Sunday, June 29.
  • Company of heroes

    Company of heroes(2013)မြန်မာစာတန်းထိုး

    ဇာတ်လမ်းက TV Game ကို အခြေခံရိုက်ကူးထားတဲ့ ဒါရိုက်တာ Don Michael Paul ရဲ့ လက်ရာ Action/War ဇာတ်လမ်းအမျိုးစားပါ ကြာမြင့်ချိန်ကတော့ ၁နာရီနဲ့ မိနစ် လေးဆယ် စုစုပေါင်း မိနစ် ၁၀၀ ကြာမြင့်ပါတယ် IMDB 5.1 ပါ
    Nate Burrows အဖြစ် Chad Michael Collins က သရုပ်ဆောင်ထားပြီး  Dean Ransom အဖြစ် Tom Sizemore က သရုပ်ဆောင်ထားပါတယ် မင်းသမီးကတော့ Kestrel အဖြစ် Melia Kreiling ကသရုပ်ဆောင်ထားပါတယ်
    ဒုတိယကမ္ဘာစစ်အပြီး တပ်ကို ပြန်ရောက်နေတာ သုံးပတ်ရှိနေပြီဖြစ်တဲ့ Nate တို့ တစ်စုကို စစ်ပွဲတစ်နေရာမှာ ကျန်နေသေးတဲ့ စစ်သားတွေကို ရိက္ခာတစ်ဝက်ထောက်ပံ့ပေးဖို့ ဗိုလ်ကွန်တီက Nate တို့ခေါင်းဆောင်ကို အမိန့်ပေးလိုက်ပါတယ်
    Dean Ransom အဖြစ်သရုပ်ဆောင်ထားတဲ့ Tom Sizemore ကတော့ တိုက်ပွဲတစ်ပွဲကို အောင်နိုင်လို့ တာဝန်ကို ပေါ့သေးသေးမှတ်နေရာက နောက်ထပ် တိုက်ပွဲမှာ အလွယ်တွေးမိလို့ တပ်စုတစ်ခုလုံးမှာ သူပဲ အသက်ရှင်ကျန်ခဲ့ပြီး ဗိုလ်ရာထူးကနေ ထမင်းချက်ရာထူးကို ရာထူးအချခံထားရတဲ့သူ သူ့အပြစ်ကြောင့် တပ်သားတွေ သေဆုံးခဲ့ရလို့ နောင်တရနေတဲ့သူပါ ဒီလိုနဲ့ Nate နဲ့Ransomတို့ ရိက္ခာထောက်ပံ့ဖို့သွားတဲ့လမ်းကြောင်းမှာ ဂျာမန် အုပ်စုရဲ့တိုက်ခိုက်ခံရလို့ စခန်းကို ခြေချင်ပြန်ဖို့ လမ်းကြောင်းရှာနေတုန်း မိုးချိန်သံလို ပြင်းပြင်းထန်ဗုန်းပေါက်သံကြားလို့ ပေါက်ကွဲရာနေရာကို သွားကြည့်တာ မမျှော်လင့်ဘဲ တပ်သားအသစ်တွေပါထပ်ပေါင်းမိရင်း မလုပ်မဖြစ်လုပ်ရမယ့် တာဝန်တစ်ခု ထပ်တိုးသွားတယ် ဒါကတော့ ဂျာမန်တွေရဲ့ နူဗုန်းစမ်းသပ်မှုကို ဝင်ရောက်ဖျတ်ဆီးဖို့ပါ ဘယ်လိုတွေဖြစ်မလဲ ဆိုတာတော့ ကိုယ့်ဘာ့သာပဲကိုယ်ကြည့်ကြပါတော့
    IMDB 5.1 ဆိုပေမယ့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ စစ်ကားတစ်ကားပါ

    Review & Translate by Mg Mg Lwin
    Encoded by Hein Min Htet
    Quality-Bluray 720p
    Size-740mb/400mb

    ဒီမှာ ဒေါင်းပါ

    Credits

    No comments

    Post Top Ad

    Post Bottom Ad