• မြိုင်​မဟာ ဓာတ်​ရှင်​(အပိုင်း ၉)
    မြိုင်​မဟာ ဓာတ်​ရှင်​(အပိုင်း ၉)
    အချစ်​ နဲ့ ငြိစွန်းကြခြင်း
    {၂၆}
    "​မြေး​လေး အ​ခြေအ​နေဘာထူး​သေးလဲ"
    "ထူး​တော့ထူးတယ်​ မယ်​မယ်​ကြီး မြိုင်​ကြီးဂူကို
    လူသစ်​နှစ်​​ယောက်​​ရောက်​​နေတယ်​"
    "လူသစ်​နှစ်​​ယောက်​ ဟုတ်​လား"
    "ဟုတ်​တယ်​ မယ်​မယ်​ကြီး ကျွန်​မထင်​တာ​တော့ မြို့ကဝရမ်း​ပြေး​တွေ
    ဖြစ်​မယ်​ တစ်​​ယောက်​က ကျည်​ဒါဏ်​ရာနဲ့ လှဲ​နေတယ်​​နောက်​တစ်​​ယောက်​က​တော့ မင်းသီဟနဲ့​တောထဲမှာ​ဆေးပင်​ရှာ​နေတာ​တွေ့ခဲ့တယ်​"
    "ဟုတ်​ပြီ ဒါဆိုရင်​​တော့ ပိုလို့အဆင်​​ပြေသွားပြီ​ပေါ့ကွယ်​"
    "ဘာဖြစ်​လို့လဲဟင်​ မယ်​မယ်​ကြီး"
    "​ယက္ခ"
    "ဟုတ်​ကဲ့ ​ပြောပါ မယ်​မယ်​ကြီး"
    "မင်းရဲ့ အရုပ်​​တွေ အ​ခြေ​နေဘယ်​လိုလဲ"
    "အားလုံးအဆင်​​ပြေပါတယ်​ မယ်​မယ်​ကြီး
    သိုင်းပညာအဆင့်​လည်း အားလုံးကျွမ်းကျင်​အဆင့်​​ရောက်​​နေပါပြီ"
    "​အေး​အေး ​ကောင်းတယ်​ ​ကောင်းတယ်
    ငါတို့ အခုပထမဆုံးလုပ်​ရမယ့်​အလုပ်​က ဟိုဝရမ်း​ပြေး
    နှစ်​​ကောင်​ထဲက တစ်​​ကောင်​ကို ဓားစာခံအဖြစ်​ အနုနည်း
    သုံးပြီးဖမ်း​ခေါ်ရမယ်​ ပြီး​တော့မှ ဓာတ်​ရှင်​လုံး နဲ့အလှဲအလှယ်​လုပ်​ရမယ်​ အဲဒီဓာတ်​ရှင်​လုံးကြီး သူတို့မှာ
    မရှိမှ ငါတို့ရဲ့ အစီအစဉ်​လည်း စတင်​လို့ရမှာ"
    "ဖြစ်​ပါ့မလား မယ်​မယ်​ကြီး ရဲ့ မင်းသီဟ ကဒီအတိုင်းကြည့်​​နေမယ်​မထင်​ဘူး"
    "ငါစဉ်းစားထားပြီးပါပြီ မင်းသီဟ ကို​တော့ ​မြေး​လေးကို
    တာဝန်​လွှဲရမယ်​"
    "ဘယ်​လို​ဆောင်​ရွက်​​ပေးရမလဲ မယ်​မယ်​ကြီး"
    "သိပ်​မခက်​ခဲပါဘူး ညည်းသူ့ကို အကျွမ်းဝင်​ရင်းနှီး​အောင်​သာလုပ်​ရမှာ အို..​ပြောရမယ်​ဆို သူ့ရဲ့အချစ်​ကို ရ​အောင်​ယူနိုင်​ဖို့ပဲ့ ​မြေး​လေးလို ​ချော​မောတဲ့မိန်း​ခ​လေးတစ်​​ယောက်​ကိုဘယ်​​ယောကျာင်္းကများမစွဲလန်း ဘဲ​နေဝံ့ပါမလဲ"
    "ရှင်​.."
    မယ်​မယ်​ကြီးခိုင်းသည့်​အလုပ်​ကို သူမ မလုပ်​ချင်​၍
    အံ့သြခြင်းမျိုးမဟုတ်​ဘဲ မင်းသီဟအား ​နောက်​ထပ်​တစ်​ကြိမ်​​တွေ့ခွင့်​​ပေးလိုက်​သလိုသာမကဘဲ မင်းသီဟ၏
    အချစ်​ကိုပါရယူခွင့်​​ပေးလိုက်​၍ အံ့သြဝမ်းသာခြင်းသာဖြစ်​​ပေသည်​။
    "တစ်​ခု​တော့ရှိတယ်​​​နော်​ ဒီအချက်​အ​ရေးကြီးဆုံးပဲ့
    အဲဒါက​တော့ ညည်းသူ့ကိုလုံးဝမချစ်​မိဖို့ပဲ့ ဘာလို့လည်း
    ဆို​တော့ ဒီအချစ်​​တွေက ငါတို့အစီအစဉ်​မ​အောင်​မြင်​တကြား ဟန်​​ဆောင်​ခြင်းပဲ့ဖြစ်​ရမယ်​ ကြားတယ်​​နော်​"
    "ရှင်​..ဟုတ်​ ဟုတ်​ကဲ့ မယ်​မယ်​ကြီး"
    မယ်​မယ်​ကြီး စကားအဆုံး၌ ခင်​နွဲ့ရီလည်း ​နေရာမှထကာ
    အခန်းထဲသို့ဝင်​သွား​တော့သည်​။သူမ၏လမ်း​လျှောက်​ပုံကား အရင်​နဲ့မတူဘဲ ခပ်​ရွရွက​လေးဖြစ်​​နေသည်​ကို​တော့
                                     #########
    "ကျလိ ကျလိ"
    "ကွိ ကွိ"
    "အား အီး ကျွတ်​ကျွတ်​"
    မနက်​ခင်း ​နေထွက်​အချိန်​နှင့်​အတူ တစ်​ပြိုင်​တည်းထွက်​လာသည့်​ ​ကျေးငှက်​များ၏ တွန်​ကြူးများ၊​မျောက်​​အော်​သံများ၏ ​နောက်​၌ လူတစ်​​ယောက်​၏ ညည်းညူသံမှာလည်း မြိုင်​ကြီးဂူအတွင်းရှိ​ကျောက်​ကုတင်​​ပေါ်မှထွက်​​ပေါ်လာ​လေသည်​။ထိုလူ၏ ညည်းညူသံ​ကြောင့်​ပင်​နံ​ဘေး၌ အိပ်​​မောကြ​နေသူများ လည်းနိုးကုန်​ကြ​တော့၏။
    "ဟင်​ မိုး မိုးက​လေး မင်းသတိရလာပြီ ဝမ်းသာလိုက်​တာမိုးက​လေးရယ်​"
    ပထမဆုံး အံ့သြဝမ်းသာ၍ မိုးက​လေးအား အတင်း​ပွေ့ဖက်​လိုက်​သူကား ကျွနု​ပ်​ပင်​တည်း။
    "ဆ ဆာဂွတ်​ ​ရေ ​ရေ​လေးတိုက်​ပါအုံး"
    "​အေး​​အေး ရမယ်​ တပည့်​ကြီး ခဏ​စောင့်​ ပြန်​လာခဲ့မယ်​ဟဲဟဲ"
    ကျွနု​ပ်​လည်း တပည့်​ကြီး၏ ​တောင်းတမှု​ကြောင့်​ ​ရေခပ်​ရန်​ စမ်း​ချောင်း​လေးဆီသို့ဆင်းလာခဲ့သည်။။မျက်​နှာတွင်​​တော့ အပြုံးရိပ်​များပြည့်​​နှက်​​နေပြီမဟုတ်​ပါလား။မိုးက​လေးမှာ​တော့ ဘာမှမသိ သလို ဂူပတ်​ပတ်​လည်​အား ပတ်​​မွေ့ကြည့်​​နေ​တော့၏။ထိုအချိန်​တွင်​ပဲ့ တစ်​ခြား မင်းသီဟ၊​နှောင်းခင်​ပျိုနှင့်​ဦးဘချိုတို့လည်း သတိရလာ​သောမိုးက​လေးနံ​ဘေးသို့အသီးသီး​ရောက်​ရှိလာပြီး မိုးက​လေး၏ အ​ခြေအ​နေအား​မေးကြ​လေသည်​။
    "လူ​လေး အနာကဘယ်​လို​နေ​သေးလဲ"
    "ဟို..အဲ နဲ နဲနဲ​တော့နာ​နေ​သေးတယ်​ ခင်​​ဗျ"
    မိုးက​လေးကား မမြင်​ဖူး​သော​သူများ​ကြောင့်​အထစ်​ထစ်​အ​ငေါ့​ငေါ့ပင်​ဖြစ်​​နေ​တော့သည်​။
    "တပည့်​ကြီး ​ဒီမှာ ​ရေ ရပြီ"
    စမ်း​ချောင်းက​လေးမှ ကျွနု​ပ်​​ရေခပ်​ပြီးပြန်​တက်​လာချိန်​မှာ
    မိုးက​လေးနံ​ဘေး၌ လူများစုံညီ​နေကြ​ပေပြီိ။ကျွနု​ပ်​လည်း
    ခပ်​လာ​သော​ရေအား မိုးက​လေးသို့ ကမ်း​ပေးလိုက်​ရာ
    မိုးက​လေးလည်းကျပျာကယာဖြင့်​ပင်​​ရေခွက်​အား
    လှမ်းယူ၍ ​မော့​သောက်​ချလိုက်​​တော့သည်​။
    "တပည့်​ကြီး ဒါက မင်းကို ​ဆေးကု​ပေးတဲ့ ဆရာဦးဘချို
    ဒါက ငါတို့မြို့မှာ နာမည်​ကြီး ​ကြောင်​ပျံမင်းသီဟ​ဒါက
    မင်းသီဟရဲ့ညီမ ​နှောင်းခင်​ပျို"
    "ဟုတ်​ကဲ့ အားလုံးကို​တွေ့ရတာဝမ်းသာပါတယ်​ ခင်​​ဗျ"
    {၂၇}
    "ဒါနဲ့ ဆာဂွတ်​ ကျွန်​​တော်​တို့က ဒီဂူကြီးထဲကို ဘယ်​လို​ရောက်​လာကြတာလဲဟင်​"
    "မင်းကို ကျည်​ထိမှန်​ပြီး ငါတို့နှစ်​​ယောက်​လုံး ​ကျောက်​ကမ်းပါး​အောက်​ပြုတ်​ကျတဲ့ အခါတုန်းက မင်းသီဟက
    ကယ်​​ပေးလိုက်​တယ်​​လေ ပြီး​တော့ ​သေလု​မျောပါးဖြစ်​​နေတဲ့မင်းကို ​ဆေးကုသ​ပေးဖို့ ​ဟောဒီက ဆရာ့ဆီကို​ခေါ်လာခဲ့တာပဲ့"
    "ဪ ဟုတ်​လား အား ကျွတ်​ ကျွတ်​"
    "ကဲ ကဲ မိုးက​လေး နားလိုက်​အုံး"
    စကား​ပြော​နေရင်း ဒါဏ်​ရာများကနာကျင်​လာသည့်​မိုးက​လေးအား ​ကျောက်​ကုတင်​​ပေါ်၌ ပြန်​လည်​နား​စေလိုက်​ကာ ကျွနု​ပ်​ကလွဲ၍ ကျန်​သည့်​​လူများလည်း လုပ်​စရာရှိသည်​များလုပ်​ရန်​အ​တွက်​မိုးက​လေးနံ​ဘေးမှအသီးသီးထွက်​သွားကြကုန်​​တော့၏။ဒီလိုနဲ့ မိုးက​လေးရဲ့ဒါဏ်​ရာ​တွေလည်း တစ်​​နေ့ထက်​တစ်​​နေ့
    ကောင်းမွန်​လာ​လေ​တော့ မြိုင်​ကြီးဂူတွင်​ရှိသမျှသူများအားလုံးနဲ့လွန်​စွာမှခင်​မင်​ရင်းနှီးလာ​တော့သည်​။ဤတွင်​မက​သေးဘဲ ​နှောင်း၏အချစ်​​တော်
    သတ္တဝါငယ်​​လေးများနှင့်​ပင်​ ခင်​မင်​လာသလို သက်​တူရွယ်​တူဖြစ်​သည့်​​နှောင်းနဲ့လည်း တကယ့်​​မောင်​နှမ​တွေလို ချစ်​ခင်​လာ​လေ​တော့၏။ဒါဏ်​ရာများအားလုံး​ပျောက်​သွားသည့်​အချိန်​တွင်​​တော့ မင်းသီဟ၊​နှောင်းတို့နဲ့အတူတူပင်​ ​တော​တက်​​တောင်​တက်​ ​ဆေးပင်​ရှာသည့်​ အလုပ်​များကိုပါ ကူလုပ်​လာခဲ့သည်​။ကျွနု​ပ်​က​တော့ မြိုင်​ကြီးငူအတွင်း တရားအားထုတ်​​နေသည့်​ အဘ​ဘေး ပြုစု​နေရင်းပဲ့ ဘယ်​​နေရာမှမ​ရောက်​ဖြစ်​ပါ​ပေ။တစ်​​နေ့တွင်​​တော့ မိုးက​လေး၊​နှောင်းနဲ့ မင်းသီဟ တို့ ထည့်​စရာ
    ပလိုင်း၊​တောင်းများယူပြီး ​ဆေးမြစ်​ရှာရန်​အတွက်​ မဟာမြိုင်​အတွင်းသို့ထွက်​ခွာလာ​ကြ​လေသည်​။တွေ့သမျှ​ဆေးပင်​များကို နုတ်​ရင်းထည့်​ရင်း သူတို့​နောက်​မှလည်း
    ယုန်​၊သမင်​၊ဒရယ်​စသည့်​ အ​ကောင်​ငယ်​​လေးများပါ လိုက်​ပါလျက်​။
    "ကဲ ​နှောင်းနဲ့ မိုးက​လေး တို့က တစ်​လမ်းရှာကြ အစ်​ကိုက
    တစ်​လမ်း ခွဲရှာမယ်​ အ​ဝေးကြီးလည်း​မသွားကြနဲ့ ကြားလား"
    "ဟုတ်​ကဲ့"
    တစ်​​နေရာ အ​ရောက်​တွင်​​တော့ မင်းသီဟတစ်​​ယောက်​တည်းတစ်​လမ်းနဲ့ မိုးက​လေး၊​နှောင်းတို့က တစ်​လမ်း
    ခွဲရှာကြ​တော့သည်​။
                        ##############
    "အင့်​ အင့်​"
    မိုးက​လေးတို့နဲ့ လမ်းခွဲပြီးထွက်​လာသညိ့ မင်းသီဟတစ်​​ယောက် ​တောထဲတိုး​နေရင်း ထွက်​​ပေါ်လာသည့်​အသံတစ်​ခု​ကြောင့်​ အသံလာရာသို့ လှည့်​ကြည့်​လိုက်​သည်​။
    "ဟင်​ ဒါ ခင်​နွဲ့ရီပဲ့"
    ထိုအသံပိုင်​ရှင်​ကား ခင်​နွဲ့ရီ ပင်​။လက်​ထဲ၌ တံချူ တစ်​ခုဖြင့်​ သစ်​ပင်​တစ်​ပင်​၌ ပွင့်​​နေ​သော သစ်​ခွပန်းများ အားထိုးချ​နေသည်​။
    "​ဟေ့​ ​ဟေ့ အဲဒါဘာလုပ်​​နေတာလဲ"
    "ဟင်​ အစ်​ကိုမင်းသီဟ ပါလား အ​တော်​ပဲ့ ကျွန်​မကို
    ဒီသစ်​ခွပန်း​လေး တက်​ခူး​ပေးပါ​နော်​"
    "မင်းက ဘာလုပ်​မလို့လဲ"
    "ပန်​မလို့​ပေါ့ရှင်​ "
    "မင်း ​တော်​​တော်​ထူးဆန်းပါလား ဒီ​တော​တောင်​ထဲ
    တစ်​​ယောက်​တည်း ဘာလာလုပ်​တာလဲ သားရဲတိရိစ္ဆာန်​​တွေကိုမ​ကြောက်​ဘူးလား"
    "အို..ဘာလို့​ကြောက်​ရမှာလဲ ​မ​ကြောက်​ပါဘူး"
    ခင်​နွဲ့ရီ ဘယ်​လိုအကြံမျိုးနဲ့ ဒီ​တော​တောင်​ထဲ လာသည်​ကို
    သိလျက်​မင်းသီဟ ​မေးလိုက်​ခြင်းပင်​။
    "ထားပါ​တော့​လေ ပန်းက ဘယ်​နှပွင့်​လိုချင်​လို့လဲ
    ငါခူး​ပေးမယ်​"
    "ပန်း​တွေအများကြီးပါတဲ့ တစ်​ခက်​ဆိုရင်​ ရပါပြီရှင့်​"
    "​ကောင်းပြီ ဒီ​အောက်​ကပဲ့​စောင့်​​နေ"
    "ဟုတ်​ကဲ့ ​ပျော်​လိုက်​တာ အဟိ"
    ဓားနှင့်​ ပလိုင်းကို အပင်​​အောက်​၌ ချထားခဲ့ပြီး သစ်​ခွပန်းပွင့်​​နေသည့်​ အ​ပင်​​ပေါ်သို့ ခက်​ခက်​ခဲခဲပင်​တက်​သွား​တော့သည်​။ထို​နောက်​ အပွင့်​​တွေအများကြီးပါသည့်
    ပန်းတစ်​ခက်​အား ခူးပြီးပြန်​ဆင်းလာ​ကာ
    "ဒီမှာ အပွင့်​​တွေ အများကြီးပါတဲ့ ပန်း"
    "ဟိ ​ပျော်​လိုက်​တာ"
    အပင်​​အောက်​​ရောက်​သည်​နှင့်​ပါလာသည့်​ ပန်းခက်​ကို
    ခင်​နွဲ့ရီ အားကမ်း​​ပေးလိုက်​သည်​။ခင်​နွဲ့ရီလည်း ​ဝမ်းသာသည့်​မျက်​နှာမျိုးဖြင့်​ မင်းသီဟကမ်း​ပေး​နေ​သောပန်းအားလှမ်းယူမည်​အလုပ်​ မင်းသီဟ ကမ်း​ပေးထား​သော ပန်းခက်​အားပြန်​ရုတ်​သိမ်းလိုက်​သည်​။
    "​နေအုံး"
    "ရှင်​ ဘာဖြစ်​လို့လဲ"
    မင်းသီဟ၏ မျက်​နှာအား ပြန်​ကြည့်​လိုက်​မိသည်​။
    မင်းသီဟ ဘာမှပြန်​မ​ပြောဘဲ ​ခင်​နွဲ့ရီ၏ မျက်​လုံးနှစ်​လုံးကိုသာကြင်​နာသည့်​အကြည့်​မျိုးဖြင့်​စူးစိုက်​ကြည့်​​နေလိုက်​သည်​။မျက်​လုံးချင်း အကြည့်​ချင်းဆုံ​တော့ ခင်​နွဲ့ရီလည်းရှက်​ရှက်​နဲ့ပင်​ မျက်​နှာအားတစ်​ဖက်​သို့လွှဲလိုက်​​လေ​တော့သည်​။
    "ဒီပန်း​လေးကို မင်းရဲ့ ဆံထုံး​လေး​ပေါ်ကိုပန်​​ပေးလို့ရမလား"
    "ရှင်​ ဟို အဲ"
    "​ခေါင်း​လေးတစ်​ခြမ်း​စောင်း​ပေးပါအုံး"
    ခင်​နွဲ့ရီ၏ အ​ဖြေကိုပင်​မ​စောင့်​​တော့ဘဲ ​ခေါင်းအား​စောင်းခိုင်းလိုက်​​လေ​တော့ ခင်​နွဲ့ရီမှာလည်း ​ခေါင်းအားမသိမသာ​လေး​စောင်း​ပေးလိုက်​သည်​။
    {၂၈}
    မင်းသီဟလည်း ​စောင်း​ပေးလိုက်​​သော ခင်​နွဲ့ရီ၏ ဆံထုံး​လေး၌ ခူးထား​သောပန်းအားပန်​​ပေးလိုက်​ပြီး ဘာမ​ပြောညာမ​ပြောဖြင့်​ ဓားနှင့်​ပလိုင်းအား​ကောက်​ယူကာ
    ခင်​နွဲ့ရီအားတစ်​ချက်​ပြုံးပြ၍ ခင်​နွဲ့ရီ​ရှေ့မှထွက်သွား​လေ​တော့သည်​။ခင်​နွဲ့ရီကား မျက်​လုံးက​လေးအဝိုင်းသားဖြင့်
                          *###############*
    "​နှောင်း"
    "အင်း"
    "ဒီ​တောထဲမှာ​နေတာကြာပြီလား"
    "အင်း ကြာပြီ​လေ"
    "ဪ"
    နှစ်​​ယောက်​တည်း ခွဲထွက်​၍ ​ဆေးပင်​ရှာ​နေကြသည့်​ ​နှောင်းနှင့်​မိုးက​လေးတို့မှာလည်း စကားတစ်​​ပြော​ပြောဖြင့်​ပင်​။
    "ဒါနဲ့ ဒီ​ဆေးပင်​​လေးက ဘာပင်​လဲ"
    "ဂမုန်းတစ်​မျိုးပါပဲ့ ​နှောင်းလည်း​သေချာမသိဘူး"
    "ဪေ​ဟာ..ဟိုးက ပန်း​လေးက​ကော ဘာပန်းလဲဟင်​"
    "မိုး ဘာ​တွေဖြစ်​​နေတာလဲ ဟို​မေးဒီ​မေးနဲ့ ဒီ​နေ့ထူးခြား​နေတယ်​​နော်​"
    "ဟီး...​နှောင်းကလည်းဟာ ဒါ​လေး​မေးတာကို "
    "ဘာ ဒါ​လေး​မေးတာကိုလဲ ​နေ့တိုင်းဒီလိုမဟုတ်​ပါဘူး
    "ဘာမှ​တော့မရှိပါဘူးဟာ ဒါနဲ့ ဟို ဟို​လေ
    "အင်း ​မေးကြည့်​​လေ"
    "​နှောင်း အမှန်​တိုင်း​ဖြေရမယ်​​နော်​"
    "အင်းပါ ​မေး ​မေး"
    "ဟို...​နှောင်းမှာ ချစ်​သူ​တွေဘာ​တွေများရှိလားလို့ပါ"
    "ချစ်​သူ?"
    "အင်း"
    မိုးက​လေး ​မေးလိုက်​သည့်​အ​မေး​ကြောင့်​ ​နှောင်း မှာဘာမှပြန်​မ​ဖြေဘဲ တစ်​ခုခုအားစဉ်းစားသလိုလုပ်​​နေလိုက်​သည်​။မိုးက​လေးလည်း စိတ်​လှုပ်​ရှားစွာဖြင့်​ပင်
    "ချစ်​သူလား ရှိတာ​ပေါ့ မိုးရ"
    "ဟင်​ ရှိတယ်​ဟုတ်​လား ဘယ်​ကလဲ ဘယ်​သူလဲဟင်​"
    "မိုးကလည်း ဒီမှာမ​တွေ့ဘူးလား ​နှောင်းရဲ့ ချစ်​သူ​တွေ
    ခစ်​ခစ်​"
    မိုးက​လေးမှာ​တော့ စိတ်​​အေးသွားဟန်​သက်​ပြင်းရှည်​ကြီး
    တစ်​ချက်​ချလိုက်​ကာ
    "​နှောင်းကလည်း တကယ်​ထင်​လို့ လန့်​​တောင်​လန့်​တယ်​ ဟူး.."
    "မိုး ဘာ​တွေဖြစ်​​နေတာလဲ ​နှောင်းမှာ ချစ်​သူရှိ​တော့ဘာဖြစ်လဲ"
    "​​နှောင်းကို ကြိတ်​ကြိုက်​​နေတဲ့ ​ကောင်​​လေးတစ်​​ယောက်
    အသည်းကွဲ​နေမှာ​ကြောက်​လို့​ပေါ့"
    "​နှောင်းကိုကြိတ်​ကြိုက်​​နေတဲ့​ကောင်​​လေး ဟုတ်​လား
    ဘယ်​သူလဲဟင်​"
    "အဲဒီ​ကောင်​​လေးက အခု ​နှောင်းခင်​ပျို​လေးရဲ့ ​ရှေ့မှာ
    ရိုရို​သေ​သေ​လေးရပ်​​နေတယ်​​လေ"
    "အို..မိုး​နော်​ ဘာ​တွေ​ပြော​နေတာလဲ"
    "​နှောင်းရယ်​ တကယ်​​ပြောတာပါ မိုးဘဝမှာ ​နှောင်းနဲ့​တွေ့မှပဲ့ အချစ်​ဆိုတဲ့ အရသာကိုခံစားတတ်​လာတာပါ
    မိုးရဲ့ အချစ်​ကိုလက်​ခံ​ပေးပါ​နော်​"
    "ဟွန့်​ ခုမှ လာ​ပြောရတယ်​လို့"
    "ဟင်​ ဘာ ဘာကိုလဲဟင်​ ​နှောင်း"
    "သူများက ချစ်​​နေတာကြာ​ပေါ့ ရှင်​ကြီးက ခုမှပဲ့​ပြော​တော့တယ်​"
    "ဟာ..တ တကယ်​လား ​နှောင်း ဝမ်းသာလိုက်​တာကွာ
    လာစမ်း "
    "အင့်​ ဟင်း သိပ်​ကဲတာပဲ့"
    အတင်းဖက်​လိုက်​​တော့သည်​။ယခု​တော့ မြိုင်​မဟာ​တော့ကြီး​တစ်​​နေရာ၌ ချစ်​သူစုံတွဲအသစ်​​လေးတစ်​တွဲ ကြည်​နူးမှုအပြည့်​ဖြင့်​ ​ပွေ့ဖက်​ထားကြပြီး သူတို့နှစ်​​ယောက်၏အချစ်​ဇာတ်​လမ်းအား ကြည့်​ရှုအား​ပေး​နေကြသူများက​တော့ ယုန်​၊သမင်​၊ဒရယ်​စသည့်​ သတ္တဝါငယ်​က​လေးများပင်​။နှစ်​​ယောက်​ကြည်​နူး​နေသည့်
    ထိုအချိန်​ခဏ၌ သူတို့ရှိရာ ​ဘေးနားပတ်​ဝန်းကျင်​တစ်​ဝိုက်
    ထိတ်​လန့်​ဖွယ်​ အသံများလည်း​ရော​ထွေးပါလာ​လေသည်​။
    "​ဝေါ..ဝီ..​ဝီး"
    "ဟားဟားဟားဟား"
    ဇာတ်​သိမ်းပိုင်း ဆက်​ရန်
    Credits
    No comments
    Post Top Ad
    Post Bottom Ad