• Kong : Skull Island

    Kong : Skull Island(2017)မြန်မာစာတန်းထိုး

    ဘာသာပြန်ကို သေချာအချိန်ယူပြီး ပြန်ထားပေးပါတယ် ခံစားကြည့်ပါ... ;)

    ဒီကားက Monster ဇာတ်ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမယ့် ကားဖြစ်ပါတယ်။ King Kong or Kong လို့ လူသိများတဲ့ ဇာတ်ကောင်က ၁၉၃၃ ခုနှစ်ထဲ့ ရုပ်ရှင်ပိတ်ကားထက်မှာ နေရာယူခဲ့တာဖြစ်ပြီး ပရိတ်သတ်တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဒီကားက ၁၉၃၃ တုန်းက ဇာတ်ကားရယ်၊ ၂၀၀၅ မှာ ပြန်ရိုက်ထားတဲ့ ဇာတ်ကားရယ်နဲ့ပါ လုံးဝမတူပါဘူး။ အရင်တုန်းက ဇာတ်ကားတွေတုန်းက Kong က ကောင်မလေး ကို သံယောစဉ်ဖြစ်သွားတာရယ်၊ မြို့ထဲကို သယ်လာခံရပြီး Empire State Building ကို တွယ်တက်တာရယ်နဲ့ ပဲ ပြီးသွားပါတယ်။

    ဇာတ်လမ်းက Vietnam စစ်ပွဲအပြီးကာလ ကို နောက်ခံထားရိုက်ကူးထားတာကြောင့် ၁၉၇၀ ကာလဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားက 2014 Godzilla နဲ့ same universe ဖြစ်ပြီး၊ Marvel Cinematic Universe အောင်မြင်ပြီးတဲ့ နောက်မှာ၊ Share universe တွေကို ရှိပြီးသား ရုပ်ရှင် ဇာတ်ကောင်တွေနဲ့ ရိုက်ကူးဖို့ ကြိုးစားလာကြပါတယ်။ ဒီနှစ်မှာထွက်မယ့် Tom Cruise ရဲ့ The Mummy ဇာတ်ကားကလည်း၊ Mummy, Dracula, Werewolf စတဲ့ ဇာတ်ကောင်တွေနဲ့ Share universe လုပ်မှာဖြစ်ပါတယ်။

    ဒီကားမှာKong ကို သေသေချာချာ ပီပီပြင်ပြင် ရိုက်ကူးထားပြီး၊ ဇာတ်ကောင် detail တွေက ကအစသေချာ Animation နဲ့ ပြုလုပ်ထားပါတယ်။ ဒီကားက Monster ဇာတ်ကားပီပီ Monster Fight တွေ အများအပြားပါသလို၊ Godzilla ဇာတ်ကားတုန်းကလို Monster fight က ဇာတ်ကားတစ်ဝက်လောက်မှ ကြည့်ရတာမျိုးမဟုတ်ပဲ၊ ဇာတ်လမ်းစ ပြီး သိပ်မကြာခင်ပဲ Kong ကိုပီပိပြင်ပြင် ပြထားပါတယ်။ ဒီကားမှာ နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Tom Hiddleston (Loki) , Brie Larson (Captain Marvel), Samuel L. Jackson (Nick Fury) တို့ အပြင် John C Reilly (Weck-it Relph, Step-Brother), John Goodman (Monster Inc., The Big Lebowski) တို့ ပါပေမယ့် ဇာတ်ညွှန်း နဲ့ Dialogue တွေက သာမန်လောက်ပဲဖြစ်ပြီး၊ တစ်ချို့ဇာတ်ဝင်ခန်းတွေမှာ စကားပြောခန်းတွေက တော်တော်ညံ့ပါတယ်။ အတွေ့အကြုံရင့် သရုပ်ဆောင်တွေကြောင့် သာ ဇာတ်ကားက လုံးဝညံဖျင်းမသွားတာဖြစ်ပါတယ်။

    ဒါပေမယ့်လည်း ဒီကား Monster ဇာတ်ကားဖြစ်တာနဲ့ အညီ Kong ကိုပဲ အသားပေးရိုက်ထားပြီး Fight Scene တွေက အရမ်းကောင်းပါတယ်။ ၂၀၀၅ တုန်းက Dinosaur သုံးကောင်နဲ့ ချတာထက် အများကြီး ပိုကောင်းပါတယ်။ ဒီကားမှာ Kong ကို သိသိသာသာ အကောင်ပိုကြီးအောင် လုပ်ပေးထားပြီး၊ ဇာတ်လမ်းထဲမှာလည်း သူက အခုမှ ငယ်တုန်းပဲရှိသေးပြီး ဒီထက် ပိုထွားလာဦးမယ်လို့ လည်း ဆိုထားတာကြောင့် ၂၀၂၀ မှာ Godzilla vs King Kong ရိုက်ကူးချိန်မှာ၊ King Kong က Godzilla နဲ့ အရွယ်တူ ဖြစ်နေမှာဖြစ်ပါတယ်။ ဒီနေရာမှာ Godzilla vs Kong ကို Avengers, Justice League ပုံစံ ရိုက်ကူး မယ်လို့ ထင်ရပြီး Batman V Superman ထဲကလိုပဲ သူတို့ နှစ်ကောင် ခဏတဖြုတ် ရင်ဆိုင်တွေ့ပြီး အခြား Monster တွေကို ၂ကောင်ပေါင်းချခိုင်းမယ် ထင်ပါတယ်။

    ဒီကား အဆုံးမှာ အဲ့လို Share Universe အတွက် ဇာတ်လမ်းဆင်တဲ့အနေနဲ့ Marvel ဇာတ်ကားတွေလိုပဲ After Credit Scene ပါလို့ စာတန်းထိုးပြီးတဲ့အထိစောင့်ကြည့်ပါသလို့ သတိပေးလိုက်ပါတယ်။ Monster ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ သာမန်ပဲဖြစ်ပေမယ့် ချခန်းတွေကတော့ အရမ်းကြည့်လို့ကောင်းပါတယ်။ ရုံမှာသွားကြည့်လို့တန်ပါတယ်။ မိသားစုတူတူကြည့်နိုင်ပါတယ်။

    #Sololay
    Credit movie for myanmar
    Translate by Htag & lwin naung
    SIZE -600MB

    ဒီမှာ ဒေါင်းပါ

    Credits

    No comments

    Post Top Ad

    Post Bottom Ad