• Raees (2017)မြန်မာစာတန်းထိုး

    Raees (2017)မြန်မာစာတန်းထိုး

    Raees ဟာ 2017 မှာ ထွက်ရှိလာတဲ့ အက်ရှင်၊ မူခင်း သည်းထိတ်ရင်ဖိုအမျိုးအစား ဘောလီးဝုဒ်ရုပ်ရှင်ပါ မင်းသား ရှာရွတ်ခန်း အဓိကပါဝင်ပါတယ် ဒီရုပ်ရှင်ဟာ 1980 ခုနှစ်တွေက အိန္ဒိယပြည်နယ်တစ်ခုဖြစ်တဲ့ Gujarat ပြည်နယ်မှာ ကြီးမားတဲ့ မှောင်ခိုဈေးကွက် တည်ထောင်ခဲ့သူရဲ့ ဥပဒေဘောင်မဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ ကြိုးစားခဲ့သူ ရဲအရာရှိ နဲ့ သူတို့တွေရဲ့ ထိပ်တိုက်ရင်ဆိုင်ရခြင်းတွေကို ဒရာမာ အဖြစ်ရိုက်ကူးထားတာပါ

    မင်းသားကြီးရှရွတ်ခန်းက ဒီရုပ်ရှင်မှာ Raees ဆိုတဲ့ ဇာတ်ကောင်ကနေ ပါဝင်ထားပါတယ် Raees ဟာ ဂိုဏ်းစတားတစ်ယောက် ဒုစရိုက်လုပ်ငန်းတွေလုပ်တဲ့သူတစ်ယောက် ဥပဒေနဲ့မကင်းတာတွေကို လုပ်တယ် သူ့လူတွေကိုတော့ ဂရုစိုက်မပျက်ဘူး အရက်ပုန်းရောင်း ပိုက်ဆံရှာပြီး ရတဲ့ငွေတွေကို သူပညာသင်ခဲ့တဲ့ကျောင်းကို စာရေးကိရိယာလှုတယ် အိမ်တွေဆောက်တယ် ဆေးရုံတွေဆောက်တယ် ကုလားကားတွေရဲ့ ထုံးစံအတိုင်း သီချင်းနဲ့ အကကတော့ မပါမဖြစ်ပေါ့ဗျာ
    ရုပ်ရှင်ကိုတော့ Raees ၏ ငယ်ဘ၀နဲ့ စဖွင့်ပါတယ် ငယ်ရွယ်တဲ့ Raees လေးဟာ မကောင်းမှုတွေကို စတင်ပြုလုပ်နေတဲ့ လမ်းပေါ်က ခပ်သွက်သွက်ကောင်လေးတစ်ယောက်ပေါ့ နောက်ပြီး သူဟာ နွမ်းပါးတဲ့မိသားစုက မွေးဖွားလာသူတစ်ယောက် ဘယ်အလုပ်မဆို မသေးငယ်ဘူးဆိုတဲ့ မိခင်ဖြစ်သူ၏စကားနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ Raees ဟာ မယုံသင့်တဲ့သူတွေကို ယုံကြည်ခဲ့တယ် ငွေကြေးရှာဖွေဖို့ ရုန်းကန်ခဲ့ရတယ် စော်ကားမှုတွေအတွက် မကြာခဏ ရန်ပွဲတွေရင်ဆိုင်ခဲ့ရတယ် ဒါတွေကပဲ အမှောင်လောကထဲ ခြေစုံပစ်ဝင်ရောက်သွားဖို့ တွန်းအားတွေ ဖြစ်လာခဲ့တယ်
    Raees ဟာ အရွယ်ရောက်လာတာနဲ့အတူ ဒုစရိုက်လောကရဲ့ ဖျံတစ်ကောင်ဖြစ်လာခဲ့တယ်   Mahira ဟာ Raees ချစ်ရတဲ့ အမျိုးသမီးဖြစ်လာမယ့် ရဲအရာရှိတစ်ယောက်အနေနဲ့ပါဝင်ထားပြီး ရှရွတ်ခန်း နဲ့ အပြိုင်သရုပ်ဆောင်ရမယ့် Nawaz နဲ့စတင် ဆုံမိပါတော့တယ်
    မင်းသားကြီး Nawazuddin Siddiqui က ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့စောင့်ကြည့်နေတဲ့ ရဲအရာရှိနေရာကနေ ပါဝင်ခဲ့ပြီး ရှရွတ်ခန်း နဲ့အပြိုင် သရုပ်ဆောင်ရပါတယ်
    အိန္ဒိယဟာ နိုင်ငံရေး အရူပ်အထွေးတွေနဲ့ ဌာနဆိုင်ရာခြစားမှုလည်း အင်မတန်းများပြားတဲ့နိုင်ငံပါ Raees ဟာ ပြည်နယ်ကြီးတစ်ခုရဲ့မြေအောက်လောကကို ပိုင်ဆိုင်ထားတဲ့ အထင်ကရဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ့ရဲ့စီးပွားရေး၊ သူ့လောကအတွက် အစိုးရဌာနတွေကို ငွေနဲ့ပေါက်ပြီး ချဉ်းကပ်တယ် လိုအပ်လာရင် ဘယ်လိုရာဇ၀တ်မှုတွေကိုမဆို ကျူးလွန်ဖို့ဝင်မလေးတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပေါ့

    Raees တို့ရဲ့မှောင်ခိုလုပ်ငန်းဟာ အာဏာပိုင်အဖွဲ့အစည်းတွေကို လာဘ်ထိုးမှုတွေ အပါအ၀င် အကျင့်ပျက်ချစားမှုတွေ အပြည့်လို့ ဆိုခဲ့တဲ့အတိုင်း သူ့ရဲ့အာဏာစက်အတွင်းမှာ လူသတ်ဖို့ပါ ၀န်မလေးတဲ့ အမှောင်လောကရဲ့ ဆရာတစ်ပါး Raees နဲ့ အမှန်တရားဘက်တော်သား ရဲအရာရှိလေး Majmudar တို့ ထိပ်တိုက်ရင်ဆိုင်ရမှုတွေ ဖြစ်လာတော့တယ် Raees ရဲ့သိမ်းသွင်းမှုကို ဂရုမစိုက် အမှန်တရားအတွက်ပဲ အလုပ်လုပ်တဲ့ တရားဥပဒေသား Majmudar.. သူကြိုးစားဖို့ ဦးတည်ခဲ့တာက Gujarat ၏ ဥပဒေမဲ့ မှောင်ခိုလုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ Raees ကလည်း စောင့်ကြည့်ဖမ်းဆီးခံရမှုတွေကမှ ကွက်ကျော်ရိုက်ကာ သူ့ရဲ့မှောင်ခိုလုပ်ငန်းကို ဆက်လက်ကြီးထွားနိုင်ဖို့ အားထုတ်ခဲ့တာပါ
    ကဲ ဒီလောက်ဆို ကြည့်ရမယ့် ပရိတ်သတ်ကြီး ရင်ခုန်နေလောက်ရောပေါ့...ရှာရွတ်ခန်းကားဆိုတာနဲ့ပဲ လက်မလွှတ်သင့်တော့ဘူးနော်....
    အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

    Review by MoringStar Naing Lin
    Translate by Lwin Naung & HtaG
    Encoded by Hein Min Htet
    Quality-Webrip 1080p
    Size -0.9G/500mb

    ဒီမှာ ဒေါင်းပါ

    Credits

    No comments

    Post Top Ad

    Post Bottom Ad