• Windows မှ ရုန်းထွက်ချင်သူများအတွက်

    Windows  မှ ရုန်းထွက်ချင်သူများအတွက် Ubuntu လမ်းညွန်း

    Windows 8 ကို အကြောင်း အမျိုးမျိုးကြောင့် စိတ်ပျက်လို့ Linux ကို ပြောင်းသုံးချင်စိတ်ပေါက်နေသူ များအတွက် Linux ရဲ့ Ubuntu OS  နဲ့ ပတ်သက်သမျ အချက်အလက်တွေကို ပြည့်ပြည့် စုံစုံ တင်ပြလိုက် ပါတယ်။
    Linux ရဲ့ သမိုင်းကြောင်း တစ်လျောက်လုံးမှာ အခုကာလလောက် ကောင်းတဲ့အခွင့်အရေးမျိုးကို ဘယ်တုန်းကမှ မရခဲ့ဖူးပါဘူး။ Opera ting system  သမိုင်းမှာ  Microsoft  ကပဲ အသာစီးရယူထား ခဲ့တာဖြစ်ပေမဲ့ Windows 8  မှာတော့ touch-first  လို့ Microsoft ကပြောထားတဲ့ desktop interface အသစ်ကို ပြောင်းလဲခဲ့တာ ကြောင့် လက်ရှိ Windows user  တွေထဲမှာ Windows 8  ကို စိတ်ပျက်နေကြသူတွေလည်း ရှိလာပါပြီ။ အရင်က အမြဲတမ်းလိုလို လျစ်လျူရှုခံထားခဲ့ရတဲ့  Linux ဟာ သူ့ရဲ့ Valve’s Stream  ဆိုတဲ့ နည်းပညာ ကြောင့် game  နဲ့ app တွေ အများ ကြီး သုံးနိုင်ပြီဖြစ်တာကြောင့်ရယ်၊ Windows 8  အကူးအပြောင်း ကြောင့်ရယ် အခုဆို Windows user  တွေအကြား ရွေးချယ်စရာ opera ting system    တစ်ခုအဖြစ် ရေပန်းစားလာနေပါပြီ။

    Linux  ရဲ့ Ubuntu ဟာ open-source  ဖြစ်တဲ့အတွက် ရိုးရှင်းလွယ်ကူမှု ရှိပြီး  user  တွေအနေနဲ့ (Windowsတုန်းကလိုမျိုး) မူပိုင်ခွင့်ချိုးဖောက်ဖို့ မလိုပါဘူး။ ပြီးတော့ Ubuntu ကို လက်ရှိ ရှိနေပြီးသား Windows setup  နဲ့ တွဲပြီး install လုပ်ထားနိုင်သလို (memory stick  ၊ data CD တို့ကတဆင့်) install လုပ်စရာမလိုဘဲ သုံးနိုင်တာကတော့ အဓိက အားသာချက် ဖြစ်ပါတယ်။

    Desktop တွေနဲ့ laptop တွေအတွက် ထုတ်လုပ်ထားတဲ့ Linux  ရဲ့ operating system  တွေထဲမှာတော့ Ubuntu ဟာ လူကြိုက်အများ ဆုံးနဲ့ အသုံးအတည့်ဆုံးပါပဲ။ Ubuntu OS ကိုယ်တိုင်ကိုက စွမ်းဆောင် ရည်မြင့်မားပြီး အရင် Steam မှာ ကတည်းက လက်တွဲလာခဲ့တဲ့ Valve အပါအ၀င် တခြား software developer  တွေရဲ့ app တွေလည်း အပြိုင် အဆိုင်ထွက်ပေါ်လာဦးမှာပါ။ Interface  ကလည်း တခြား OS တွေနဲ့ မတူပဲ ဆွဲဆောင်မှုရှိတဲ့ user interface  ဖြစ်ပြီး အသုံးပြုနေရင်း အဆင် မပြေလို့ပဲ ဖြစ်ဖြစ်၊ ပြဿနာတစ်ခုခုတက်လာလို့ပဲဖြစ်ဖြစ် လိုအပ်သမျ အကူအညီတွေကို online မှာ ရနိုင်ပါတယ်။

    Ubuntu ကို install လုပ်ခြင်း

    Ubuntu ကတကယ့်လက်တွေ့မှာ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ၊ ဘာနဲ့တူသလဲဆိုတာကိုတော့ ကိုယ်တိုင် install လုပ်ပြီး သုံးကြည့်မှပဲ သိပါလိမ့်မယ်။ install လုပ်တဲ့အခါမှာ Ubuntu နဲ့ boot တက်နိုင်ဖို့ boot device  တစ်ခုဖန်တီးပေးရပါမယ်။ ဒီ့အတွက် Ubuntu ရဲ့ home page  ဖြစ်တဲ့ www.ubuntu.com  ကနေ  Ubuntu disk image ကို ISO file  အဖြစ် download ချလိုက်ပါ။ Download ပြီးသွားရင် အဲဒီ ISO file ကို CD ၊ ဒါမှ မဟုတ် DVD အလွတ်တစ်ချပ်ပေါ်မှာ burn လိုက်ရင်ရပါပြီ။ Memory Stick လိုမျိုးUSB device  တွေကနေလည်း boot  တက်လို့ ရနိုင်ပါတယ်။ USB device  ကို အသုံးပြုပြီး boot  တက် ပုံအဆင့်ဆင့်ကို  go.pcworld.com/linuxusb    မှာ ဖော်ပြထားပါတယ်။

    Ubuntu boot device ကို  disc ၊ ဒါမှမဟုတ် USB drive  တစ်ခုခုနဲ့ ဖန်တီးပြီးရင်တော့ PC နဲ့ ချိတ်ပြီး စက်ကို restart လုပ်လိုက်ပါ။Boot ပြန်တက်လာတဲ့အခါ live Ubuntu environment  ထဲ ရောက်နေမှာ ဖြစ် ပြီး Ubuntu ကို install လုပ်စရာမလိုပဲ သုံးလို့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ် install လုပ်ပြီး သုံးတာလောက်တော့ မမြန်ဆန်ပါဘူး။ လက် ရှိ Windows သုံးနေတဲ့စက်မှာ Ubuntu ကို ထပ်ပြီး install လုပ်မယ်ဆို ရင်တော့  boot တက်လာတဲ့အခါတိုင်း ကိုယ်ဘယ် OS  နဲ့ သုံးမလဲဆို တာ ရွေးပေးရမှာ ဖြစ်ပါတယ်။

    Ubuntu ကို install လုပ်မယ်ဆိုရင်  Windows ရဲ့ တရားဝင် Ubuntu installer  ဖြစ်တဲ့ Wubi ကို သုံးကြည့်စေချင်ပါတယ်။ Wubi ဟာ Windows သုံးနေတဲ့စက်မှာ Ubuntu  သုံးဖို့အဆင်ပြေအောင် install လုပ်ပေးမှာဖြစ်ပြီး program တစ်ခု install လုပ်သလိုမျိုး လွယ်ကူပါ တယ်။

    Computer  စဖွင့်ဖွင့်ချင်းမှာ  Ubuntu  နဲ့ သုံးမယ်လို့ ရွေးပြီးတဲ့ နောက်မှာတော့ Ubuntu ကို သုံးနိုင်ပေမဲ့  startup လုပ်ရင်တော့ နည်း နည်းတော့ နှေးပါတယ်။ Ubuntu က သူ့ရဲ့  file  တွေကို Linux သီးသန့် partition တွေမှာ မသိမ်းဘဲ  Windows file system  ထဲမှာ သွားသိမ်းထား တာကြောင့် ကိုယ့်အနေနဲ့ game သွင်းမယ်ဆိုရင်ပဲဖြစ်ဖြစ်၊ Ubuntu ကိုပဲ အမြဲသုံးမယ်ဆိုရင်ပဲဖြစ်ဖြစ် စဉ်းစားစရာအချက် ဖြစ်ပါတယ်။ Windows ကို uninstall လုပ်ချင်ရင်တော့ control panel ထဲက Add/Remove Programs ကတဆင့် လွယ်လွယ်ပဲ uninstall လုပ်နိုင်ပါတယ်။

    Driver  တွေ လိုက်ရှာနေစရာမလိုတော့ပါဘူး
    အရင်တုန်းက  Windows PC  တွေမှာ hardware တစ်ခုခုကို  support  မပေးနိုင်တဲ့ အခါ driver တွေကို website တစ်ခုပြီးတစ်ခုအသေအကျေလိုက်ရှာရတဲ့ ပြဿနာတွေမရှိတော့ပါဘူး။Ubuntu မှာက သူ့နဲ့ ပတ်သက်တဲ့ driver တွေ အပါအ၀င် သူ run ဖို့ လိုအပ်တာတွေကို တစ်ပါတည်း ယူဆောင်လာပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် အရင်တုန်းက အလုပ်အရှုပ်ဆုံးဖြစ်ခဲ့တဲ့ driver  ရှာရခြင်းဆိုတဲ့ ပြဿနာတွေ အခု Ubuntu မှာ မရှိတော့ပါဘူး။

    Ubuntu သုံးတဲ့အခါ driver တွေ လိုက်ရှာစရာ မလိုတော့ပေမယ့် နောက်ဆုံးပေါ် graphics card တွေအတွက်တော့ ချွင်းချက်ရှိပါတယ်။ Graphics card အတွက် Nvidia ၊ ဒါမှမဟုတ်  ATI  တို့ ကို သုံးတဲ့အခါ ဒီ GPU တွေရဲ့ မူရင်း manufacturer ရဲ့ graphics driver တွေကို ထည့် သွင်းခိုင်းပါလိမ့်မယ်။ ဒါကလည်း အရည်အသွေးအမြင့်ဆုံး 3D graphics  စွမ်းဆောင်ရည်ကို ရရှိစေဖို့ဖြစ်ပြီး driver ကို install လုပ်ရတယ်
    ဆိုပေမဲ့ အရင်  Windows တွေမှာလို အချိန်ကုန်လူပန်း ဖြစ်စရာမလိုဘဲ click တစ်ချက်၊ ၂ ချက်နဲ့တင် ပြီးနိုင်ပါတယ်။
    Software တွေနဲ့ ပတ်သက်လို့
    Ubuntu မှာ install လုပ်ကတည်းက ပါဝင်လာပြီးသား app တွေ ရှိပါ တယ်။ ဒီအထဲမှာ browser အဖြစ် Firefox နဲ့ productivity suite  အဖြစ် LibreOffice  တို့ ပါဝင်လာပါတယ်။ တခြား app  တွေ ထပ်ထည့်ချင်ရင် တော့ Ubuntu Software Center  ကနေတဆင့် ရယူရမှာပါ။ Sreen ရဲ့ ဘယ်ဘက် dock ပေါ်ကshopping-bag  ပုံစံ icon လေးကို  click လုပ် လိုက်ရင်  software center  ထဲရောက်မှာဖြစ်ပြီး ကိုယ်လိုချင်တဲ့ software တွေ၊ app တွေကို စိတ်ကြိုက်ရှာဖွေနိုင်ပါတယ်။ ဒီsoftware center  မှာ Ubuntu အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အခမဲ့ app တွေ အများ ကြီးရှိရှိသလို ၀ယ်ယူအသုံးပြုရမယ့် app တွေဟာလည်း ဈေးသိပ်မ များလှပါဘူး။ Software center  ရဲ့ interface က user-friendly  ဖြစ်တဲ့ အပြင် သူက Ubuntu  အတွက် software management tool အဖြစ်လည်း အလုပ်လုပ်ပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ သူ့ကို တခြား app တွေ၊ ဒါမှမဟုတ် terminal command တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အလုပ်လုပ်ပေးနိုင်တာပါပဲ။

    Google Chrome နဲ့ Steam လိုမျိုး app တွေကတော့ Ubuntu software center  မှာ မရနိုင်သေးပါဘူး။ သူတို့ကို တော့ သက်ဆိုင်ရာ website တွေကနေ .deb file  အဖြစ် download  လုပ်ရမှာဖြစ်ပါတယ်။ အဲဒီ .deb file ကို Double-click လုပ်လိုက်ရုံနဲ့ Ubuntu က သူ့အလိုလို install လုပ်ပေးပါတယ်။

    Windows နဲ့ မတူက နောက်တစ်ခုကတော့ software  တွေကို update လုပ်တဲ့အပိုင်းပါပဲ။ Windows မှာတော့ app တိုင်းဟာ ကိုယ်ပိုင် updater တစ်ခုခု မဖြစ်မနေ ပါ ၀င်ရပေမယ့် Ubuntu  မှာတော့  software တွေ update လုပ်တဲ့ အပိုင်းကို  standard software-management  ရဲ့  tool  တွေကပဲ တာဝန်ယူပြီး လုပ်ပေးတာပါ။ Google Chrome  လိုမျိုး  third-party app  တွေမှာတော့ ကိုယ်ပိုင် updater  ပါဝင်ပြီးသား ဖြစ်ပါတယ်။ အခုလို သီးသန့် updater ထည့်ပေးထားပေမယ့် ဒါတွေအားလုံးဟာ Ubuntu software updater  မှာ အချိန်နဲ့တပြေးညီ ပေါ်နေမှာဖြစ်ပြီး အဲဒီ ကနေ ကိုင်တွယ်ထိန်းချုပ်နိုင်ပါလိမ့်မယ်။

    Unity desktop ကို အသုံးပြုပုံ

    Ubuntu ရဲ့ default ပါဝင်တဲ့ desktop environment  တစ်ခုဖြစ်တဲ့ Unity ကတော့ Linux ရဲ့ desktop ပုံစံတွေထဲက တစ်ခုပါ။ Linux ကတော့ Unity ကိုမှ သုံးရမယ်လို့ မပြောထားပါဘူး။ ကိုယ်နဲ့ အဆင်အပြေဆုံးကို ရွေးချယ်နိုင်ဖို့ desktop အမျိုးအစားတွေ တစ်ခုမက စမ်းသပ် အသုံးပြု ခွင့်ပေးထားပါတယ်။ အခုဖော်ပြမှာကတော့ Unity desktop  ရဲ့ အဓိက feature တွေပဲ ဖြစ်ပါတယ်။

    The Dock

    Dock ကတော့  Windows 7 user   တွေနဲ့  စိမ်းမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ Ubuntu  ရဲ့ taskbar လို့ဆိုရမယ့် dock  ဟာ Windows 7  က taskbar နဲ့ ပုံစံတူ ဖြစ်ပါတယ်။ Screen  ရဲ့ ဘယ် ဘက်ခြမ်းမှာရှိတဲ့ dock ဟာ Windows 7 taskbar  လိုပဲ လက်ရှိ အသုံးပြု နေတဲ့ app တွေကို ပြပေးပါလိမ့်မယ်။ နောက်ပြီး အသုံးအများဆုံး app တွေကိုလည်း dock ပေါ်က Quick List  ထဲမှာ မြင်သာအောင်တင်ပေး ထားတဲ့အတွက် ကိုယ်သုံးချင်တဲ့အခါ အလွယ်တကူသုံးနိုင်ပါတယ်။ Windows taskbar  နဲ့ မတူတဲ့အချက်ကတော့ ဒီ  dock ကို  screen ရဲ့ ဘယ်ဘက်ခြမ်းကလွဲလို့ တခြားနေရာကို ပို့လို့မရပါတာပါပဲ။

    The Dash

    Dock မှာက အသုံးများတဲ့ app  တွေကို ပဲပြပေးမှာဖြစ်လို့  install လုပ်ထားပြီးသား တခြား app တွေအားလုံးကို ကြည့်ချင်ရင်တော့ Dash မှာ သွားရောက်ကြည့်ရှုရမှာပါ။ ဒီအတွက် တော့screen ပေါ်က Ubuntu icon  လေးကို နှိပ်လိုက်ရင်ပဲဖြစ်ဖြစ်၊ Keyboard   ပေါ်မှာဆိုရင် တော့ (Ubuntu မှာ Super Key  လို့ အမည်ရတဲ့) <Windows> key  ကို နှိပ်လိုက်ရင်ပဲဖြစ်ဖြစ်  Dash ပေါ် ရောက်သွားမှာ ဖြစ်ပါတယ်။
    App Icon တွေကို Dock ပေါ်မှာ Lock/Unlock လုပ်ခြင်း

    App အသစ်တစ်ခုခုကို ဖွင့်လိုက်တဲ့အခါမှာ သူ run နေတဲ့တစ် လျောက် အဲဒီ app ရဲ့ icon ဟာ Dock ပေါ်မှာလာ ပေါ်နေမှာ ဖြစ်ပါ တယ်။ အဲဒီ icon တွေကို Dock ပေါ်မှာ အမြဲတမ်းတင်ထားချင်ရင်တော့ icon  ပေါ် right-click လုပ်ပြီး lock လုပ်နိုင်သလို မထားချင်တော့ရင် လည်း right-click နှိပ်ပြီး unlock  ပြန်လုပ်နိုင်ပါတယ်။

    App Menu များ ဖော်ပြခြင်း

    Ubuntu မှာ မူလ ပါဝင်ပြီးဖြစ်တဲ့ menu bar  ဟာ Mac OS ပုံစံလို မျိုး universal menu bar  ပုံစံ ဖြစ်ပါတယ်။ ဥပမာ  Firefox  ကို ဖွင့်ထား တယ်ဆိုရင်  file၊ edit နဲ့ view စတဲ့ menu တွေကို screen ရဲ့ ထိပ်ဆုံးမှာ ရှိတဲ့ panel မှာ မြင်ရမှာဖြစ်ပေမယ့် Firefox window  မှာတော့ မြင်ရမှာ မဟုတ် ပါဘူး။

    Home Folder

    Ubuntu ရဲ့ file manager  ကို ဖွင့်လိုက်ရင် ကိုယ့်စက်ရဲ့ Home Folder  ကို ရောက်ပါပြီ။ ဒါဟာ Windows မှာ တုန်းက Home Folder  ဖြစ်တဲ့ C:\Users\Name နဲ့ သဘောတရားချင်းတူပါတယ်။ ဒါပေမဲ့ Windows နဲ့ မတူတာက Ubuntu မှာ user account တစ်ခုအနေနဲ့ Home Folder  ကလွဲပြီး တခြားနေရာက  file    တွေကို write access လုပ်ခွင့်မရှိပါဘူး။ ဒါကြောင့် Home Folder  မှာ file တွေ သိမ်းတာနဲ့ ပတ်သက် ပြီး အလေ့အကျင့် လုပ်ထားဖို့ လိုပါတယ်။

    Workspaces

    Linux ကတော့ workspace  ပိုင်းမှာ virtual desktop  ဆိုတဲ့ feature နဲ့ အကောင်းဆုံး အထောက်အပံ့ပေးထားပါတယ်။ Virtual desktop  ဆိုတာ window တွေကို တစ်ချိန်တည်းမှာ အများကြီးဖွင့်နိုင်မယ့် သီး ခြား workspace  ဖြစ်ပါတယ်။ Workspace  တစ်ခုကနေတစ်ခုပြောင်း ပြီး အလုပ်လုပ်ဖို့ <Ctrl>-<Alt>  နဲ့ arrow key  တစ်ခုကိုပေါင်းပြီး နှိပ် ကာ ကူးပြောင်းနိုင်ပါတယ်။

    Dock ရဲ့ အောက်ခြေနားမှာရှိနေတဲ့  Wordspace Switcher icon  က ကိုယ်ဖွင့်ထားတဲ့  workspace  တွေကို ကြည့်နိုင်၊ ထိန်းချုပ်နိုင်စေပါ တယ်။ Workspace တစ်ခုနဲ့တစ်ခုကြားထဲမှာ window တွေကိုရွှေ့ပြောင်း ချင်တယ်ဆိုရင်တော့ title bar ကို right-click ထောက်ပြီး context menu  ထဲက option ကို ရွေးချယ်နိုင်သလို၊ Wordspace Switcher  ထဲ  drag & drop  လုပ်ထည့်နိုင်တဲ့အပြင် <Ctrl>-<Alt>-<Shift>  နဲ့ arrow key တစ်ခု ကို တစ်ပြိုင်နက်တည်းတွဲနှိပ်ပြီးလည်း ပြောင်းရွှေ့နိုင်ပါတယ်။

    The HUD

    Ubuntu ရဲ့  head-up display (HUD) ကတော့ app တစ်ခုရဲ့ menu item  တွေကို keyboard ကနေတစ်ဆင့် လွယ်လွယ်ကူကူ ရှာဖွေသုံးနိုင်စေမယ့် နည်း လမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ရယူအသုံးပြု နိုင်ဖို့ ကိုယ်သုံးချင်တဲ့ program menu  ထဲက command တစ်ခုခုကို <Alt> key  နှိပ်ထားလျက်နဲ့ type လုပ်လိုက်ခြင်းဖြင့် activate လုပ်နိုင်ပါ တယ်။

    ဥပမာ File Manager  ထဲက View ထဲက Show Hidden Files menu option  ကို အလုပ်လုပ်စေချင်တယ်ဆိုရင် “Show Hidden” ဆိုတဲ့ စာ သားကို  <Alt> key  နှိပ်ထားလျက်နဲ့ type ရိုက်ပြီး <Enter> ခေါက်လိုက် ရုံပါပဲ။ ဒီ feature က menu option  တွေ ရုတ်တရက်ရှာမတွေ့တဲ့အခါ မှာ အသုံးဝင်ပါလိမ့်မယ်။

    Indicator app အသေးစားများ

    Windows မှာ တုန်းကလိုပဲ ကိုယ့်စက်ရဲ့ battery status  ၊ network connection  အခြေအနေနဲ့ sound  settings တွေကိုတော့ applet တွေလို့ အသိများတဲ့ အသေးစား indicator app  တွေနဲ့ ဖော်ပြပေးမှာ ဖြစ်ပါ တယ်။ App တွေအနေနဲ့လည်း သူတို့နဲ့ သက်ဆိုင်တဲ့ Indicator Applet တွေ ပါဝင်လာမှာ ဖြစ်ပါပြီး စက်ပိတ်ချင်တဲ့အခါ၊ ဒါမှမဟုတ်system settings window  ကို access လုပ်ချင်တဲ့ အခါမျိုးတွေမှာ စက်သွား( Gear) ပုံ  icon  လေးအောက်က options တွေကတဆင့် သွားနိုင်မှာဖြစ်ပါတယ်။

    Desktop Hotkeys

    Unity နဲ့ ပတ်သက်တဲ့ shortcut key  တွေ အားလုံးကိုသိချင်ရင်တော့ <Windows> (Super) key  ကိုသာ ကြာကြာလေး ဖိထားလိုက်ရင် စာရင်းဇယားနဲ့တကွ ကျလာမှာဖြစ်ပါတယ်။
    Stress-Test နဲ့ စက်ရဲ့ hardware ပိုင်းကို စမ်းသပ်ပုံအဆင့်ဆင့်
    Stress-Test လုပ်တယ် ဆိုတာကတော့ အခုမှအသစ်ဝယ် လာတဲ့ စက်၊ ဒါမှမဟုတ် ပူပူနွေးနွေး overclock လုပ်ထားတဲ့ စက် တို့ကို သူတို့ရဲ့ အမြင့်ဆုံး အခြေအနေအထိ ရောက်အောင် အလုပ်လုပ်ခိုင်းပြီး ဒီစက်တွေရဲ့ stability ကို စစ်ဆေးပေးခြင်းပဲ ဖြစ်ပါ တယ်။

    Credits

    No comments

    Post Top Ad

    Post Bottom Ad