• What is MMM

    MMM ဆိုတာ ဘာလဲ
    =================

    အလေးအနက် သတိပေးချက်။   WARNING!  သတိပေးချက်ကို သေခြာပေါက်ဖတ်ပေးပါ။

    MMM ဟာ ဘဏ် မဟုတ်ပါ။ MMM ဟာ သင့်ငွေကြေးတွေစုဆောင်းရာ နေရာ မဟုတ်ပါ။ MMM ဟာ Online Business, HYIP, Inverstment, MLM program တစ်ခုမှ မဟုတ်ပါ။ MMM ဆိုတာ အဖွဲ့ဝင်တစ်ယောက်နဲ့ တစ်ယောက် အကူညီပေးနေတဲ့ ကော်မတီတစ်ခုသာဖြစ်ပါတယ်။ MMM က သန်းနဲ့ချီတဲ့ အဖွဲ့ဝင်တွေထဲမှာ ဘယ်သူကတော့ အကူညီလိုနေတယ်၊ ဘယ်သူကတော့ အကူညီပေးဖို့ အသင့်ဖြစ်နေတယ် ဆိုတာကို ညွှန်ကြားပြသပေးပါတယ်။ သင်ပိုင်တဲ့ Bitcoin တွေကို အဖွဲ့ဝင်တစ်ဦးတစ်ယောက်အား ရိုးသားစွာဖြင့် အလကားပေးလိုက်ခြင်း ဟာ သင့်က အကူအညီပေးလိုက်ခြင်းဖြစ်ပါတယ်။ သင့်အနေနဲ့ သေခြာပေါက် ကူညီချင်စိတ်ရှိသူ ဖြစ်ပြီး အကျိုးတူဝေမျှခံစားတတ်သူ ဖြစ်ခဲ့မယ်ဆိုရင်တော့ MMM မှ သတိပြုရမည့်အချက်တွေ ပဲ့ပြင်သွန်သင်သင့်တာတွေကို လေးလေးနက်နက်လေ့လာစေမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေ အားလုံးထဲမှာ သင့်အနေနဲ့ နားမလည်တာရှိခဲ့မယ် ဆိုရင် MMM ရဲ့ အကြံပေးပုဂ္ဂိုလ်တွေဟာ သင့်မေးခွန်းတွေကို ဖြေကြားဖို့ ကူညီဖို့အသင့်ပါ။

    How Does MMM Work
    =====================================

    MMM ဟာ အဖွဲ့ဝင်တစ်ယောက်ရဲ့ ငွေကြေးအခက်အခဲ ကို တစ်ဦးကူညီပေးရန် တိကျတဲ့စည်းမျဉ်းတွေ အောက်မှာ စီစဉ်ပေးနေတာဘဲဖြစ်ပါတယ်။ MMM ရဲ့ငွေကြေးအဖြစ် bitcoin ကိုအသုံးပြုပါတယ်။ MMM မှာ ပစ္စည်း အပေါင်ထားမှုတွေ စာချုပ်တွေ မရှိပါဘူး။ MMM မှာ ငွေတိုးချေးစားသူ အကြွေးတင်သူ တွေမရှိပါဘူး။ MMM ရဲ့တစ်ခုထည်းသော တောင်းဆိုချက်တော့ ရိုးသားသစ္စာရှိမှုနှင့် တစ်ဦးနှင့်တစ်ဦး ကူညီလိုမှုဘဲဖြစ်ပါတယ်။ သင် ငွေကြေးခက်ခဲစဉ်မှာ MMM မှာ အကူအညီတောင်းနိုင်ပြီး သင့် အဆင်ပြေနေစဉ်မှာတော့ အကူအညီပြန်ပေးရမှာဖြစ်ပါတယ်။

    MMM ရဲ့ လုပ်ငန်းဆောင်ရွတ်ချက်တွေမှာ MMM အဖွဲ့ဝင်တွေဟာ bitcoin ကိုသုံးပြီး လုပ်ငန်းလည်ပတ်ကြမှာဖြစ်ပါတယ်။ ဒါက နိုင်ငံအသီးသီးမှာရှိတဲ့ အဖွဲ့ဝင်တွေအနေနှင့် ငွေကြေးလွှဲပြောင်းမှုပြုလုပ်ရာမှာ လွယ်ကူချောမွတ်စေဖို့ ဖြစ်ပါတယ်။ ငွေကြေး ဆက်သွယ်မှုများ (ငွေကြေး ဈေးနှုန်းများ) ကြားမှာ bitcoin ရဲ့တန်ဖိုးပြောင်းလဲနေသလို အဖွဲ့ဝင်အချင်းချင်း ကူညီရိုင်းပင်းမှုတွေကြားမှာ MMM ရဲ့အောင်မြင်မှုက ပြောင်းလဲလာမှာဖြစ်ပါတယ်။ Bitcoin နဲ့ MMM သင့်တင့်စွာ ပေါင်းစပ်ခြင်းဖြင့် ကမ္ဘာသစ်မှာ ငွေကြေးလည်ပတ်စီးဆင်းမှုဟာ MMM အဖွဲ့ဝင်တွေအတွက် ခိုင်မာတည်ငြိမ်လာမှာဖြစ်ပါတယ်။

    အလွန်အရေးကြီးတဲ့ အချက်တွေကတော့….
    ငွေအားလုံးရဲ့ ရက်ရက်ရောရောပေးကမ်းမှုတွေ လွယ်လွယ်ကူ ငွေချေးရမှုတွေအတွက် ဗဟိုအကောင့် ဆိုတာ MMM မှာမရှိပါဘူး။ အဖွဲ့ဝင်တွေရဲ့ကြားမှာ ငွေကြေးဖြန့်ဝေလွှဲပြောင်းမှုတွေဟာ သူတို့ကိုယ်တိုင်ဘဲ လုပ်ဆောင်စေပါတယ်။ သန်းထောင်နဲ့ချီတဲ့ အကောင့်တွေကို စီမံခန့်ခွဲရာမှာ အဖွဲ့ဝင်တွေဟာ Bitcoin ကို တစ်ယောက်နှင့်တစ်ယောက် တိုက်ရိုက် လွှဲပြောင်းပေးရပါတယ်။ ကြားခံလုံးဝ မရှိပါဘူး။
    MMM အနေနဲ့လုပ်ဆောင်ပေးတာကတော့ တစ်ခုထည်းပါ။ ဖြစ်စဉ်တွေအားလုံးကို စည်းကမ်းတစ်ကျရှိအောင် လုပ်ပေးတာဘာဘဲ ။ ကျန်တာ ဘာမှ မလုပ်ပါဘူး။
    ဒီစနစ်ကို လူတွေအားလုံး ပြည့်ပြည့်စုံစုံ ပိုင်ဆိုင်စေပါတယ်။ မလိုအပ်တာတွေ မပါပါဘူး။ ဒါဟာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ရိုင်းပင်းကူညီနေကြတဲ့ အစစ်အမှန် Fund ဖြစ်ပါတယ်။

    MMM ကို ဘယ်လို ပုံစံနဲ့လုပ်ကြမလဲ
    =================================
    {{ အကောင့်ဖွင့်နည်း ။ ပြုလုပ်နည်း အသေးစိတ်ကို cb မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ }}

    သင့်အနေနဲ့ အကူညီပေးနိုင်မည့် ပမာဏ ကို MMM Globle မှာ အရင်ဆုံး တရားဝင်ကြေညာရပါမယ်။ ကြေညာတာက လွယ်ပါတယ် သင့် MMM Globle အကောင့်ထဲက Provide Help ကို နှိပ်ပြီး ကြေညာပေးရပါမယ်။ အဲဒီလို ကြေညာလိုက်တာနဲ့တင် သင့်ကို ငွေရယူခွင့် အနေဖြင့် Mavro တွေရယူနိုင်ပြီဖြစ်သည်။ Mavro ဆိုတာကတော့ MMM Globle ထဲမှာသာအသုံးပြုတဲ့ Unite တစ်ခုဖြစ်ပါတယ်။ Mavro ရဲ့ပမာဏဟာ သင် Deposite လုပ်ခဲ့သော ပမာဏကနေစတင်ကာ တစ်ဖြည်းဖြည်း တိုးလာမှာ ဖြစ်ပါတယ်။ တစ်လ အတွင်းမှာ သင့် Deposite ရဲ့ 20% - 100% ထိ တိုးသွားနိုင်ပါတယ်။ Mavro အနည်းအများကတော့ သင့်အနေနဲ့ MMM Globle ကို ဘယ်လောက် အရေးပေးတယ် ဆိုတာပေါမှာ မူတည်ပြီး တိုးတက်မှုကွာခြားနိုင်ပါတယ်။ သင် MMM Globle ကို ဘယ်လောက် စိတ်ဝင်စားလဲသိနိုင်ဖို့ MMM က mini job လေးတွေ လုပ်ခိုင်းပါတယ်။ အဲဒါလေးတွေကို ပြီးမြောက်အောင်လုပ်ပေး ယုံပါဘဲ။ သင့် Mavro တွေအားလုံးပေါင်းရလဒ် ဟာ သင် အနေနဲ့ MMM မှာငွေကြေး ဘယ်လောက် အကူညီပြန်တောင်းနိုင်တယ် (ငွေပြန်ထုပ်နိုင်တယ်) ဆိုတာကို ပြပေးပါလိမ့်မယ်။

    (20% - 100% ) ဆိုတာက ဘာကိုဆိုလိုတာလဲ

    MMM ဟာ အဖွဲ့ဝင်အသစ် အသစ်တွေကို အမြဲတန်းရှာဖွေနေပါတယ်။ လူသားအားလုံး အတွက် အသုံဝင်အောင် ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ အဖွဲ့ဝင်များလေလေ အကူအညီပေးခြင်း အကူအညီရယူခြင်းတွေမှာ ပိုပို အဆင်ပြေချောမွတ်လာလေဖြစ်လို့ပါ။ MMM ရဲ့ အဖွဲ့ဝင်တွေဟာလည်း အဖွဲ့ဝင် အသစ်တွေကို ဆွဲဆောင်နိုင်ဖို့ ပါဝင်ကြိုးစားပေးနိုင်ပါတယ်။ ထိုသို့ အဖွဲ့ဝင်တိုင်းပါဝင်နိုင်သည့် MMM Extra ရှိပါတယ်။ ထို MMM Extra က mini job တွေကို ပါဝင်ပြုလုပ်ခြင်းဖြင့် အဖွဲ့ဝင်တိုင်း တစ်လအတွင်း မိမိငွေရဲ့ ၁၀၀ ရာနှုန်းအကျိုးအမြတ် ရယူခွင့်ရှိပါတယ်။

    MMM Extra ကို သင့် MMM Globle အကောင့်ထဲတွင်ပြုလုပ်ရမှာဖြစ်ပြီး Web page အနေနဲ့ ပြုလုပ်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ ဒီဟာက MMM ကို တစ်ကမ္ဘာလုံးထိဖြန့်ဝေရန် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ MMM Extra ဟာ သင့်ကို တစ်လအတွင်း Mavro 100% ထိတိုးပွားအောင် လုပ်ဖို့ ပေးထားတဲ့ အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။ အကယ်၍များ သင့်အနေနှင့် MMM Extra ကို ပြီးမြောက်အောင် မလုပ်ခဲ့ဘူးဆိုရင်တော့ တစ်လ အတွင်းမှာ ၂၀ % Mavro ဘဲ ရရှိမှာဖြစ်ပါတယ်။

    ဥပမာ ။ ။ သင်က ငွေရင်း ၁၀၀ နဲ့ MMM Globle မှာစခဲ့တယ်ဆိုပါစို့။ ငွေလွှဲပြီး ငွေလက်ခံသူက Confirm လုပ်ပြီးပြီးချင်း သင့် Mavro 100 ရရှိမှာဖြစ်ပါတယ်။ ထိုနောက်မှ သင့်ရဲ့ mini job ပြီမြောက်အောင် လုပ်ဆောင်မှုပေါ်မူတည်ကာ တဖြည်းဖြည်း တိုးလာမှာဖြစ်ပါတယ်။ တစ်လအတွင်းမှာ Mini job အားလုံးလုပ်ဆောင်ခဲ့ပါက Mavro 100 ထပ်မံရရှိပြီး အားလုံးပေါင်း Mavro 200 ရှိနေမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ သင့်အနေနှင့် ငွေ ၂၀၀ နဲ့ညီမျှတဲ့ Bitcoin ကို အကူညီတောင်းပြီး ထုပ်ယူနိုင်ပြီဖြစ်ပါတယ်။

    No comments

    Post Top Ad

    Post Bottom Ad