Website များရေးဆွဲဖို့
Website များရေးဆွဲဖို့ အကောင်းဆုံးသော Content Management System များ
ဝက်ဘ်ဆိုက်များရေးဆွဲခြင်းသည် လုပ်ကိုလုပ်ရမည့်အနေအထားသို့ရောက်ရှိခဲ့ပေပြီ။ လုပ်ငန်းအသေးစားမှစကာ Enterprise Level လုပ်ငန်းကြီးများအထိအနည်းဆုံးတော့ ဝက်ဘ်ဆိုက်တစ်ခုတော့လိုအပ်လာပြီ။သို့သော် ဝက်ဘ်ဆိုက်ကောင်းကောင်းတစ်ခုဖြစ်ရန်မှာ မလွယ်ကူလှပေ။အများစုအဖို့ ဝက်ဘ်ဆိုက်ဆိုသည်နှင့် မြောက်မြားလှစွာသော coding များနှင့် ခက်ခဲသောလုပ်ငန်းစဉ်များကို ပြေးမြင်မိကြမည်။ ယင်းအတွက် ယနေ့ခေတ်အဖို့ ကိစ္စမရှိတော့ပါ။ အဘယ့်ကြောင့်ဆိုသော် ဝက်ဘ်ဆိုက်များကို အလွယ်တကူဖန်တီးနိုင်မည့် CMS(Content Management System) အသင့်သုံးဝက်ဘ်ဆိုက်တည်ဆောက်သည့် open source platform များအပြိုင်အဆိုင်ပေါ်ပေါက်နေကြပြီး အသုံးလည်းတွင်ကျယ်လျှက်ရှိသည်။ CMS သည် web server ပေါ်တွင် run သော application တစ်ခုပင်ဖြစ်သည်။
What is CMS?
Content Management System ဆိုသည်မှာ ကျွန်ုပ်တို့ပြုလုပ်မည့် online shopping ကဲ့သို့သော e-Commerce site များ၊ သတင်း၊ tutorials များကဲ့သို့သော content အသားပေးဝက်ဘ်ဆိုက်များနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဝက်ဘ်ဆိုက်များအတွက် လိုအပ်သော feature များကို အသင့်ယူငင်သုံးစွဲကာ သက်ဆိုင်ရာ site များနှင့်ဆိုင်သော module များကိုအသင့်ဖန်တီးပေးထားသည့် open source platform များဖြစ်ကြပါသည်။ CMS များဖြင့် ဝက်ဘ်ဆိုက်များတည်ဆောက်ရာတွင် Coding များနှင့် အကျွမ်းမဝင်သူများပင်ဖန်တီးနိုင်ကြမည်ဖြစ်သည်။ CMS အမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
-Enterprise Content Management Systems
-Web Content Management Systems
-Component Content Management Systems
CMS များအသုံးတွင်ကျယ်လာခြင်း၏ အဓိကအကြောင်းအရင်းမှာ အသုံးပြုရမှုလွယ်ကူခြင်းကြောင့်ဖြစ်သည်။ ဝက်ဘ်ဆိုက်တွင်ဖော်ပြမည့် အကြောင်းအရာများကို administrator သတ်မှတ်ပေးထားနိုင်ကာ လွယ်လင့်တကူထိန်းချုပ်နိုင်မည်ဖြစ်သည်။ နောက်ထပ်တစ်ခုရှိတာက Access Control List(ACL) ကိုစီစဉ်ပေးထားနိုင်ကာ သက်ဆိုင်ရာ role အလိုက်ထိန်းချုပ်မှုစည်းမျဉ်းများသတ်မှတ်ပေးထားကာ Content များကို သက်ဆိုင်ရာ group အလိုက်၊ role အလိုက် access လုပ်နိုင်မည်ဖြစ်သည်။ ဥပမာ-editor,admin,contributor,visitor စသဖြင့်သတ်မှတ်ပေးထားနိုင်ပါသည်။CMS များသည် PHP, .Net ,Java,Perl, Ruby on Rails စသည့် platform များပေါ်တွင် အခြေခံ၍ ဖန်တီးထားသည်။ များသောအားဖြင့် ထင်ရှားသော CMS များသည် PHP ကို based ယူထားကြသည်။
Top CMSs
Wordpress
Wordpress သည် blogging platform ကိုအခြေခံ၍ ထွက်လာခဲ့သောကြောင့်အသုံးပြုရလွယ်ကူသည့်အတွက် အသုံးအများဆုံးသော CMS တစ်ခုဖြစ်သည်။ Personal site များတည်ဆောက်ရာတွင် အဓိကထားသုံးစွဲသည်။ မြောက်မြားလှစွာသော template များနှင့်အသုံးတည့်သော Plug in များကြောင့်နာမည်ကြီးသည်။ လက်ရှိ version မှာ 4.3.1 ဖြစ်သည်။အသစ်ထွက်ပေါ်လာသော ဝက်ဘ်ဆိုက်များ၏ ၂၅ ရာခိုင်နှုန်းမှာ wordpress ဖြင့်ပြုလုပ်ထားသည်ဟုဆိုသည်။များစွာသော themes များ၊ plugins မျာစွာကိုလည်းထောက်ပံ့ပေးထားကာ လွယ်လင့်တကူ hosting ပြုလုပ်နိုင်သည်။မိုဘိုင်းဖုန်းများ၊တက်ဘလက်များမှတဆင့် အသုံးပြုနိုင်ရန်လည်း iOS နှင့် Android အတွက် Wordpress app ကိုထောက်ပံ့ပေးထားကာအဆိုပါ devices များမှ post တင်ခြင်း၊ content များကိုတည်းဖြတ်ခြင်း၊ စီမံခန့်ခွဲမှုများစွာကိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။
Joomla
Dynamic ဖြစ်သော ဝက်ဘ်ဆိုက်များတည်ဆောက်ရာတွင် Joomla သည်နာမည်ကြီးသည်။ အသုံးပြုရလွယ်ကူပြီးရှင်းလင်း၍ နားလည်လွယ်သော user interface ကြောင့်သုံးစွဲသူများသည် Joomla ကိုရွေးချယ်ကြသည်။ ထို့ပြင် click အနည်းငယ်နှိပ်ရုံမျှဖြင့်မြောက်မြားလှစွာသော feature အသစ်များကိုထည့်သွင်းနိုင်သည်။ Menu system, commenting နှင့် forum ကဲ့သို့သော extension ပေါင်းမြောက်မြားစွာရှိကာလွယ်လင့်တကူပြောင်းလဲနိုင်သည်။ Joomla သည် PHP based ဖြစ်သည်။နောက်ဆုံးသောဗားရှင်းမှာ 3.4 ဖြစ်သည်။ဘာသာစကားပေါင်း ၆၄ခုနှင့်အထက်အားထောက်ပံ့ပေးထားသည်။Joomla တွင် cloud storage services များဖြစ်သည့် Amazon S3,Google Cloud Storage,Rackspace နှင့် Dropbox ကဲ့သို့သော services များအား access လုပ်နိုင်ဖို့ API အသစ်များကိုထောက်ပံ့ပေးထားသကဲ့သို့ web services များနှင့်ချိတ်ဆက်နိုင်ရန်လည်း ထောက်ပံ့ပေးထားသည်။ SEO ပိုင်းနှင့်ပတ်သက်၍လည်း အကောင်းအနေအထားရရှိနိုင်အောင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
Drupal
CMS များထဲတွင် Drupal သည် powerful အဖြစ်ဆုံးဖြစ်သည်။ Developer များပိုမို၍ကြိုက်နှစ်သက်ကြသည်။ကမ္ဘာတလွှား ဝက်ဘ်ဆိုက်များ၏ back-end system တွင့် 1.5 ရာခိုင်နှုန်းသည့် drupal ဖြင့်ပြုလုပ်ထားသည်။ Drupal ဖြင့်ပြုလုပ်ထားသော site များအနက် နာမည်ကြီးသော ဝက်ဘ်ဆိုက်များမှာ whitehouse.gov.mm, mtv.co.uk နှင့် economist.com တို့ဖြစ်သည်။ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်ဖြစ်သည့် http://www.president-office.gov.mm သည်လည်း drupal ဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ Drupal သည် အခြားသော CMS များကဲ့သို့လွယ်လင့်တကူမသုံးစွဲနိုင်သော်လည်း developer ရှုထောင့်မှကြည့်လျှင် coding များရေးသားကာ စိတ်ကြိုက်ပြုလုပ်နိုင်စွမ်းသည် ယင်း၏ အားသာချက်ဖြစ်သည်။ Drupal သည်လည်း PHP based ဖြစ်ပါသည်။နောက်ဆုံးသောဗားရှင်းကတော့ 7.39 ဖြစ်သည်။
Open CMS
OpenCMS သည် java and XML based framework တစ်ခုဖြစ်ပြီး Alkacon software မှထုတ်လုပ်သည်။ OpenCMS အတွက် Apache Tomcat ကဲ့သို့သော JSP servlet container လိုအပ်သည်။ Open CMS သည် ၁၉၉၉ က Closed-source platform တစ်ခုဖြစ်သည့် MhtCMS ကိုအခြေခံကာ ၂၀၀၀ ခုနှစ်တွင် Open Source အဖြစ် OpenCMS နာမည်ဖြင့် release လုပ်ခဲ့သည်။ Open Source Environment ဖြစ်သော Linux, Apache,Tomcat နှင့် MySQL တို့တွင်သာမက commercial components များဖြစ်သော IIS,BEA weblogic နှင့် Oracle တို့တွင်လည်း Deploy လုပ်နိုင်သည်။ နောက်ဆုံးသောဗားရှင်းမှာ 9.5.2 ဖြစ်သည်။ Open CMS add-on module package(OAMP) ကဲ့သို့သော front end extension module များလည်းထည့်သွင်းနိုင်သည်။
OpenCart
Amazon ကဲ့သို့သော online shopping များတည်ဆောက်ရာတွင် Open Cart သည် အကောင်းမွန်ဆုံးသော CMS များထဲ၌ တစ်ခုအပါအဝင်ဖြစ်သည်။ Online Sale Website များအတွက်အဓိကလိုအပ်မည့် feature များကိုလိုလေသေးမရှိစုံစုံလင်လင်တည်ဆောက်ထားသည်။ ကုန်ပစ္စည်း categories များ၊ products များ၊ currency အမျိုးမျိုး၊ဘာသာစကားအမျိုးမျိုး၊ ငွေပေးချေမှုစနစ်အမျိုးမျိုး စသဖြင့် online shopping ဆိုင်ရာ site များအတွက် လိုအပ်သည်များကို ထည့်သွင်းရေးဆွဲနိုင်ရန်လွယ်လင့်တကူယူငင်သုံးစွဲနိုင်မည့် အသင့်သုံး module များအဖြစ်တည်ဆောက်ထားသည်။ Open Cart သည် များစွာအသုံးတည့်သောကြောင့် free version သာမကာ commercial version အနေဖြင့်လည်းရရှိနိုင်သည်။ နောက်ဆုံးဗားရှင်းမှာ 2.0 ဖြစ်သည်။ e-Commerce site များအတွက်အဓိကသုံးစွဲနိုင်မည်ဖြစ်သည်။PHP based CMS တစ်ခုဖြစ်သည်။
Modx
Modx သည် Most Promising Open Source Content Management System ဆုကို 2007 တွင်ဆုရရှိခဲ့သော CMS တစ်ခုဖြစ်သည်။ မည်သည့် Coding မှနားလည်စရာမလိုဘဲသုံးစွဲနိုင်မည်ဖြစ်ပြီး e-Commerce site များကိုတစ်ပါတည်း integrate လုပ်ထားသော foxy cart ဖြင့်သုံးစွဲနိုင်သည်။ MVC ပုံစံဖြင့်တည်ဆောက်ထားသည်။ Modx Cloud ကိုလည်းထုတ်လွှင့်ပေးထားသည်။နောက်ဆုံးဗားရှင်းမှာ 2.4.0-pl ဖြစ်သည်။
Nyein Chan(BE-IT)
Ref: TechSpace Journal
____________
တင်သမျှဖတ်ရှုဖို့  Page ကို Like နှိပ်ထား
ပေးပါခင်ဗျ Post ကိုအခြားသူငယ်ချင်းများ
ဖတ်နိုင်မြင်တွေ့နိုင်စေရန် Like and Share
လုပ်နိုင်ပါတယ်ခင်ဗျာ
ဖတ်ရှုအားပေးခြင်းအတွက်ကျေးဇူးပါ
Ref: TechSpace Journal
Credits
No comments