့အကူအညီဖြင့်ကျင်းထဲသို့ထည့်၍ စတင်မြှုပ်နှံရတော့သည်။
"ကဲ မြေကြီးတွေဝိုင်းဖြည့်ကြပါအုံး"
အားလုံးရဲ့ ကြိုးပမ်းမှုကြောင့်မကြာခင်အချိန်တွင်ပဲ့ ဦးဘချို၏ အလောင်းအားမြှုပ်နှံ၍ပြီးစီးသွားလေတော့သည်။မင်းသီဟနှင့် ယက္ခတို့သားအမိနှစ်ယောက်ကားတိုက်ခိုက်နေကြဆဲပင် ။ထိုအချိန်တွင်ပဲ့ ကောင်းကင်ထက်ဆီမှ
"ဝီ ဝီ ဝီ"
ကျယ်လောင်သည့်အသံများနှင့်အတူ မည်းမည်းအရာများ အုံဖွဲ့၍ ပျံသန်းလာကြလေသည်။ထိုအသံကြောင့်တိုက်ခိုက်နေကြသူများလည်း အားလုံးငြိမ်သက်ကုန်ကြပြီး အသံလာရာသို့ မော့ကြည့်လိုက်မိကြသည်။
ထိုမည်းမည်းအရာများကား လက်ဖက်ရည်ပန်းကန်လုံးခန့်အရွယ်ရှိသည့် မြိုင်မဟာနတ်ပျားအုပ်ကြီးပင်။ထိုပျားများကား အပြစ်ရှိသူများကိုသာ ကိုက်တတ်ကြောင်းကိုတော့ မြိုင်မဟာတောထဲနေထိုင်သူများအားလုံးအသိပင်။ထိုပျားအကိုက်ခံရပါက ကိုက်ကိုက်ချင်းနေရာ၌ချက်ချင်းလှဲ၍ သေဆုံးနိုင်ပေသည်။
နတ်ပျားမှန်းသိလေတော့ အပြစ်ရှိသူများဖြစ်ကြသည့် ဒေါ်မယ်ခနှင့်တကွ သူ၏ နောက်လိုက်မိစ္ဆာများအားလုံး ကြောက်လန့်ကုန်ကြကာ တုတ်ဓားများပစ်ချ၍ ကစဥ့်ကလျား ဖရိုဖရဲ ခြေဦးတည့်ရာ ပြေးထွက်ကုန်တော့၏။
"နတ် နတ်ပျားတွေဟေ့ ပြေးကြ ပြေးကြ"
"အောင်မလေးဗျ"
သို့ပါသော်လည်း နတ်ပျားများ၏လက်မှ သူတို့လွှတ်နိုင်စရာအကြောင်းမရှိပေ။ထိုနတ်ပျားများကား လူမိုက်တို့
သွားရာလမ်းသို့အရောက်ပို့ပေးရန် ရောက်လာကြခြင်းကြောင့်ပင်မဟုတ်ပါလား။ပြေးနေကြသောသူများဆီသို့
နတ်ပျားအုပ်ကြီးထိုးဖောက်ဝင်ရောက်လိုက်ချိန်မှာတော့ မင်းသီဟတို့မှလွှဲ၍ အားလုံးတစ်ယောက်ပြီးတစ်ယောက်
လှဲကျသေဆုံးကုန်ကြကာ ဆူညံနေသောပတ်ဝန်းကျင်လည်းအရင်အတိုင်း ပြန်လှည်တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။ဇာတ်သိမ်းမလှရှာသော ဒေါ်မယ်ခနှင့်ယက္ခတို့မှာတော့ မင်းသီဟ၏ ရှေ့၌ မျက်လုံးများပြူး၍မရှုမလှသေပွဲဝင်ကုန်ကြပေပြီ။အရာအားလုံးပြီးဆုံးသွားလေတော့ မင်းသီဟဆီသို့ ကျွန်ုပ်နှင့်တကွ နှောင်းခင်ပျို၊မိုးကလေး၊ခင်နွဲ့ရီတို့အသီးသီးပြေးထွက်လာကြလေသည်။ရှေ့ဆုံးမှပြေး၍မင်းသီဟအားဖက်လိုက်သူကတော့ ခင်နွဲ့ရီပင်။မင်းသီဟလည်း ခင်းနွဲ့ရီအားပြုံးရွင်စွာပင်ပြန်လှည်သိုင်းဖက်လိုက်လေသည်။မင်းသီဟအားဖက်ရင်း သေဆုံးနေကြသည့် အဖွားနှင့်အအဖေအား ခင်နွဲ့ရီ လှမ်းကြည့်လိုက်ရင်း မျက်ရည်များစို့တက်လာရတော့သည်မဟုတ်ပာလား။ထိုအချိန်တွင်ပဲ့ နတ်ပျားအုပ်ကြီး ကျွန်ုပ်တို့ရှိရာသို့ ပြန်လှည်ရောက်ရှိလာလေသည်။ထိုနောက် တဖြည်းဖြည်းစုစည်းလိုက်ပြီး
လူတစ်ယောက်ပုံစံသို့ပြောင်းသွားကာ မြေပြင်မှတစ်ဆင့်
ကျွန်ုပ်တို့ဆီသို့လျှောက်လှမ်းလာသည်။ထိုသူကား
မြိုင်နန်းရှင် ကလျာဒေဝီမယ်တော်ကြီးပင်။
"သားတော် ဖိုဝင်တာအောင်မြင်သွားပါပြီအခုဆိုရင်
သိန္ဒီရှိတဲ့သူတစ်ယောက်သို့ရောက်ရှိသွားပြီဖြစ်လို့ သားတော်ရဲ့ကိုယ်စား မယ်တော်ကြီးက အားလုံးကိုကျေးဇူးတင်ပါတယ် အားလုံးတာဝန်ကျေခဲ့သလို မယ်တော်ကြီးရဲ့ တာဝန်လည်းကျေခဲ့ပြီဖြစ်လို့ မယ်တော့်ရဲ့
ဓာတ်ရှင်လေးပြန်ယူသွားတော့မယ်နော်"
"ဟုတ်ကဲ့ပါ မယ်မယ်ကြီး ကျေးဇူးကြီးမြတ်လှပါတယ်"
မင်းသီဟစကားအဆုံး၌ မယ်တော်ကြီးလည်း လက်တစ်အားဖြန့်ထုတ်လိုက်သည်။ထိုအချိန်တွင်ပဲ့ မြိုင်မဟာသူရဲကောင်းငါးဦးလည်း ပြန်လည်စုစည်းကာ ဓာတ်ရှင်အဖြစ်သို့ပြန်လည်ရောက်ရှိသွားပြီး မယ်တော့်လက်ထဲ ပျံဝဲဝင်ရောက်လာလေသည်။မယ်တော်ကြီးလည်း မြိုင်မဟာဓာတ်ရှင်လက်ထဲသို့ရောက်သည်နှင့် ပျားအုပ်ကြီးအဖြစ်သို့ပြန်လည်ပြောင်းလဲကာ ကောင်းကင်ထက်ဆီသို့ ပျံသန်းသွားလေတော့သည်။ကျွန်ုပ်မှလွှဲ၍ ကျန်သည့်လေးယောက်မှာတော့ ချစ်သူကိုယ်စီရင်ခွင်ထဲ၌ထည့်ကာ လရောင်အားနောက်ခံထား၍ ပျံဝဲသွားသောပျားအုပ်ကြီးအား မော့ကြည့်ကျန်ခဲ့လျက်။
ကြိုးစားပါအုံးမည်
မင်းသီဟကျော်(ရွှေသာရီ)
Credits
No comments