• Android ဖုန်းတွေ မကြာခဏ Hang နေရခြင်းအကြောင်းအရင်း

    မင်္ဂလာပါ ခင်ဗျာ🙏🙏🙏
    ᠌᠌᠌ ᠌᠌᠌᠌᠌᠌᠌᠌᠌Android ဖုန်းတွေ မကြာခဏ Hang နေရခြင်းအကြောင်းအရင်းများ......

    ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲဆိုတာ အကြောင်းအရင်းများစွာ
    ရှိပါတယ်။ CPU နိမ့်နေ တာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ဆုံး အခြေအနေ
    ကတော့ ဖုန်းမှာပါတဲ့ Built-in Memory လို့ခေါ်တဲ့ Memory ပမာဏနည်းတဲ့
    ဖုန်းတွေက ပို Hang တတ်ပါတယ်။

    ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ?

    Built-in Memory နည်းတဲ့ဖုန်းတွေက CPU နည်းပါ တယ်။ Built-in Memoryက
    နည်းနေတဲ့အတွက် External Memory ထပ်ထည့်ရပါ တယ်။ External Memory
    8GB, Built-in Memoryက 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ
    Hangနေတယ်။ ဘာကြောင့်လဲဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Application
    တွေများနေတယ်။ Built-in Memory ရှိသလောက်ကို Applicationတွေ သွင်း
    ထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက External Memory 8GB
    ကို 7GBလောက် Dataတွေ ထည့်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို
    အခြေ အနေမျိုးမှာ ဖုန်းက OSကိုလဲ Run နေရတယ်။ တစ်ခြား Application
    တွေကိုလဲ Run နေရတဲ့ အတွက် သူလုပ်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွား
    တဲ့အခါ တစ်ခါတလေ Hangတတ်ပါတယ်။

    Built-in Memory နည်းတဲ့ ဖုန်းတွေကို အဲ့လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ?

    ရှင်းပါတယ်၊ သူလုပ်နိုင်သလောက် တာဝန်ကိုပဲ လုပ်ခိုင်းပါ။ CPU နည်းတဲ့အတွက် သူရဲ့အလုပ် လုပ်နိုင်စွမ်း လည်း နည်းပါတယ်။ ဖုန်းတစ်လုံးက Built-in Memory 125 MB, CPU 800 MHz ရှိတယ် ဆိုပါစို့။ အဲ့ဒီ Memoryက Android Os ရဲ့ Data ပမာဏကို နုတ်ပြီး လက်ကျန် Memory ဖြစ်ပါတယ်။ နဂိုထဲက Memory နည်းနေတဲ့အတွက် Application အများကြီး သွင်းလို့ မရပါဘူး။ ဖုန်းထုတ်တဲ့ လူတွေက ဒါကို တွက်ချက် ပေးပြီးသားပါ။

    Applicationတွေကို အစကတည်းက လိုအပ်သလောက် ထည့်ပေးပြီးသားပါ။
    User လက် ထဲရောက်မှာသာ စိတ်ကြိုက် Application ထည့်လို့ရအောင် Memory
    ချန်ပေးထားတာပါ။ Built-in Memoryပေါ်မှာ Android Osကလဲ အလုပ်လုပ်နေတယ်၊ Application တွေကလဲ အလုပ် လုပ် နေပါတယ်။ Built-in Memory နည်းတဲ့ ဖုန်းတွေ
    ကို External Memory ကိုတက်နိုင်သမျှအများဆုံး ထည့်ပါ။ Applicationတွေ လိုအပ်သလောက်ပဲ ထည့်ပါ။ ဂိမ်းကို အချိန် ကြာမြင့်အောင် မဆော့ပါနဲ့။ Recentတွေကို ဖျက်ပေးပါ။ Call Logတွေ အများကြီး သိမ်းမထားပါနဲ့ ဖျက်လိုက်ပါ။

    တစ်ပတ် တစ်ခါလောက် ဖုန်းကို Restart လုပ်ပေးပါ။ ဖုန်းဖွင့်ထားဖို့ မလိုအပ်တဲ့
    အချိန်တွေမှာ ဖုန်းကို ခဏ ပိတ်ထားပါ။ ဖုန်းဆိုတာ ကွန်ပျူတာထက် အလုပ်
    ပိုလုပ်ပါတယ်။ ကွန်ပျုတာက အလုပ် လုပ်ပြီးရင် ပိတ်တဲ့အချိန်တွေ ရှိပါတယ်။
    ဖုန်းကို Power ပိတ်တဲ့အချိန်က နည်းပါတယ်။ ဒါကြောင့် တစ်ခါတလေ အနားပေး
    သင့်ပါတယ်။ စက်ပစ္စည်းဆိုတာ လူတွေနဲ့ အတူညီဆုံး ပုံစံတွေယူပြီး တီထွင်ထား
    တာပါ။ သူတို့လဲ လူတွေလို အနားပေးသင့်ပါတယ်။ လုပ်နိုင်စွမ်းထက် ပိုလာရင်
    ဘယ်အရာပဲဖြစ်ဖြစ် ပျက်စီးလွယ် ပါတယ်။

    ᠌᠌᠌᠌᠌᠌ဒီလိုနည်းလမ်းတွေနဲ့ ဖုန်း မကြာခဏ Hang နေတယ်ဆိုတဲ့ Error ကို အတတ်နိုင် ᠌᠌᠌
    ဆုံး ဖြေရှင်း လို့ရ ပါတယ်။

    အားလုံး အဆင်ကြပါစေ

    Credits

    No comments

    Post Top Ad

    Post Bottom Ad