EA or Robot
EA ဆိုတာ ဂျိုနဲ့လား။
EA ဆိုတာ တကယ်တော့ ကုတ်လို့လည်းရ၊ ကော်လို့လည်းရတဲ့ ဂျိုလေးနဲ့ပါ။ သင့်ဆီကနေ အပြင်ကို ကော်ထုတ်ပစ်နိုင်သလို၊ အပြင်ကအရာတွေကိုလည်း သင့်ဆီကို ကုတ်သွင်းနိုင်ပါတယ်။ EA ဆိုတာကို Robot လို့လည်းခေါ်တတ်ကြပါတယ်။ ဒါပေမယ့် Robot လို့ခေါ်တာနည်းပါတယ်။ Robot လို့ခေါ်ရင် နည်းနည်းလည်း ပေါ့ပျက်ပျက်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
EA က Trading စနစ်တွေကို အော်တိုမက်တစ်ပရိုဂရမ်လေးရေးထားတာသာဖြစ်ပါတယ်။ ပြောတော့သာ အော်တိုမက်တစ်ပရိုဂရမ်လို့ပြောရပေမယ့် ကျွန်တော်လည်း EA မရေးတတ်ပါ။ EA အတွက် Strategy လေးတွေကိုတော့ တစ်ခါတလေထုတ်မိတတ်ပါတယ်။ ကိုယ်တိုင်က EA မရေးတတ်ပေမယ့် ကိုယ့်ဆီမှာ Manual နဲ့စမ်းသပ်စစ်ဆေးပြီးသား Strategy ကောင်းကောင်းရှိရင်လည်း EA Coder တွေကို အပ်ပြီး EA အဖြစ်ပြောင်းလဲနိုင်ပါတယ်။
Strategy တိုင်း EA ပြောင်းသင့်တာတော့မဟုတ်ပါဘူး။ တစ်ချို့ Trading Strategy တွေဟာ Manual Trade မှသာ အဆင်ပြေတတ်ကြလို့ပါပဲ။ ဒါကတော့ မိမိ Strategy အပေါ်လည်းမူတည်မှာပေါ့။ EA တိုင်းကောင်းလားဆိုတော့ EA တိုင်းကောင်းပါတယ်။ ကောင်းလည်းမကောင်းပါဘူးလို့ဆိုရမှာပါ။ ကိုယ်တိုင် EA ရဲ့ Concept ကိုမချိတ်ဆက်မိရင်၊ အခြေခံ Trading Knowledge မရှိရင်တော့ EA ဆိုတာ ရှေ့တစ်လှမ်းတိုးပြီး နောက်နှစ်လမ်းဆုတ်မယ့် ခရီးမရောက်တဲ့ အရာဖြစ်တတ်လို့ပါ။
EA တစ်ခုကောင်းခြင်းမကောင်းခြင်းဟာ သူ့ရဲ့ Trading Strategy နဲ့ Concept အပေါ်မှာ အဓိကမူတည်ပါတယ်။ အလွယ်ပြောရရင် Floating တွေဘယ်လောက်ထိဖြစ်နိုင်လည်း၊ ဘာကြောင့်ရောင်းပေးလည်း၊ ဘာကြောင့်ဝယ်ပေးလည်း၊ ဘယ်အချိန်မှာသူအရောင်းအ၀ယ်လုပ်ပေးလည်း စသဖြင့်ပေါ့။ ပုံမှန်အားဖြင့်တော့ ဒီအချက်တွေကို myfxbook တို့လို Third Party မှာတင်ထားတဲ့ EA နဲ့ယင်းနဲ့သက်ဆိုင်တဲ့ Profit Factor တွေ၊ Expected Payroll တွေ၊ Draw Down တွေကနေ လေ့လာသင့်ပါတယ်။ Draw Down ကလွဲပြီး Profit Factor တွေ၊ Expected Payoff တွေက ဂဏန်းကြီးဖို့လိုပါတယ်။ သာမန်အားဖြင့်တော့ 1.0 နဲ့အောက်တွေဆို မသင့်တော်ဘူးလို့ ယူဆပါတယ်။ နောက်တစ်ခုက သူပြတဲ့အချက်အလက်တွေက ရက်ပေါင်းလပေါင်း ဘယ်လောက်အကြာကိုယူထားလည်းဆိုတာပါ။ မနေ့တစ်နေ့ကမှ မားကတ်ထဲရောက်လာတဲ့ EA တွေက အထက်ကအချက်တွေ ဘယ်လောက်ကောင်းကောင်း အများဆုံးသင့်ရဲ့ Watch List ထဲလောက်ပဲထည့်ထားသင့်ပါတယ်။
Online မှာ Browsing လုပ်ရင်ထောင်သောင်းချီတဲ့ EA များကိုတွေ့ပါလိမ့်မယ်။ ဈေးတွေက ရာဂဏန်းအမျိုးမျိုးနဲ့တွေ့ရပါလိမ့်မယ်။ သူတို့ EA ကောင်းကြောင်း သူတို့EA ရဲ့ Myfx book verified link တွေလည်း တင်ထားတတ်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ အချိန်ကြာလာလျှင် Myfxbook က သူတို့ System ကို သူတို့ ပြန် Delete လုပ်သွားကြတာတွေ များပါတယ်။ ဘာကြောင့် Delete လုပ်ဖြစ်သလည်းဆိုတာကတော့ သူတို့အကြောင်းသူတို့ရှိပါလိမ့်မယ်။ သေချာတာက အချိန်အကြာကြီး မထိန်းထားနိုင်တဲ့ Result ကြောင့်ဖြစ်မှာပါ။
EA အတော်များများဟာ Indicator ကို အခြေပြုပြီး ရေးထားတာထက် အများအခေါ် Wave လို့ခေါ်တဲ့ Martingle ဆန်ဆန်ရေးထားတာတွေများတတ်ပါတယ်။ Indicator နဲ့ရေးထားတိုင်း ကောင်းတယ်လို့ ယူဆလို့မရသလို၊ Martingle တိုင်းလည်း မကောင်းဘူးလို့ ဆိုလို့မရပါဘူး။ ခေတ်အခေါ် အထှာလိုတယ်ပေါ့ဗျာ။ အထှာလေးကျရင် ဆိုးဆိုးဝါးဝါးဖြစ်နိုင်ချေနည်းပါလိမ့်မယ်။ အဲလို အထှာကြဖို့က ကိုယ်တိုင်က Trading ကို EA သက်သက်နဲ့ Blind Approached လုပ်တာမဟုတ်ဖို့လိုပါတယ်။ ကိုယ်တိုင်က Trading အကြောင်းကိုနားလည်ခြင်း၊ Risk/Reward သိခြင်း၊ EA Concept ကို ချိတ်ဆက်မိခြင်း၊ Rules တွေကို တိတိကျကျလိုက်နာခြင်း။ စတဲ့အကြောင်းတရားတွေ ပြည့်စုံနေဖို့လိုမှာဖြစ်ပါတယ်။
နိုင်ငံတကာမှာလည်း EA ကို တွင်တွင်ကျယ်ကျယ်သုံးကြပါတယ်။ ဒါကြောင့်လည်း ရေးမကုန်၊ရောင်းမလောက်ဖြစ်နေကြတာပေါ့ဗျာ။ ကျွန်တော်လည်း သုံးပါတယ်။ EA သုံးသလို၊ Manual နဲ့လည်း ၀ုန်းပါတယ်။ အရာအားလုံးက အခြေနေနဲ့ အကြောင်းတရားပေါ်မူတည်ပါတယ်။ ကိုယ်နိုင်နင်းသလောက်ပေါ့။
ဆင်ကိုထိန်းဖို့ ဆင်လောက်ကြီးမားတဲ့ ခန္ဓာကိုယ်ရှိဖို့မလိုပါဘူး။ ဆင်ကြောက်တဲ့ ချွန်းလေးရှိဖို့ပဲလိုပါတယ်။ ဒီသဘောပါပဲ။
EA သုံးရင်တော့ EA အပြင် VPS ဆိုတာပါ ပါလာမှာပါ။ နေရာတိုင်းမှာ Risk ဆိုတာ သူ့နည်း၊သူ့ဟန်နဲ့ ရှိနေပါတယ်။ EA မှာ Risk ရှိသလို၊ VPS မှာလည်း Risk ရှိတတ်ပါတယ်။ တစ်ခါတရံ VPS ထဲမှာ Cross တွေဖြစ်ပီး MT4 ဟန်းနေပြီး EA အလုပ်မလုပ်တာမျိုးလည်း အများအားဖြင့် ကြုံရတတ်ပါတယ်။ ဒါက မိမိဝယ်ထားတဲ့ VPS ရဲ့ Capacity နဲ့ Efficiency မကောင်းတာကြောင့်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ကိုယ်က ခပ်မြင့်မြင့် vps ၀ယ်ထားပေမယ့်လို့လည်း အဲလိုပြသနာတွေ ကြုံရတတ်ပါသေးတယ်။ ဈေးချိုတိုင်းမကောင်းတာတော့ သေချာပါတယ်။ ဈေးကြီးတိုင်းကောင်းဖို့က သေသေချာချာ ရွေးချယ်ဖို့လိုပါတယ်။ သာမန်အားဖြင့် RAM1GB, HDD 20 GB လောက်ဆို MT4 3 ခုလောက်အသာလေး Run ထားလို့ရသင့်ပါတယ်။ တစ်ချို့ အဲလို တစ်ခုထပ်ပိုတဲ့ MT4 တွေကို vps တစ်ခုထဲမှာ EA တူတူ၊ Trading Account Name တူတူနဲ့ Run တဲ့အခါမှာလည်း Error လေးတွေ တက်တာမျိုးလည်း ရှိပါတယ်။
အရာအားလုံးက Risk ကို ရင်ဆိုင်ပြီး Reward ဆိုတာ ရှာဖွေရတာဖြစ်လို့၊ Risk မရှိရင် Reward ဆိုတာ ချိုမြိန်မှာမဟုတ်တဲ့အတွက် Risk ကိုအနည်းနဲ့အများရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီအတွက် Reward ကိုခနမေ့ပြီး၊ အကယ်၍ Risk ဖြစ်လာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလည်းဆိုတာ အရင် ပြင်ဆင်ရမှာဖြစ်ပါတယ်။
စာမရေးတာကြာလို့ စိတ်ထဲရှိရာချရေးလိုက်တာပါ။ EA ကို Against လုပ်လိုခြင်းမဟုတ်သလို၊ EA ကို Accept လုပ်ဖို့ တိုက်တွန်းလိုခြင်းလည်းမဟုတ်ပါ။ ဆရာကြီးမင်းသိင်္ခရဲ့ စကားလေးလို " ကိုယ့်ကြောင့် ကိုယ်မသေဖို့လိုပါတယ်။" ကိုယ့်ရဲ့ လိုအပ်ချက်၊ချွတ်ယွင်းချက်ကြောင့် ကိုယ်ထိခိုက်တာမျိုးက အဆိုးဆုံးအရာတစ်ခုပါ။ ဆင်ထိန်းတဲ့ ချွန်းလို ကံ၊ဥာဏ်၊၀ီရိယဆိုတဲ့ ချွန်းလေးနဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှသာလျှင်...............
Credits
No comments