The Shadow People(2017)
The Shadow People(2017)မြန်မာစာတန်းထိုး
အရိပ်လိုလူများ
#အိမ်ဆိုတာ လူတွေအတွက်အကျိုးပြုတဲ့အိမ်မျိုးရှိသလို ဆိုးကျိုးတွေဖြစ်လာနိုင်ပြီး ကံမကောင်းရင် အသက်အန္တာရာယ်ပါ ထိခိုက်လာနိုင်တဲ့အိမ်မျိုးတွေရှိတာဆိုတာတော့ ငယ်ငယ်ကစာအုပ်တွေထဲ ဖတ်ခဲ့ဖူးတယ်။ဒါကြောင့်လည်း ကျွန်တော်တို့ အိမ်အသစ်ပြောင်းပြီဆိုရင် ဘုန်းကြီးဆွမ်းကျွေးတာတို့ ပရိတ်ရွက်ဖတ်တာတို့လုပ်ကြတာ ထုံးစံလိုဖြစ်နေခဲ့ပြီ။ကျွန်တော်ငယ်ငယ်က အိမ်ကြီးကြီးဆို နေလည်ခင်းတောင် တယောက်တည်းမနေရဲဘူး စိတ်ခြောက်ခြားလို့ မိတ်ဆွေတို့လည်းဖြစ်ဖူးတဲ့သူရှိမှာပါ။ဒီကားထဲကအိမ်မျိုးဆိုပိုတောင်ဆိုးသေးတယ်။မြိုနဲလည်းဝေးတယ်။ပြီးတော့ မမြင်နိုင်တဲ့ပရလောကသားဆိုတာ ဒီလိုအိမ်ကြီးမျိုးမှာ ပိုရှိနေကောင်းနေနိုင်တာပဲလေ။ဒါပေမယ်အဲလိုအိမ်မျိုးကို ပြောင်းလာတဲ့ လင်မယားနစ်ယောက်တော့ ကံဆိုးစွာပဲပြောင်းလာခဲ့ပါတယိ။
Review
Andrewနဲ့Meganတို့ဇနီးမောင်နှံ တို့နစ်ဦး သူတို့စိတ်ကူးယဉ်ပြီးရူးသွပ်ခဲ့တဲ့အိမ်လေးကိုပြောင်းရွှေခဲ့ပါတယ်။သူတို့နစ်ယောက်ရည်ရွယ်ချက်ကတော့ ဒီလိုအိမ်မျိုးလေးမှာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးတခုကို ဖနိတီးချင်တာပါ။ဒါပေမယ် သူတို့စိတ်ကူးဟာခွေးထက်မိုက်မဲခဲ့တယ်ဆိုတာနောက်ကျမှသိလိုက်ရပါတယ်။အဲ့နေမှာကောင်းကင်ကမည်းနက်နေပြီး မီးတွေလည်းပျက်လို့နေပါတယ်။အိမ်ကြီးကနေဖက်မှာကြည်လို့ကောင်းနေသလောက် ခုလိုညမျိုးမှာတော့အဝေးကလှမ်းကြည်ရင်မကောင်းဆိုးဝါးကြီးတယောက်ထိုင်နေသလို ပုံပေါ်နေပါတယ်။မိန်းမဖြစ်သူ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုစတင်သတိထားမိလာပါတယ်။ဘယ်ကမှန်းမသိတဲအသံတွေ။ဖျက်ခနဲပေါ်ပေါ်လာပြီးပျောက်သွားတဲ့အရိပ်တွေ။ဒီအိမ်ကြီးကိုစရောက်ကတည်းကသူမှာစိတ်ထဲ မသတီသလိုခံစားနေရတာပါ။စိတ်ထဲထင်လိုပဲ ဖြစ်ပါလေဆိုပြီးပေါ့ပေါ့ပျက်ပျက်နေခဲ့တာတွေက ယောကျားဖြစ်သူ Andrewကိုယ်တိုင် နဖူးတွေကဒူးတွေ့ကြုံလိုက်ခါမှ တကယ်ကြီးဖြစ်နေတာဆိုတာသိသွားပါတယ်။အဲနောက်ပိုင်း ဘယ်ကမှန်းမသိတဲ့ ခရစ်ယာန်ဘုန်ကြီးတယောက် သူတို့အိမ်ကိုရောက်လာခဲ့ပါတယ်။သရဲကားတို့ထုံးစံအတိုင်းဆက်ရေးရင် ကြည်ရတာပေါ့သွားမှာမလို့ နောက်ဆုံးဒီအိမ်ကြီးထဲကနေ သနားစရာလင်မယားနစ်ယောက်အသက်ရှင်ရက်ပြန်လည်ထွက်လာနိုင်မလားဆိုတာတော့ ကြည်ရူခံစားပါဦးဗျာ။
(ဒီကားကိုဘာသာပြန်ပေးထားသူကတော့ ကိုLwin Naungဖြစ်ပြီး encodeနဲအညွှန်းကိုတော့ကိုဟိန်းမင်းထက်ကရေးသားတင်ဆက်ပေးထားပါတယ်။)
Quality-Web Dl 720p
Size-570mb/320mb
Credits
No comments