• အိပ်နေရင်းနဲ့ ပိုက်ဆံရစေမယ့် နည်းလမ်း (၉) မျိုး

    အိပ်နေရင်းနဲ့ ပိုက်ဆံရစေမယ့် နည်းလမ်း (၉) မျိုး

    လန်းလှချည်လား၊ အိပ်နေရင်းနဲ့ ပိုက်ဆံရစေမယ်တဲ့ ဘာနည်းလမ်းတွေများပါလိမ့်.. ကြည့်ရအောင်

    (၁) Blog ရေးခြင်း
    Blog ရေးခြင်းဖြင့် Traffic တစ်ခုရှိလာတဲ့အခါ ကိုယ့်ရဲ့ Blog ကနေ စတင်ပြီး ပိုက်ဆံရှာလို့ရပါပြီ။ အများဆုံး ပိုက်ဆံရှာနိုင်တဲ့ နည်းလမ်းတွေက
    - Affiliate Marketing
    - Advertising
    - Native (Sponsored) Content
    - Reviews
    စသဖြင့် နည်းလမ်းတွေရှိပါတယ်။ အသေးစိတ်ကိုတော့ www.techkhit.com မှာ ဖတ်ရှုနိုင်ပါတယ်။

    (၂) ကိုယ်ပိုင် Information Product များရောင်းချခြင်း
    ကိုယ်ပိုင် ebook တွေ၊ video တွေ၊ စာအုပ်တွေကို ရောင်းချခြင်းဖြင့် ကိုယ်အိပ်နေချိန်မှာတောင် သူ့အလိုအလျောက် ရောင်းနေရမှာမို့ ပိုက်ဆံရနေစေမှာပါ။

    (၃) Copyright မှရရှိခြင်း
    အကယ်၍ ကိုယ်က တစ်ခုခုကို ဖန်တီးရတာနှစ်သက်တဲ့ အနုပညာသမားမျိုးဆိုရင် ကိုယ့်သီချင်းကို ဝယ်သုံးတိုင်း၊ ကိုယ့်အနုပညာကို သုံးတိုင်း ပိုက်ဆံရနေမှာဖြစ်ပါတယ်။

    (၄) Membership Community
    နိုင်ငံခြားမှာ တစ်ချို့ website တွေရှိပါတယ်။ ဝင်သုံးဖို့အတွက် ပိုက်ဆံပေးရတဲ့ဆိုက်တွေ။ အဲဒီတွေမှာ လိုအပ်တဲ့ သင်ခန်းစာတွေ information တွေ ပို့ချပေးနေတဲ့ ဆရာတွေရှိတယ်၊ အချင်းချင်း ပြန်လည် မျှဝေ နေကြတယ်။ အဲဒီလို website တွေကတဆင့်လဲ ဝင်ငွေတွေ ရနေတာမျိုး ရှိပါတယ်။

    (၅) Email Autoresponder
    ဒီလိုဗျ.. သက်ဆိုင်ရာသင်ခန်းစာတွေနဲ့ ပတ်သက်ပြီး ခင်ဗျားက Video တွေဖန်တီးထားလိုက်မယ်။ ပြီးရင် website ပေါ်မှာ တင်ထားမယ်။ လူတွေက ခင်ဗျားဆိုက်မှာရှိတဲ့ Email ထည့်ဖို့နေရာမှာ သူတို့ email ထည့်မယ်။ ခင်ဗျားကို ပိုက်ဆံသွင်းလိုက်မယ်။ ငွေလွှဲလိုက်ပြီဆိုတာနဲ့ သူတို့ရဲ့ email ထဲကို စောစောက video တွေ သူ့အချိန်နဲ့အတူ အလိုအလျောက်ရောက်လာမယ်။ ခင်ဗျားလုပ်ရမှာက အဲဒီ process ကို setup ကြိုလုပ်ထားရုံပဲ။

    (၆) Flip Websites
    Website တွေဖန်တီးပြီးသွားပြီ။ Traffic လဲ ရနေပြီဆိုရင်တော့ Flippa လိုနေရာမျိုးကိုသွားပြီး ပြန်ရောင်းလို့ရပါတယ်။ တစ်ချို့ဆို ခဏခဏ website ထောင်လိုက်၊ ရောင်းလိုက် လုပ်နေကြတာ။

    (၇) ပစ္စည်းများရောင်းချခြင်း
    Website တစ်ခုပေါ်မှာ ecommerce store ပုံစံမျိုးနဲ့ ပစ္စည်းတွေ ရောင်းချလို့လဲရပါတယ်။ ဘယ်လိုလုပ်လို့ရလဲဆိုရင် ကိုယ့် website မှာ ပစ္စည်းတွေတင်ထားမယ်။ ဝယ်တဲ့သူက မှာတာနဲ့ supplier ကို email ရောက်မယ်။ သူတို့ဟာသူတို့ လာပို့လိမ့်မယ်။ ကိုယ်က ကြားက ကော်မရှင် ယူရုံပဲ။

    (၈) Stock တွေ Share တွေဝယ်ခြင်း
    ဒီမှာလဲ stock market ကနေ stock တွေရောင်းနေပြီဖြစ်တဲ့အတွက် စတင်ပြီး ရင်းနှီးမြှုပ်နှံနိုင်ပါပြီ။ ကျွမ်းကျင်မှု ရှိဖို့တော့လိုပါတယ်။

    (၉) ကြားလူလုပ်ခြင်း
    အကယ်၍ သင်ဟာအဆက်အသွယ်ကောင်းသူတစ်ယောက် ဆိုရင်တော့ ကြားထဲကလူတစ်ယောက်အဖြစ် လုပ်ငန်းတစ်ခုဖွင့်လှစ်ပြီး ချိတ်ဆက်ပေးနိုင်ပါတယ်။ အလုပ်လိုချင်သူနဲ့ အလုပ်လုပ်ပေးနိုင်သူကြားက ပွဲစားခရယူပြီး ချိတ်ဆက်ပေးခြင်းဖြင့်လဲ အလိုအလျောက် ဝင်ငွေရရှိနိုင်စေပါတယ်။ ဒီထက်ပိုပြီး ဖြစ်နိုင်ရင်တော့ ကြားထဲက ချိတ်ပေးမယ့်သူကိုပါ ထပ်ငှားထားလိုက်ပေါ့။

    Aung Mon Chan (Tech Khit)
    ဒီမှာ လေ့လာပါ

    ---
    Tech Khit ဟာ မြန်မာနိုင်ငံမှာလုပ်နိုင်မယ့် Online စီးပွားရေးများအကြောင်းကို စုံလင်စွာရေးသားဖော်ပြဆွေးနွေးပေးမည့် Page တစ်ခုဖြစ်ပါတယ်။

    Credits

    No comments

    Post Top Ad

    Post Bottom Ad