• ဖုန်းရဲ့ဘက်ထရီကို ကြာကြာလေးအားကို အသုံးခံနိုင်အောင်ပြုလုပ်နည်း

    ~ဖုန်းရဲ့ဘက်ထရီကို ကြာကြာလေးအားကို အသုံးခံနိုင်အောင်ပြုလုပ်နည်း~

    ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
    မိမိအသုံးပြုနေသေား ဖုန်းရဲ့ ဘက်ထရီအတွက် နည်းလမ်းကောင်းလေးတစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်... အသုံးကြာလာတဲ့ ဘက်ထရီးတစ်လုံးက ကြာလာလေ အသစ်လိုမကောင်းနိုင်တော့ပါဘူး အခုနည်းလေးကို.အသုံးပြုပီး စမ်းသပ်ကြည်နိုင်ပါတယ်...

    လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ပြန်သုံးနိုင်နည်း

    လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ပြန်သုံးနိုင်နည်း
    ပုံမှန်သုံးလာတဲ့ လက်ကိုင်ဖုန်းဘက်ထရီဟာ တဖြေးဖြေးနဲ့  အသုံးမခံတော့တာတွေ့ ရတတ်ပါတယ်။ အားသွင်းထားပေမယ့်လည်း ခဏလေးနဲ့  အားကုန်သွားတာဟာ ဘက်ထရီမကောင်းတော့လို့ ဖြစ်ပါတယ်။ အဲ့ဒီဘက်ထရီကို အသုံးခံအောင် အားပြည့်လာအောင် လုပ်ကြရအောင်ပါ။
    အသုံးပြုရမယ့်ပစ္စည်းတွေကတော့
    ၁) သတင်းစာစက္ကူအပွစား
    ၂) ကပ်ကြေး (လက်နဲ့ ဖြတ်လည်းရပါတယ်)
    ၃) သားရေကွင်း
    ၄) ပလပ်စတစ်အိတ်(ဟင်းထုတ်အိတ်အရွယ်)
    ၅) ရေခဲသေတ္တာ
    ပြုလုပ်ပုံအဆင့်ဆင့်
    - သတင်းစာစက္ကူအပွစားကို (A4) အရွယ်ရဲ့  တ၀က်စာလောက် အရွယ်ကို ဖြတ်ပါ။ (ဘက်ထရီအကြီးအသေးပေါ်မူတည်ပြီးစက္ကူကိုဖြတ်ပါ)
    - လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ဖြတ်ထားတဲ့ စက္ကူတစ်ရွက် နဲ့  အထပ်ထပ်ထုပ်ပါ။
    - သားရေကွင်းနဲ့ စည်းပါ။
    - စက္ကူနဲ့ ထုတ်ထားတဲ့ ဘက်ထရီကို ပလပ်စတစ်အိပ်နဲ့  လိပ်ပတ်ပြီးပြန်ထုပ်ပါ။
    - ထုပ်ပြီးသား လက်ကိုင်ဖုန်းဘက်ထရီကို ရေခဲသေတ္တထဲက ပုံမှန်အခန်းမှာ ၃ ရက်ထဲ့ထားပါ။
    - ရေခဲသေတ္တထဲမှာ ၃ရက်ပြည့်ပြီးနောက်ပြန်ထုတ်ပါ။ ပလပ်စတစ်အိပ်နဲ့ စက္ကူကို ဖြေပါ။
    - ပုံမှန်အပူချိန်ရှိတဲ့ မိမိနေအိမ်ရဲ့ တနေရာရာမှ ၃ ရက်ထားပါ။
    - ၃ ရက် ထားပြီးနောက် အဲ့ဒီဘက်ထရီကို ၈ နာရီကြာ အားသွင်းပါ။
    အဲ့ဒီလိုအားသွင်းပြီးရင်တော့ အသုံးခံတဲ့ ဘက်ထရီဖြစ်လာပါလိမ့်မယ်။

    Credits

    No comments

    Post Top Ad

    Post Bottom Ad