Saturday, June 28.

Online MBA တက်ကြမယ်

Online MBA တက်ကြမယ်
#Credit_ကျော်စိုးအောင်

MBA (Master of Business Administration) ဘွဲ့ကြီး ကို လိုချင်လွန်းလို့ အပြင်သင်တန်းတွေမှာ စုံစမ်းကြည့်လိုက်တော့ ဒေါ်လာ(၁)သောင်း ကျော် တောင် ကုန်မှာတဲ့။

MBA ဘွဲ့ကိုတော့ လိုချင်ပါတယ်၊သိန်း၁ဝဝကျော် ကုန်မှာဆိုတော့ အခြေခံလူတန်းစားမို့ ဘုရား တ မိပါရဲ့။ စီးပွားရေးစီမံခန့်ခွဲတဲ့ အပိုင်းကိုလည်းနားလည်ချင်တယ်၊ ပိုက်ဆံလည်းအများကြီးအကုန် မခံနိုင်လို့ အခမဲ့ လေ့လာ လို့ ရတဲ့ Online MBAသင်တန်း ဝက်ဘ်ဆိုက်တွေ ကို စုံစမ်းလိုက်ရင်း …
လိုတဲ့သူတွေ အတွက်ဝေငှ ပေးလိုက်ပါတယ်။

၁။ Free Management Library…

Online ကနေ MBA တက်လို့ရတဲ့ဝက်ဘ်ဆိုက် တွေထဲမှာတော့ Free Management Library က မြန်မာနိုင်ငံ မှာ လူသိနည်းပါသေးတယ်။
Free Management Library မှာ စီးပွားရေး လုပ်ငန်းသမားတွေအတွက် Executive MBA နဲ့
NGO သမားတွေအတွက် Non-Profit Executive MBA ဆိုပြီး နှစ်မျိုးခွဲထားလေရဲ့။ နှစ်ခုစလုံးက.… အခမဲ့တွေနော်။ ကမ္ဘာ့ကုမ္ပဏီတွေနဲ့ ချိတ်ဆက် ထားပြီး သင်တန်းဖွင့်ထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်လို့ သင်တန်း… ပြီးရင် အလုပ်အကိုင်အတွက်လည်း ပူစရာ မလိုပါဘူး။ ဝက်ဘ်ဆိုက်မှာ Member သာ ဝင်ပြီး အခမဲ့သင်တန်း တက်လိုက်ရုံပဲနော်။

ဒီမှာ ဝင်လေ့လာလိုက်ပါ

၂။ Kutztown University of Pennsylvania

အမေရိကန်နိုင်ငံအခြေစိုက် Kutztown University of Pennsylvania ရဲ့ Small Business Development Center ကနေ ဖွင့်ထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ Kutztown University of Pennsylvania မှာဆိုရင် Advanced MBA မကဘဲနဲ့ သင်တန်းပေါင်း ( ၉ဝ ) ကျော်ကိုလည်း အခမဲ့တက်လို့ရပါသေးတယ်။ ဘာသာရပ်တွေအနေနဲ့ကတော့ Accounting ၊ Business Planning ၊ Finance ၊ Marketing ဆိုပြီးတော့ ခွဲထားလေရဲ့။

ဒီမှာ ဝင်လေ့လာလိုက်ပါ

၃။ London School of Business and Finance

London School of Business and Finance ကနေ ဖွင့်ထားတဲ့ Online MBA ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ LSBF ကနေပေးတဲ့ Global MBA မှာတော့ ၂၁ရာစုမှာ အသုံးပြုနေတဲ့ ဈေးကွက်ပညာ၊ စီးပွားရေးပညာရပ်တွေ ကို အသေးစိတ်ရှင်းလင်းပြသထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာတော့ အခမဲ့ နဲ့ Paid နှစ်မျိုးရှိပါတယ်။ အခမဲ့သမားတွေကိုတော့ Certificate မပေးဘဲနဲ့
Paid သမားတွေကိုသာ ပေးမှာဖြစ်ပါတယ်။

ဒီမှာ ဝင်လေ့လာလိုက်ပါ

၎။ University Of California,Irvine

အမေရိကန်အခြေစိုက် University Of California ဝက်ဘ်ဆိုက်မှာတော့ Advanced MBA သင်တန်းတွေ၊ Program တွေကို အလွယ်တကူ လေ့လာလို့ရတဲ့အပြင် Certificate လည်း ပေးပါသေးတယ်။ နောက်ထူးခြားချက်တစ်ခုကတော့ အင်္ဂလိပ်- စပိန် နှစ်ဘာသာနဲ့ သင်ကြားထားတဲ့အတွက် ပိုပြီးတော့ အဆင်ပြေပါတယ်။

ဒီမှာ ဝင်လေ့လာလိုက်ပါ

၅။ Small Business Training Network

Small Business Association ကနေ ဖွင့်လှစ်ထားတဲ့ Small Business Training Network ဝက်ဘ်ဆိုက်မှာ တော့ စီးပွားရေး စီမံခန့်ခွဲမှုအပိုင်းတွေကို လေ့လာလို့ ရပါတယ်။ Courses တွေကလည်း နာရီဝက်လောက် သာ ရှိတဲ့အတွက် လေ့လာသူတွေအတွက် အဆင်ပြေ စေပါတယ်။ အခမဲ့သင်ကြားနိုင်တဲ့ဝက်ဘ်ဆိုက်ဖြစ်တဲ့ အတွက် Certificate မပေးပါဘူး။

ဒီမှာ ဝင်လေ့လာလိုက်ပါ

ကဲ . . ဒါတွေကတော့ ကျွန်တော်တွေ့မိတဲ့…
Online MBA ဝက်ဘ်ဆိုက်တွေပါပဲ။ ဝက်ဘ်ဆိုက်တွေပေါ်က Course တွေကို လေ့လာ ဖို့ အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ မကုန်ဘဲနဲ့ ဝက်ဘ်ဆိုက်ကို Sign Up လုပ်ရုံနဲ့ သင်လို့ရပါပြီ။

ဒီတော့ ကျောင်းတက်ဖို့အတွက် အင်တာနက် ရဖို့ လိုပါတယ်။ ကွန်ပြူတာ မရှိရင်တောင် အင်တာနက်ဆိုင် မှာ ထိုင်ပြီး သင်ယူလို့ရပါတယ်။ ဒါပေမယ့် ပေးအပ်တဲ့ Assignment တွေကိုတော့ ပြီးမြောက်အောင်လုပ်ဖို့ လိုအပ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

ကျော်စိုးအောင် (အခရာ)

No comments

Post Top Ad

Post Bottom Ad