VPS Severဆိုတာဘာလဲ
လာလာမေးနေကျလို့တင်ပေးလိုက်ပါတယ်
VPS Severဆိုတာဘာလဲ
Vps ဆိုတာ အင်တာနက် ၂၄ နာရီ ရရှိနေသောကွန်ပြူတာတစ်လုံးပါဥပမာ ပေးရရင်ကျွန်တော်ကအခုမြန်မာနိုင်ငံမှာနေတာပါVps၀ယ်လိုက်တာဟာ
ကျွန်တော်တို့ မြန်မာနိုင်ငံကနေ နိုင်ငံခြားက အင်တာနက် ၂၄ ပါပြီး ကွန်ပြူတာတစ်လုံးကိုဝယ်လိုက်တာပါပဲ
ကျွန်တော်တို့ မြန်မာနိုင်ငံကနေ အဲ့ကွန်ပြူတာကို လှမ်းပြီး သုံးတဲ့သဘောပါပဲ အဲ့ကွန်ပြူတာဟာ မည်သူ့မှသုံးမှာမဟုတ်သလိုကျွန်တော်တို့ ၀ယ်တဲ့သူတွေအတွက် သီးသန့် အသစ်စက်စက် ပါ
Vps နိုင်ငံခြားက ကွန်ပြူတာကို တကယ်က ငှားသုံးတာပါ တစ်လစာ ငှားမလား ၃လစာ ၆လစာကနေ ၁၂လ တစ်နှစ်စာ နှစ် နှစ်စာ စသည့်ငှားရမ်းသုံးစွဲနိုင် ပါတယ် ငှားရမ်းတဲ့နေရာမှာ CPU RAM, Storage စသည့်ဖြင့် မြင့်လျှင်မြင့် သလောက်ဈေးပိုပေးရပါတယ် တစ်လစာကို အနည်းဆုံးတန် ကတော့ ၅ဒေါ်လာတန်ပါ အများဆုံးကတော့သူကောင်းရင်ကောင်းသလောက်၁သိန်းမကတန်တွေလည်း ရှိပါတယ်
၁၀ဒေါ်လာတန်ဝယ်ဘို့အကြံပြုပါရစေ
၅ဒေါ်လာတန်ကလေးလို့ပါ
Vps သုံးတဲ့နေရာမှာဖုန်းနဲ့ အသုံးပြုမယ်ဆို ဖုန်းသေးလျှင်တော့အသုံးပြုတာခက်ခဲနိုင်ပါတယ် သုံးတာကတော့အဆင်ပြေပါတယ် နည်းနည်းသေးလျှင်တော့ လုပ်ရကိုင်ရတာကပ်ကပ်သပ်သပ် နိုင်တာပေါ့
ဘာတွေအသုံးဝင်နိုင်သလဲဆိုတော့ လက်ရှိကျွန်တော်သိလောက်ပေါ့ အရင်အပိုင်း ၁ ကပြောသလိုပဲ ကျွန်တော်တို့ ဒီကနေ အဲ့ကွန်ပြူတာကိုလှမ်းချိတ်မယ် ချိတ်ပြီး အဲ့ကွန်ပြူတာက ၂၄ နာရီအင်တာပါပြီဖြစ်သလို လိုင်းအားကလည်း 1TB အထိ ရရှိတာကြောင့် လိုင်းအားအထူးကောင်းမွန်ပါတယ် Upload Download ဒါပေမဲ့ ကွန်ပြူတာက နိုင်ငံခြားမှာဖြစ်သောကြောင့် Download ဆွဲမည်ဆို လျှင်လည်း ကျွန်တော်တို့ရဲ့ ဖုန်းထဲ ကွန်ပြူတာထဲတော့ရောက်လာမှာမဟုတ်ပါဘူး
Vps တစ်ခု အသုံးဝင်မ၀င် ကတော့ အသုံးချတတ်တဲ့သူအပေါ်မှာပဲ အများကြီး မှုတည်ပါတယ် အခုမြန်မာနိုင်ငံကနေ ကျွန်တော် သူငယ်ချင်းတွေ အသုံးများတာကတော့ File Size အကြီးကြီးတွေတင်စရာ ရှိတဲ့ Website Blog ထောင်ထားတဲ့သူတွေအတွက် အရမ်းအသုံးဝင်လှပါတယ်
ဘယ်လိုလဲဆိုတော့ကျွန်တော်ကထားပါ ဆို Channel Myanmar, Porn Site, Phone Firmwareအပြင်ဂိမ်းဆိုဒ်ကြီးတာတွေကိုတင်ပေးတဲ့Websiteတို့ပေါ့ဗျာအဲ့ထဲကတစ်ခုခု ထောင်ထားတဲ့သူဆိုပါဆို ဗျာ
အဲ့မှာ ကျွန်တော်က Channel Myanmar Site ထောင်ထားတဲ့သူဆိုပါဆိုဗျာ Vps ထဲမှာမြန်မာစာတမ်းမထိုးရသေးတဲ့ ကိုယ်တင်ချင်တဲ့ကားတွေကိုရှာဒေါင်းမယ်ဗျာ ဘေမကုန်ဘူး ဗျာ ဒေါင်းပြီးအဲ့ ထဲမှာပဲ မြန်မာစာတမ်းထိုးတွေထည့်မယ်ဗျာ ထည့်ပြီး Pcloud မှာ Upload လုပ်မယ် ဘေမကုန်ဘူးဗျာ Vps ထဲလုပ်တာဆိုတော့ ကွန်ပြူတာကနိုင်ငံခြားမှာလေ တင်တာဒေါင်းတာဘေမကုန်သလို လိုင်းအားကလည်းဒေါင်းတာတင်တာ 1GB 1min ကြာတော့ အချိန်ကုန်လည်းအရမ်းသက်သာပါတယ်
ထားပါတော့ဒါကတော့ ကျွန်တော်က လုပ်လို့ရတာကို ပြောပြတာပါ
သူတို့အဲ့လိုလုပ်မလုပ်တော့မသိဘူးနော် လုပ်လို့ရတာကိုပြောတာပါ
အဲ့ Porn Site တွေ Firmware Game အစုံတင်ထားတဲ့ အချို့ဆိုဒ်တွေကတော့ ဒါမျိုးလုပ်တဲ့ Website တွေ Blog တွေ ရှိပါတယ် ထားပါတော့ Porn Site ဆိုလည်း အခြားတစ်နေရာရာကနေ Vps ထဲမှာဒေါင်းမယ်ဗျာ ပြီးရင် ကိုယ်ဆိုဒ်မှာပြန်တင်မယ် ကဲ တင်တာဒေါင်းတာဘေမကုန်ဘူး အချိန်မကုန်ဘူး
Firmware Game Sites တွေလည်း ဒါမျိုးလုပ်လို့ရတာပါပဲ ကိုယ်ပိုင်လုပ်တဲ့သူတွေပြောပါတယ် သူများဆီက Link ကိုယူပီးပြန်ချပေးတဲ့ Site တွေအတွက်တော့မလိုဘူးပေါ့ဗျာ
ဒီလောက်ပါပဲစာရှည်သွားပြီ အခြားသုံးလို့ရတာတွေတော့အများကြီးပါ အပိုင်း ၃ ကျရင် သုံးလို့ရတာတွေထပ်တင်ပေးပါမယ် ငွေရှာလို့ရတာတွေပါတင်ပေးထားပါမယ် Vps နဲ့ အခုတော့ဒီလောက်ပါပဲ
Vps ကတော့ အသုံးချတတ်တဲ့သူအပေါ်မှုတည်ပြီး အသုံးကျတာ ပါပဲ
အသုံးမချတတ်ရင် တော့ ၀ယ်လည်း အလကားပါပဲ အသုံးချတတ်ရင်တော့သုံးစရာတွေအများကြီးပါ
Credits
No comments