• Android Phone ကို လျှင်မြန်စွာ အားသွင်းနိုင်မယ့် နည်းလမ်းများ

    Android Phone ကို လျှင်မြန်စွာ အားသွင်းနိုင်မယ့် နည်းလမ်းများ
    *-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
    စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ တစ်ရက်လောက်ပဲ အသုံးခံတဲ့အတွက် နေ့စဉ် အားသွင်းကြရပါတယ်။ ဖုန်းကို အလွန် အကျွံ အသုံးပြုကြသူများအတွက် တစ်နေ့တာ အတွင်း ဖုန်းကို မကြာခဏ အားသွင်းကြရပါတယ်။ အဲဒီအတွက် စမတ်ဖုန်းကို လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းလမ်းများဟာ အရေးပါလာပါတယ်။

    ၁။ Enable Airplane Mode
    ဘက်ထရီ စားစေတဲ့ အဓိက အချက်တစ်ခုမှာ Network Signal ဖြစ်ပါတယ်။ အဲဒီအတွက် လျှင်မြန်စွာ အားသွင်းချင်ရင် Airplane Mode ကို On ပြီး အားသွင်းပါ။ စမ်းသပ်မှုများအရ ဒီလို အားသွင်းရင် ၂၅ ရာခိုင်နှုန်း ပိုမိုလျှင်မြန်စွာ အားပြည့်ပါတယ်။ Notification Bar ကနေ Airplane Mode ကို On နိုင်ပါတယ်။

    ၂။ ဖုန်းကို ပါဝါ ပိတ်ပါ။
    အရိုးရှင်းဆုံးနဲ့ အထင်ရှားဆုံးကတော့ ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းရင် အလွန် လျှင်မြန်စေပါတယ်။ ဘက်ထရီ အားဖြည့်နေစဉ်မှာ စွမ်းအင် ကုန်စေမယ့် အခြားအလုပ်များ လုံးဝ မရှိတော့လို့ အားပြည့်မြန်စေပါတယ်။

    ၃။ နံရံ ပလက်ပေါက်ကို သုံးပါ။
    သင့်ရဲ့ ကွန်ပြူတာမှ USB Port ကနေ ဖုန်းကို အားသွင်းလို့ ရပေမယ့် များသောအားဖြင့် နံရံပလက်ပေါက် မဟုတ်တဲ့ USB Ports များရဲ့ စွမ်းအင် ထောက်ပံ့မှုဟာ 0.5A သာ ရှိပါတယ်။ နံရံပလက်ပေါက်များရဲ့ စွမ်းအင် ထောက်ပံ့မှုက 1A အထိ ရှိပါတယ်။

    ၄။ Power Bank သုံးပါ။
    ခရီးသွားရတဲ့ လူများအတွက် ဖုန်းအားသွင်းဖို့ Power Bank တစ်လုံးက မရှိမဖြစ် လိုအပ်ပါတယ်။ Power Bank များဟာ နံရံပလက်ပေါက်များထက်တောင် စွမ်းအင် ထောက်ပံ့ပေးကြပါတယ်။ သင့်ရဲ့ဖုန်းဟာ 2A ကို လက်ခံနိုင်တယ်ဆိုပေမယ့် အားသွင်းကြိုးက လက်ခံနိုင်သလားဆိုတာ စစ်ဆေးပါ။ Power Bank ၀ယ်ရာမှာလည်း သင့်ဖုန်း ရဲ့ ဘက်ထရီ ပမာဏနဲ့ နှိုင်းယှဉ် ၀ယ်ပါ။ ဥပမာအားဖြင့် သင့်ဖုန်းမှာ 3000mAh Battery ပါရင် 10000mAh Power Bank က သင့်ဖုန်းကို အားအပြည့် သုံးကြိမ် သွင်းပေးနိုင်ပါတယ်။

    ၅။ ကြိုးမဲ့ အားသွင်း စနစ်ကို ရှောင်ပါ။
    ကြိုးမဲ့ အားသွင်း စနစ်ဟာ ကြိုးများ ချိတ်ဆက်စရာ မလိုတဲ့ အတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဖုန်းကို လျှင်မြန်စွာ အားသွင်းချင်ရင်တော့ ကြိုးမဲ့ အားသွင်း စနစ် အစား ကြိုးဖြင့် အားသွင်းပေးပါ။ စမ်းသပ်မှုများအရ ကြိုးမဲ့ အားသွင်းစနစ်ဟာ ကြိုးဖြင့် အားသွင်းတဲ့ စနစ်ထက် ၅၀ ရာခိုင်နှုန်းလောက် နှေးကွေးပါတယ်။

    ၆။ Phone Case ကို ဖယ်ပါ။
    စမတ်ဖုန်းများရဲ့ လစ်သီယွန် အိုင်းယွန်း ဘက်ထရီများဟာ အေးမြတဲ့ အခါမှာ အားသွင်းစွမ်းရည် ပိုမို ကောင်းမွန်ပါတယ်။ ဘက်ထရီရဲ့ အပူချိန်ဟာ ပတ်ဝန်းကျင်ရဲ့ အပူချိန် အပေါ် မူတည်နေတာကြောင့် Case ကို ဖြုတ်ပြီး အားသွင်းရင် ပိုမို လျှင်မြန်စေပါတယ်။

    ၇။ အရည်အသွေးမြင့်တဲ့ အားသွင်းကြိုးကို သုံးပါ။
    အားသွင်းကြိုးများရဲ့ အထဲမှာ အနီ၊ အစိမ်း၊ အဖြူနဲ့ အနက်ရောင် ကြိုးလေးခု ပါပါတယ်။ အဖြူနဲ့ အစိမ်းက ဒေတာ ပေးပို့ဖို့ ဖြစ်ပြီး အနီနဲ့ အနက်က အားသွင်းဖို့ ဖြစ်ပါတယ်။ အားသွင်းကြိုး ၂ ခုရဲ့ အရွယ်အစားက Amps ပမာဏနဲ့ သက်ဆိုင်ပါတယ်။ 28-Guage Cable က 0.5A နဲ့ အရွယ်ကြီး 24-Guage Cable က 2A ကို ထောက်ပံ့ပါတယ်။ ဈေးပေါတဲ့ ကြိုးများဟာ 28-Guage ကိုသာ ထောက်ပံ့တဲ့အတွက် အားသွင်းရင် နှေးပါတယ်။ သင့် အားသွင်းကြိုးရဲ့ စွမ်းရည်ကို Ampere App ဖြင့် စမ်းသပ်နိုင်ပါတယ်။ သူက သင့်ဖုန်းရဲ့ အားသွင်းနှုန်းနဲ့ အားကုန်နှုန်းများကို တွက်ချက်ပေးပါတယ်

    Credits

    No comments

    Post Top Ad

    Post Bottom Ad