• FBS ဆိုတာဘာလဲ???

    FBS ဆိုတာဘာလဲ???
    FBS ဆိုတာ၂၀၀၉ မှာစတင်တည်ထောင်ခဲ့တဲ့ နိုင်ငံတကာအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်အထိ သက်ဆိုင်ရာနယ်ပယ်များကပေးအပ်တဲ့ ဆုတံဆိပ်များစွာရှိထားတဲ့ Forex Broker company တစ်ခုဖြစ်ပါတယ်။

    Forex broker ဆိုတာကတော့ ကမ္ဘာ့ငွေကြေး၊ ရွှေအစရှိသည်တို့ကို အွန်လိုင်းမှတဆင့် (platform ဖြင့်သော်လည်းအကောင်း၊ browser မှသော်လည်း) အရောင်းအဝယ်ပြုလုပ်နိုင်အောင် ဝန်ဆောင်မှုပေးတဲ့ ပွဲစားကိုခေါ်တာပါ။ အွန်လိုင်းကနေ ဘယ်လိုအရောင်းအဝယ်လုပ်လဲဆိုတော့ ကိုယ်ပိုင် trading အကောင့်တစ်ခုဖွင့်၊ ငွေထည့်ပြီး မိမိအရောင်းအဝယ်လုပ်မယ့် သက်ဆိုင်ရာငွေကြေးအတွဲတွေရဲ့ အတက်၊အကျကို သေချာ လေ့လာသုံးသပ်ပြီး တက်နိုင်တယ်ဆိုရင် ဝယ်၊ ကျနိုင်ရင်ရောင်းပြီး အရှုံးအမြတ်ကို မိမိအကောင့်ထဲသို့ ပေါင်းထည့်၊ နှုတ်ယူမှာဖြစ်ပါတယ်။

    ကိုယ်က ငွေကြေးအတွဲတစ်ခုကိုတက်မယ်ထင်ပြီး ဝယ်လိုက်တဲ့အခါ တကယ်တက်ခဲ့ရင် တက်သလောက်မြတ်မှာဖြစ်ပြီး ကျသွားခဲ့ရင်လည်း အရှုံးကြီးသွားနိုင်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ကျမယ်ထင်လို့ ရောင်းပြီး အမြတ်ရရှိနိုင်သလို ရောင်းထားလို့ဈေးတက်သွားမယ်ဆိုရှုံးမှာပါ။ ဒါကြောင့် forex trading ဟာ high risk business တစ်ခုဖြစ်တဲ့အတွက်ကြောင့် သေချာစနစ်တကျလေ့လာပြီးမှ လုပ်သင့်ပါတယ်။ စနစ်တကျလေ့လာထားရင်ရော ကြိမ်းသေမြတ်မှာလား... မရှုံးတော့ဘူလားဆိုပြီးမေးကြအုန်းမှာပါ။ ဟုတ်ကဲ့….သေချာလေ့လာထားရင်တော့ မြတ်ရင် များများမြတ်ပြီး ရှုံးခဲ့ရင် အနည်းဆုံး ဖြစ်အောင်ကာကွယ်နိုင်မှာပါ။ အဲ့လိုမဟုတ်ပဲ သေချာမလေ့လာပဲ စိတ်ထင်ရာ ရမ်းလုပ်မယ်ဆိုရင်တော့ လူအများစုထင်နေကြသလို လောင်းကစားသဘောမျိုးဖြစ်သွားမှာပါ။ ဒါပေမယ့် Forex trading ဟာ လောင်းကစားမဟုတ်ပါ။ ကမ္ဘာပေါ်မှာ အကြီးဆုံး အရောင်းအဝယ်လုပ်နေတဲ့ဈေးကွက်ကြီး တစ်ခုဖြစ်ပါတယ်။

    အဲ့ဒီ ဈေးကွက်ကြီးကဘယ်လောက်ကြီးလဲဆိုရင် အရင်ကအကြီးဆုံးဈေးကွက်ဖြစ်ခဲ့ပြီးတစ်ရက်ကို 22.4 billion $ အရောင်းအဝယ်ဖြစ်တဲ့ New York Stock Exchange တောင် တစ်ရက်ကို 5 Trillion (1 trillion =တစ်အနောက်မှာ သုည၁၂လုံး) အရောင်းအဝယ်ဖြစ်တဲ့ Forex market နဲ့ယှဉ်ရင် NYSE က အဆ ၂၀၀ လောက်သေးငယ်သွားပါတယ်။ တစ်ရက်ကို 5 trillion ဆိုတာက တစ်ကမ္ဘာလုံးကရှိသမျှ ပုဂ္ဂိုလ်လိကဘဏ်တွေ၊ အစိုးရဘဏ်တွေ၊ ကုမ္ပဏီကြီးတွေ၊ ရင်းနှီးမြှပ်နှံသူတွေ၊ တနိုင်တစ်ပိုင်ရောင်းဝယ်သူတွေအားလုံးရဲ့ ငွေကြေးအရောင်းအဝယ်ပြုလုပ်တဲ့နှုန်းပါ။အဲ့ဒီထဲမှာမှာ ကျွန်တော်တို့လို တစ်နိုင်တစ်ပိုင် လက်လီအရောင်းအဝယ်သမား (retail traders) တွေအရောင်းအဝယ်လုပ်တာ တစ်ရက်ကို 1.49 Trillion ရှိပါတယ်။

    ဘာကြောင့် forex (foreign exchange market)မှာ အရောင်း၊အဝယ်လုပ်ကြလဲ?

    High liquidity
    High liquidity ဆိုတာ ငွေဖြစ်လွယ်မှုမြင့်မားတယ်၊၊ ဝယ်ရ၊ ရောင်းရ လွယ်တယ်ပေါ့ဗျာ.... ဥပမာ..အိမ်၊ ခြံ၊ ကား စတာတွေကို ရင်နှီးမြှပ်နှံမယ်ဆိုပါဆို့....ကိုယ်လိုတဲ့အချိန် ချက်ခြင်းရောင်းလို့ရမလား... ဈေးတက်တယ်....ဒါပေမယ့် ဝယ်မယ့်သူရှိမှကိုယ့်ငွေပေါ်မယ်လေ။ forex မှာကဘယ်လောက်ကြီးတဲ့ amount (အရေအတွက်)ပဲဖြစ်ဖြစ် လက်ရှိပေါက်ဈေးအတိုင်းချက်ချင်းရောင်းလို့ရတယ်.... တစ်သန်းလား၊ ဆယ်သန်းလား click တစ်ချက်ပဲဗျ။ အိမ်တစ်လုံး၊ ခြံတစ်ခြံ ဆိုရင်တောင် ချက်ခြင်းရောင်းဖို့မလွယ်တာ....အများကြီးဆို တော်တော်ခက်ခဲသွားပြီလေ။ ဝယ်ချင်လဲ လိုက်ရှာနေစရာမလိုပဲ လိုချင်သလောက်ကို click တစ်ချက်နဲ့ ဝယ်လို့ရတယ်လေ။ ပြီးတော့ အလုပ်ရှိလို့ ဈေးကိုထိုင်မကြည့်နိုင်ဘူးဆိုလဲ ဘယ်ဈေးရောက်ရင် ဝယ်မယ်/ ရောင်းမယ် ဆိုတာစီစဉ်ထားနိုင်တယ်။ အမြတ်ဘယ်လောက်ဆိုတော်ပြီ....အရှုံးဆိုလဲဘယ်လောက်ထိပဲအရှုံးခံမယ်ဆိုတာ ကြိုတင်သတ်မှတ်ထားလို့ရတယ်။

    Profit in both upward and downward trending market
    ပြီးတော့ဈေးအတက်မှာရော၊ အကျမှာပါ အမြတ်ရှာနိုင်တယ်။ဈေးတက်မယ်ထင်ရင် ဝယ်၊ ကျမယ်ထင်ရင်ရောင်းမယ်။ ရှုပ်သွားလားမသိဘူး။ ဝယ်တာတော့ဟုတ်ပါပြီ.... ရောင်းတာကျတော့ကိုယ့်မှာမရှိပဲဘာကိုရောင်းမလဲဆိုတာ... နားလည်လွယ်အောင်ပြောမယ်ဆို တစ်ဒေါ်လာတစ်ထောင်ဈေးမှာ ဈေးကျမယ်မှန်းသိလို့ ၁၀၀၀ နဲ့ကြိုရောင်းလိုက်ပြီး(၁၀၀၀ ကြိုယူပြီး)... ၈၀၀ ဈေးဖြစ်သွားတဲ့အချိန်ရောက်မှ အဲ့တစ်ဒေါ်လာကို ၈၀၀ နဲ့ဝယ်ပေးလိုက်တယ်ဆို ၂၀၀ မြတ်တဲ့သဘောပဲဗျ…

    24/5 trading
    Forex က အခြား အရောင်းအဝယ်တွေလို အချိန်ရွေးနေစရာမလိုပဲ တစ်ပတ်မှာ ၂၄ နာရီ တနင်္လာ ကနေ သောကြာ အထိ ၅ရက် ကြိုက်တဲ့အချိန်ရောင်းအဝယ်လုပ်လို့ရတယ်ဗျ။ ၂၄ နာရီနီးပါး market ဖွင့်တဲ့အတွက် အခြားအလုပ်ရှိရှိ၊ part time (အချိန်ပိုင်း)ပဲလုပ်ချင်သူတွေအတွက် နေ့တွေ၊ ညတွေရွေးနေစရာမလိုပဲကိုယ်အားတဲ့အချိန် အရောင်းအဝယ်လုပ်လို့ရတယ်။

    Low barriers to entry
    forex မှာအရောင်းအဝယ်လုပ်ဖို့ အပြင်က ဒေါ်လာဝယ်ရောင်းသမားတွေလို ငွေအရင်းအများကြီးလိုမယ်လို့ထင်ကြမှာပဲဗျ...... အမှန်တကယ်တော့ forex trading လုပ်ဖို့ ကိုယ်တတ်နိုင်သလောက်နဲ့ စလို့ရတယ်ဗျ။ ဥပမာဗျာ... ငွေတစ်သိန်းရှိရင် ဒေါ်လာတစ်ရာတောင်အရောင်းအဝယ်လုပ်ဖို့မလောက်ပေမယ့် forex trading မှာ ငွေတစ်သိန်းရှိရင် အကောင့်အမျိုးအစား၊ leverage ပေါ်မူတည်ပြီး တော်တော်များများ trade လို့ရတယ်ဗျ။

    High Leverage
    Leverage ဆိုတာကိုယ့်မှာရှိတဲ့ငွေထက်ပိုပြီး အရောင်းအဝယ်လုပ်လို့ရတဲ့သဘောပါ။ ဥပမာဗျာ... ငွေတစ်သိန်းရှိရင် ဒေါ်လာတစ်ရာ အရောင်းအဝယ်လုပ်လို့ရတယ်ဆိုပါဆို့.... leverage 1:10 ယူထားရင် တစ်ရာရဲ့ဆယ်ဆဖြစ်တဲ့ ဒေါ်လာတစ်ထောင် အရောင်းအဝယ်ပေးလုပ်တဲ့သဘောပါ။ 1:100 ယူထားရင် ဒေါ်လာ တစ်သောင်းအရောင်းအဝယ်လုပ်လို့ရပါတယ်။ ရှုံးတဲ့အခါလဲ တစ်ရာအရောင်းအဝယ်လုပ်တဲ့အရှုံးနဲ့ တစ်ထောင်၊တစ်သောင်းအရောင်းအဝယ်လုပ်တဲ့အရှုံးကွာသလိုပဲ.... အရှုံးပိုများသွားမှာပါ။ဒါပေမယ့်ကိုယ့် အရှုံးက ကိုယ်ရင်းထားတဲ့ဒေါ်လာတစ်ရာရောက်တာနဲ့ broker ကကိုယ့် order တွေပိတ်လိုက်မှာပါ။ အမြတ်ကျတော့ ဘယ်လောက်မြတ်မြတ် order မပိတ်ပါဘူး။ ဒါကြောင့် leverage က မသုံးတတ်ရင် ကိုယ့် ငွေကခဏလေးနဲ့ကုန်သွားမှာပါ။ leverage ကဓားသွားနှစ်ဖက်ပါတဲ့ ဘလိတ်ဓားလိုပါပဲ....သုံးတတ်ရင်သုံးတတ်သလိုအသုံးဝင်ပြီး မသုံးတတ်ရင်လဲအန္တရာယ်များပါတယ်။ forex trading မှာ leverage ကို broker ပေါ်မူတည်ပြီး ရွေးလို့ရပါတယ်။ FBS မှာ leverage ကို ၁း၅၀ ကနေ ၁း၃၀၀၀ အထိ ယူလို့ရပါတယ်… အဲ့တော့ ကိုယ့်မှာရှိတဲ့ပိုက်ဆံရဲ့ အဆ ၃ထောင်ဖိုးပိုပြီးအရောင်းအဝယ်လုပ်နိုင်မှာပါ။

    No one can corner the market
    ဒါကတော့ forex market ကကြီးလွန်းအားကြီးလို့ ဘယ်သူမှ market ကိုလက်ဝါးကြီးအုပ်ဈေးကစားလို့မရဘူးဗျ။အစိုးရတွေ၊ ဗဟိုဘဏ်တွေ တောင်မှဈေးကစားလို့မရနိုင်တဲ့အတွက် ဈေးအတက်အကျနဲ့ပတ်သတ်ပြီးစိုးရိမ်စရာမရှိဘူးပေါ့ဗျာ။

    ဘယ်လိုလေ့လာရမလဲ??
    အခုအချိန်မှာ forex trading အကြောင်းကို social media တွေမှာ blog တွေမှာမြန်မာလို တော်တော်များများ ဝေမျှနေကြပါတယ်။ အချို့စာအုပ်ဆိုင်တွေမှာလည်း ရှာပြီးဝယ်ယူဖတ်ရူနိုင်သလို online မှာတင်ထားပေးတဲ့ pdf ဖိုင်များကိုလည်း ဒေါင်းပြီးဖတ်ရူနိုင်ပါတယ်။ FBS Myanmar တွင်လည်း အခြေခံ free training များ လာရောက်တက်နိုင်သလို နိုင်ငံတကာအသိအမှတ်ပြုဆရာဆီမှာ သင်ချင်ရင်လည်း IBIM ကျောင်းက ဆရာအောင်သိန်းထွန်းဆီမှာ သွားတက်နိုင်ပါတယ်။

    FBS Myanamar မှာ ဘာတွေဝန်ဆောင်မှုပေးလဲ???
    FBS Myanmar ဟာ FBS ၏ကိုယ်စားလှယ်ရုံးခွဲတစ်ခုဖြစ်ပြီး trading acc ဖွင့်ပေးခြင်း၊ မိမိအကောင့်ထဲသို့ ငွေအသွင်း၊ အထုတ်ပြုလုပ်ပေးခြင်း၊ forex trading နှင့်ပတ်သတ်သည့် Free seminar များဆောင်ရွက်ပေးခြင်း၊ အခြေခံ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း တို့ကိုဆောင်ရွက်ပေးလျှက်ရှိပါတယ်ခင်ဗျ။

    Credits

    No comments

    Post Top Ad

    Post Bottom Ad