• Honor 4X Display

    Honor 4X Display

    Honor Series တွေမှာ display မပေါ်တော့ဘူးဆိုပါတော့ ...
    ဘာအရင်လုပ်ကြည့်မလဲ

    LCD အသစ်ရှိရင် လဲစမ်းမယ် ... ဆော့ကက်အထိုင်တွေ စစ်မယ်
    ဆော့ကက်ဝန်းကျင်က C အကြီးတွေမှာ ပေးသွင်းဗို့ လိုက်တိုင်းမယ်
    LB Coil လေးတွေ လွတ်နေလား ပြုတ်နေလား ပျက်နေလား စစ်မယ်

    သာမန်ဖုန်းတွေက display (အရုပ်) မပေါ်တော့ရင်တောင်
    backlight (နောက်ခံမီး) လင်းကျန်ခဲ့မယ်
    Honor Seires တွေမှာက အဲလိုမဟုတ်ဘူးဗျ
    Display ပျောက်ရင် Backlight ပါ တပြိုင်ထဲပျောက်တယ်

    ဘာတွေ ထူးခြားသွားလို့တုန်း လေ့လာကြည့်ရအောင် ...
    သာမန်ဖုန်းတွေရဲ့ Display အလုပ်လုပ်နိုင်ဖို့အတွက်
    1.8V နဲ့ 2.8V ဗို့အားနှစ်မျိုး လိုတယ်
    Honor ဖုန်းတွေက HD Display (High Defination Display) သုံးထားတဲ့အတွက်
    2.8V နဲ့တင် မလုံလောက်တော့ပဲ +5V နဲ့ -5V ပါ လိုအပ်လာတယ်
    အဲဒီ လိုအပ်နေတဲ့ +5V နဲ့ -5V ကို ကွန်ဗါတာပတ်လမ်းနဲ့ ထုတ်ပေးထားတယ်

    အဲဒီ ဗို့အားလမ်းကြောင်းတွေမှာ LB Coil လေးတွေခံပြီးမှ
    Display ပိုင်းကို ပို့ပေးထားကြတယ်
    အကြောင်းတခုခုကြောင့် အဲဒီဗို့တွေ Display ရှိရာကို မရောက်ဘူးဆိုပါစို့
    Display ပိုင်း အလုပ်မလုပ်နိုင်လို့ အရုပ် မပေါ်နိုင်တော့ဘူး

    အရုပ်မပေါ်ရင်လဲ နောက်ခံမီးတော့ လင်းကျန်ခဲ့မှာပေါ့ အဲလိုလား
    မကျန်ခဲ့ဘူးဗျ ဘာဖြစ်လို့ မကျန်တော့တာလဲ ကြည့်ရအောင်

    Backlight IC အတွက် လိုအပ်နေတဲ့ PWM ခုန်လှိုင်းကို
    LCD Display ပိုင်းက ပြန်ထုတ်ပေးထားတာ
    CPU က ရုပ်ပုံပို့ပေးတဲ့ data လမ်းကြောင်းတွေမှာ PWM ပါပြီးသားလေ
    အဲဒါကိုမှ LCD က PWM ပြန်ခွဲထုတ်ပြီး backlight ပိုင်းကို ပြန်ပို့ပေးရတာ

    အကြောင်းတခုခုကြောင့်
    Dispaly အလုပ်မလုပ်နိုင်တော့ရင်LCD ကနေ PWM ပြန်ထုတ်မပေးတော့ဘူး
    Backlight ပိုင်းကလဲ PWM မရရင် ဗို့မြင့် (High Voltage) မထုတ်ပေးတော့ဘူး
    အဲဒီတော့ နောက်ခံမီးလဲ မလင်းတော့ဘူးပေါ့ဗျာ
    ဒါက Display နဲ့ Backlight တို့ရဲ့ ဆက်စပ်မှုပါ

    Display ပျောက်နေတဲ့ဖုန်းကို စစ်တဲ့အခါ
    LB Coil လေးတွေကြောင့် +5V နဲ့ -5V မရောက်ဘူးဆိုပါတော့
    Coil လေးတွေကို ကြိးဆက်ပေးလိုက်တော့ ဗို့ ရောက်သွားတယ်
    Display အလုပ်လုပ်တယ် PWM ထုတ်ပေးတယ် Backlight နိုးတယ်
    အရုပ်ရော အလင်းပါ ထွက်လာတယ်

    ဒါကို ဘယ်လိုနားလည်ကြသလဲဆိုတော့
    ဒီဗို့နှစ်မျိုးမရောက်ရင် Backlight မလင်းနိုင်လို့
    ဒီဗို့တွေက Backlight ပိုင်းအတွက် လိုအပ်နေတဲ့ဗို့တွေလို့ ယူဆမယ်

    တကယ်တမ်းက တိုက်ရိုက် မပတ်သက်ရင်တောင်
    သွယ်ဝိုက်ပြီး ပတ်သက်နေတော့
    မှားတယ်လို့ မပြောနိုင်ပေမယ့် မှန်လဲ မမှန်ပြန်ဘူး

    အဲဒီဗို့တွေ ပျောက်သွားရင် backlight မလင်းပေမယ့်
    အဲဒီဗို့တွေက backlight ဗို့တွေ မဟုတ်ပြန်ဘူး

    ပြောရင်းနဲ့ ရှုပ်သွားပီလား မသိဘူးဗျ

    ကျနော်က ပြေးမကြည့်ပဲ
    တွေး ကြည့်တာပါ .........

    Credits

    No comments

    Post Top Ad

    Post Bottom Ad