• MI ဖုန်းတစ်လုံးဝယ်လို့ MIUI စကိုင်တာနဲ့ ကြုံတွေ့ရတတ်တဲ့ ခေါင်းခဲစရာလေးများ

    MI ဖုန်းတစ်လုံးဝယ်လို့ MIUI စကိုင်တာနဲ့ ကြုံတွေ့ရတတ်တဲ့ ခေါင်းခဲစရာလေးများ

    (1) Software တစ်ခုခုသွင်းတော့မယ်ဆိုရင် Allow လုပ်ခိုင်းဖို့ စက္ကန့်တွေ စောင့်ဆိုင်းနေရတာ
    ဖြေရှင်းရန် - Setting >> Additional Setting >> Privacy >> Unknown Sources ကိုအမှန်ခြစ်ပေးလိုက်ပါ

    (2) Developer Option မတွေ့တာ
    ဖြေရှင်းရန် - Setting >> About Phone >> MIUI Version ကို ခုနှစ်ချက်ဆက်တိုက်နှိပ်ပေးပါ

    (3) Download Size ပြသနာတက်ပြီး မဒေါင်းပဲရပ်နေတာ
    ဖြေရှင်းရန် - Download Application ကိုရှာပါ အပေါ်ဘက်ထောင့်ရှိ အစက်လေးသုံးစက်မှ တစ်ဆင့် Setting ကိုဝင်၍ Download Size Limit ကို Unlimited ထားပေးပါ

    (4) Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger တက်မလာတာ သို့မဟုတ် Messenger popup တက်မလာတာ
    ဖြေရှင်းရန် - Setting >> Installed App >> Messenger >> Permission Manager >> အောက်ဆုံးက Display Popup Window ကိုအမှားလေးဖြုတ်လိုက်ပါ

    (5) Zapya ကချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ
    ဖြေရှင်းရန် - Security Application ကိုရှာပါ Data Usage >> Restrict Data Usage >> Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ

    (6) Ringtone ပြောင်းရန်မတွေ့တာ
    ဖြေရှင်းရန် - (၁) Setting >> Sound >> Phone Ringtone>> အပြာဝိုင်းလေးနှင့် မြားလေးအောက်ဆိုက်နေသော Offline icon >> အောက်နားတွင် browse >> ထိုမှတစ်ဆင့် ဖိုင်ထဲတွင် လိုသော Ringtone ပြောင်းပါ

    Credits

    No comments

    Post Top Ad

    Post Bottom Ad